ရတနာများ လုယက်ခြင်း.....
Vol. 39 Ch. 589
လင်းယွမ်က တတိယတစ်ယောက်၏ နောက်တွင် ပေါ်လာပြီး နောက်ထပ်လက်ဝါးချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ စတုတ္ထလက်ဝါးချက်.... ပဉ္စမလက်ဝါးချက်.....
" အဲ့ဒါ..." ကြည့်ရှုနေကြသော အင်အားကြီးသူများစွာက တစ်ဖက်သတ် အသတ်ခံနေရသည်ကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
သူတို့က သူတို့၏ မျက်လုံးများနှင့်သာ မမြင်ခဲ့ရလျှင် နတ်ဘုရင်ကဲ့သို့သော အင်အားကြီးသူများက အလွယ်တကူ သတ်ခံရလိမ့်မည်ဟု ဘယ်တော့မှ ယုံကြည်ကြမည်မဟုတ်ပေ။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင်။ ထိုနေရာက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာဟု မဆိုနိုင်တော့ဘဲ လျို့ဝှက်နေရာတစ်ခုဖြစ်လေသည်။
ကွင်းပြင်တစ်ခုတွင် မီတာဝက်သာမြင့်သော အဘိုးအိုတစ်ယောက်က လက်တင်ကုလားထိုင်ပေါ်တွင် လဲလျောင်းပြီး အပန်းဖြေနေသည်။ သူ၏ ရှေ့တွင် ကြီးမားသော စာလိပ်တစ်ခုရှိနေသည်။ ယခင် မျက်လုံးများမှိတ်ထားသော အဘိုးအိုက ရုတ်တရက် မျက်လုံးများဖွင့်လာပြီး သူ၏ ရှေ့မှ စာလိပ်ကို ကြည့်လိုက်သည်။
" နှစ်သုံးရာကျော်အတွင်းမှာ ကမ္ဘာရဲ့ အလွှာသုံးဆယ် ကန့်သတ်ချက်ကို ကျော်လွန်သွားတာလား။ ဒီတစ်ခါ ငါရတနာတစ်ခုကို မတော်တဆ တွေ့လိုက်ရတာပဲ။ " မီတာဝက်သာ မြင့်သော အဘိုးအိုက အံ့အားသင့်သွားပြီး အာရုံစိုက်၍ လေ့လာလိုက်သည်။
" မဟုတ်ဘူး။ ဒီအရည်အချင်းက အရမ်းကြောက်စရာကောင်းတယ်။ ငါ ထပ်ကြည့်ရမယ်။ " ခဏစဉ်းစားပြီးနောက် အဘိုးအိုက ပြောလိုက်သည်။ " မင်း ဘယ်အမြင့်ကို ရောက်နိုင်မလဲဆိုတာ ကြည့်ဖို့အတွက် နောက်ထပ်နှစ်တစ်သောင်း လေ့လာကြတာပေါ့။ "
ကြယ်စကြာဝဠာထဲတွင် ကြီးမြတ်သူများ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကြသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ ကောင်းကင်တောင်မှ အဖြစ်အပျက်များကို သူတို့က အချိန်နှင့်တပြေးညီ သိနေကြသည်။
နတ်ဘုရင်၊ အဘိုးအိုနှင့် အခြားအင်အားကြီးသူများကို လူသားမျိုးနွယ် ရွှယ်ယုက တိုက်ခိုက်ခဲ့ပြီး သူတို့က ပြင်းထန်းစွာ ဒဏ်ရာရရှိသွားပြီး သေလုနီးပါး ဖြစ်သွားကြသည်။ ရိုးရှင်းစွာပင် သူတို့က တူညီသော အဆင့်တွင်မရှိကြပေ။
သူတို့က ကာကွယ်ရေးရတနာများကို ပိုင်ဆိုင်ထားသော်လည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် ထိုကာကွယ်ရေးရတနာများက အနိမ့်ဆုံး စွမ်းအားကိုသာ အသုံးပြုနိုင်ပြီး လင်းယွမ်၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခြင်းမရှိခဲ့ပေ။
" ရှချင် မင်းတို့ လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူကို တားစမ်။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူများက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။
