← Chapters

လမ်ညွှန်မှုလမ်းကြောင်း ငှားရမ်းခြင်း....

Vol. 39 Ch. 594

လမ်ညွှန်မှုလမ်းကြောင်း ငှားရမ်းခြင်း....

Vol. 39 Ch. 594

လင်းယွမ်က စစ်ပွဲပြင်းထန်မှု လျော့နည်းသွားသည်နှင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အေးအေးဆေးဆေး စုစည်းနိုင်ပြီဖြစ်သည်။

" ငါ့ရဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အမျှင် ကိုးရာရှိသွားပြီ။ " လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားအရေအတွက်ကို ကြည့်ပြိ်း ပြုံးလိုက်သည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်းမှုအရှိန်က စစ်မြေပြင်ကြီး၏ ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် ရက်ကိုးဆယ်လျှင် တစ်မျှင် စုဆောင်းနိုင်လေသည်။

" ဒီလောက်များတဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတွေ..." လင်းယွမ်က သက်ပြင်းချလိုက်သည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများနှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သေဆုံးခဲ့လျှင်တောင် လင်းယွမ်က ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က ပျက်စီးသွားပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပြန်လည်ဖန်တီးနိုင်ခြင်းမရှိလျှင် လင်းယွမ်က စိတ်ကြိုက်ဆင်းသက်မှုကို အသုံးပြုပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပြန်လည်ဖန်တီးနိုင်သော ကမ္ဘာတစ်ခုဆီသို့ ဆင်းသက်နိုင်လေသည်။

" ငါ့ရဲ့ လက်ရှိခွန်အားက အလွှာဆယ့်တစ် တတိယအဆင့်နဲ့ ယှဉ်နိုင်လောက်တယ်။ "

၎င်းက နှစ်တစ်ရာကျင့်ကြံခြင်းအပြင် လင်းယွမ်၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်ကိုလည်း ထည့်တွက်ရပေလိမ့်မည်။ သူက သေခြင်းရှင်ခြင်းနိယာမက၏ ပထမအဆင့်မှာပင် ဒုတိယအဆင့်နှင့် တတိယအဆင့် စွမ်းအားများကို အသုံးပြုနိုင်ခဲ့သည်။

ယခု သူက စတုတ္ထအဆင့်သို့ ရောက်လာသောကြောင့် သူက ပေါင်းစပ်နိယာမ၏ အထွတ်အထိပ် ပဉ္စမအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ခန့်မှန်းလေသည်။

အလွှာဆယ့်တစ် တတိယအဆင့်၏ သတ်မှတ်ချက်မှာ ပေါင်းစပ်နိယာမတစ်ခုကို ပဉ္စမအဆင့်ထိ မြှင့်တင်ခြင်းဖြစ်သည်။

" နှစ်တစ်ရာအတွင်း အဆင့်တစ်ခုတက်သွားတာ မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က အဆင့်တစ်ခုစီကို မြှင့်တင်ရန် နှစ်ပေါင်း သိန်းချီ သန်းချီကြာနိုင်လေသည်။ လင်းယွမ်က နှစ်ပေါင်းတစ်ရာသာ ကျင့်ကြံခဲ့ပြီး အလွှာဆယ့်တစ် တတိယအဆင့်နှင့် ယှဉ်နိုင်ပြီဖြစ်သောကြောင့် ၎င်းက လုံးဝ အံ့ဩစရာကောင်းနေပြီဖြစ်သည်။ ထို့အပြင် လင်းယွမ်က အလွှာဆယ့်တစ်မဟုတ်ဘဲ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်နေဆဲ ဖြစ်သည်။

" ပေါင်းစပ်နိယာမတွေကို နားလည်တာက ချောမွေ့နေပေမယ့် အချိန်လေဟာနယ်နိယာမက အခက်အခဲအချို့ ရှိနေတယ်။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

အချိန်နိယာမနှင့် လေဟာနယ်နိယာမကို ပေါင်းစပ်ခြင်းက ပေါင်းစပ်နိယာမများထဲတွင် အခက်ခဲဆုံးနှင့် အနက်ရှိုင်းဆုံးဟု ပြောနိုင်လေသည်။ ထို့အပြင် ၎င်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် ဖြတ်ကျော်ရမည့် အဆင့်တစ်ခုလည်း ဖြစ်သည်။ အချိန်လေဟာနယ်နိယာမကို နားလည်ပြီးနောက် အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် အသွင်ပြောင်းလဲသွားပေလိမ့်မည်။

