← Chapters

စည်းက ဘယ်လိုလုပ်ရွေ့သွားတာလဲ....

Vol. 39 Ch. 588

စည်းက ဘယ်လိုလုပ်ရွေ့သွားတာလဲ....

Vol. 39 Ch. 588

" လူသားမျိုးနွယ်က ဘာလို့ ဒီလောက်ကံကောင်းနေရတာလဲ။ " အဝေးမှ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မနာလိုဖြစ်သွားကြသည်။ ထျန်းယုမျိုးနွယ်က ရောက်ရှိပြီးနောက် မကြာမီ ဖယ်ရှားခြင်းခံခဲ့ရလေသည်။

" လူသားမျိုးနွယ်က အဲ့ဒီဆင့်ကဲပြောင်းလဲသူရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် သူက နတ်ဘုရင်ထက်တောင် ကျော်လွန်သေးတယ်။ သူ့ရဲ့ အရည်အချင်းနဲ့ အနာဂတ်မှာ ကြီးမြတ်သူ ဖြစ်လာဖို့ မျှော်လင့်ချက်ရှိတယ်။ "

လူသားမျိုးနွယ်၏ အဓိကရန်သူများဖြစ်သော အင်းဆက်မျိုးနွယ်မှ အင်းဆက်ဘုရင်မများကလည်း စိုးရိမ်နေကြသည်။ ကြယ်စကြာဝဠာမဟာမိတ်နှင့် လူသားမျိုးနွယ်က ပူးပေါင်းဆောင်ရွက်နိုင်လျှင်တောင် လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်က ပူးပေါင်းရန် လုံးဝမဖြစ်နိုင်ပေ။

အင်းဆက်ဘုရင်မများ၏ အမြင်တွင် လူသားမျိုးနွယ်က နောက်ထပ်ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာလျှင် သူတို့ခံရမည့် ဖိအားက ပို၍ တိုးပွားလာပေလိမ့်မည်။

ကောင်းကင်တောင်ထိပ်တွင် နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများ၏ အမူအရာများက လေးနက်နေကြသည်။ သူတို့က လင်းယွမ်နှင့် အနီးဆုံးဖြစ်ပြီး သူ၏ ခွန်အားကို ကောင်းစွာသိလေသည်။

" သူက ငါ့ထက် ဘယ်လိုလုပ် ဒီလောက်တောင် သန်မာရတာလဲ။ " နတ်ဘုရင်၏ စိတ်ထဲတွင် လှိုင်းများထနေသည်။

နှစ်သုံးရာကျော်တိုင်အောင် သူက ခက်ခဲစွာ ကျင့်ကြံခဲ့ပြီး တစ်ရက်မှ မနားခဲ့ပေ။ သူက ဤဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် ပြိုင်ဘက်ကင်းပြီဟုထင်ခဲ့လေသည်။

ကြောက်ရွံ့သော ခံစားချက်တစ်ခုက နတ်ဘုရင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ သူက တစ်ဖက်လူကို လုံးဝ အနိုင်ယူနိုင်ခြင်းမရှိကြောင်း သေချာခံစားနေရသည်။ သူက လှုပ်ရှားခဲ့လျှင် သူ၏ အသက်ကို ခြိမ်းခြောက်နိုင်သော အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။

" အခု ငါတို့ ဘာလုပ်ကြမလဲ။ " အဘိုးအိုက နတ်ဘုရင်ကို ကြည့်လိုက်သည်။

သူတို့ငါးယောက်နှင့် နတ်ဘုရင်တို့က ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသော်လည်း ပို၍ ကြောက်စရာကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသောအခါ ပူးပေါင်းရန် တုံ့ဆိုင်းခြင်းမရှိကြပေ။

" ဘာလုပ်ရမှာလဲ။ " နတ်ဘုရင်ကလည်း တုန့်ဆိုင်းနေသည်။

သူတို့က ပူးပေါင်းမှာလား သို့မဟုတ် ထွက်သွားကြမှာလား။

" ထွက်သွားတာပေါ့။ " နတ်ဘုရင်က လင်းယွမ်ကို လေးနက်စွာ တစ်ချက်ကြည့်ပြီး တောင်အောက်သို့ ဆုတ်ခွာသွားသည်။

