← Chapters

အင်အားကြီးသူများ၏ စိတ်ပျက်မှု....

Vol. 39 Ch. 591

အင်အားကြီးသူများ၏ စိတ်ပျက်မှု....

Vol. 39 Ch. 591

ကောင်းကင်ဂိတ်တံခါးက ဖွင့်လှစ်နိုင်ခြင်းမရှိလျှင် အင်အားကြီးသူများစွာက နှစ်ပေါင်းသုံးရာကျော်အောင် ရူးသွပ်စွာ ကျင့်ကြံပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ ရတနာများကို နေရာအနှံ့တွင် ရှာဖွေနေခြင်းက ရယ်စရာမကောင်းလွန်းဘူးလား။

" ရွှယ်ယုတောင် ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ရင် ငါတို့ ဒီကိုယ်ပွားကို စွန့်လွှတ်လိုက်တာပဲကောင်းပါတယ်။ "

အင်အားကြီးသူများစွာက ဒိုင်မန်ရှင်းကမ္ဘာနှစ်ခုအတွင်းမှ ပျောက်ကွယ်သွားကြသည်။ ကိုယ်ပွားတစ်ခုကို လက်လွှတ်ခြင်းက အခြေခံဆုံးရှုံးမှုတစ်ခုဖြစ်ပြီး မည်သူမှ ဆန္ဒမရှိကြပေ။ သို့သော် အမှန်တကယ် ထွက်သွားရန် မျှော်လင့်ချက်မရှိလျှင် စောစီးစွာ လက်လွှတ်လိုက်ခြင်းက စိတ်သက်သာရာရစေနိုင်လေသည်။

အဖြူရောင်စာရွက်၏ အပြင်ဘက်တွင် ကြီးမြတ်သူများ၏ အမူအရာများက မဲမှောင်နေကြသည်။

" ကောင်းကင်ဂိတ်တံခါးကို ဖွင့်လို့မရဘူးလား။ "

" ဒါဆို ထွက်သွားဖို့ မျှော်လင့်ချက်မရှိတော့ဘူးလား။ "

" အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အရင်က ဖွင့်လို့ရပြီး အခု ဖွင့်လို့မရဘူးလား။ "

ကြီးမြတ်သူများက ပြောလိုက်ကြသည်။ အစတွင် ကောင်းကင်ဂိတ်တံခါးက အတွင်းနှင့်အပြင်ကို ချိတ်ဆက်ပေးသော လမ်းကြောင်းတစ်ခု ဖြစ်မည်ဟု သူတို့က ထင်ခဲ့ကြသည်။ သို့သော် ကောင်းကင်ဂိတ်တံခါးကို ဖွင့်မရလိမ့်မည်ဟု သူတို့က မမျှော်လင့်ခဲ့မိပေ။

" ရှချင် " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူနှင့် ယုမျိုးနွယ်မှ ကြီးမြတ်သူတို့၏ အမူအရာများက ပြောင်းလဲသွားကြပြီး ကြီးမြတ်သူရှချင်ကို ကြည့်လိုက်ကြသည်။

ယခုလေးတင် သူတို့က နတ်ဘုရင်နှင့် အခြားသူများ၏ အသက်ကို ဝယ်ရန်အတွက် ကြီးမြတ်သူရှချင်အား ကြီးမားသော တန်ဖိုးတစ်ခုကို ပေးခဲ့ရလေသည်။ သို့သော် ယခု ကောင်းကင်ဂိတ်တံခါးက ဖွင့်မရလျှင် သူတို့က အလကားပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

" အပေးအယူက ပြီးသွားပြီ။ မင်းတို့က ခုမှ နောက်ဆုတ်ချင်နေတာလား။ " ကြီးမြတ်သူရှချင်က ပျော်ရွှင်သော အရိပ်အယောင်မရှိပေ။

အကြောင်းမှာ ကောင်းကင်ဂိတ်တံခါး ဖွင့်မရခြင်းက နတ်ဘုရင်နှင့် အခြားသူများ၏ ကံကြမ္မာကို သတ်မှတ်ပေးရုံသာမက လင်းယွမ်၏ ကံကြမ္မာကလည်း အတူတူပင်ဖြစ်ပေလိမ့်မည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် အချိန်နိယာမကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် သူတို့က အများဆုံး နှစ်တစ်သိန်း နှစ်သိန်းသာ အသက်ရှင်နိုင်ပေလိမ့်မည်။