ထို့အပြင် အချိန်လေဟာနယ်နိယာမကို နားလည်ခြင်းက အချိန်မြစ်၏ ကန့်သတ်ချက်များမှ လွတ်မြောက်ရန် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လေသည်။ အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်မြစ်မှ ထွက်ပြီး ကြီးမြတ်သူဖြစ်လာရန် ကြိုးစားနိုင်လေသည်။

" အလွှာတစ်ဆယ်မှာ အချိန်လေဟာနယ်နိယာမကို နားလည်ချင်တာက နည်းနည်းလက်တွေ့မကျဘူးထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ပင် အချိန်လေဟာနယ်နိယာမကို နားလည်ပြီးနောက် ပဉ္စမအဆင့်သို့ မြှင့်တင်ပြီးမှသာ ကြီးမြတ်သူဖြစ်လာရန် အရည်အချင်းရှိလေသညိ။ နောက်ဆုံးတွင် အလွှာတစ်ဆယ်၏ ရှုထောင့်က အလွှာဆယ့်တစ်နှင့်ယှဉ်လျှင် နိမ့်ကျနေဆဲ ဖြစ်သည်။

" ဘာမှမဖြစ်ဘူး။ ငါ အလွှာဆယ့်တစ်ကို တက်လှမ်းပြီးရင် အချိန်လေဟာနယ်နိယာမကို မြန်မြန် နားလည်နိုင်လိမ့်မယ်။ " လင်းယွမ်က ဆက်မတွေးတော့ပေ။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်၏ မူလခန္ဓာကိုယ်က ထိုင်နေသည်။

" သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍ..." လွန်ခဲ့သော နှစ်များတွင် လင်းယွမ်က အလွှာတစ်ဆယ်ကဏ္ဍကို စဉ်းစားနေခဲ့သည်။ သေခြင်းရှင်ခြင်းနိယာမကို နားလည်ပြီးနောက် အလွှာတစ်ဆယ် အဆင့်အေဖြစ်လာသော လင်းယွမ်က အလွှာတစ်ဆယ်ကဏ္ဍကို ဖန်တီးရန် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။

" ငါ့ရဲ့ အလွှာတစ်ဆယ်ကဏ္ဍက ထူးခြားရမယ်။ " လင်းယွမ်က အလွှာတစ်ဆယ်ကဏ္ဍကို အကြိမ်ရာနှင့်ချီ ကြိုးစားခဲ့သော်လည်း စိတ်ကျေနပ်ခြင်းမရှိခဲ့ပေ။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အလွှာတစ်ဆယ်ကဏ္ဍက အတိတ်ကို ပေါင်းကူးပြီး အနာဂတ်ကို ဖွင့်လှစ်ခြင်းဖြစ်သည်။ အထူးသဖြင့် သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍက အလွန်အရေးကြီးလှသည်။

" အလွှာတစ်ဆယ်ကဏ္ဍက ပုံတူကူးလို့မရဘဲ သိုင်းတာအို အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတိုင်းနဲ့ သက်ဆိုင်သင့်တယ်။ " လင်းယွမ်က စိတ်ထဲမှ လျင်မြန်စွာ တွက်ချက်နေသည်။

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် ပင်ပန်းနွမ်းနယ်နေပုံရသော လူငယ်တစ်ယောက် ပေါ်လာသည်။

" ငါ စုဆောင်းထားတဲ့ ကောင်းမှုအမှတ်တွေ၊ ပြီးတော့ ငါ့ရဲ့ မျိုးနွယ်နာမည်နဲ့ ကောင်းမှုအမှတ် သန်းရှစ်ဆယ်ကိုလည်း ချေးယူခဲ့တယ်။ ပြီးတော့ အခွင့်အလမ်းတစ်ခုကို လဲလှယ်ပြီးတဲ့နောက်မှာ ကောင်းမှုအမှတ် သန်းတစ်ရာပြည့်သွားခဲ့ပြီ။ "

