← Chapters

ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ခြင်း....

Vol. 39 Ch. 590

ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ခြင်း....

Vol. 39 Ch. 590

" ငါ ဒီတိုက်ပွဲကို အမြဲတမ်း သတိရနေမှာပါ။ " နတ်ဘုရင်က လင်းယွမ်က တစ်ချက်ကြည့်ပြီး ထွက်ခွာသွားသည်။

သူက အစကတည်းက ထိုကဲ့သို့ တစ်ခါမှမရှုံးနိမ့်ခဲ့ဖူးပေ။ နတ်ဘုရင်က ထွက်ခွာသွားပြီး လင်းယွမ်ကြောင့် ဒဏ်ရာများက လျင်မြန်စွာ ပျောက်ကင်းသွားသည်။ စုန်းဘိုးဘေး အဆင့်သုံးဆယ်အနေဖြင့် ဦးခေါင်းနှင့် နှလုံး မပျက်စီးသရွေ့ အခြားဒဏ်ရာများက လျင်မြန်စွာ ကောင်းမွန်နိုင်လေသည်။

" ငါတို့လည်း သွားကြတာပေါ့။ " အဘိုးအိုနှင့် အခြားသူများကလည်း လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ကောင်းကင်တောင်ထိပ်တွင် လင်းယွမ်နှင့် လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများသာ ကျန်နေခဲ့သည်။ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက ကောင်းကင်တောင်၏ အလယ်မှသာ ကြည့်ရှုရဲကြလေသည်။

" အရမ်းသန်မာတယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ဟိုကျူးက ကောင်းကင်ဂိတ်တံခါးရှေ့တွင် ရပ်နေသော လင်းယွမ်ကို ကြည့်ပြီး စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။

အစတွင် သူက သွေးနီရောင်ဓား၏ စွမ်းရည်များနှင့် သတ်ဖြတ်ခြင်းနည်းစနစ်များကို နားလည်ခဲ့ပြီး ကောင်းကင်ဂိတ်တံခါးတွင် နေရာတစ်ခုအတွက် ယှဉ်ပြိုင်နိုင်မည်ဟု ထင်ခဲ့သည်။

သို့သော် နတ်ဘုရင်နှင့် အခြားအင်အားကြီးသူအချို့ကပင် သူ့ကို အလွယ်တကူ နင်းချေနိုင်ပြီး နတ်ဘုရင်တို့ကို နင်းချေခဲ့သော လင်းယွမ်ဆို ပြောစရာပင်မလိုပေ။

" အရှင်ရွှယ်ယုက အရမ်းသန်မာတာပဲ။ " လူသားမျိုးနွယ်၏ ရွှမ်ယွမ်တောက်နှင့် အခြားသူများက မှင်သက်နေကြသည်။ သူတို့က ဘာမှလုပ်စရာမလိုဘဲ ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ရောက်ရန် စောင့်နေရုံသာ ရှိလေသည်။

" နဂါးငွေ့တန်းကြယ်သခင်က ဘာလို့ဒီမှာမရှိသေးတာလဲ။ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကြားတွင် နာလန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး နဂါးငွေ့တန်းကြယ်သခင်ကို လိုက်ရှာနေသည်။

" ဒါက ကောင်းကင်ဂိတ်တံခါးလား။ " လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို အာရုံစိုက်နေသည်။

ဂိတ်တံခါးက လုံးဝ ဖြစ်ပေါ်လုနီးပါးဖြစ်နေပြီး လျို့ဝှက်ဆန်းကြယ်သော ပုံစံများနှင့် ဖိနှိပ်ခြင်းစွမ်းအားတစ်ခုက လင်းယွမ်၏ အမူအရာကို လေးနက်သွားစေသည်။ သို့သော် ကောင်းကင်ဂိတ်တံခါးက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် နှိုင်းယှဉ်ရန် ဝေးကွာနေဆဲ ဖြစ်သည်။

နောက်ဆုံး သတ်မှတ်ထားသော အခိုက်အတန့်သို့ ရောက်ချိန်တွင် ကောင်းကင်ဂိတ်တံခါးတစ်ခုလုံး ပေါ်လာခဲ့သည်။

ဝုန်း...

