ပင်မစကြာဝဠာမှ သက်ရှိများ၏ အဆုံးသတ်....
Vol. 39 Ch. 599
"ကောင်းပြီ။ ဖိအားတွေ ခံစားမနေနဲ့။ သူတို့ မထွက်လာနိုင်တာ မင်းကြောင့်မဟုတ်ဘူး" ကြီးမြတ်သူရှချင်က လင်းယွမ်ကို ပြောလိုက်သည်။
လင်းယွမ် ပြန်ထွက်လာနိုင်ခြင်းက သူတို့အတွက် ကောင်းကျိုးများရှိနိုင်လေသည်။ ဥပမာ သူက ထူးခြားသော ရတနာများကို ထုတ်ယူလာခဲ့ပြီး လင်းယွမ်က တစ်ဝက်ကို ယူခဲ့လျှင်တောင် လူသားမျိုးနွယ်က အကျိုးအမြတ်များ ရရှိနေဆဲ ဖြစ်သည်။
သူတို့က ဆင့်ကဲပြောင်းလဲသူများ၏ အခြေခံဆုံးရှုံးမှုကို လုံးဝ ကောင်းမွန်အောင် မလုပ်ပေးနိုင်လျှင်တောင် သူတို့ကို အခြားနည်းလမ်းများဖြင့် လျော်ကြေးပေးနိုင်လေသည်။
" ဒီအကြောင်းကို ဘယ်သူမှမသိသေးဘူးမဟုတ်လား။ " ကြီးမြတ်သူရှချင်က ရုတ်တရက် မေးလိုက်သည်။
" သူတို့မသိလောက်ဘူး။ " လင်းယွမ်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။
သူက ထိုအကြောင်းများကို ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ပြီး မီတာဝက်ရှိသော အဘိုးအိုနှင့် တွေ့မှသာ ထိုအကြောင်းများကို သိခဲ့ရခြင်းဖြစ်သည်။ အခြားမျိုးနွယ်မှ အင်အားကြီးသူများက ထိုအကြောင်းကို သိရန်မပြောနှင့် ကောင်းကင်ဂိတ်တံခါးကိုပင် ထိခွင့်မရခဲ့ကြပေ။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ။
လင်းယွမ်က ထိုင်နေပြီး သူ၏ ပတ်ဝန်းကျင်ကို လေ့လာနေသည်။
" စာလိပ်ထဲက ကောင်းကင်ဂိတ်တံခါးထဲ ဝင်ခဲ့တဲ့ သက်ရှိတွေ ဘယ်ရောက်သွားလဲ တွေးနေတာလား။ " အဘိုးအိုက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်က နည်းနည်း သိချင်ရုံပါပဲ။ " လင်းယွမ်က ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက နှစ်ပေါင်းများစွာ သက်တမ်းရှိပြီး ယခင် ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ရောက်ခဲ့သော သက်ရှိများလည်း ရှိလေသည်။
" ဒီအဆင့်နိမ့်ဒိုင်မန်ရှင်းနေရာကို ဖန်တီးခဲ့တဲ့ ပြည့်စုံတဲ့ အချိန်သက်ရှိနဲ့ နီးစပ်တဲ့ တည်ရှိမှုက အရေးမပါတဲ့ အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာက သက်ရှိတွေလည်း လွတ်လပ်ဖို့ အခွင့်အရေးရှိသင့်တယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် နှစ်တစ်သောင်းကြာတိုင်း ကောင်းကင်ဂိတ်တံခါးက တစ်ကြိမ် ဖွင့်လှစ်တယ်။ " အဘိုးအိုက ပြောလိုက်သည်။
" ကောင်းကင်ဂိတ်တံခါးကို ဝင်သွားတဲ့ သက်ရှိတွေကို ပုံမှန်အားဖြင့် ငါက အနီးက စကြာဝဠာထဲကို ပစ်ချလေ့ရှိတယ်။ အို ငါ မင်းတို့စကြာဝဠာထဲတောင် နည်းနည်း ပစ်ချခဲ့သေးတယ်။ သူတို့ထဲက အများစုကတော့ သေသွားကြပါပြီ။ " အဘိုးအိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဤအဆင့်နိမ့် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ ပို၍ အဆင့်နိမ့်သော ဒိုင်မန်ရှင်းများကို ရှာဖွေရန် ဖြစ်သည်။ နောက်ပိုင်းတွင် သက်ရှိတစ်ယောက်၏ စိတ်အသိတစ်ခုက အထဲသို့ ဆင်းသက်ပြီး အစမှ စတင်ခြင်းဖြင့် နားလည်နိုင်စွမ်းနှင့် အရည်အချင်းကို နှိုင်းယှဉ်နိုင်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် အဆင့်နိမ့်ဒိုင်မန်ရှင်းအတွင်း သက်ရှိများ မျိုးပွားရင်း အဆင့်နိမ့် ဒိုင်မန်ရှင်းကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အပြောင်းအလဲတစ်ခုကြောင့် ထိုအဆင့်နိမ့်ဒိုင်မန်ရှင်းနေရာက ထိုက်ယွမ်အမွေအနှစ်အတွင်း ကျရောက်သွားခဲ့သည်။