ထိုလူငယ်၏ နာမည်က ရွှမ်ယွမ်ဖန်းဖြစ်ပြီး ရွှမ်ယွမ်မိသားစုမှ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သည်။ ရွှမ်ယွမ်ဖန်းက လူသားမျိုးနွယ်၏ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများကြားတွင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်လေသည်။

ရွှမ်ယွမ်ဖန်းက သေခြင်းရှင်ခြင်းနိယာမကို ပထမအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခဲ့သော်လည်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။

" ဘိုးဘေးရဲ့ စကားအရ နဂါးငွေ့တန်းကြယ်သခင်က သေခြင်းရှင်ခြင်းနိယာမရဲ့ အမွေအနှစ်နေရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲ့ဒီထဲကို ဝင်နိုင်ဖို့ ကောင်းမှုအမှတ် သန်းတစ်ရာလိုအပ်တယ်။ " ရွှမ်ယွမ်ဖန်းက နာကျင်မှုကို ခံစားလိုက်ရသည်။

ရွှမ်ယွမ်ဖန်းက စစ်မြေပြင်တွင် အချိန်များစွာ တိုက်ခိုက်ခဲ့ပြီး ကောင်းမှုအမှတ် သန်းနှစ်ဆယ်ကို စုဆောင်းနိုင်ခဲ့သည်။ ယခု သူ၏ မိသားစုကြောင့်သာမဟုတ်လျှင် ကောင်းမှုအမှတ် သန်းတစ်ရာကို စုဆောင်းနိုင်မည်မဟုတ်ပေ။ ရွှမ်ယွမ်ဖန်းက အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် ကောင်းမှုအမှတ်များကို ပြန်ဆပ်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

" ဘယ်လိုအမွေအနှစ်မျိုးက ကောင်းမှုအမှတ် သန်းတစ်ရာတန်တာလဲမသိဘူး။ ဒါပေမယ့် ဘိုးဘေးကတော့ ငါ့ကို လိမ်မှာမဟုတ်ပါဘူး။ " ရွှမ်ယွမ်ဖန်းက တွေးလိုက်သည်။

ရွှမ်ယွမ်ဖန်းက ဘိုးဘေး၏ အကြံပေးမှုကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဘိုးဘေးက လူသားမျိုးနွယ်၏ ကြီးမြတ်သူ ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်လေသည်။

" နဂါးငွေ့တန်းကြယ်သခင် လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး ပါရမီရှင်၊ နှစ်နှစ်ရာအတွင်း အလွှာတစ်ဆယ်ကို တက်လှမ်းခဲ့သူ..." ရွှမ်ယွမ်ဖန်းက လင်းယွမ်၏ အချက်အလက်များကို စဉ်းစားလိုက်သည်။

" ဘယ်လောက်တောင် ကံကောင်းတဲ့လူလဲ။ " ရွှမ်ယွမ်ဖန်းက မနာလိုဖြစ်မိသွားသည်။

ရွှမ်ယွမ်ဖန်းက နဂါးငွေ့တန်းပင်မကြယ်ကို ရောက်လာပြီးနောက် VR ကွန်ရက်မှတစ်ဆင့် လင်းယွမ်ကို ဆက်သွယ်လိုက်သည်။ ခဏကြာသောအခါ လူတစ်ယောက်က သူ၏ ရှေ့တွင် ပေါ်လာသည်။

" နဂါးငွေ့တန်းကြယ်သခင် " ရွှမ်ယွမ်ဖန်းက သူ၏ ရှေ့မှ လူငယ်ကို ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက သေခြင်းရှင်ခြင်းနိယာမကို ပထမအဆင့် အထွတ်အထိပ်ထိ ရောက်နေသောကြောင့် လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ သေခြင်းရှင်ခြင်း သံသရာစက်ဝန်းကို မှုန်ဝါးစွာ ခံစားလိုက်ရသည်။ ထိုသံသရာစက်ဝန်း၏ ရှေ့တွင် ရွှမ်ယွမ်ဖန်းက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

" နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်ကို ဝင်ရောက်တာ မကြာသေးဘူးမဟုတ်လား။ သေခြင်းရှင်ခြင်းနိယာမအပေါ် သူ့ရဲ့ နားလည်မှုက ဘာလို့ဒီလောက်တောင် နက်ရှိုင်းနေတာလဲ။ " ရွှမ်ယွမ်ဖန်းက ထိတ်လန့်သွားသည်။