ကောင်းကင်ဂိတ်တံခါးပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ခြင်းစွမ်းအားတစ်ခုက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

" ဟမ် " လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

သူ၏ ခွန်အားနှင့် ထိုဖိအားကို လွယ်ကူစွာ ခုခံနိုင်လေသည်။ ၎င်းက လင်းယွမ်မှာ စုန်းဘိုးဘေး အဆင့်ငါးဆယ်တွင် ရှိနေသောကြောင့်ဖြစ်ပြီး ဖိအားက စုန်းဘိုးဘေး အဆင့်နှစ်ဆယ် ခုခံနိုင်သည်ထက် ကျော်လွန်နေသည်။

ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်သည့်အချိန်တိုင်း ထိုကဲ့သို့ ဖိအားကို ထုတ်လွှတ်ခဲ့လျှင် ယခင် ဒေသခံစုန်းဧကရာဇ်နှင့် စုန်းဘိုးဘေးများက အနားပင်ကပ်နိုင်မည်မဟုတ်ပေ။

" ကောင်းကင်ဂိတ်တံခါးကို အရင်ဖွင့်ကြည့်တာပေါ့။ " လင်းယွမ်က လက်နှစ်ဖက်နှင့် ကောင်းကင်ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။

" ဟမ် " အသက်ရှူချိန်အနည်းငယ်ကြာသောအခါ လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ကောင်းကင်ဂိတ်တံခါးကို မတွန်းဖွင့်နိုင်ဘူးလား။

" ဖွင့်လို့မရဘူးလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

သူက ကောင်းကင်ဂိတ်တံခါးကို ဖွင့်ရန် အသုံးပြုခဲ့သော စွမ်းအားက သူ၏ စွမ်းအားအပြည့်အဝ မဟုတ်ပေ။ သို့သော် လင်းယွမ်က အဆင့်တိုင်းတွင် ပြည့်စုံခဲ့သော စုန်းဘိုးဘေး အဆင့်ငါးဆယ်ရှိသူဖြစ်သည်။

သူက သူ၏ ခွန်အားကို ဆယ်ပုံတစ်ပုံ သို့မဟုတ် တစ်ရာပုံတစ်ပုံကို အသုံးပြုလျှင်တောင် နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများကို ချေမှုန်းရန် လုံလောက်လေသည်။ သို့သော် ယခု သူက ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ပေ။

" ပြဿနာတစ်ခုရှိလောက်တယ်။ " လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို သေချာလေ့လာလိုက်သည်။

သူက ယခု အသုံးပြုခဲ့သော စွမ်းအားက ဒေသခံစုန်းဧကရာဇ်များနှင့် စုန်းဘိုးဘေးများထက် များစွာသာလွန်သော်လည်း ကောင်းကင်ဂိတ်တံခါးကို လှုပ်ခါနိုင်ခြင်းမရှိပေ။ အတိတ်တွင် စုန်းဧကရာဇ်များနှင့် စုန်းဘိုးဘေးများက ကောင်းကင်ဂိတ်တံခါးထဲကို ဘယ်လိုဝင်ရောက်ခဲ့ကြတာလဲ။

လင်းယွမ်က ခဏစဉ်းစားပြီးနောက် ကောင်းကင်ဂိတ်တံခါးကို တစ်ဖန် တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။ သူ၏ လက်ဝါးများက ဂိတ်တံခါးကို ထိကပ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

" ငါ့အတွက် ပွင့်လိုက်စမ်း..." လင်းယွမ်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုက ချက်ချင်း ပေါက်ကွဲလာသည်။

သူ၏ ပတ်ဝန်းကျင်ရှိ လေထုက တင်းကျပ်သွားပြီး ကြီးမားသော သွေးချီများက သမုဒ္ဒရာသဖွယ် ထွက်ပေါ်လာသည်။ လင်းယွမ်၏ စွမ်းအားများ ပေါက်ကွဲမှုက တောင်ထိပ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။

လင်းယွမ်က နှစ်ပေါင်းနှစ်ရာကျော်အတွင်း သူ၏ စွမ်းအား အပြည့်အဝကို ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ စုန်းဘိုးဘေး အဆင့်နှစ်ဆယ်သို့ ရောက်ပြီးနောက် သူ၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ အကြောင်းမှာ ထိုက်တန်သော ပြိုင်ဘက်မရှိသောကြောင့် ဖြစ်သည်။

ဝုန်း ဝုန်း....

