အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုများ....
Vol. 39 Ch. 598
" ဆုလာဘ်တွေက ဘာတွေလဲဆိုတာ ကျွန်တော်မသိဘူးလေ။ " လင်းယွမ်က မေးလိုက်သည်။
" ဆုလာဘ်တွေက ပြစ်ဒဏ်နဲ့ အတူတူပဲ။ " အဘိုးအိုက ပြောလိုက်သည်။ " ပြစ်ဒဏ်က ဒီနေရာကို ကျရောက်ခဲ့တဲ့ ကိုယ်ပွားရဲ့ စိတ်အသိက အမြဲတမ်းဆုံးရှုံးသွားမယ်။ "
" ဒါကြောင့် ဆုလာဘ်က ဒီထဲကို ကျရောက်လာသူအားလုံးရဲ့ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ မှတ်ဉာဏ်၊ နိယာမတွေအပေါ် ထိုးထွင်းသိမြင်မှုတွေ စတဲ့အရာတွေအားလုံးကို လွှဲပြောင်းပေးနိုင်တဲ့ စွမ်းရည်ပဲ။ "
" ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နဲ့ အခြားအရာတွေ။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" ဆိုလိုတာက မင်းရုပ်ခန္ဓာကို ရွေးချယ်ရင် မင်းက ကစားပွဲထဲမှာ ပါဝင်ခဲ့တဲ့ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ဖြစ်ဖြစ် ကူးယူနိုင်တယ်။ "
" မှတ်ဉာဏ်တွေလည်း အတူတူပဲ။ မင်း အခြားသူရဲ့ မှတ်ဉာဏ်တွေကို ကူးယူပြီး လေ့လာနိုင်တယ်။ " အဘိုးအိုက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
" အဲ့လိုလား။ " လင်းယွမ်က လျင်မြန်စွာ တွေးလိုက်သည်။
အနက်ရောင်ဂြိုလ်အတွင်းရှိ လမ်းညွှန်မှုလမ်းကြောင်းက အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်၏ ပေါင်းစပ်နိယာမအပေါ် နားလည်မှုဖြစ်ပြီး အခြားသက်ရှိများ လေ့လာရန် ခွဲထုတ်ထားခြင်းဖြစ်သည်။
လက်ရှိ အဘိုးအိုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော သက်ရှိများ၏ စိတ်အသိများကို ပိုင်းခြားနိုင်လေသည်။ ထိုပိုင်းခြားမှုက အနက်ရောင်ဂြိုလ်ထက်ပင် ပို၍ သန့်စင်နိုင်လေသည်။
" ငါ ဘာကို ရွေးချယ်သင့်လဲ။ " လင်းယွမ်က စဉ်းစားနေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော ပင်မစကြာဝဠာမှ သက်ရှိအများစုက အထူးတည်ရှိမှုများဖြစ်ကြသည်။ သူတို့၏ အသားနှင့် သွေးမျိုးဆက်များကို ခွဲထုတ်နိုင်လျှင် လင်းယွမ်အတွက် ကြီးမားသော အကူအညီဖြစ်ပေလိမ့်မည်။
" အကြီးအကဲ " လင်းယွမ်က ဂရုတစိုက်စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ " ကျွန်တော် နိယာမတွေရဲ့ နားလည်မှုနဲ့ ပက်သက်တဲ့ အစိတ်အပိုင်းကို လိုချင်ပါတယ်။ "
လင်းယွမ်အတွက် ရုပ်ခန္ဓာနှင့် သွေးမျိုးဆက်များက နိယာမများ၏ နားလည်မှုလောက် အရေးမပါပေ။ သူက နိယာမများကို ပို၍ နားလည်လာသည်နှင့် သူ၏ အတွင်းကမ္ဘာက ပို၍ တည်ငြိမ်လာပြီး ရုပ်ခန္ဓာကလည်း သန်မာလာပေလိမ့်မည်။ ၎င်းက လင်းယွမ်အတွက် ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကိုပင် တိုးမြှင့်ပေးနိုင်လေသည်။
" နိယာမတွေရဲ့ နားလည်မှုလား။ " မီတာဝက်ရှိသော အဘိုးအိုက ခေါင်းညိမ့်လိုက်သည်။