လင်းယွမ်၏ သေခြင်းရှင်ခြင်းနိယာမက မည်သည့်အဆင့်တွင် ရှိနေသည်ကို မသိသော်လည်း သူ့ထက် များစွာ ကျော်လွန်သည်မှာ ထင်ရှားလေသည်။

" တကယ်ကြောက်စရာကောင်းတယ်။ ဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်လား။ " အစတွင် ရွှမ်ယွမ်ဖန်းက လင်းယွမ်ကို သိပ်အလေးအနက်မထားခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဉ်ပင် တုန်ယင်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင် ဒါက ကောင်းမှုအမှတ်သန်းတစ်ရာပါ။ " ရွှမ်ယွမ်ဖန်းက လေးစားစွာဖြင့် ပြောလိုက်ပြီး ကောင်းမှုအမှတ် သန်းတစ်ရာကို လွှဲပြောင်းပေးလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး အနက်ရောင်ဂြိုလ်၏ တည်နေရာကို ပို့ပေးလိုက်သည်။

အနက်ရောင်ဂြိုလ်ရှိသော ကြယ်နယ်မြေက ယခု လင်းယွမ် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ အနက်ရောင်ဂြိုလ်ပေါ်သို့ ကျူးကျော်လျှင် မည်သူမဆို လူသားမျိုးနွယ်၏ ဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။

" ကောင်းမှုအမှတ် သန်းတစ်ရာ " လင်းယွမ်က ရွှမ်ယွမ်ဖန်း ထွက်သွားသည်ကို ကျေနပ်စွာ ကြည့်နေသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ။

နှင်းများက လေနှင့်အတူ လွင့်မျောနေပြီး အရာအားလုံးကို အဖြူရောင်စောင်တစ်ထည်က လွှမ်းခြုံထားသကဲ့သို့ ဖြစ်သည်။

ဟိုက်ယွဲ့မြို့တွင် လင်းယွမ်က လမ်းပေါ်တွင် လမ်းလျှောက်နေသည်။ သူက တစ်ခါတစ်ရံ လမ်းဘေးစားသောက်ဆိုင်များတွင် ထိုင်ပြီး စားသောက်နေသည်။

" ဟိုက်ယွဲ့မြို့က ဟိုက်ယွဲ့မျိုးနွယ်က တည်ထောင်ခဲ့ပြီး ရှေးဟောင်းနိုင်ငံ ဆယ့်နှစ်နိုင်ငံရဲ့ အဝေးမှာ တည်ရှိတယ်။ ဒီနေရာမှာ ပဋိပက္ခသိပ်မရှိဘဲ ပြင်ပလူတွေကိုလည်း အရမ်းဖော်ရွေတယ်။ " လင်းယွမ်က စားသောက်နေစဉ် စဉ်းစားလိုက်သည်။

နှစ်တစ်သောင်းကုန်လွန်ပြီးနောက် လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို အခြေခံအားဖြင့် လေ့လာခဲ့ပြီးဖြစ်သည်။ သူက ဟိုက်ယွဲ့မြို့သို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ရှစ်ထောင်မှ ဖြစ်သည်။

သူက သဘောကျသော နေရာတစ်ခုဆိုလျှင် ဒုတိယအကြိမ် သွားရောက်လေ့ရှိသည်။ ထို့အပြင် ဟိုက်ယွဲ့မြို့မှ ဟင်းလျာများက ထူးခြားလေသည်။

" နှစ်ရှစ်ထောင်ကြာခဲ့ပြီ။ ဟိုက်ယွဲ့မြို့သားတွေက မျိုးဆက်တွေ ပြောင်းလဲသွားပေမယ့် အစားအသောက်တွေရဲ့ အရသာကတော့ မပြောင်းလဲသေးဘူး။ "

" နှင်းတွေက ပိုပြီး ထူထပ်လာပြီ။ " လင်းယွမ်က အရက်သောက်ပြီး ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များကို ကြည့်လိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ နှင်းပွင့်များက အပိုင်းအစတစ်ခုချင်းစီမှာ အနုပညာလက်ရာတစ်ခုနှင့် ဆင်တူလှသည်။

All Chapters