← Chapters

သေခြင်းရှင်ခြင်းနိယာမ စတုတ္ထအဆင့်....

Vol. 39 Ch. 593

သေခြင်းရှင်ခြင်းနိယာမ စတုတ္ထအဆင့်....

Vol. 39 Ch. 593

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ခဏကျင့်ကြံပြီးနောင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ နေရာတိုင်းကို ခရီးသွားရန် စတင်ခဲ့သည်။ စုန်းဘိုးဘေး အဆင့်ငါးဆယ်ကို ကျော်လွန်ပြီးနောက် ရိုးရှင်းစွာ တခါးပိတ်ကျင့်ကြံခြင်းက ခွန်အားတိုးတက်မှုအပေါ် များစွာ သက်ရောက်မှုမရှိတော့ပေ။

လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ နေရာတိုင်းသို့သွား၍ မတူညီသော ရှုထောင့်များမှ ကမ္ဘာ၏ စွမ်းအားအနှစ်သာရကို နားလည်ပြီး ကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန် ဖြစ်သည်။

နှစ်များက ဖြည်းညင်းစွာ ကုန်လွန်နေခဲ့သည်။

လင်းယွမ်က ရှေးဟောင်းနိုင်ငံဆယ့်နှစ်ခုကို ခရီးသွားခဲ့ပြီးနောက် လူသူမရှိသော နေရာများသို့ ဆက်လက်သွားလာခဲ့သည်။

တောင်တန်းများတစ်လျှောက်။

နက်ရှိုင်းသော သစ်တောများထဲသို့။

ကျယ်ပြန့်သော ပင်လယ်များအောက်သို့။

လင်းယွမ်က နေရာအနှံ့သွားပြီး လေ့လာနေခဲ့သည်။ အချိန်များကုန်လွန်လာပြီး သူမသိလိုက်ခင်မှာပင် နှစ်တစ်သောင်းကြာသွားခဲ့သည်။

အနက်ရောင်ဂြိုလ်၏ သေခြင်းရှင်ခြင်းလမ်းညွှန်မှုလမ်းကြောင်းတွင် လင်းယွမ်၏ ကိုယ်ပွားက ထိုနေရာတွင် သေခြင်းရှင်ခြင်းနိယာမကို လေ့လာနေခဲ့သည်။

" ရှင်သန်ခြင်းက သေဆုံးခြင်း၊ သေဆုံးခြင်းက ရှင်သန်ခြင်း။ သေခြင်းနဲ့ ရှင်ခြင်းသံသရာစက်ဝန်းက မတူညီတဲ့ အသွင်အပြင်တွေ သက်သက်ပါပဲ။ "

သေခြင်းရှင်ခြင်းနိယာမအပေါ် လင်းယွမ်၏ အချုပ်အနှောင်များက ချိုးဖျက်သွားပြီး အဆင့်သစ်တစ်ခုသို့ ရောက်သွားခဲ့သည်။

သေခြင်းရှင်ခြင်းနိယာမ၏ စတုတ္ထအဆင့်။

လင်းယွမ်က လွန်ခဲ့သော နှစ်ပေါင်း ၁၅၀က သေခြင်းရှင်ခြင်းနိယာမကို နားလည်ခဲ့ပြီး လွန်ခဲ့သော နှစ်တစ်ရာက သေခြင်းရှင်ခြင်းနိယာမ၏ ဒုတိယအဆင့်သို့ ရောက်ခဲ့သည်။ ယခု နောက်ထပ် နှစ်တစ်ရာကြာပြီးနောက် သေခြင်းရှင်ခြင်းနိယာမအပေါ် လင်းယွမ်၏ နားလည်မှုက တတိယအဆင့်ကို ကျော်လွန်ပြီး စတုတ္ထအဆင့်သို့ ရောက်သွားခဲ့သည်။

" သေခြင်းရှင်ခြင်းနိယာမက အဓိကနိယာမနှစ်ခု ပေါင်းစပ်တာဆိုပေမယ့် ဒီလမ်းညွှန်မှုလမ်းကြောင်းသာမရှိရင် ငါ ဒီအဆင့်ကို ရောက်ဖို့ အချိန်ဆယ်ဆကျော် ပိုယူရလိမ့်မယ်။ " လင်းယွမ်က ကျေနပ်နေသည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အတားအဆီးများ၊ အချုပ်အနှောင်များက သူ၏ နားလည်မှုလမ်းကြောင်းကို အချိန်ကြာကြာ ပိတ်ဆို့ထားနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်မှာပင် အဓိကပေါင်းစပ်နိယာမများကို တတိယအဆင့်နှင့် စတုတ္ထအဆင့်များတွင် ပိတ်မိနေသူ များစွာရှိလေသည်။

