ရွှယ်ယုနဲ့ တွေ့ချင်တယ်...
Vol. 39 Ch. 592
လင်းယွမ် မသိခဲ့သည်မှာ သူ ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ခြင်းမှာ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။ အကြောင်းမှာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ အနက်ရှိုင်းဆုံးမှ ဆန်းကြယ်သော တည်ရှိမှုတစ်ခုက လာမည့်နှစ်တစ်သောင်းအတွင်း သူ၏ ကြီးထွားမှုကို ကြည့်ချင်ခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဂိတ်တံခါးကို မည်သူမှ မဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ လင်းယွမ်က အလွန်မြင့်မားသော ခွန်အားကို ပိုင်ဆိုင်လျှင်တောင် သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကန့်သတ်ချက်များနှင့် ဖိနှိပ်မှုများကို မချိုးဖျက်နိုင်လျှင် ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်ခြင်းက ကြီးမြတ်သူတစ်ယောက်ပင် မလုပ်နိုင်ပေ။
အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က အဖြူရောင်စာရွက်အတွင်းသို့ စုပ်ယူခြင်းကို သေချာပေါက်ခုခံနိုင်သော်လည်း အထဲသို့ ကျရောက်သွားသည်နှင့် ရတနာများကဲ့သို့ သေချာပေါက် ဖိနှိပ်ခံရပေလိမ့်မည်။
လျိုချွမ်စုဝေးခြင်းနေရာ။
လင်းယွမ်က ကောင်းကင်ဂိတ်တံခါးမှ ထွက်လာပြီးနောက် ဤနေရာသို့ ပြန်လာခဲ့သည်။
" စုန်းဘိုးဘေး အဆင့်ငါးဆယ်ပြီးရင် ထပ်အဆင့်တက်ဖို့က အရင်ထက် အများကြီး ပိုခက်ခဲသွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။
ထို့ကြောင့်လည်း သူက နောက်တစ်ကြိမ် ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်ချိန်တွင် စုန်းဘိုးဘေး အဆင့်တစ်ရာသို့ ရောက်ရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။ စုန်းဘိုးဘေး အဆင့်ငါးဆယ်သို့ ရောက်ရန် နှစ်သုံးရာကျော် အချိန်ယူခဲ့ရသော်လည်း စုန်းဘိုးဘေး အဆင့်တစ်ရာသို့ ရောက်ရန် နှစ်တစ်သောင်းပသာ လုံလောက်ပေလိမ့်မည်။
" တံခါးပိတ်ကျင့်ကြံတာက သိပ်မဆိုးလောက်ဘူး။ အမှန်တော့ ငါက ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ခဲ့ရင်တောင် ငါက ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက လွတ်မြောက်ဖို့ ဖြစ်နိုင်ခြေတစ်ခု ရှိနေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကြီးမြတ်သူများက အဖြူရောင်စာရွက်အတွင်းမှ မည်သူ့ကိုမှ ခေါ်ထုတ်နိုင်ခြင်းမရှိပေ။ သို့သော် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရုပ်ခန္ဓာဆင်းသက်ခြင်းကို အသုံးပြုပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ သေချာပေါက် ထွက်သွားနိုင်လေသည်။ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးဆယ်မျှင်ကို အသုံးပြုရမည်ဖြစ်သည်။