စကြာဝဠာခေတ်များ ကုန်လွန်လာပြီးနောက် အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာက ပြန်လည်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ စုပ်ယူခဲ့သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော သက်ရှိအရေအတွက်က လုံလောက်သွားလျှင် အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာက ရပ်တန့်သွားပြီး ကစားပွဲအသစ်တစ်ခုကို စတင်ပေလိမ့်မည်။ ထို့ကြောင့် အဖြူရောင်စာရွက်က ကြယ်စကြာဝဠာထဲတွင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က ခဏတိတ်ဆိတ်သွားသည်။ အမှန်တော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ သက်ရှိများအတွက် အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာမှ ထွက်သွားခြင်းက ကောင်းသောအရာမဟုတ်ပေ။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် အသန်မာဆုံး စုန်းဧကရာဇ်နှင့် စုန်းဘိုးဘေးများက ပင်မစကြာဝဠာတွင် အားအနည်းဆုံး သက်ရှိများ ဖြစ်သွားပေလိမ့်မည်။
အဘိုးအို ပြောသကဲ့သို့ အခြားစကြာဝဠာသို့ ရောက်သွားသော အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာ၏ သက်ရှိများက အချိန်တိုအတွင်း သေဆုံးရမည်ဖြစ်ပြီး အချို့သူများကလည်း ခဏကြာကြာခံရုံသာ ဖြစ်ပေလိမ့်မည်။
" ဟင် " လင်းယွမ်က စာလိပ်ကို ကြည့်ပြီး ၎င်းအတွင်းမှ ပြောင်းလဲမှုများကို မှိန်ဖျော့စွာ ခံစားလိုက်ရသည်။
" အချိန်စီးဆင်းမှုလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
" ကစားပွဲထဲမှာ ပါဝင်သူတွေရဲ့ နိယာမနားလည်မှုတွေကို ယူဖို့ဆိုရင် သူတို့က သဘာဝအတိုင်း သေဖို့လိုအပ်တယ်။ " အဘိုးအိုက ရှင်းပြလိုက်သည်။
" အဆတစ်ရာ အချိန်စီးဆင်းမှုက နှေးလွန်းတယ်။ ငါ နည်းနည်းပိုမြန်ရမယ်။ "
အဘိုးအိုစကားပြောပြီးသည်နှင့် စာလိပ်အတွင်းမှ အချိန်စီးဆင်းမှုက တစ်သန်းမှ တစ်၊ ဆယ်သန်းမှ တစ်အထိ ရောက်သွားသည်ကို လင်းယွမ်က သတိထားမိလိုက်သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နတ်ဘုရင်နှင့် အခြားသူများက လင်းယွမ် ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်သွားပြီးနောက် ၎င်းက ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့က ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ် ဖွင့်မည့်အချိန်ကို စောင့်ရန် ထွက်ခွာသွားကြသည်။
သူတို့က သူတို့၏ သက်တမ်းကို ဆွဲဆန့်နိုင်မည့် နည်းလမ်းများပင် စဉ်းစားနေခဲ့ကြသည်။ စုန်းဘိုးဘေး အဆင့်သုံးဆယ်နှင့် စုန်းဘိုးဘေး အဆင့်လေးဆယ်တို့က သက်တမ်းဆွဲဆန့်ခြင်းနည်းလမ်းများနှင့်ဆိုလျှင် နှစ်တစ်သောင်း နှစ်တစ်သိန်း ရှင်သန်ရန် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။
" နောက်တစ်ကြိမ် ကောင်းကင်ဂိတ်တံခါးဖွင့်ရင် ဝင်တဲ့သူက ငါဖြစ်ရမယ်။ " နတ်ဘုရင်က ယုံကြည်မှုရှိလေသည်။
ထိုအချိန်တွင် နတ်ဘုရင်၏ အသားအရေက အနည်းငယ် ပြောင်းလဲသွားသည်။ ပြင်ပမှ သူတို့၏ မူလခန္ဓာကိုယ်များမှတစ်ဆင့် သူတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှု ပြောင်းလဲသွားသည်ကို ခံစားခဲ့ရသည်။
အချိန်စီးဆင်းမှုက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ပင်မစကြာဝဠာတွင် ဆယ်မိနစ်ကျော်ကြာပြီးနောက် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှစ်တစ်သောင်းကုန်လွန်သွားပြီး ကောင်းကင်ဂိတ်တံခါးက တတိယအကြိမ် ပေါ်လာခဲ့သည်။
နတ်ဘုရင်က ကောင်းကင်ဂိတ်တံခါးရှေ့တွင် ရပ်ပြီး ဖွင့်ရန် ကြိုးစားခဲ့သော်လည်း သူတို့ကို စောင့်ကြိုနေသော အရာက မဖွင့်လှစ်နိုင်သော ကောင်းကင်ဂိတ်တံခါးဖြစ်သည်။
နှစ်တစ်သောင်း။
နှစ်နှစ်သောင်း။
နှစ်ငါးသောင်း။
နှစ်တစ်သိန်း။