" အားလုံးပဲ ကောင်းကင်ဂိတ်တံခါး ဖွင့်လို့မရတာက ပင်မစကြာဝဠာက သက်ရှိတွေအများကြီး အထဲကို စုပ်ယူခံလိုက်ရတာနဲ့ ပက်သက်နေလောက်တယ်။ အဲ့ဒါက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို အပြောင်းအလဲအချို့ ဖြစ်သွားစေတာလားမသိဘူး။ " ဦးချိုတစ်ချောင်းနှင့် ကြီးမြတ်သူက ပြောလိုက်သည်။

ထိုစကားများကို ကြားပြီး အခြားကြီးမြတ်သူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့လည်း အလားတူအတွေးမျိုးရှိကြလေသည်။ မဟုတ်လျှင် ပင်မစကြာဝဠာမှ သက်ရှိများ ဆင်းသက်ခြင်းမတိုင်မီ ဒေသခံစုန်းဧကရာဇ်နှင့် စုန်းဘိုးဘေးများက ကောင်းကင်ဂိတ်တံခါးမှတစ်ဆင့် ထွက်နိုင်မည်မဟုတ်ပေ။

" စောင့်ကြည့်ကြတာပေါ့။ အခြားအပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်။ " ကြီးမြတ်သူများက အဖြူရောင်စာရွက်ကို အဝေးမှ လေ့လာနေကြသည်။

ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူနှင့် အခြားကြီးမြတ်သူတို့က ကြီးမြတ်သူရှချင်ကို ရတနာများ ပေးပို့ပြီးသွားပြီဖြစ်သောကြောင့် နောင်တရရန် နောက်ကျသွားပြီဖြစ်သည်။ သူတို့က ထိုရတနာများကို ရရှိရန် စစ်ပွဲတစ်ခု စတင်လိမ့်မည်မဟုတ်ပေ။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ကောင်းကင်ဂိတ်တံခါးရှေ့တွင် ရပ်နေပြီး တက်လက်မကြိုးစားတော့ပေ။ အားဖြည့်ခြင်းနတ်စွမ်းရည်ကပင် ကောင်းကင်ဂိတ်တံခါးကို မလှုပ်ရှားစေနိုင်သောကြောင့် နောက်ထပ်ကြိုးစားမှုများက အချည်းနှီးသာဖြစ်သည်။

" ဒီကောင်းကင်ဂိတ်တံခါးက ငါ့ကို ပစ်မှတ်ထားနေတာဖြစ်နိုင်လား။ " လင်းယွမ်က ရုတ်တရက် မယုံကြည်နိုင်စရာကောင်းသော ခန့်မှန်းချက်တစ်ခုကို တွေးမိလိုက်သည်။

လူသားမျိုးနွယ်ဘက်တွင် ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများကလည်း အခြေအနေကို ကြည့်ပြီး မှင်သက်နေကြသည်။

ထိုအချိန်တွင် အသံတစ်သံက ထွက်ပေါ်လာသည်။

" ရွှမ်ယွမ်တောက် ဒီကို ခဏလာခဲ့ဦး။ "

" ဟုတ်ကဲ့ " ရွှမ်ယွမ်တောက်က ကောင်းကင်ဂိတ်တံခါးဆီသို့ ပျံသန်းသွားသည်။

" အရှင်ရွှယ်ယု " ရွှမ်ယွမ်တောက်က လင်းယွမ်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။

ယနေ့မတိုင်မီ သူမက လင်းယွမ်ကို သာမန်လေးသားမှုသာရှိခဲ့လေသည်။ သူမ၏ အမြင်တွင် သူမကလည်း အလွှာဆယ့်တစ် ပဉ္စမအဆင့် တစ်ယောက် ဖြစ်လေသည်။ လင်းယွမ်က သူမထက် သန်မာလျှင်တောင် ကွာဟချက်က ကြီးမားမည်မဟုတ်ပေ။

သို့သော် ယခု လင်းယွမ်က ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော စွမ်းအားကို မျက်မြင်တွေ့ခဲ့ရလေသည်။ ထိုအခိုက်တွင် ရွှမ်ယွမ်တောက်၏ လင်းယွမ်အပေါ်ရှိသော သဘောထားက ပြောင်းလဲသွားခဲ့သည်။ သူမက လင်းယွမ်ကို ကြီးမြတ်သူတစ်ယောက်ကဲ့သို့ လေးစားသွားခဲ့သည်။