သို့သော် ထိုသို့ ပြုလုပ်ခြင်းက ပြဿနာတစ်ခု ရှိနေဆဲ ဖြစ်သည်။ ဆင်းသက်မှု အဆုံးသတ်ချိန်တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က ပင်မစကြာဝဠာမှ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ပြန်ရောက်နိုင်မလားဟူသော မေးခွန်းပင်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ရုပ်ခန္ဓာဆင်းသက်ခြင်းက အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။
" ဆက်ပြီး လေ့လာတာပေါ့။ " လင်းယွမ်က လုံးဝမလိုအပ်သရွေ့ ထိုနည်းလမ်းကို အသုံးပြုမည်မဟုတ်ပေ။
လက်ရှိအခြေအနေများအရ စကြာဝဠာထဲသို့ ဝင်ရောက်လာသော အဖြူရောင်စာရွက်က ကိုယ်ပိုင်စိတ်အသိတစ်ခု ရှိနေနိုင်လေသည်။ အနည်းဆုံး ၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်နှင့် ဆင်တူသော အရာဖြစ်နိုင်လေသည်။ မဟုတ်လျှင် ပင်မစကြာဝဠာမှ သက်ရှိများဆင်းသက်ပြီးနောက် ကောင်းကင်ဂိတ်တံခါးက ပြောင်းလဲသွားမည်မဟုတ်ပေ။
ထို့ကြောင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုခြင်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းရှိ ထိုတည်ရှိမှု၏ အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
လင်းယွမ်အတွက် အဆိုးဆုံးအစီအစဉ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို စွန့်လွှတ်ရန်သာ ဖြစ်သည်။ ၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ချို့ယွင်းချက်ဖြစ်သွားစေလျှင်တောင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ထိုချို့ယွင်းချက်ကို ပြုပြင်ရန် ကြိုးစားနိုင်လေသည်။
" အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးပြုတုန်းက ငါ့ရဲ့ စိတ်အသိက ကြည်လင်ပြတ်သားလာတယ်။ စွမ်းအားအပေါ် ထိန်းချုပ်မှုက တိုးတက်သွားတဲ့အပြင် ဒီကမ္ဘာရဲ့ အနှစ်သာရကို ပိုပြီးမြင်နိုင်လာတယ်။ "
" နောက်ပိုင်း အခွင့်အရေးရခဲ့ရင် ငါ အားဖြည့်ခြင်းနတ်စွမ်းရည်ကို မကြာခဏ အသုံးပြုတာ ကောင်းလိမ့်မယ်။ "
အားဖြည့်ခြင်းနတ်စွမ်းရည်၏ အားနည်းချက်က ၎င်းကို အသုံးပြုပြီးနောက် ခဏတာ အားနည်းသွားခြင်းဖြစ်သည်။ သို့သော် လုံခြုံသော နေရာတွင် ရှိလျှင် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်လေသည်။ ဤကမ္ဘာ၏ စွမ်းအားအနှစ်သာရကို နားလည်ခြင်းက ထိုက်ယန်မူလစိတ်ဝိညာဉ်သာမက ပြင်ပမှ မူလခန္ဓာကိုယ်လည်း အကျိုးရှိနိုင်လေသည်။
ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် ကြီးမြတ်သူရှချင်က လင်းယွမ်ကို စိုးရိမ်စွာ ကြည့်ပြီး မေးလိုက်သည်။
" ကောင်းကင်ဂိတ်တံခါးကို တကယ်မဖွင့်နိုင်ဘူးလား။ "
ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်ခြင်းက လုံးဝ အတည်ပြုခဲ့ပြီး ၎င်းက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ ကိုယ်ပွားအားလုံးကို သေဒဏ်ပေးလိုက်သကဲ့သို့ ဖြစ်သည်။