ကြောက်စရာကောင်းသော သွေးချီများက ပြင်းထန်စွာ ဆူပွက်နေသည်။ တောင်အောက်မှ ကြည့်ရှုသူများက သူတို့၏ စိတ်ဝိညာဉ်များ ထိန်းချုပ်မရဘဲ တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။

" ဒါ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ "

" ရွှယ်ယုက နတ်ဘုရင်တို့ကို အနိုင်ယူဖို့ သူ့ရဲ့ ခွန်အား အပြည့်အဝကိုတောင် အသုံးမပြုခဲ့ဖူးပဲ။ "

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့က ၎င်းကို သူတို့၏ ကိုယ်ပိုင်မျက်လုံးများနှင့်သာ မမြင်ရလျှင် အရာအားလုံးကို ဖိနှိပ်နိုင်သော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက် ရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြမည်မဟုတ်ပေ။ ထို့အပြင် သူက လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သည်။

" ဖွင့်လို့မရဘူးလား။ " လင်းယွမ်က စွမ်းအား အပြည့်အဝကို အသုံးပြုခဲ့သော်လည်း သူ၏ ရှေ့ရှိ ကောင်းကင်ဂိတ်တံခါးကို လှုပ်ရှားစေနိုင်ခြင်းမရှိပေ။

" ငါ့ ထုတ်လိုက်တဲ့ စွမ်းအားက ကောင်းကင်တောင်ကို ထိုးဖောက်နိုင်ပေမယ့် ဒီကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ဘူးလား။ " လင်းယွမ်က ၎င်းကို အဓိပ္ပါယ်မရှိဟု ခံစားရလေသည်။

ကောင်းကင်ဂိတ်တံခါးက ဖွင့်လှစ်ရန် ယခုလောက်ထိ ခက်ခဲနေလျှင် ယခင် ဒေသခံစုန်းဧကရာဇ်နှင့် စုန်းဘိုးဘေးများက ဖွင့်နိုင်မည်မဟုတ်ပေ။

ကောင်းကင်ဂိတ်တံခါးက ဘယ်သူဖွင့်တယ်ဆိုတာကို ခွဲခြားနိုင်တာလား။ ပြင်ပလူများအတွက် ကောင်းကင်ဂိတ်တံခါးက ကွဲပြားသော စံနှုန်းတစ်ခု ရှိနေတာလား။

" ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ ဒီကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ဘူးဆိုတာ ငါမယုံဘူး။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ သူက နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ပြီး သူ၏ ဝှက်ဖဲများသာ ကျန်တော့လေသည်။

နဂါးငွေ့တန်းပင်မကြယ်။

" အားဖြည့်ခြင်းနတ်စွမ်းရည်..." လင်းယွမ်က ရေရွတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ အားဖြည့်ခြင်းနတ်စွမ်းရည်က အသက်ဝင်လာပြီး သူ၏ အသား၊ စိတ်ဝိညာဉ်၊ အရာအားလုံးကို လွှမ်းခြုံသွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ရုပ်ခန္ဓာနတ်စွမ်းရည်ကဲ့သို့သော စွမ်းရည်များအားလုံးက ဖိနှိပ်ခံရလေသည်။ ထိုနေရာတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က မည်သည့်စွမ်းရည်မှ အသုံးမပြုနိုင်ပေ။

သို့သော် ပြင်ပရှိ မူလခန္ဓာကိုယ်က အသုံးပြုနိုင်လေသည်။ အားဖြည့်ခြင်းနတ်စွမ်းရည်က လင်းယွမ်၏ အရာအားလုံးကို ဆယ်ဆမြှင့်တင်ပေးပြီး ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအား စသည့်အရာများ ပါဝင်လေသည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်ကလည်း သူ၏ မူလစိတ်ဝိညာဉ်တစ်ခုဖြစ်သောကြောင့် ဆယ်ဆပို၍ သန်မာလာပေလိမ့်မည်။

၎င်းက ခွန်အားကို တိုက်ရိုက်တိုးမြှင့်ခြင်းမဟုတ်ဘဲ စိတ်အသိကို တိုးမြှင့်ပေးခြင်းဖြစ်လျှင်တောင် ၎င်းက ပို၍ သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

ဝုန်း ဝုန်း....