" ဒီလမ်းညွှန်မှုလမ်းကြောင်းက ငါ့အတွက် အသုံးမဝင်တော့ဘူး။ "

လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် သက်ရောက်မှုမရှိတော့ပေ။ အကြောင်းမှာ လမ်းညွှန်မှုလမ်းကြောင်းကလည်း စတုတ္ထအဆင့်ထိသာ ရှိသောကြောင့် ဖြစ်သည်။

" အခု သေခြင်းရှင်ခြင်းနိယာမက စတုတ္ထအဆင့်ကို ရောက်သွားပြီ။ မဟာဖျက်ဆီးခြင်းနိယာမနဲ့ အခြားပေါင်းစပ်နိယာမတွေကလည်း တတိယအဆင့်မှာ စတုတ္ထအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ "

" ဒီနေရာကို လူသားမျိုးနွယ်ရဲ့ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတွေဆီ ငှားရမ်းဖို့ ကြီးမြတ်သူကို ပြောလို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ထိုလမ်းညွှန်မှုလမ်းကြောင်းက လင်းယွမ်အတွက် သက်ရောက်မှုမရှိသောကြောင့် ငှားရမ်းခြင်းက ပိုကောင်းလေသည်။ ယခင် ကြီးမြတ်သူရှချင်နှင့် သဘောတူညီချက်အရ နေရာတစ်ခုကို ငှားရမ်းခြင်းက ကောင်းမှုအမှတ် သန်းတစ်ရာ ရရှိမည်ဖြစ်သည်။

" သွားမယ်။ " လမ်းညွှန်မှုလမ်းကြောင်း၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။

ထိုခဏတွင် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကလည်း ပေါ်လာသည်။

" မင်း ဘာလို့အပြင်ထွက်လာတာလဲ။ " အနက်ရောင်ဝတ်ရုံနှင့်လူက အံ့ဩသွားပြီး လင်းယွမ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

အနက်ရောင်ဂြိုလ်၏ လမ်းညွှန်မှုလမ်းကြောင်းနေရာများကို သက်ရှိတစ်ယောက်က တစ်ကြိမ်သာ ဝင်ရောက်နိုင်လေသည်။ သူတို့ ပြန်ထွက်လာသည်နှင့် နောက်တစ်ကြိမ် ဝင်ရောက်ခွင့်မရှိတော့ပေ။

လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမ လမ်းညွှန်မှုလမ်းကြောင်းထဲတွင် နှစ်တစ်ရာကျော်နေထိုင်ခဲ့ပြီး ယခု ဆန္ဒအလျောက် အပြင်ပြန်ထွက်လာသောကြောင့် ထိုနေရာသို့ တဖန်ပြန်ဝင်ခွင့်မရှိတော့ပေ။

၎င်းက အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။ သေခြင်းရှင်ခြင်းနိယာမ၏ ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းရန်အတွက် လင်းယွမ်က နှစ်ငါးဆယ်သာ အချိန်ယူခဲ့လေသည်။

ပါရမီ၊ အရည်အချင်းနှင့် ပက်သက်လျှင် သူ၏ စိတ်ထဲတွင် လင်းယွမ်က ကြောက်စရာအကောင်းဆုံး အလွှာတစ်ဆယ် သက်ရှိတစ်ယောက်ဖြစ်သည်။ သို့သော် ထိုသို့သော လူတစ်ယောက်က သေခြင်းရှင်ခြင်းနိယာမကို စတုတ္ထအဆင့်ထိ မရောက်မီ လမ်းညွှန်မှုလမ်းကြောင်းထဲမှ ထွက်လာခြင်းက အမှန်တကယ် မိုက်မဲခြင်းပင်ဖြစ်သည်။

" ဒီလမ်းညွှန်မှုလမ်းကြောင်းက ကျွန်တော့်အတွက် အသုံးမဝင်တော့ဘူး။ " လင်းယွမ်က အနက်ရောက်ဝတ်ရုံနှင့် ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