နတ်ဘုရင်က ကြယ်စကြာဝဠာမဟာမိတ်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူဖြစ်လာရန် အဖြစ်နိုင်ဆုံးထဲမှတစ်ယောက်ဖြစ်လေသည်။ သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် သူ၏ စိတ်အသိကိုသာ ဆုံးရှုံးသွားလျှင် ပြန်လည်ကောင်းမွန်လာရန် အချိန်ဘယ်လောက်ယူရမလဲ မသိနိုင်ပေ။ ကြီးမြတ်သူဖြစ်လာရန် မျှော်လင့်ချက်က အလွန်လျှော့ကျသွားပေလိမ့်မည်။
" ရှချင် စကားပြောရအောင်။ " ယုမျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။ အလွှာဆယ့်တစ် အထွတ်အထိပ်ငါးယောက်ထဲမှ နှစ်ယောက်က ယုမျိုးနွယ်မှ လာခြင်းဖြစ်သည်။
အလွှာဆယ့်တစ် သက်ရှိများက အထွတ်အထိပ်မျိုးနွယ်များအတွက်ပင် အခြေခံကျလေသည်။ သူတို့က ကြီးမြတ်သူဖြစ်လာရန် မျှော်လင့်ချက်များရှိပြီး တစ်ယောက်ထွက်ပေါ်လာရန် အချိန်များစွာ ယူရလေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် ကိုယ်ပွား၏ သေဆုံးခြင်းက ၎င်း၏ စိတ်အသိကို အပြီးတိုင် ဆုံးရှုံးသွားခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အခြေခံက လျော့နည်းသွားပြီး ကြီးမြတ်သူဖြစ်လာရန် ဖြစ်နိုင်ခြေကို များစွာ လျော့နည်းသွားစေပေလိမ့်မည်။
" အိုး " ကြီးမြတ်သူက သူ့ဆီသို့ သတင်းစကားများ ပေးပို့နေကြသော ကြီးမြတ်သူများကို ကြည့်လိုက်သည်။
" ငါတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာ ငါတို့မျိုးနွယ်တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပက်သက်ပြီး ဝင်မစွက်ဖက်ဖို့ သဘောတူခဲ့တယ်မဟုတ်လား။ မင်းတို့က အခုလိုလုပ်တော့ ငါ့အတွက် ခက်ခဲစေပါတယ်။ " ကြီးမြတ်သူရှချင်က အခြားသူများကို လျစ်လျူရှုပြီး ပြောလိုက်သည်။
" ငါမင်းကို ပေးဖို့ ဆန္ဒရှိပါတယ်... " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူတစ်ယောက်က ပြောလ်ုက်သည်။ နောက်ဆုံးတွင် သူတို့က ကြီးမြတ်သူရှချင်ကို စိတ်ကျေနပ်စေနိုင်သော တန်ဖိုးတစ်ခု ကမ်းလှမ်းခဲ့သည်။
" ကောင်းပြီ။ ငါအရင်မေးကြည့်ပါဦးမယ်။ " ကြီးမြတ်သူ ရှချင်က ယုမျိုးနွယ်မှ ကြီးမြတ်သူကို ကြည့်လိုက်သည်။
" ငါတို့မျိုးနွယ်ကလည်း တန်ဖိုးတစ်ခု ပေးပါမယ်။ " ယုမျိုးနွယ်မှ ကြီးမြတ်သူက ခါးသီးစွာ ပြောလိုက်သည်။
VR ကမ္ဘာတွင် လင်းယွမ်က ပလ္လင်ပေါ်မှ ကြီးမြတ်သူရှချင်ကို မော့ကြည့်လိုက်သည်။
" ကြီးမြတ်သူက နတ်ဘုရင်ကို လွတ်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကြီးမြတ်သူရှချင်က တစ်ဖက်မှ ကြီးမြတ်သူများနှင့် ညှိနှိုင်းနေသည်ကို သူခန့်မှန်းမိလေသည်။ ခဏကြာသောအခါ ပလ္လင်ပေါ်မှ ကြီးမြတ်သူရှချင်က ရယ်လိုက်သည်။
" ဟားဟားဟား ဒါက အဲ့ဒီလူအိုကြီးတွေကို တကယ်သွေးအန်သွားစေတာပဲ။ " ကြီးမြတ်သူရှချင်က အတော်လေး ကျေနပ်နေပုံရလေသည်။
