ကောင်းကင်ဂိတ်တံခါးကို လွယ်ကူစွာ ဖွင့်လှစ်ခြင်း....
Vol. 39 Ch. 596
" ဒီလူငယ်က ငါ့ခန့်မှန်းချက်တွေထက် အများကြီးကျော်လွန်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ နှစ်တစ်သောင်းအတွင်း သူက ကမ္ဘာရဲ့ ကန့်သတ်ချက် အလွှာ ၉၉ ကို ဖြတ်ကျော်ခဲ့တာလား။ " မီတာဝက်ရှိသော အဘိုးအိုက တွေးလိုက်သည်။
လင်းယွမ်က နှစ်ပေါင်း ၁၀၃၀၀အတွင်း ကမ္ဘာကန့်သတ်ချက် အလွှာ ၁၂၉ခုကို ဖြတ်ကျော်ခဲ့လေသည်။
" အချိန်မြစ်ထဲက ထွက်နိုင်တဲ့ အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်တောင် ဒီအဆင့်နိမ့် ဒိုင်မန်ရှင်းထဲကို ကျရင် နှစ်တစ်သောင်းအတွင်း ကမ္ဘာကန့်သတ်ချက် ဒီလောက်အများကြီးကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်လောက်ဘူး။ " အဘိုးအိုက မယုံကြည်နိုင်ဖြစ်နေသည်။
အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာထဲသို့ ကျရောက်ခဲ့သော အလွှာဆယ့်နှစ်သက်ရှိများက သူတို့၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ရန် အချို့နည်းလမ်းများကို အသုံးပြုနိုင်ဆဲ ဖြစ်သည်။ သို့သော် လင်းယွမ်၏ လက်ရှိအဆင့်ကို ရောက်ရှိရန် နှစ်တစ်သိန်း သို့မဟုတ် နှစ်တစ်သန်း အချိန်ယူရပေလိမ့်မည်။
" သူက တကယ် အချိန်မြစ်အတွင်းက သက်ရှိတစ်ယောက်လား။ " အဘိုးအိုက အကြိမ်ကြိမ် အတည်ပြုနေသည်။
အလွှာဆယ့်နှစ်အောက်မှ သက်ရှိများက အချိန်မြစ်အတွင်းမှ သက်ရှိများဖြစ်ပြီး အချိန်မြစ်၏ ကန့်သတ်ချက်ကို ခံရလေသည်။ ဖရိုဖရဲဟင်းလင်းပြင်မှာပင် အချိန်မြစ်အတွင်းမှ သက်ရှိနှင့် အချိန်မြစ်အပြင်မှ သက်ရှိဟူ၍ ကွဲပြားလေသည်။
အချိန်မြစ်အတွင်းမှ သက်ရှိများ၏ အာရုံခံစားမှုများနှင့် အတွေ့အကြုံများကလည်း ကန့်သတ်ခြင်းခံရလေသည်။ သို့သော် အချိန်မြစ်၏ အပြင်မှ သက်ရှိများ၏ အာရုံခံစားမှုက အလွန်ကျယ်ပြန့်ပြီး စကြာဝဠာတစ်ခုကို မြင်နိုင် ခံစားနိုင်လေသည်။
" ဒါက တကယ် ကြောက်စရာကောင်းတယ်။ "
လင်းယွမ်က အချိန်မြစ်အတွင်းမှ သက်ရှိဖြစ်သည်ကို အတည်ပြုပြီးနောက် မီတာဝက်ရှိသော အဘိုးအိုက အံ့အားသင့်နေခဲ့ငည်။
လင်းယွမ်ပြသခဲ့သော ကျင့်ကြံမှုအရှိန်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ ဖန်တီးကတည်းက အချိန်မြစ်အတွင်း သက်ရှိအားလုံးတွင် အသန်မာဆုံး ဖြစ်လေသည်။ အချိန်မြစ်၏ အပြင်မှ သက်ရှိများကြားမှာပင် လင်းယွမ်၏ အရှိန်က အံ့အားသင့်ဖွယ် လျင်မြန်နေဆဲ ဖြစ်သည်။