" အသုံးမဝင်တော့ဘူးလား။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ခဏစဉ်းစားပြီးနောက် လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ " မင်း မင်း စတုတ္ထအဆင့်ကို ရောက်သွားပြီလား။ "

စတုတ္ထအဆင့်သို့ ရောက်သူများသာ လမ်းညွှန်မှုလမ်းကြောင်းက သူတို့အတွက် အသုံးမဝင်တော့ဟု ပြောရန် အရည်အချင်း ပြည့်မီလေသည်။

လွန်ခဲ့သော နှစ်တစ်ရာက လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမကို ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏ စွမ်းအားကို ရည်ရွယ်ချက်မရှိဘဲ ထုတ်ဖော်မိသောကြောင့် လမ်းညွှန်မှုလမ်းကြောင်းနေရာမှ သေခြင်းရှင်ခြင်းနိယာမ၏ ဟန်ချက်ညီမှုကို နှောက်ယှက်မိသွားခဲ့သည်။

ထို့ကြောင့် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က လင်းယွမ်ကို ဒုတိယအဆင့်သို့ ရောက်သွားကြောင်း သိခဲ့ရသည်။ ယခု လင်းယွမ်က တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ ရောက်ချိန်တွင် မည်သည့်စွမ်းအားကိုမှ ထုတ်ဖော်ခဲ့ခြင်းမရှိသောကြောင့် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကလည်း လင်းယွမ်၏ အဆင့်ကို မသိခဲ့ပေ။

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူ၏ လက်ချောင်းများတွင် သေခြင်းရှင်ခြင်းနိယာမက ဝန်းရံထားပြီး ကြီးမားသော သံသရာစက်ဝန်းတစ်ခု ပေါ်လာသည်။

" တကယ်စတုတ္ထအဆင့်ပဲ။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က လင်းယွမ်၏ လက်ချောင်းများမှ သေခြင်းရှင်ခြင်းသံသရာစက်ဝန်းကို မြင်သောအခါ သံသယများ မရှိတော့ပေ။

လင်းယွမ်က ပထမအဆင့်မှ ဒုတိယအဆင့်သို့ နှစ်ငါးဆယ်၊ ဒုတိယအဆင့်မှ တတိယအဆင့်သို့ နှစ်ငါးဆယ်၊ တတိယအဆင့်မှ စတုတ္ထအဆင့်သို့ နှစ်ငါးဆယ် စုစုပေါင်းနှစ်၁၅၀ သာ အချိန်ယူခဲ့လေသည်။ သို့သော် အဆင့်တက်ရန် ထိုမျှ လွယ်ကူသလား။

အဆင့်များက ပိုမြင့်လာသည်နှင့် အချိန်ပို၍ လိုအပ်လေသည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများကြားတွင် လင်းယွမ်သာ ပထမအလွှာမှ သတ္တမအလွှာသို့ တက်လှမ်းရန် ရာစုနှစ်သာ အချိန်ယူခဲ့ရခြင်းဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်၏ ခန့်မှန်းချက်အရ လင်းယွမ်က ဒုတိယအဆင့်သို့ ရောက်ရန် နှစ်ငါးဆယ် အချိန်ယူခဲ့ရပြီး တတိယအဆင့်သို့ ရောက်ရန် နှစ်ငါးရာမှ နှစ်တစ်ထောင်ကြား ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ စတုတ္ထအဆင့်သို့ ရောက်ရန်အတွက် နှစ်တစ်သောင်းဖြစ်သည်။ သို့သော် လင်းယွမ်က ပထမအဆင့်မှ စတုတ္ထအဆင့်ထိ တစ်ဆင့်ချင်းစီကို နှစ်ငါးဆယ်သာ အချိန်ယူခဲ့လေသည်။

" ကျွန်တော်ကို အပြင်ပြန်ပို့ပေးလို့ရမလား။ " လင်းယွမ်က အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

အနက်ရောင်ဂြိုလ်၏ တံခါးဆယ့်နှစ်ခုက အဝင်သာရှိပြီး ထွက်သွားရန် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်၏ အကူအညီလိုအပ်လေသည်။

" ထွက်သွားဖို့လား။ ကောင်းပြီ။ " အနက်ရောင်ဝတ်ရုံနှင့်လူက အသိပြန်ဝင်လာပြီး လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ရမ်းပြီး လင်းယွမ်ကို အပြင်သို့ ပို့ပေးလိုက်သည်။