" မင်းရဲ့ နားလည်နိုင်စွမ်းက အမြင့်ဆုံးတွေထဲမှာ ပါတယ်ဆိုတာ ငါသိတယ်။ " အဘိုးအိုက ခဏစဉ်းစားလိုက်သည်။ " ဒါကြောင့် ငါမင်းကို နောက်ထပ် ရွေးချယ်မှုနှစ်ခု ထပ်ပေးမယ်။ "
" မင်းက ဒီကစားပွဲထဲမှာ ပါဝင်တဲ့ သက်ရှိတစ်ယောက်ရဲ့ နိယာမနားလည်မှုတွေကို လိုချင်လား။ ဒါမှမဟုတ် ကစားပွဲထဲမှာ ပါဝင်ခဲ့တဲ့ သက်ရှိအားလုံးရဲ့ သီးသန့်နိယာမတစ်ခုရဲ့ နားလည်မှုကို လိုချင်လား။ "
အဘိုးအိုက လင်းယွမ်ကို ကြည့်လိုက်သည်။ " ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ပါ။ "
" ဘယ်ဟာကို ရွေးချယ်ရမလဲ။ " လင်းယွမ်က အတွေးနက်သွားသည်။
သက်ရှိတစ်ယောက်၏ နိယာမများအပေါ် မားလည်မှုက ဥပမာ လင်းယွမ်က နတ်ဘုရင်ကို ရွေးချယ်ခဲ့လျှင် သူက နတ်ဘုရင်၏ နိယာမများအပေါ် နားလည်မှုအားလုံးကို ရယူနိုင်လေသည်။
နောက်တစ်ခုမှာ လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမကို ရွေးချယ်လျှင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းနိယာမအပေါ် နားလည်မှုများအားလုံးကို ရယူနိုင်ပေလိမ့်မည်။
မတူညီသော သက်ရှိများက တူညီသော နိယာမတစ်ခုကို လေ့လာခဲ့လျှင်တောင် မတူညီသော ရှုထောင်များနှင့် နားလည်မှုများ ရှိိပေလိမ့်မည်။ လေဟာနယ်နိယာမတွင် များစွာသော ကဏ္ဍများပါဝင်ပြီး ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ခြင်းက ရှုထောင့်တစ်ခုကို နားလည်ခြင်းသာဖြစ်သည်။
ကြီးမြတ်သူများပင် လေဟာနယ်နိယာမ၏ ရှုထောင့်အားလုံးကို ကျွမ်းကျင်ခြင်းမရှိပေ။ တူညီသောအရာမှာ အခြားနိယာမများနှင့် ပေါင်းစပ်ရန်အတွက်သာ ဖြစ်သည်။
နတ်ဘုရင်ကဲ့သို့ အထူးသက်ရှိများပင် နိယာမအပေါ် သူတို့၏ နားလည်မှုက ပြည့်စုံသည်ဟု မပြောနိုင်ဘဲ သူတို့ကိုယ်တိုင်အတွက်သာ ပြည့်စုံနိုင်လေသည်။
သတ်မှတ်ထားသော နိယာမတစ်ခု၏ နားလည်မှုက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြီး ပြည့်စုံသွားမည်မဟုတ်သော်လည်း ၎င်းက သက်ရှိတစ်ယောက်ထက် နားလည်မှုက ပိုမိုနက်ရှိုင်းသွားပေလိမ့်မည်။
" ကျွန်တော် နိယာမတစ်ခုကို ရွေးချယ်မယ်။ ကျွန်တော်က အချိန်လေဟာနယ်နိယာမရဲ့ နားလည်မှုအားလုံးကို လိုချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
အချိန်လေဟာနယ် ပေါင်းစပ်နိယာမက ပေါင်းစပ်နိယာမအားလုံးထဲတွင် အရှုပ်ထွေးဆုံးနှင့် အနက်ရှိုင်းဆုံးဖြစ်သည်။ သို့သော် ၎င်းက တိကျသည်တော့ မဟုတ်ပေ။ အရှုပ်ထွေးဆုံးနှင့် အနက်ရှုင်းဆုံးက အချိန်လေဟာနယ်ပေါင်းစပ်နိယာမမဟုတ်ဘဲ ဖရိုဖရဲနိယာမဖြစ်သည်။ သို့သော် ဖရိုဖရဲနိယာမကို ပေါင်းစပ်နိယာမအဖြစ် မပြောနိုင်ပေ။