" သွေးအန်တာလား။ " လင်းယွမ်က ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။
" ဟုတ်တယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။ " သူတို့မျိုးနွယ်ဝင်တွေကို ကယ်ဖို့အတွက် တန်ဖိုးတစ်ခုတော့ ပေးရမှာပဲလေ။ "
ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်း နတ်ဘုရင်နဲ့ အခြားသူတွေကို သတ်ဖို့မလိုတော့ဘူး။ ငါမင်းကို အကျိုးအမြတ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ပေးမယ်။ "
" ကောင်းပြီ။ " လင်းယွမ်က ချက်ချင်း လက်ခံလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ချက်ချင်း သဘောတူလိုက်သည်။
ကြီးမြတ်သူရှချင်က နတ်ဘုရင်နှင့် အခြားသူများကို လွှတ်ပေးရန်သာ ပြောပြီး ရတနာများကို မယူရန်မပြောခဲ့ပေ။ လင်းယွမ်က သူတို့၏ ရတနာများကို ယူပြီးမှ အသက်ချမ်းသာပေးမည်ဖြစ်သည်။
" ဒါနဲ့ နတ်ဘုရင်နဲ့ ပေါင်းစပ်ထားတဲ့ ကြီးမြတ်သူအဆင့် လက်နက်ကို အတင်းအကျပ် သွားမထုတ်နဲ့။ " ကြီးမြတ်သူရှချင်က ထပ်ပြောလိုက်သည်။
" ကြယ်စကြာဝဠာမဟာမိတ်က ကြီးမြတ်သူအဆင့် လက်နက်နှစ်ခုနဲ့ လဲလှယ်ဖို့ သဘောတူခဲ့တယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကောင်းကင်တောင်ထိပ်တွင် လင်းယွမ်၏ စွမ်းအားများက တောင်ထိပ်ကို ဝန်းရံထားသည်။ နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများက ခုခံနိုင်စွမ်းမရှိကြတော့ပေ။
တောင်ထိပ်အောက်ရှိ အင်အားကြီးသူများစွာက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ လင်းယွမ်ပြသခဲ့သော ကြောက်စရာကောင်းသည့် ခွန်အားက နတ်ဘုရင်တို့နှင့် ကွာခြားမှုက ကြီးမားလှသည်။
" လူသားမျိုးနွယ်က အရှင်ရွှယ်ယုက တိုက်ခိုက်တာကို ဘာလို့ရပ်သွားတာလဲ။ "
" တုံးလိုက်တာ။ နတ်ဘုရင်ရဲ့ နောက်က ကြီးမြတ်သူက လူသားမျိုးနွယ်က ကြီးမြတ်သူတွေနဲ့ ညှိနှိုင်းခဲ့လို့ပေါ့။ "
" အခြားအထူးသက်ရှိတွေဆို ဒီကမ္ဘာမှာ သေဆုံးသွားရင်တောင် ကြယ်စကြာဝဠာမဟာမိတ်က သိပ်ဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် နတ်ဘုရင်က မတူဘူး။ သူက ကြီးမြတ်သူဖြစ်လာဖို့ မျှော်လင့်ချက်အရှိဆုံး လူတစ်ယောက်ပဲ။ "
အင်အားကြီးသူများစွာက ကောင်းကင်တောင်ထိပ်မှ လင်းယွမ်ကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သူများမှာ အလွှာဆယ့်တစ်နှင့် အောက်အဆင့်များ ဖြစ်ကြသည်ကို သေချာမသိလျှင် သူတို့က လင်းယွမ်ကို ကြီးမြတ်သူတစ်ယောက်ဟုပင် သံသယဝင်ကြပေလိမ့်မည်။
သူက ကြီးမြတ်သူတစ်ယောက်မဟုတ်လျှင် သူ၏ ခွန်အားက အခြားသူများထက် များစွာကျော်လွန်နေမည်မဟုတ်ပေ။ အဆင့်တစ်ဆင့်၊ နှစ်ဆင့်ကွာခြားခြင်းကို လက်ခံနိုင်လေသည်။ သို့သော် လင်းယွမ်နှင့် နတ်ဘုရင်တို့ကြား ကွာဟချက်က အဆင့်တစ်ဆယ် သို့မဟုတ် အဆင့်နှစ်ဆယ် ဖြစ်နိုင်လေသည်။