" ဒီစကြာဝဠာထဲမှာ ဒီလိုကြောက်စရာကောင်းတဲ့လူတစ်ယောက် ဘယ်လိုလုပ်ရှိနေတာလဲ။ " အနက်ရောင်ဝတ်ရုံနှင့်လူက ရေရွတ်လိုက်သည်။

အနက်ရောင်ဂြိုလ်၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။

" ပြန်မယ်။ " လင်းယွမ်က ခြေလှမ်းလိုက်ပြီး အနက်ရောင်ဂြိုလ်ပေါ်မှ ထွက်ခွာသွားသည်။

လက်ရှိ သူက ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး မူလစိတ်ဝိညာဉ်တစ်ခုနှင့် ယှဉ်လျှင် တိုက်ခိုက်ရေးစွမ်းအားက အလွန်အားနည်းလေသည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူအများစုက ကိုယ်ပွားတစ်ခု အသုံးပြုပြီးနောက် တိုက်ရိုက်လွင့်ပျယ်စေကြသည်။

သို့သော် လင်းယွမ်၏ အမြင်တွင် ခြင်တစ်ကောင်ပင် အသားဖြစ်နေဆဲဖြစ်သည်။ သူ၏ ကိုယ်ပွားက မူလခန္ဓာကိုယ်ထက် များစွာ နိမ့်ကျနေလျှင်တောင် လေဟာနယ်နိယာမများကို အသုံးပြုခြင်းဖြင့် နဂါးငွေ့တန်းပင်မကြယ်သို့ လျင်မြန်စွာ ပြန်လာနိုင်လေသည်။ ထို့နောက် သူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်လည်ပေါင်းစည်းခြင်းဖြင့် ဆုံးရှုံးမှု မရှိတော့ပေ။

စစ်မြေပြင် A101။

ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က မျက်လုံးများ ဖွင့်လိုက်သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်ရှိခဲ့သော စစ်မြေပြင်က အဖြူရောင်စာရွက်၏ စုပ်ယူခြင်းကို ခံခဲ့ရလေသည်။

သို့သော် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်းမှုနှုန်းကို မလျှော့ကျနိုင်ပေ။ ထိုက်ယန်မူလစိတ်ဝိညာဉ်က ပြန်ထွက်မလာနိုင်သေးသည်ကို အတည်ပြုပြီးနောက် လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို နောက်ထပ် စစ်မြေပြင်ကြီးတစ်ခုသို့ စေလွှတ်ခဲ့သည်။

" ဒီနှစ်တစ်ရာအတွင်း စစ်ပွဲပြင်းထန်မှုက အတော်လေး လျော့ကျသွားတာပဲ။ " လင်းယွမ်က စစ်မြေပြင်ကို ကြည့်ပြီး တွေးလိုက်သည်။

စစ်မြေပြင်ကြီးတွင်သာမက အခြားအလတ်စား စစ်မြေပြင်များ၊ အသေးစားစစ်မြေပြင်များ အားလုံးတွင် စစ်ပွဲပြင်းထန်မှုက သိသိသာသာ လျော့ကျသွားခဲ့သည်။

အကြောင်းရင်းမှာ စကြာဝဠာထဲသို့ ဝင်ရောက်လာသော အဖြူရောင်စာရွက်ကြောင့်ပင်ဖြစ်သည်။ မျိုးနွယ်အမျိုးမျိုးမှ သက်ရှိတစ်သန်းကျော်က ထိုအဖြူရောင်စာရွက်အတွင်းသို့ ကျဆင်းသွားခဲ့ကြသည်။ သူတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ပြန်ထွက်လာနိုင်လျှင်တောင် အခြေခံ ဆုံးရှုံးမှုများကို ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်ပမာဏ တစ်ခု ယူရပေလိမ့်မည်။

ထို့အပြင် မျိုးနွယ်အသီးသီးမှ ကြီးမြတ်သူများက အဖြူရောင် စာရွက်ကို လေ့လာနေသောကြောင့် အောက်မှ စစ်မြေပြင်များ၏ စစ်ပွဲပြင်းထန်မှုကို လျော့နည်းသွားစေခဲ့သည်။

All Chapters