၎င်းက နိယာမအားလုံး၏ မူလရင်းမြစ်ဖြစ်ပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သူများထဲမှ ဘယ်သူမှ ဖရိုဖရဲနိယာမကို နားမလည်နိုင်ပေ။ ထို့ကြောင့် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမလား။ " အဘိုးအိုက ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒါကို ရွေးရင်တော့ မင်းနည်းနည်းစောင့်ရလိမ့်မယ်။ "
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ နှစ်တစ်သောင်း စောင့်ခဲ့ပြီး နည်းနည်းထပ်စောင့်ရခြင်းက ပြဿနာမရှိပေ။
အဘိုးအို၏ အကြည့်က စာလိပ်ပေါ်သို့ ပြန်ရောက်သွားပြီး လင်းယွမ်ကလည်း ဘေးတွင် ခြေချိတ်ထိုင်နေသည်။
" ဒီနေရာရဲ့ အချိန်စီးဆင်းမှုက ပင်မစကြာဝဠာနဲ့ မတူလောက်ဘူး။ " လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က ပင်မစကြာဝဠာတွင် ရှိသောကြောင့် အချိန်စီးဆင်းမှုကို ခံစားနိုင်လေသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က မျက်လုံးများဖွင့်၍ VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ကြီးမြတ်သူရှချင်ကို ဆက်သွယ်လိုက်သည်။ လင်းယွမ်က ချက်ချင်း ခွင့်ပြုခံရပြီး ကြီးမြတ်သူရှချင်၏ ရှေ့တွင် ပေါ်လာသည်။
" ကြီးမြတ်သူ " လင်းယွမ်က ကြီးမြတ်သူရှချင်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။
" ဘယ်လိုဖြစ်သွားလဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး စိုးရိမ်စွာ မေးလိုက်သည်။ " ဂိတ်တံခါးအပြင်ဘက်မှာ ဘာရှိနေတာလဲ။ "
" အဲ့ဒီအဖြူရောင်စာရွက်ကနေ လေဟာနယ်အတက်အကျတွေကို ငါ မတွေ့ခဲ့ရဘူး။ မင်း ဘယ်ကိုရောက်သွားလဲ။ အခု အန္တရာယ်ကင်းရဲ့လား။ " ကြီးမြတ်သူရှချင်က မေးလိုက်သည်။
" ကျွန်တော် အခု အရမ်းဘေးကင်းပါတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" အဲ့ဒါကောင်းတယ်။ " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။ သူက မထိခိုက်သရွေ့ အခြေအနေကို ထိန်းသိမ်းနိုင်လေသည်။
" ကျွန်တော် အဖြူရောင်စာရွက် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူနဲ့ တွေ့နေတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" စစ်မှန်တဲ့ အုပ်ချုပ်သူ " ကြီးမြတ်သူရှချင်က အံ့အားသင့်သွားသည်။
" အဖြူရောင်စာရွက်က သခင်တစ်ယောက်ရှိပြီးသားလို့ မင်းပြောချင်တာလား။ "
ပင်မစကြာဝဠာ၏ အပြက်ဘက်မှ အရာဝတ္ထုများက ထာဝရလေဟာနယ်အက်ကြောင်းများမှတစ်ဆင့် မကြာခဏ ဝင်ရောက်လေ့ရှိသည်။ ထိုအရာများက အများစုမှာ သက်မဲ့များဖြစ်ပြီး အချို့က သက်ရှိများ ဖြစ်ကြသည်။
လူသားမျိုးနွယ် ပုန်းကွယ်နေသော နှစ်များတွင် ထူးဆန်းသော သက်ရှိပုံစံတစ်ခုက အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့၏ စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုထူးဆန်းသော သက်ရှိက ကြယ်စကြာဝဠာတစ်ခုလုံးကို ကပ်ဆိုးတစ်ခု သယ်ဆောင်လာလုနီးပါး ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် ကြီးမြတ်သူ ဆယ်ယောက်ကျော်က ပူးပေါင်းပြီး ထိုထူးဆန်းသော သက်ရှိကို စကြာဝဠာအပြင်ဘက်သို့ ခက်ခဲစွာ မောင်းထုတ်ခဲ့ရသည်။
