← Chapters

စုန်းဘိုးဘေး အဆင့် ၁၃၆....

Vol. 39 Ch. 595

စုန်းဘိုးဘေး အဆင့် ၁၃၆....

Vol. 39 Ch. 595

လင်းယွမ်က လက်ဆန့်ပြီး နှင်းပွင့်များကို ဖမ်းလိုက်သည်။ နှင်းပွင့်များက မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ အသေးစားတည်ဆောက်ပုံတစ်ခုကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က သေချာလေ့လာပြီးနောက် သူ၏ စိတ်ထဲတွင် နစ်မြုပ်သွားသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နှင်းပွင့်များ၏ သဘာဝကို လေ့လာပြီး သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်က နှင်းပွင့်များ၏ တည်ဆောက်ပုံထဲတွင် နစ်မြုပ်နေပြီး နှင်းများက ပို၍ ပြင်းထန်စွာ ကျဆင်းလာသည်ကို သတိမထားမိပေ။ အခြားသူများက ဆိုင်အတွင်း နားခိုနေကြသော်လည်း သူက အပြင်ဘက်တွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။

" အမေ အဲ့ဒီလူက အပြင်လူလား။ " ဆိုင်၏ အတွင်းရှိ မိန်းကလေးတစ်ယောက်က လင်းယွမ်ကို စပ်စုစွာ ကြည့်လိုက်သည်။

လင်းယွမ်၏ အဝတ်အစားများက ဟိုက်ယွဲ့မြို့ခံများနှင့် အတော်လေး ကွဲပြားပြီး သူ့ကို အလွယ်တကူ သတိထားမိလေသည်။

" အဲ့ဒီအပြင်လူက တော်တော်ဆိုးတာပဲ။ နှင်းတွေ ဒီလောက်ကျနေတာတောင် အထဲကို မလာဘူး။ " မိန်းကလေးက ပြောလိုက်သည်။

" သမီး သူများကို အဲ့လိုမပြောရဘူးလေ။ " မိန်းကလေး၏ အမေက သူမကို ဆူပူလိုက်သည်။

" သိပါပြီ။ " မိန်းကလေးက ခေါင်းငုံ့ပြီး ပြောလိုက်သည်။

" ဒါပေမယ့် သူ နှင်းတောထဲမှာ ဒီလိုဆက်နေနေရင် သေချာပေါက် အအေးမိလိမ့်မယ်။ " မိန်းကလေးအမေက လင်းယွမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နှင်းပွင့်များ၏ သဘာဝကို လေ့လာပြီး စုန်းဘိုးဘေး အဆင့် ၁၃၆ သို့ တက်လှမ်းသွားပါပြီ။ ]

လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားရင်း ရယ်မောလိုက်သည်။

" ဟားဟားဟား...." လင်းယွမ်က သူ၏ စွမ်းအားကို ထိန်းချုပ်ထားသော်လည်း ကြောက်စရာကောင်းသော အသံလှိုင်းများက မြို့သခင် စုန်းဧကရာဇ်နှင့် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

" ဘာလဲ။ " ဆိုင်အတွင်းရှိ လူတိုင်းက တူညီသော ဝေဒနါကို ခံစားလိုက်ရပြီး သူတို့၏ ခေါင်းများကို ဆုပ်ကိုင်လိုက်ကြသည်။

ကံကောင်းစွာပက် လင်းယွမ်က ရယ်မောခြင်းကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။

" ထွက်သွားဖို့ အချိန်ကျပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပျောက်ကွယ်သွားသည်။

ဆိုင်ထဲတွင် မိန်းကလေးနှင့် သူမ၏ အမေတို့က နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာကြသည်။

" အမေ အဲ့ဒီအပြင်လူရဲ့ ရယ်သံက ကြောက်စရာကောင်းတယ်။ " မိန်းကလေးက ထိတ်လန့်စွာဖြင့် သူမအမေ၏ ရင်ခွင်ထဲသို့ ဝင်ပုန်းလိုက်သည်။

" အဲ့ဒီအပြင်လူက အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ " မိခင်ဖြစ်သူ၏ အသံကလည်း တုန်ယင်နေသည်။ " အခြားသူတွေကို လျှောက်မပြောဖို့ သမီးကို ပြောထားတယ်လေ။ သူက ဘာမှဗွေမယူတာ တော်သေးတယ်။ "