" ဆက်ကြည့်ဖို့မလိုတော့ဘူး။ သူ့ကို ဝင်ခွင့်ပေးလိုက်တော့မယ်။ " အဘိုးအိုက လျင်မြန်စွာ ပုံဖော်နေသော ကောင်းကင်ဂိတ်တံခါးကို ကြည့်လိုက်သည်။
အကယ်၍ သူက ဆက်ကြည့်နေခဲ့လျှင် လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုမှ လွတ်မြောက်ပြီး ထွက်ခွာသွားနိုင်လေသည်။
ကောင်းကင်တောင်ထိပ်တွင် လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် နှစ်တစ်သောင်းအတွင်း သူ၏ ကြိုးစားမှုအားလုံးက ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ရန်အတွက် ဖြစ်သည်။ ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်မှသာ ဤကမ္ဘာမှ ထွက်ခွာရန် မျှော်လင့်ချက်ရှိနိုင်လေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ ထွက်နိုင်မှသာ သူက ဆုံးရှုံးမှုများကို ရှောင်ရှားပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပြန်ရနိုင်ပေလိမ့်မည်။ ဤကမ္ဘာမှ ထွက်သွားနိုင်မှသာ သူရရှိခဲ့သော ရတနာများ၏ စစ်မှန်သော တန်ဖိုးကို ပြသနိုင်ပေလိမ့်မည်။
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကလည်း ကောင်းကင်ဂိတ်တံခါးပုံပေါ်နေသည်ကို စောင့်ကြည့်နေကြသည်။ သူတို့အားလုံးက ပြိုင်ဘက်များဖြစ်လျှင်တောင် လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေကြသည်။ လင်းယွမ်သာ ကောင်းကင်ဂိတ်တံခါးကို ဖွင့်ပြီး ထွက်သွားနိုင်လျှင် သူတို့အတွက် မျှော်လင့်ချက်များ ရှိပြီဖြစ်သည်။
အစတွင် နတ်ဘုရင်က ယုံကြည်မှုရှိပြီး လင်းယွမ်ကိုပင် စိန်ခေါ်ရန် စဉ်းစားခဲ့သည်။ သို့သော် လင်းယွမ်၏ အကြည့်တစ်ချက်က သူ့ကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ဆွဲခေါ်ခဲ့သည်။
" အရှင်ရွှယ်ယု..." လူသားမျိုးနွယ်မှ ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများကလည်း ကောင်းကင်ဂိတ်တံခါးရှေ့မှ လင်းယွမ်ကို ကြည့်နေကြသည်။ နှစ်တစ်သောင်းအတွင်း သူတို့က လင်းယွမ်နှင့် မတွေ့ခဲ့ရသော်လည်း မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်။
ကြယ်စကြာဝဠာအတွင်း ကြီးမြတ်သူများကလည်း အဖြူရောင်စာရွက်ကို ကြည့်နေကြသည်။
" ကောင်းကင်ဂိတ်တံခါး ပေါ်ခါနီးပြီ။ "
" ဒီတစ်ကြိမ်တော့ ဖွင့်နိုင်လောက်ပါတယ်။ "
ကြီးမြတ်သူများကလည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းမှ သက်ရှိများကို လွတ်မြောက်ရန် မျှော်လင့်နေကြသည်။ မည်သို့ပင် ဖြစ်စေ သူတို့က မျိုးနွယ်အသီးသီးမှ အဓိကမျိုးနွယ်ဝင်များနှင့် လက်ရွေးစင်များဖြစ်ကြလေသည််။
ဝုန်း ဝုန်း ဝုန်း.....