လင်းယွမ်၏ စကားသာ မှန်ခဲ့လျှင် အဖြူရောင်စာရွက်က ယခင်ကတည်းက သခင်ရှိပြီးသားဖြစ်ပြီး သူက အဖြူရောင်စာရွက်အတွင်း နေထိုင်လေသည်။
" သခင်တစ်ယောက်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ စိတ်အသိနဲ့ စိတ်ဝိညာဉ်တစ်ခုရှိနေတယ်။ " လင်းယွမ်က သူ၏ ခန့်မှန်းချက်ကို ပြောလိုက်သည်။
အဖြူရောင်စာရွက်အတွင်းရှိ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သော တည်ရှိမှုတစ်ခုက ဖန်တီးခဲ့ခြင်းဖြစ်နိုင်ပြီး မီတာဝက်ရှိသော အဘိုးအိုက ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သော တည်ရှိမှုတစ်ခု ဟုတ်ပုံမရပေ။ သူက စိတ်ဝိညာဉ်တစ်ခုနှင့် ပို၍ ဆင်တူလေသည်။ သို့မဟုတ် အချိန်သက်ရှိနှင့် နီးစပ်သော တည်ရှိမှုက ဖန်တီးခဲ့သော စောင့်ရှောက်သူတစ်ယောက် ဖြစ်နိုင်လေသည်။
" အဲ့ဒါက လွတ်လပ်တဲ့ စိတ်အသိကို ပိုင်ဆိုင်ထားသရွေ့ သက်ရှိတစ်ယောက်ပဲ။ " ကြီးမြတ်သူရှချင်က မျက်မှောင်ကြုတ်နေသည်။ " နှစ်ပေါင်းတစ်ရာကျော်အတွင်း အဲ့ဒါကို သန့်စင်ဖို့ ကြိုးစားအားထုတ်မှုအားလုံးက အရာမထင်တာ အံ့ဩစရာမရှိပါဘူး။ "
ကြီးမြတ်သူတစ်ယောက်၏ နည်းလမ်းများနှင့် သခင်တစ်ယောက်သာ မရှိခဲ့လျှင် ၎င်းကို မသန့်စင်နိုင်လျှင်တောင် မျှော်လင့်ချက်အချို့ ရှိနိုင်လေသည်။ သို့သော် လက်တွေ့တွင် နည်းလမ်းအားလုံးက အဖြူရောင်စာရွက်ကို လှုပ်ရှားစေနိုင်ခြင်းမရှိခဲ့ပေ။
" နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ " လင်းယွမ်က တုန့်ဆိုင်းစွာ ပြောလိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာရှိတဲ့ ကျွန်တော်တို့ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတွေက ပြန်မထွက်လာနိုင်လောက်တော့ဘူး။ "
" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲကို ကျရောက်ခဲ့တဲ့ ပင်မစကြာဝဠာက သက်ရှိအားလုံးထဲမှာ တစ်ယောက်ထဲကပဲ အပြင်ကို ပြန်ထွက်နိုင်လိမ့်မယ်။ " လင်းယွမ်က အမှန်အတိုင်း ပြောလိုက်သည်။
" အဲ့လိုဖြစ်သွားတာပေါ့။ " ကြီးမြတ်သူရှချင်က ခဏတိတ်ဆိတ်သွားသည်။
လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခြင်းမရှိခဲ့လျှင် နောက်ဆုံး အောင်နိုင်သူက နတ်ဘုရင်ကဲ့သို့ အထူးသက်ရှိများ ဖြစ်ပေလိမ့်မည်။ လင်းယွမ်က အောင်နိုင်သူဖြစ်လာခြင်းကြောင့် အခြေခံဆုံးရှုံးမှုကို မရင်ဆိုင်ရခြင်းက ကြီးမြတ်သူရှချင်ကို ကျေနပ်စေလေသည်။
ထို့အပြင် နောက်ဆုံးအောင်နိုင်သူက ဆုလာဘ်တစ်ခုကို ရရှိမည်ဟု လင်းယွမ်က ပြောခဲ့လေသည်။ ဆုလာဘ်က ဘာဖြစ်သည်ကို ကြီးမြတ်သူရှချင်က မေးမြန်းခြင်းမရှိဘဲ ၎င်းက လင်းယွမ်၏ ကိုယ်ပိုင်ကံကြမ္မာ ဖြစ်လေသည်။