" အဲ့ဒါကို ဖွင့်လို့မရဘူး။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ လင်းယွမ်က ကြီးမြတ်သူရှချင်ကို လျို့ဝှက်ထားရန်မလိုအပ်ပေ။
" အဲ့ဒါ ပြဿနာပဲ။ " ကြီးမြတ်သူရှချင်က အနည်းငယ် ခေါင်းကိုက်သွားသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းမှ လင်းယွမ်က အပြင်မထွက်နိုင်သကဲ့သို့ အပြင်မှ ကြီးမြတ်သူများကလည်း လင်းယွမ်ကို ကယ်တင်နိုင်ခြင်းမရှိပေ။ ကြီးမြတ်သူအချို့ကတော့ ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ် ဖွင့်လှစ်ချိန်တွင် ပြောင်းလဲမှု ရှိနိုင်သည်ဟု ပြောကြလေသည်။ ကြီးမြတ်သူရှချင်ကတော့ စိုးရိမ်နေဆဲ ဖြစ်သည်။
" အခု မင်းမှာ ဘာအစီအစဉ်ရှိလဲ။ " ကြီးမြတ်သူရှချင်က မေးလိုက်သည်။
" ဆက်ကျင့်ကြံပြီး ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ် ဖွင့်လှစ်တာကို စောင့်ကြည့်မယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်၏ စိတ်အခြေအနေက သက်ရောက်မှုမရှိသည်မှာ ထူးခြားလှသည်။ အင်အားကြီးသူများက ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ ဇွဲရှိနိုင်ကြသည်။ သို့သော် မျှော်လင့်ချက်မဲ့သော အခြေအနေကို ရင်ဆိုင်ရသောအခါ ပြတ်သားစွာ ရှိနေရန် လွန်စွာ ခက်ခဲလှသည်။
" စိတ်မပူနဲ့ ငါအဲ့ဒါကို အခြားကြီးမြတ်သူတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ နောက်ဆုံး တကယ်မထွက်နိုင်ခဲ့ရင် ငါတို့ အဲ့ဒီအဖြူရောင်စာရွက်ကို ထိုးဖောက်ဖို့ ဘိုးဘေးစွမ်းအားကို သုံးကြည့်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က လေးနက်စွာ ပြောလိုက်သည်။
အဖြူရောင်စာရွက်က စကြာဝဠာထဲသို့ ဝင်ရောက်လာပြီးနောက် ကြီးမြတ်သူရှချင်နှင့် အခြားသူများက အတင်းအကျပ် နည်းလမ်းများကို အသုံးမပြုသေးဘဲ ဂရုတစိုက် လေ့လာနေခဲ့ကြသည်။
ပထမအကြောင်းရင်းမှာ အဖြူရောင်စာရွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်စေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဒုတိယမှာ အဖြူရောင်စာရွက်ကို မပျက်စီးအောင် ထိန်းသိမ်းလိုခြင်းဖြစ်သည်။ သို့သော် ယခု အခြားနည်းလမ်းများ အသုံးမဝင်လျှင် ခွန်အားနှင့် အတင်းအကျပ် ထိုးဖောက်ရုံသာရှိလေသည်။
" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ " လင်းယွမ်က ပြောလိုက်သည်။
လူသားမျိုးနွယ်က သေချာမသိရသေးသော အဖြူရောင်စာရွက်ပေါ်သို့ ဘိုးဘေးစွမ်းအားကို ပေါ့ပေါ့တန်တန် အသုံးပြု၍ မရပေ။ သို့သော် လင်းယွမ်က လူသားမျိုးနွယ်အတွက် အလွန်အရေးပါလေသည်။ ထို့အပြင် ကြီးမြတ်သူရှချင်အပါအဝင် အခြားကြီးမြတ်သူများက လင်းယွမ်၏ ကိုယ်ပွား ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် ကျဆုံးသွားမည်ကို မလိုလားကြပေ။