ထိုအခိုက်အတန့်တွင် ကြီးမြတ်သူကိုးယောက်က စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အလင်းနှစ်သိန်းချီသော အချိန်နှင့်လေဟာနယ်ကို လှိုင်းထန်သွားစေခဲ့သည်။
" ဟမ် လူသားမျိုးနွယ်က မျိုးနွယ်ကာကွယ်ရေးလက်နက်ကို အသက်သွင်းခဲ့တာလား။ "
" မျိုးနွယ်ကာကွယ်ရေးလက်နက်ကို အသက်သွင်းတာက ကုန်ကျစရိတ် မသေးဘူး။ "
" လူသားမျိုးနွယ်က ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။ "
" ဘာလုပ်ရမှာလဲ။ အဲ့ဒီရွှယ်ယုကို ကာကွယ်ဖို့ပေါ့။ "
ကြီးမြတ်သူများက အတွေးများ ဖလှယ်လိုက်ကြပြီး အကြောင်းရင်းကို လျင်မြန်စွာ နားလည်သွားကြသည်။
အကယ်၍ လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို ဖွင့်ပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ပင်မစကြာဝဠာသို့ ထွက်နိုင်ခဲ့လျှင် သူက ကြီးမြတ်သူများ၏ နှာခေါင်းအောက်သို့ ရောက်လာပေလိမ့်မည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိ လင်းယွမ်၏ စွမ်းဆောင်ရည်နှင့်အတူ ရတနာများစွာက ကြီးမြတ်သူများကို တိုက်ခိုက်ရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။ အထူးသဖြင့် အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် ယုမျိုးနွယ်တို့ဖြစ်သည်။
" ဟမ့် အချိန်မြစ်အတွင်းက သက်ရှိလေးတစ်ကောင်ကို ဒီလိုကြီးကျယ်တဲ့ ကာကွယ်မှုမျိုးပေတယ်။ လူသားမျိုးနွယ်ကတော့ တကယ်ပါပဲ။ "
" မင်းမှာလည်း ရွှယ်ယုလိုမျိုးဆက်တစ်ယောက်ရှိခဲ့ရင် ဒီလိုကာကွယ်မှုမျိုးပေးမှာပဲ မဟုတ်ဘူးလား။ "
ကြီးမြတ်သူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကို ကန့်ကွက်ခြင်း၊ တားဆီးခြင်းမရှိကြပေ။ သူတို့က စိတ်ရင်းအမှန်ကို ပြသရန် နောက်ပင်ဆုတ်ပေးလိုက်ကြသည်။
အကြောင်းမှာ လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ပင်မစကြာဝဠာသို့ ပြန်ရောက်လာပြီး သေဆုံးခဲ့လျှင် အခြေခံဆုံးရှုံးမှု ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် သူတို့၏ မျိုးနွယ်ဝင်များလည်း ပိတ်မိနေကြသည်။ လင်းယွမ်ထွက်ခွာပြီးနောက် အခြားသူများထွက်လာခဲ့လျှင်လည်း လူသားမျိုးနွယ်မှ ကြီးမြတ်သူများက သူတို့ကို လွတ်ပေးလိမ့်မည်မဟုတ်ပေ။
သို့သော် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက မတူညီသော အတွေးကို တွေးလေသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော ထျန်းယုမျိုးနွယ်ဝင်များက အစကတည်းက ရှင်းလင်းခံခဲ့ရပြီး ယခုအချိန်တွင် မည်သည့်အခွင့်အရေးမှ မရှိပေ။ သို့သော် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်တည်းဖြင့် လူသားမျိုးနွယ်၏ မျိုးနွယ်ကာကွယ်ရေးလက်နက်ကို လှုပ်ခါစေနိုင်မည်မဟုတ်ပေ။
" မသင်္ကာစရာတော့မရှိဘူး။ " ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများက အချင်းချင်းကြည့်ပြီး စိတ်သက်သာသွားကြသည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူများက ထိုသို့ လုပ်ခဲ့သည့် အကြောင်းရင်းကို အခြားကြီးမြတ်သူများက တစ်စိတ်တစ်ပိုင်းသာ ခန့်မှန်းနိုင်ကြသည်။ အဓိကအကြောင်းရင်းမှာ လင်းယွမ်၏ သရုပ်မှန်ကို ကာကွယ်နိုင်ရန်ဖြစ်သည်။
ကြီးမြတ်သူများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ရွှယ်ယုက အလွှာတစ်ဆယ်သက်ရှိတစ်ယောက်သာ ဖြစ်သည်ကို သိလျှင် ချက်ချင်း တိုက်ခိုက်လာနိုင်လေသည်။