ဟိုက်ယွဲ့မြို့၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခုက လေထဲတွင် ရပ်နေသည်။ ထိုပုံရိပ်၏ ပေတစ်ရာပတ်လည်သို့ ကျဆင်းလာသော နှင်းပွင့်များက လျင်မြန်စွာ အရည်ပျော်သွားကြသည်။

" နှစ်တစ်သောင်း စုန်းဘိုးဘေး အဆင့် ၁၃၆..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက စုန်းဘိုးဘေး အဆင့်ငါးဆယ်သို့ ရောက်ရန် နှစ်ပေါင်းသုံးရာကျော် အချိန်ယူခဲ့ရသည်။ သို့သော် စုန်းဘိုးဘေး အဆင့် ၅၀မှ စုန်းဘိုးဘေး အဆင့် ၁၃၆ သို့ ရောက်ရန် နှစ်တစ်သောင်း အချိန်ယူခဲ့ရလေသည်။

လင်းယွမ်က ၎င်းကို ကျေနပ်လေသည်။ စုန်းဘိုးဘေး အဆင့်ငါးဆယ် အထက်သို့ အဆင့်တက်ခြင်းက သာမန်အဆင့်တက်ခြင်းသာ မဟုတ်ဘဲ ကန့်သတ်ချက်များနှင့် ဖိနှိပ်မှုများမှ လွတ်မြောက်ခြင်းဖြစ်သည်။ အစတွင် လင်းယွမ်က စုန်းဘိုးဘေး အဆင့် ၁၀၀သို့ ရောက်ရန်သာ မျှော်လင့်ခဲ့သော်လည်း ယခု အဆင့် ၁၃၆က သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်ခဲ့သည်။

" ဒီနှစ်တစ်သောင်းအတွင်းမှာ ပင်မစကြာဝဠာက သက်ရှိတွေက တဖြည်းဖြည်း ပိုနည်းလာခဲ့တယ်။ " လင်းယွမ်က လေထဲတွင် မတ်တပ်ရပ်ပြီး နှင်းပွင့်များကို ကြည့်နေသည်။

သူ၏ ခန့်မှန်းချက်အရ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အရေအတွက်က တစ်ထောင်ကို မကျော်လွန်တော့ပေ။ သူတို့က ဤကမ္ဘာထဲတွင် ဆက်နေခဲ့လျှင်တောင် ထွက်သွားရန် မျှော်လင့်ချက်မရှိဘဲ သက်တမ်းကုန်ပြီး သေဆုံးသွားမည်ဖြစ်သောကြောင့် သူတို့၏ ကိုယ်ပွားများကို ဆန္ဒအလျောက် ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

" ကောင်းကင်တောင်ကို သွားမယ်။ "

ကောင်းကင်ဂိတ်တံခါးဖွင့်ရန် နှစ်ဝက်လိုသေးသော်လည်း လင်းယွမ်က ကောင်းကင်တောင်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။

လျိုချွမ်စုဝေးခြင်းနေရာ။

နှစ်တစ်သောင်းကြာပြီးနောက် လျိုချွမ်စုဝေးခြင်းနေရာက လျိုချွမ်မြို့ဖြစ်လာပြီး လက်ရှိမြို့သခင်က ကျားရန်ဂူ၏ မျိုးဆက်တစ်ယောက်ဖြစ်လေသည်။

ကျားရန်ဂူကတော့ သက်တမ်းကုန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယွမ်နှင့် ဆက်စပ်မှုကြောင့် ကျားရန်ဂူက အလွန်သက်သောင့်သက်သာ နေခဲ့ရပြီး အခြားသူများထက်လည်း အသက်ပိုရှည်ခဲ့သည်။

လင်းယွမ်က ကောင်းကင်တောင်သို့ မသွားမီ လျိုချွမ်မြို့သို့ ဝင်ခဲ့လေသည်။

" ငါ့ရဲ့ နေရာက အရင်အတိုင်း မပြောင်းလဲသေးဘူးပဲ။ " လင်းယွမ်က ယခင် သူနေထိုင်ခဲ့သော ဂူကို ကြည့်လိုက်သည်။