ကြီးမြတ်သူရှချင်ကို နှုတ်တက်ပြီးနောက် လင်းယွမ်က နိယာမများကို ဆက်လက်လေ့လာနေခဲ့သည်။
" အနက်ရောင်ဂြိုလ်ပေါ်က လမ်းညွှန်မှုလမ်းကြောင်း ဆယ့်နှစ်ခုမှာ ငါက ဆယ်ခုကို နားလည်နေပြီ။ " လင်းယွမ်က တွေးလိုက်သည်။
နှစ်နှစ်မှ သုံးနှစ်အတွင်း လင်းယွမ်က အဓိကပေါင်းစပ်နိယာမသုံးခုကို နားလည်ခဲ့သည်။ လင်းယွမ်၏ အဆင့်နှင့် ပေါင်းစပ်နိယာမများကို နားလည်ခြင်းက လွယ်ကူလေသည်။ ခက်ခဲသောအပိုင်းက ထိုပေါင်းစပ်နိယာမများကို ပိုမြင့်သော အဆင့်သို့ ကျင့်ကြံခြင်းဖြစ်သည်။
" ငါ အရမ်းလောဘကြီးနေတာပဲ။ " လင်းယွမ်က သူ အလွှာတစ်ဆယ်တွင် ရှိနေသေးသည်ကို တွေးပြီး ခေါင်းခါလိုက်သည်။
အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဓိကပေါင်းစပ်နိယာမတစ်ခုကို နားလည်လျှင် အဆင့်အေအဖြစ် သတ်မှတ်ခံရလေသည်။ ယခု လင်းယွမ်က ပေါင်းစပ်နိယာမများကို ဆက်စပ်တွေးတောနိုင်ပြီး အဓိကနိယာမသုံးခုကိုပင် ပေါင်းစပ်နိုင်လေသည်။
VR ကမ္ဘာတွင် နာလန်က လင်းယွမ်နှင့် တွေ့ဆုံနေသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်း ကောင်းကင်တောင်ကို လာခဲ့သင့်တယ်။ " နာလန်က ပြောလိုက်သည်။
ကောင်းကင်တောင်ထိပ်တွင် ကောင်းကင်ဂိတ်တံခါး ပေါ်လာချိန်တွင် နာလန်က လင်းယွမ်ကို ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက လင်းယွမ်ကို ကောင်းကင်တောင်သို့ မလာခဲ့ကြောင်း တွေးခဲ့လေသည်။
ကောင်းကင်ဂိတ်တံခါးကို ဝင်ရန် မျှော်လင့်ချက်မရှိသော အချို့အင်အားကြီးသူများကလည်း ကောင်းကင်တောင်သို့ မသွားခဲ့ကြပေ။
" ငါတို့ လူသားမျိုးနွယ်က ရွှယ်ယုက ကောင်းကင်တောင်ထိပ်မှာ ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ နတ်ဘုရင်တို့ကို နင်းချေပစ်ခဲ့တယ်။ " နာလန်က အဖြစ်အပျက်များကို တွေးပြီး အံ့ဩနေဆဲ ဖြစ်သည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က နတ်ဘုရင်ကဲ့သို့ အလွှာဆယ့်တစ် အထွတ်အထိပ်ရှိသူများအား ရိုက်နှက်ခဲ့သည့်သတင်းသာ ပျံ့သွားခဲ့လျှင် အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့က အိပ်ပျော်တော့မည်မဟုတ်ပေ။
ကြီးမြတ်သူရှချင်ကလည်း လျို့ဝှက်ထားရန် အကြံပေးခဲ့လေသည်။ လူတစ်ယောက်က လုံလောက်သော ခွန်အားရရှိသည်အထိ ဖုံးကွယ်နေခြင်းက အကောင်းဆုံးဖြစ်သည်။ လူသားမျိုးနွယ်က မကာကွယ်ပေးနိုင်ခြင်းမဟုတ်ဘဲ ပြဿနာများကို ရှောင်ရှားခြင်းသာဖြစ်သည်။
" ရွှယ်ယုက ငါတို့ လူသားမျိုးနွယ်က ဘယ်ဆင့်ကဲပြောင်းလဲသူလဲမသိဘူး။ ဖြစ်နိုင်ရင် တွေ့ချင်မိတယ်။ " နာလန်က ရေရွတ်လိုက်သည်။ သူက အလွှာဆယ့်တစ်ဖြစ်သော်လည်း ရွှယ်ယု၏ ရှေ့တွင် မည်သည့်ဂုဏ်ယူမှုမှ မခံစားရပေ။
" ရွှယ်ယုနဲ့ တွေ့ချင်တယ်။ " လင်းယွမ်က နာလန်ကို ကြည့်ပြီး ဘာမှမပြောတော့ပေ။