အလွှာတစ်ဆယ် သက်ရှိတစ်ယောက်က နတ်ဘုရင်ကဲ့သို့ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများကို ချေမှုန်းနိုင်လေသည်။ လူသားမျိုးနွယ်၏ ကြီးမြတ်သူများပင် အံ့အားသင့်ခဲ့ရသည်။ အခြားမျိုးနွယ်များတွင် ထိုကဲ့သို့သော လူတစ်ယောက်ရှိလျှင် သူတို့လည်း သုတ်သင်ရှင်းလင်းရန် ကြိုးစားကြပေလိမ့်မည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိ ကောင်းကင်တောင်ထိပ်ပေါ်တွင် လင်းယွမ်က ကောင်းကင်ဂိတ်တံခါးရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်။
မကြာမီ ကောင်းကင်ဂိတ်တံခါးက ပုံပေါ်လာခဲ့ပြီး လေဟာနယ်လှိုင်းများကလည်း တည်ငြိမ်သွားခဲ့သည်။ လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို မဖွင့်သေးဘဲ နှစ်တစ်သောင်းအတွင်း အဖြစ်အပျက်များကို စဉ်းစားနေသည်။
နှစ်တစ်သောင်း ၎င်းက ဆင့်ကဲပြောင်းလဲသူဖြစ်လာပြီးနောက် လင်းယွမ်ကြုံတွေ့ခဲ့ရသော အရှည်ဆုံးကာလဖြစ်သည်။ ပင်မစကြာဝဠာတွင် နှစ်တစ်ရာသာ ကုန်လွန်ခဲ့လျှင်တောင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းမှ နှစ်တစ်သောင်းက စစ်မှန်နေဆဲ ဖြစ်သည်။
" ငါ ဒီတစ်ကြိမ် ကောင်းကင်ဂိတ်တံခါးကို မဖွင့်နိုင်သေးရင်တောင် နောက်ထပ် နှစ်တစ်သောင်းထပ်စောင့်မယ်။ နောက်တစ်ကြိမ် မဖွင့်နိုင်သေးရင်လည်း နောက်ထပ် ထပ်စောင့်ဦးမယ်။ "
" စကြတာပေါ့။ " လင်းယွမ်က အတွေးများကို စုစည်းလိုက်ပြီး သူ၏ လက်များကို ကောင်းကင်ဂိတ်တံခါးပေါ်သို့ တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် မူလက ချိပ်ပိတ်ထားသော ကောင်းကင်ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
" ဟမ် " လင်းယွမ်က အနည်းငယ် လန့်သွား၏။ သူက မည်သည့်စွမ်းအားမှ အသုံးမပြုရသေးဘဲ ကောင်းကင်ဂိတ်တံခါးပေါ် လက်တင်ရုံနှင့် ၎င်းက ပွင့်လာခဲ့သည်။ ထိုနေရာတွင် သူမဟုတ်ဘဲ သာမန်လူတစ်ယောက် ဖြစ်လျှင်တောင် ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
" တကယ်ဘာတွေဖြစ်နေတာလဲ။ " လင်းယွမ်၏ အတွေးများက လှိုင်းထန်နေသည်။
ကောင်းကင်ဂိတ်တံခါးကို ဖွင့်ရန် ကိုယ်ပိုင်ခွန်အားနှင့် မသက်ဆိုင်ဘဲ ကောင်းကင်ဂိတ်တံခါးကိုယ်တိုင်က ပွင့်ရန် ဆန္ဒရှိမရှိနှင့် သက်ဆိုင်နေပုံရလေသည်။
ကောင်းကင်ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်လာချိန်တွင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကလည်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
" ကောင်း ကောင်းကင်ဂိတ်တံခါးက ပွင့်သွားပြီလား။ "
" ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်သွားပြီ။ "
အင်အားကြီးသူများစွာက ကောင်းကင်ဂိတ်တံခါးသို့ ဝင်နိုင်ရန် မျှော်လင့်ချက်မရှိလျှင်တောင် အနည်းဆုံးတော့ သူတို့၏ ရတနာများကို အပြင်သို့ ထုတ်ယူနိုင်လေသည်။
" ကောင်းကင်ဂိတ်တံခါး " နတ်ဘုရင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။
လင်းယွမ်ရှိနေသောကြောင့် ဤတစ်ကြိမ်တွင် သူက ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရန် အခွင့်အရေးမရှိလျှင်တောင် နောက်တစ်ကြိမ်တွင် သူနှင့်ယှဉ်ပြိုင်မည့်သူ ဘယ်သူမှရှိတော့မည် မဟုတ်ပေ။