လင်းယွမ်က လျိုချွမ်မြို့တွင် ခဏနေပြီး ဆက်လက်ထွက်ခွာသွားခဲ့သည်။ သူက ရွှယ်ယုရှေးဟေယင်းနိုင်ငံ၏ မြို့တော်ကိုလည်း ဝင်ရောက်ခဲ့သည်။ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် အားလုံးက ပြောင်းလဲသွားခဲ့သည်။

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများပင် နှစ်တစ်သောင်းအသက်ရှင်ရန် ခက်ခဲလေသည်။ သာမန်စုန်းဘိုးဘေးတစ်ယောက်က သက်တမ်း နှစ်ထောင် သုံးထောင်သာ ရှိပြီး နှစ်တစ်သောင်းကို ကျော်လွန်ပြီး အသက်ရှင်ရန်အတွက် စုန်းဘိုးဘေး အဆင့်နှစ်ဆယ်ရှိရန် လိုအပ်လေသည်။

လင်းယွမ်က အားလုံးကို လေ့လာပြီးနောက် ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ မြို့တော်မှ ထွက်ခွာသွားသည်။

ကောင်းကင်တောင်ထိပ်တွင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက စောစီးစွာ ကြိုရောက်နေကြသည်။ ကောင်းကင်ဂိတ်တံခါး ပထမဆုံး ပေါ်လာသည့်အကြိမ်နှင့်ယှဉ်လျှင် ယခုတစ်ကြိမ်တွင် ပို၍ အေးချမ်းနေခဲ့သည်။

" ကြီးမြတ်သူအဆင့်လက်နက်နဲ့ နှစ်ပေါင်းတစ်သောင်းကြာအောင် ကျင့်ကြံပြီးတဲ့နောက်မှာ ငါက စုန်းဘိုးဘေး အဆင့်ခြောက်ဆယ်နဲ့ ယှဉ်နိုင်နေပြီ။ " ကောင်းကင်တောင်ထိပ်တွင် နတ်ဘုရင်က တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီး တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

ကြီးမြတ်သူအဆင့်လက်နက်ကို အသုံးပြုပြီးနောက် သူ၏ စွမ်းအားနှင့်အဆင့်ကို လွယ်ကူစွာ မြှင့်တင်နိုင်ခဲ့သည်။ ၎င်းသာမရှိလျှင် နတ်ဘုရင်က စုန်းဘိုးဘေး အဆင့်ခြောက်ဆယ်သို့ ဘယ်တော့မှ ကျင့်ကြံနိုင်မည်မဟုတ်ပေ။

" ငါ အခု လူသားရွှယ်ယုနဲ့ ယှဉ်နိုင်လောက်ပြီလား။ " နတ်ဘုရင်က စိတ်အားထက်သန်စွာ ရေရွတ်လိုက်၏။ " လူသားရွှယ်ယု မင့်ရဲ့ အကြီးမားဆုံးအမှားက အဲ့ဒီအချိန်တုန်းက ငါ့ကို မသတ်ခဲ့တာပဲ။ "

ထိုအချိန် တောင်ထိပ်၏ အလယ်တွင် လူတစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့သည်။

" လူသားရွှယ်ယု "

" လူသားရွှယ်ယု ရောက်လာပြီ။ "

ပတ်ဝန်းကျင်ရှိ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက ထိုပုံရိပ်ကို ကြည့်လိုက်ကြသည်။ အမှန်တော့ သူတို့ကလင်းယွမ် ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်မလား ကြည့်ရန် လာခဲ့ကြခြင်းဖြစ်သည်။

" လူသား ရွှယ်ယု " နတ်ဘုရင်က လင်းယွမ်ကို စိတ်အားထက်သန်စွာ လှည့်ကြည့်လိုက်သည်။

" ဟမ် " လင်းယွမ်ကလည်း တစ်စုံတစ်ခုကို ခံစားမိပြီး နတ်ဘုရင်ကို ပြန်ကြည့်လိုက်သည်။

ဝုန်း...