သူက လင်းယွမ်ထံမှ အသက်ကို ခြိမ်းခြောက်နိုင်သော အန္တရာယ်ကို ခံစားမိသောကြောင့် ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်ခြင်းကို လက်လျှော့ရန်သာ ဆုံးဖြတ်ခဲ့သည်။

နတ်ဘုရင်က ကောင်းကင်ဂိတ်တံခါး၏ အခွင့်အရေးအတွက် လင်းယွမ်ကို တိုက်ခိုက်ခြင်းက အဓိပ္ပါယ်မရှိပေ။ သူအသက်ရှင်နေသရွေ့ နောက်တစ်ကြိမ် ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်လေသည်။

သူက အဘိုးအိုနှင့် အခြားသူများကို တိုက်ခိုက်ခဲ့ခြင်းမှာ ဖိအားမရှိဘဲ အနိုင်ရရှိရန် ယုံကြည်မှုရှိသောကြောင့် ဖြစ်သည်။ သို့သော် ယခု နတ်ဘုရင်က ယုံကြည်မှုမရှိပေ။

" ထွက်သွားမှာလား။ " နတ်ဘုရင်၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ အခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဆုတ်ခွာရန် ရွေးချယ်ခဲ့ကြသည်။

" ငါတို့ထဲက ဘယ်သူမှ ကောင်းကင်ဂိတ်တံခါးထဲမဝင်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ " အဘိုးအိုက တွေးလိုက်သည်။

နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများ၏ ဆုတ်ခွာမှုက ကြည့်ရှုနေကြသူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ မတိုက်ခိုက်ကြည့်ဘဲ ဆုတ်ခွာခြင်းက အားနည်းမှုကို သက်သေပြခြင်းပင်ဖြစ်သည်။

နတ်ဘုရင်နှင့် အခြားအင်အားကြီးသူခြောက်ယောက်တို့က ဆန္ဒအလျောက် ဆုတ်ခွာခဲ့ကြပြီး ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ကြသည်။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကောင်းကင်ဂိတ်တံခါး၏ ရှေ့တွင် ရပ်နေသော ရွှယ်ယုက နတ်ဘုရင်နှင့် အခြားသူများ ကိုင်တွယ်နိုင်သော ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေခြင်းသာဖြစ်ပေလိမ့်မည်။

" သူတို့က ဒီလိုပဲထွက်သွားကြတာလား။ " လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို အာရုံစိုက်ထားသော်လည်း နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများကို သတိထားနေဆဲ ဖြစ်သည်။

" ကောင်းကင်ဂိတ်တံခါးက ဒီမှာရှိနေတာတောင် စူးစမ်းကြည့်ဖို့ မကြိုးစားကြဘူးလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်နေသည်။

သူက စည်းတားပြီး ဖြတ်ကျော်သူ သေရမည်ဟူသောစကားမှာ နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများ၏ ဒေါသကို လှုံ့ဆော်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ အကြောင်းရင်းမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရတနာအများအပြား သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။

အခြားအင်အားကြီးသူများက လုယက်ခံရမည်စိုးရိမ်သောကြောင့် သူတို့နှင့်အတူ ရတနာများကို မယူဆောင်ကြသော်လည်း နတ်ဘုရင်ကဲ့သို့ အင်အားကြီးသူများအတွက် ထိုကဲ့သို့ စိုးရိမ်ရန် မလိုအပ်ပေ။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကိုပင် မြှင့်တင်နိုင်သောကြောင့် ရတနာများကို သူတို့နှင့်အတူ သယ်ဆောင်လာကြလေသည်။

ထို့ကြောင့် လင်းယွမ်က အစမှအဆုံး သူတို့ကို သွားခွင့်ပြုရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် သူတို့ကို တိုက်ရိုက်သတ်ပစ်ရန်ကလည်း.... အဖြူရောင်စာရွက်၏ အပြင်ဘက်တွင် ကြီးမြတ်သူများက စောင့်ကြည့်နေကြပြီး ကြယ်စကြာဝဠာမဟာမိတ်ကလည်း လူသားမျိုးနွယ်နှင့် ရန်ငြိုးမရှိပေ။