" ကောင်းကင်ဂိတ်တံခါးကို ဖွင့်ဖို့ ကြိုးစားကြည့်စမ်း။ " လင်းယွမ်က ညွှန်ကြားလိုက်သည်။

ကောင်းကင်ဂိတ်တံခါးက သူ့ကို ရွေးချယ်ပြီး ပစ်မှတ်ထားခြင်း ဟုတ်မဟုတ် အတည်ပြုရန် အခြားသူများကို ဖွင့်ခိုင်းလိုက်ရုံသာ ဖြစ်သည်။

" ကောင်းပြီ။ " ရွှမ်ယွမ်တောက်က ကောင်းကင်ဂိတ်တံခါးရှေ့သို့ သွားပြီး တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။

" အရှင်ရွှယ်ယု ကျွန်မ မဖွင့်နိုင်ဘူး။ " ရွှမ်ယွမ်တောက်က ချက်ချင်း ပြောလိုက်သည်။

" မင်းလည်း ဖွင့်လို့မရဘူးလား။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် အခြားသူများကို ကျပန်းရွေးချယ်ပြီး ဖွင့်စေလိုက်သည်။

သူတို့အားလုံးက ကောင်းကင်ဂိတ်တံခါးကို ဖွင့်ရန် ကြိုးစားခဲ့ကြသော်လည်း ရလဒ်က အတူတူပင်ဖြစ်သည်။

" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ဒေသခံတွေကို စမ်းကြည့်ရမယ်။ "

လင်းယွမ်က သူတစ်ယောက်မဟုတ်ကြောင်းအတည်ပြုပြီးနောက် ပင်မစကြာဝဠာမှ သက်ရှိများကို ကြိုးစားစေခဲ့သည်။ သို့သော် သူတို့ကလည်း ဖွင့်နိုင်စွမ်းမရှိသောကြောင့် ယခု ဒေသခံများကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်တောင်၏ ထောင့်တစ်ခုတွင် စုန်းဘိုးဘေးအဆင့်ကို ဝင်ရောက်သည်မှာ မကြာသေးသော ယန်ဖူရှိနေသည်။ သူက အင်အားကြီးသူများစွာ၏ စွမ်းအားအောက်တွင် တုန်ယင်ခဲ့ရလေသည်။

ထိုသို့ဖြစ်လျှင်တောင် ယန်ဖူမှာ ဤခရီးက ထိုက်တန်သည်ဟု ခံစားရလေသည်။ အကြောင်းမှာ သူက အတိတ်တွင် မဖြစ်ပွားခဲ့ဖူးသော ကြောက်စရာကောင်းသည့် တိုက်ပွဲကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

" အရမ်းသန်မာတာပဲ... အရင်စုန်းဘိုးဘေးတွေအားလုံးပေါင်းရင်တောင် အဲ့ဒီလူရဲ့ ဆံပင်တစ်ချောင်းကို ယှဉ်နိုင်မှာမဟုတ်ဘူး။ " ယန်ဖူက ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ရုတ်တရက် အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

" ဒီကိုလာခဲ့။ " ယန်ဖူက ထိတ်လန့်သွားပြီး ကောင်းကင်ဂိတ်တံခါးဆီသို့ ကြည့်လိုက်သောအခါ လင်းယွမ်က သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ကျွန်တော်လား။ " ယန်ဖူက မယုံကြည်နိုင်ဖြစ်နေသည်။ သူ့လို ပုရွက်ဆိတ်တစ်ကောင်က လင်းယွမ်၏ အာရုံစိုက်မှုကို ခံခဲ့ရလေသည်။

" ဟုတ်ကဲ့ ဟုတ်ကဲ့။ " ယန်ဖူက ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်လာသည်။

မကြာမီယန်ဖူက လင်းယွမ်ရှေ့သို့ ရောက်သွားသည်။

" အရှင် " ယန်ဖူက အလွန်လေးစားစွာဖြင့် လင်းယွမ်ကို ဦးညွှတ်လိုက်သည်။

" ကောင်းကင်ဂိတ်တံခါးကို ဖွင့်ကြည့်စမ်း။ မင်းဖွင့်လို့ရမလား ကြည့်ရအောင်။ " လင်းယွမ်က ပြောလိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ဒေသခံ စုန်းဘိုးဘေးတစ်ယောက်က ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်ခဲ့လျှင် ၎င်းက ပင်မစကြာဝဠာမှ သက်ရှိများအတွက် သတ်မှတ်ချက် မတူကြောင်း သိနိုင်လေသည်။

" ဟုတ်ကဲ့ပါ။ " ယန်ဖူက ကောင်းကင်ဂိတ်တံခါးရှေ့သို့ သွားပြီး တွန်းဖွင့်လိုက်သည်။

ခဏကြာသောအခါ....