အကြည့်တစ်ချက်က နတ်ဘုရင်၏ စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ ခြေထောက်များက ထိန်းချုပ်မရဘဲ တုန်ယင်နေသည်။ သူက သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးမပြုလျှင် ထိုနေရာတွင် လဲကျသွားနိုင်လေသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာရတာလဲ။ " နတ်ဘုရင်က စိတ်ထဲမှ အော်ဟစ်လိုက်သည်။

လင်းယွမ်၏ အကြည့်တစ်ချက်က သူ့ကို တုန့်ဆိုင်းသွားစေပြီး သူနှင့် လင်းယွမ်ကြား ကွာဟမှုက လွန်ခဲ့သော နှစ်တစ်သောင်းကထက် များစွာ ပို၍ ကြီးမားလာခဲ့သည်။ အနည်းဆုံးတော့ ထိုအချိန်က သူက အကြည့်တစ်ချက်နှင့် ယခုလောက်ထိ စိတ်ပျက်အားငယ်စေမည်မဟုတ်ပေ။

" လူသားမျိုးနွယ်က ဒီလိုအရူးတစ်ကောင်ကို ဘယ်လိုများမွေးထုတ်ထားတာလဲ။ " နတ်ဘုရင်က နောက်ဆုံးတွင် သူ့ကိုသူ ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။

လင်းယွမ်က နတ်ဘုရင်ကို ကြည့်ပြီး သိပ်ဂရုမစိုက်ပေ။ ယခုအချိန်တွင် သူ၏ တစ်ဦးတည်းသော ပြိုင်ဘက်မှာ ကောင်းကင်ဂိတ်တံခါးပင် ဖြစ်သည်။

အချိန်များကုန်လွန်လာပြီး နောက်ဆုံးတွင် ကောင်းကင်တောင်ထိပ်၌ ကြီးမားသော လေဟာနယ်အတက်အကျများ ထွက်ပေါ်လာသည်။ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အကြည့်အောက်တွင် ကောင်းကင်ဂိတ်တံခါးက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ နက်ရှိုင်းသော နေရာတစ်ခုတွင် မီတာဝက်ရှိသော အဘိုးအိုတစ်ယောက်က မျက်လုံးများဖွင့်ပြီး သူ၏ ရှေ့မှ ကြီးမားသော စာလိပ်ကို ကြည့်လိုက်သည်။ သူ့အတွက် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ နှစ်တစ်သောင်းက ခဏအိပ်စက်ရုံမျှသာ ဖြစ်သည်။

" နှစ်တစ်သောင်းက ဘယ်လောက်ဝေးဝေးသွားနိုင်လဲ ကြည့်ရအောင်။ " အဘိုးအိုက သူ၏ ရှေ့မှ စာလိပ်ကို ကြည့်လိုက်သည်။

" ဘာ " အဘိုးအိုက မယုံကြည်နိုင်စွာဖြင့် မှင်သက်သွားသည်။

သူက စာလိပ်အတွင်းရှိ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ အတွင်းရှိ အရာအားလုံးကို လွတ်လပ်စွာ ကိုင်တွယ်နိုင်လေသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော ပြင်ပမှ သက်ရှိများပင် အဘိုးအို၏ ရှေ့တွင် မည်သည့်လျို့ဝှက်ချက်မှ မရှိဘဲ တစ်ချက်ကြည့်ရုံနှင့် ထွင်းဖောက်မြင်နိုင်လေသည်။

အဘိုးအို၏ အကြည့်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ဖြတ်ပြီး ကောင်းကင်ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်နေသော လင်းယွမ်ပေါ်သို့ ကျရောက်နေသည်။

" အစက အဲ့ဒီလူငယ် ကမ္ဘာရဲ့ ကန့်သတ်ချက်အလွှာသုံးဆယ်ကို ချိုးဖျက်ပြီး နောက်ထပ်နှစ်တစ်သောင်းအတွင်း ဘာဆက်လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်ခဲ့တယ်။ " မီတာဝက်ရှိသော အဘိုးအိုက တိတ်ဆိတ်သွာ တွေးလိုက်သည်။

လင်းယွမ်က ရောက်ရှိပြီး နှစ်သုံးရာကျော်တွင် ကမ္ဘာ၏ ကန့်သတ်ချက် အလွှာသုံးဆယ်ကို ဖြတ်ကျော်ခဲ့သည်။ ၎င်းက အဘိုးအိုကို မသေချာဖြစ်စေခဲ့သည်။ သူ၏ အတွေးများအရ လင်းယွမ်က နှစ်တစ်သောင်းအတွင်း ကမ္ဘာ၏ ကန့်သတ်ချက် အလွှာသုံးဆယ်ကို ဖြတ်ကျော်နိုင်သရွေ့ ၎င်းက လုံလောက်သည်ဟု ထင်ခဲ့သည်။

All Chapters