ကောင်းကင်တောင်ထိပ်တွင် လင်းယွမ်က နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများကို ကြည့်လိုက်သည်။ " မင်းတို့ရတနာတွေအားလုံးထားခဲ့ပြီးရင် ထွက်သွားလို့ရပြီ။ "
" ရတနာတွေ ထားခဲ့ရမှာလား။ " နတ်ဘုရင်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ သူတို့က ရတနာများကို စွန့်လွှတ်ရသောကြောင့် နှလုံးများကွဲကြေရသော်လည်း အနည်းဆုံးတော့ ကိုယ်ပွားက အသက်ရှင်ပေလိမ့်မည်။
" ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းထားတဲ့လက်နက်က..." နတ်ဘုရင်က ပြောလိုက်သည်။
" မင်းအဲ့ဒါကို ချန်ထားနိုင်တယ်။ " လင်းယွမ်က ကြီးမြတ်သူရှချင်ပြောထားသောကြောင့် သူ့ကို လွှတ်ပေးလိုက်သည်။
မကြာမီ အခြားအင်အားကြီးသူများကလည်း ရတနာများကို လွှဲပြောင်းပေးလိုက်ကြသည်။ သူတို့ကြားတွင် နတ်ဘုရင်က ရတနာလေးခု၊ အဘိုးအိုက ငါးခုနှင့် ကျန်သူများစုစုပေါင်းက ရတနာ ၁၈ခု ရှိလေသည်။
ဤတိုက်ပွဲမှ လင်းယွမ်က ရတနာ ၂၇ခုကို ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်သုံးရာကျော်အတွင်း သူစုဆောင်းခဲ့သော ရတနာများနှင့် ပေါင်းလျှင် ရတနာစုစုပေါင်း သုံးဆယ်ကျော်သွားခဲ့သည်။ ၎င်းက နတ်ဘုရင်နှင့် အခြားသူများကို လွှတ်ပေးရန်အတွက် ရရှိသော အကျိုးအမြတ်များ မပါဝင်သေးပေ။
လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်သွားနိုင်လျှင် သူ၏အကျိုးအမြတ်များက များစွာကြီးမားသွားပြီး အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ပင် ဆယ်ဘဝလောက် စုဆောင်းရမည့် ကြွယ်ဝမှုကို ရရှိပေလိမ့်မည်။
ရတနာများကို ငွေရောင်မှန်အတွင်း သိမ်းဆည်းပြီးနောက် လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးချီများကို ရုတ်သိမ်းလိုက်သည်။
" မင်းတို့ ထွက်သွားနိုင်ပြီ။ " လင်းယွမ်က ကောင်းကင်တံခါးရှေ့တွင် တဖန်ရပ်လိုက်သည်။ နတ်ဘုရင်များနှင့် တိုက်ခိုက်သော အချိန်က သိပ်မကြာသောကြောင့် ကောင်းကင်ဂိတ်တံခါးက အပြည့်အဝ ပုံပေါ်လာခြင်းမရှိသေးပေ။
" မင်းက ကြီးမြတ်သူတစ်ယောက်လား။ " နတ်ဘုရင်က မထွက်သွားခင် မေးလိုက်သည်။
လင်းယွမ်က ကြီးမြတ်သူတစ်ယောက်ဖြစ်လျှင် ကြီးမြတ်သူတစ်ယောက်ဆီ ရှုံးနိမ့်ခြင်းက ရှက်စရာမဟုတ်ဘဲ လက်ခံနိုင်လေသည်။
" ကြီးမြတ်သူတစ်ယောက်လား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " မဟုတ်ပါဘူး။ "
သူက ကြီးမြတ်သူတစ်ယောက် မဟုတ်ရုံသာမက အလွှာဆယ့်တစ်သို့ပင် မရောက်သေးပေ။
ကြီးမြတ်သူတစ်ယောက်မဟုတ်ဘူး။ နတ်ဘုရင်က တိတ်ဆိတ်သွားသည်။ လင်းယွမ်၏ ခွန်အားကို ထည့်တွက်လျှင် သူက လိမ်ရန် မဖြစ်နိုင်ပေ။ လင်းယွမ်က လူသားမျိုးနွယ်မှ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ပေလိမ့်မည်။