လင်းယွမ်၏ စိတ်အသိက ဆယ်ဆပို၍ သန်မာလာခြင်းနှင့်အတူ သူ၏ ပတ်ဝန်းကျင်မှ သွေးချီများက ပို၍ ကြောက်စရာကောင်းလာခဲ့သည်။

ထိုအချိန်တွင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက စကားမပြောနိုင်အောင် ထိတ်လန့်သွားကြသည်။ သူတို့အတွက် လင်းယွမ်က သူတို့ခြေထောက်အောက်မှ ကောင်းကင်တောင်ထက် ပို၍ ခန့်ညားသည်ဟု ထင်ရသည်။

ခဏကြာသောအခါ လင်းယွမ်ထုတ်လွှတ်ခဲ့သော အော်ရာက တဖြည်းဖြည်း လျှော့နည်းသွားသည်။ သူက အားဖြည့်ခြင်းနတ်စွမ်းရည်နှင့်ပင် ကောင်းကင်ဂိတ်တံခါးကို လှုပ်ခါနိုင်ခြင်းမရှိပေ။

လင်းယွမ်က အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးပြုပြီးနောက် အားနည်းခြင်းကို ကြုံတွေ့ရမည်ဖြစ်သည်။ သို့သော် ထိုအားနည်းခြင်းက စုန်းဘိုးဘေး အဆင့်ငါးဆယ်မှ အဆင့်လေးဆယ့်ငါးသို့ ကျသွားခြင်းလောက်သာ ဖြစ်သည်။ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများအတွက် ထိုနှစ်ခုက ကွာခြားမှုမရှိပေ။

" ဖွင့်လို့မရသေးဘူးလား။ " လင်းယွမ်က တိတ်ဆိတ်သွားပြီး ကောင်းကင်ဂိတ်တံခါးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။

သူက သူ၏ နည်းလမ်းအားလုံးကို အသုံးပြုပြီး ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ခဲ့လျှင် ဤဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ဘယ်သူမှ ဖွင့်နိုင်မည်မဟုတ်ပေ။

" ငါက စုန်းဘိုးဘေး အဆင့်ငါးဆယ်မှာရှိတယ်။ အဲ့ဒါက အခြားသူတွေရဲ့ စုန်းဘိုးဘေး အဆင့်ခြောက်ဆယ်၊ ခုနှစ်ဆယ်နဲ့ ညီမျှတယ်။ "

" အားဖြည့်ခြင်းနတ်စွမ်းရည်ကို ထပ်ပေါင်းရင် ငါ့ရဲ့ စွမ်းအားက စုန်းဘိုးဘေး အဆင့်ကိုးဆယ်နဲ့ တစ်ရာကြားမှာ ရှိတယ်။ " လင်းယွမ်က သူ၏ရှေ့မှ ကောင်းကင်ဂိတ်တံခါးကို ကြည့်ပြီး တွေးလိုက်သည်။

ကောင်းကင်တောင်အောက်တွင် အင်အားကြီးသူများစွာက အသိပြန်ဝင်လာကြသည်။ မကြာမီ သူတို့က အခြေအနေကို နားလည်သွားကြသည်။

" ဘာလဲဟ။ "

" ရွှယ်ယုရဲ့ ခွန်အားနဲ့တောင် ကောင်းကင်ဂိတ်တံခါးကို ဖွင့်လို့မရဘူးလား။ "

" မဖြစ်နိုင်ဘူး။ ရွှယ်ယုတောင် ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ရင် အရင်က စုန်းဧကရာဇ်တွေ စုန်းဘိုးဘေးတွေက အဲ့ထဲကို ဘယ်လိုလုပ်ဝင်ခဲ့ကြတာလဲ။ "

အင်အားကြီးသူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်ခွာရန် မျှော်လင့်ချက်အဖြစ် နှစ်ပေါင်းသုံးရာကျော် စောင့်ဆိုင်းခဲ့သော ကောင်းကင်ဂိတ်တံခါးက မဖွင့်နိုင်သည်ကို မြင်သောအခါ သူတို့က စိတ်ပျက်အားငယ်မိသွားကြသည်။

All Chapters