ရှေးဟောင်းနတ်ဘုရားနှင့် အခြားသူများက ကြီးမြတ်သူဖြစ်လာရန် မျှော်လင့်ချက်ရှိရုံသာဖြစ်သောကြောင့် သူတို့ကို သတ်ဖြတ်ခြင်းက ကိစ္စမရှိပေ။ သို့သော် နတ်ဘုရင်က ကြယ်စကြာဝဠာမဟာမိတ်၏ ရတနာဖြစ်ပြီး လူသားမျိုးနွယ်တွင် သူ၏ အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် လင်းယွမ်က သူတို့ကို ဒေါသထွက်စေရန် ရန်စခဲ့ခြင်းဖြစ်သည်။ တစ်ဖက်မှ ဒေါသထွက်ပြီး သူ့ကို တိုက်ခိုက်ခဲ့လျှင် လင်းယွမ်က သူတို့ကို သတ်ဖြတ်ပြီး ရတနာများကို ရယူရန် အကြောင်းပြချက်ရသွားပြီဖြစ်သည်။

ယခုတော့ လင်းယွမ်က နတ်ဘုရင်နှင့် အခြားသူများ ထိုမျှအထိ သူရဲဘောကြောင်လိမ့်မည်ဟု မထင်ခဲ့ပေ။

" ငါ ထုတ်လွှတ်ခဲ့တဲ့အော်ရာက သူတို့ကို ကြောက်လန့်သွားစေခဲ့တာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

" ထားလိုက်တော့။ ငါဟန်ဆောင်မနေတော့ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ထိုခဏတွင် အစက တောင်ထိပ်ကို ဝန်းရံထားသော အနက်ရောင်စည်းက ရုတ်တရက် ပြန့်ကားသွားသည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းက နတ်ဘုရင်နှင့် အခြားသူများကို အတွင်း၌ ရောက်သွားစေခဲ့သည်။

" ဟမ် " နတ်ဘုရင်က လက်လျှော့ပြီး တောင်ထိပ်မှ ထွက်သွားရန် ပြင်ဆင်နေခဲ့သည်။

သို့သော် လင်းယွမ်ဆွဲခဲ့သော အနက်ရောင်စည်းက ရုတ်တရက် ပြန့်ကားလာပြီး သူတို့က ၎င်း၏ နယ်နိမိတ်အတွင်း ရောက်သွားသည်ကို တွေ့လိုက်ရသည်။

" ဒီစည်းက ဘယ်လိုလုပ်ရွေ့သွားတာလဲ။ " နတ်ဘုရင်က မှင်သက်နေသည်။

အဝေးရှိ အဘိုးအိုနှင့် အခြားအင်အားကြီးသူငါးယောက်တို့ကလည်း တုန့်ပြန်နိုင်ခြင်းမရှိကြပေ။ သူတို့က လင်းယွမ်နှင့် ဝေးရာသို့သွားနေချိန်တွင် အနက်ရောင်စည်းအတွင်းသို့ ရောက်သွားခဲ့သည်။

" မင်းလား။ " နတ်ဘုရင်နှင့် အခြားသူများကလည်း တစ်စုံတစ်ခုကို နားလည်သွားကြပြီး ကောင်းကင်ဂိတ်တံခါးရှေ့မှ လင်းယွမ်ကို လှည့်ကြည့်လိုက်ကြသည်။

" မင်းတို့က စည်းကျော်ခဲ့မှတော့ ငါ့ကို အပြစ်မတင်တော့နဲ့။ " လင်းယွမ်က ဖြည်းညင်းစွာ လှည့်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

" မင်းတိုက်ခိုက်ချင်ရင် အကြောင်းပြချက်တွေ ရှာမနေနဲ့။ " နတ်ဘုရင်၏ မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်နှက်သွားသည်။ လင်းယွမ်က သူတို့အား သွားခွင့်ပြုရန် ရည်ရွယ်ချက်မရှိသည်ကို လျင်မြန်စွာ နားလည်သွားသည်။

ဝုန်း....

နတ်ဘုရင်၏ လက်လေးဖက်က တောက်ပလာပြီး ယခင်က ထုတ်လွှတ်ခဲ့သည်ထက် ကျော်လွန်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ဝှစ်....