" အရှင် ကျွန်တော်မဖွင့်နိုင်ဘူး။ " ယန်ဖူက သတိထားပြီး ပြောလိုက်သည်။

" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ခြင်းက သက်ရှိအားလုံးတွင် အတူတူသာ ဖြစ်သည်။

" ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်ဖို့ လိုအပ်ချက်က ငါတို့ ဆင်းသက်ခဲ့လို့ အရမ်းမြင့်သွားတာလား။ " လင်းယွမ်က တွေးလိုက်သည်။

" ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ဖို့ လိုအပ်ချက်က ဘယ်လောက်ထိမြင့်သွားတာလဲ။ ဒါကို ဖွင့်ဖို့ ဘယ်လိုခွန်အားမျိုးကို လိုအပ်တာလဲ။ "

လင်းယွမ်က အံ့ဩသွားပြီး အခြားသူများကဲ့သို့ပင် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

" ဟမ် ငါ့ရဲ့ စိတ်က ဘာဖြစ်နေတာလဲ။ " လင်းယွမ်က သူ၏ အပြောင်းအလဲကို ချက်ချင်း သတိထားမိပြီး သူ၏ စိတ်အခြေအနေက ရုတ်တရက် ပြန်လည်တည်ငြိမ်သွားသည်။

" ငါ နှစ်သုံးရာကျော်အတွင်း စုန်းဘိုးဘေး အဆင့်ငါးဆယ်ကို ရောက်ရှိခဲ့တယ်။ ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ်ပေါ်လာရင် ငါ့ရဲ့ ခွန်အားက ဒီထက်အများကြီး ပိုမြင့်နေလိမ့်မယ်။ "

" ကောင်းကင်ဂိတ်တံခါးကို နောက်တစ်ကြိမ် မဖွင့်နိုင်ခဲ့ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်။ ငါ့ရဲ့ အရည်အချင်းနဲ့ အချိန်လုံလောက်သရွေ့ အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေရှိတယ်။ " လင်းယွမ်၏ စိတ်က ယခင်ထက် ကြည်လင်ပြတ်သားလာသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်ဂိတ်တံခါးက တဖြည်းဖြည်း လင့်ပျယ်လာသည်။

" ကောင်းကင်ဂိတ်တံခါးက ပျောက်ကွယ်နေတာလား။ "

" ရွှယ်ယုတောင် ကောင်းကင်ဂိတ်တံခါးထဲ မဝင်နိုင်ဘူးလား။ "

" အား ငါတို့ အခုဘာလုပ်ကြမှာလဲ။ ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲက ထွက်ဖို့ လိုအပ်ချက်တစ်ခု ရှိနေတာလား။ "

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက စိတ်ပျက်အားငယ်သွားကြသည်။

" ကောင်းကင်ဂိတ်တံခါး ပျောက်ကွယ်တော့မယ်။ " လင်းယွမ်က သူ၏ ရှေ့မှ ကောင်းကင်ဂိတ်တံခါး၏ အပြောင်းအလဲကို သတိပြုမိလိုက်သည်။ သို့သော် သူက တားဆီးခြင်းမရှိဘဲ ကောင်းကင်ဂိတ်တံခါး ပျောက်ကွယ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

" ဆက်ပြီးကျင့်ကြံရမယ်။ ငါ့ရဲ့ ရည်ရွယ်ချက်က နှစ်တစ်သောင်းကြာပြီး ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်ချိန်မှာ ငါ့ရဲ့ ခွန်အားက အနည်းဆုံး စုန်းဘိုးဘေး အဆင့်တစ်ရာကို ရောက်နေရမယ်။ " လင်းယွမ်က ပြတ်သားစွာ လှည့်ပြီး ကောင်းကင်တောင်ထိပ်မှ ထွက်ခွာသွားသည်။

All Chapters