လင်းယွမ်၏ ပုံရိပ်က နတ်ဘုရင်၏ ရှေ့တွင် ပေါ်လာပြီး သူ၏ ညာလက်ကို ညင်သာစွာ ဖိချလိုက်သည်။

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုလည်းမရှိဘဲ စွမ်းအားလှိုင်းများ ထွက်ပေါ်လာခြင်းလည်း မရှိပေ။ သို့သော် နတ်ဘုရင်၏ လက်များက ပျက်ဆီးသွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ပျံသွားပြီး တောင်ထိပ်နှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။

" ကြီးမြတ်သူအဆင့်လက်နက်ဆိုတာနဲ့ ထိုက်တန်ပါတယ်။ " လင်းယွမ်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။

နတ်ဘုရင်၏ လက်များမှ ကာကွယ်ရေးစွမ်းအားတစ်ခု ပေါက်ကွဲလာခြင်းမရှိလျှင် နတ်ဘုရင်က သူ၏ ရိုက်ချက်ကြောင့် ပျက်စီးသွားပြီဖြစ်သည်။

" ပြေး...."

နတ်ဘုရင်နှင့် ပူးပေါင်းရန် ပြင်နေသော အဘိုးအိုနှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်ပြီး မတူညီသော အရပ်မျက်နှာများသို့ ထွက်ပြေးသွားကြသည်။

" မင်းတို့ လွတ်မြောက်နိုင်မယ်ထင်လို့လား။ " ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူက ညင်သာစွာ အသက်ရှူထုတ်လိုက်သည်နှင့် ထူထဲသော သွေးချီများက အရပ်နှာအားလုံးကို ဝန်းရံသွားသည်။

သွေးချီများ ဖုံးလွှမ်းနေသော နေရာတွင် လေထုက လေးလံသွားသည်။ အဘိုးအိုနှင့် အခြားသူများက တောင်တစ်လုံးကို သယ်ဆောင်နေရသကဲ့သို့ သူတို့၏ လှုပ်ရှားမှုများက နှေးကွေးသွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုက နယ်ပယ်များ သို့မဟုတ် ကမ္ဘာများကို တည်ရှိခွင့်မပြုပေ။ လင်းယွမ်၏ သွေးချီနယ်ပယ်က နယ်ပယ်တစ်ခုဟု ဆိုခြင်းထက် စွမ်းအားအစုအဝေးတစ်ခုသာဖြစ်သည်။

အဘိုးအိုက ရုတ်တရက် နောက်လှည့်လိုက်သောအချိန်တွင် လင်းယွမ်က သူ၏ နောက်တွင် ပေါ်လာသည်။

" ငါ့မှာ ကာကွယ်ရေးရတနာတွေရှိတယ်။ မင်းငါ့ကို မသတ်နိုင်ပါဘူး။ " အဘိုးအိုက ထွက်မပြေးတော့ဘဲ လင်းယွမ်ကို ရင်ဆိုင်ရန် ရပ်တန့်လိုက်သည်။

နတ်ဘုရင်က ကြီးမြတ်သူအဆင့်လက်နက်နှင့် သူ၏ စွမ်းအားကို ယုံကြည်မှုရှိသောကြောင်း ကာကွယ်ရေးရတနာများ အသုံးပြုခြင်းမရှိပ။ သို့သော် သူကမတူပေ။ သူက ကာကွယ်ရေးရတနာနှစ်ခုကို ဝတ်ဆင်ထားပြီး သူ့ကို ထိခိုက်အောင် လုပ်ရန် ခက်ခဲလေသည်။

လင်းယွမ်က တစ်ဖန် သူ၏ လက်ဝါးနှင့် ရိုက်လိုက်သည်။ လက်ဝါးချက်၏ စွမ်းအားကို ကာကွယ်ရေးရတနာနှစ်ခုက တားဆီးသွားပြီး တစ်သိန်းပုံတစ်ပုံလောက်သာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သည်။ သို့သော် စွမ်းအား၏ တစ်သိန်းပုံတစ်ပုံကပင် အဘိုးအို၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ခဏအတွင်း သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံး ပျက်စီးသွားခဲ့သည်။

All Chapters