နတ်ဘုရင်က ကောင်းကင်ဂိတ်တံခါးကို အကြိမ်တိုင်းဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ သက်တမ်းကုန်၍ သေဆုံးသွားခဲ့ကြသည်။
" ဘာဖြစ်တာလဲ။ "
" အဖြူရောင်စာရွက်က ဘာလို့ဒီလိုပြောင်းလဲသွားတာလဲ။ "
" အချိန်စီးဆင်းမှုက ဘာလို့ဒီလောက်ကွာခြားသွားတာလဲ။ "
အပြင်ဘက်တွင် ကြီးမြတ်သူများက ဒေါသထွက်နေကြသည်။ အထူးသဖြင့် ရွှယ်ယု၏ လက်အောက်တွင် သူတို့၏ မျိုးနွယ်ဝင်များ ရှင်သန်ရေးအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့သော ကြယ်စကြာဝဠာမဟာမိတ်နှင့် ယုမျိုးနွယ်တို့ဖြစ်သည်။ သို့သော် ယခု အားလုံးက သေဆုံးသွားခဲ့ကြသည်။
" ရှချင် တကယ် ဘာဖြစ်နေတာလဲ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ကြီးမြတ်သူ ရှချင်ကို ကြည့်လိုက်သည်။
အဖြူရောင်စာရွက်အတွင်းရှိ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ပြောင်းလဲမှုက ရွှယ်ယုထွက်သွားပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သူတို့က ဆက်စပ်မှုမရှိဘူးပြောလျှင်တောင် ကြီးမြတ်သူများက ယုံကြည်မည်မဟုတ်ပေ။
" ဘာဖြစ်နေလဲဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲ။ " ကြီးမြတ်သူရှချင်က သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါတို့ လူသားဆင့်ကဲပြောင်းလဲသူ ရွှယ်ယုကလည်း ကောင်းကင်ဂိတ်တံခါးထဲ ဝင်ပြီးတဲ့နောက်မှာ သူ့ရဲ့ က်ုယ်ပွားအပေါ် ထိန်းချုပ်မှုက ဆုံးရှုံးသွားခဲ့တယ်။ "
ကြီးမြတ်သူရှချင်က သက်သေမပြနိုင်သော စကားတစ်ခွန်းကို လုပ်ကြံပြောလိုက်သည်။
" သာမန် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က ဒီအဖြူရောင်စာရွက်ကို ထိန်းချုပ်နိုင်တယ်လို့ မင်းတို့ ထင်နေတာတော့ မဟုတ်ဘူးမလား။ " ကြီးမြတ်သူရှချင်က ပြန်လည်ချေပလိုက်သည်။
ကြီးမြတ်သူတိုင်းက အဖြူရောင်စာရွက်အတွင်း ကြီးမြတ်သူတစ်ယောက်ထက် သာလွန်သော စွမ်းအား ပါဝင်သည်ကို မြင်နိုင်လေသည်။ မဟုတ်လျှင် ကြီးမြတ်သူဆယ်ယောက်ကျော်က ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရမည်မဟုတ်ပေ။
" ဒီအဖြူရောင်စာရွက်က ကိုယ်ပိုင်စိတ်အသိနဲ့ သက်ရှိတစ်ယောက် ပိုင်ဆိုင်တယ်လို့ ငါထင်တယ်။ ဒီထဲကို ကျရောက်ခဲ့တဲ့ သက်ရှိအားလုံးရဲ့ ကံကြမ္မာက အရင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီးသားပဲ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
လင်းယွမ်ဆီမှ ရရှိသော အချက်အလက်များအရ သူက အကြောင်းပြချက်တစ်ခုကို တွေးထားပြီးသားဖြစ်သည်။
" သက်ရှိတစ်ယောက်... " ကြီးမြတ်သူများက အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုခန့်မှန်းချက်က မဖြစ်နိုင်သည် မဟုတ်ပေ။ အထူးသဖြင့် အဖြူရောင်စာရွက်အတွင်းရှိ အချိန်စီးဆင်းမှုက လျင်မြန်စွာ ပြောင်းလဲနေသည်ကို ကြည့်လျှင် ၎င်းကို ထိန်းချုပ်နေသူတစ်ယောက် ရှိနိုင်သည်ကို သိနိုင်လေသည်။
သို့သော် ၎င်းက လူသားရွှယ်ယုဖြစ်နိုင်လား။ ရွှယ်ယုက ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ခဲ့ရုံသာ ဖြစ်သည်။ ထို့အပြင် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အဖြူရောင်စာရွက်ကို သန့်စင်ခြင်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြသ်ပေလိမ့်မည်။
အဖြူရောင်စာရွက်အတွင်း။
လင်းယွမ်က စာလိပ်ထဲတွင် နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားသည်ကို ကြည့်နေခဲ့သည်။
အချိန်မြစ်၏ အပြင်သို့ ထွက်နိုင်သော ကြီးမြတ်သူများပင် အချိန်တိုအတွင်း ထိုကဲ့သို့သော အချိန်စီးဆင်းမှုကို ထိန်းချုပ်ရန် တန်ဖိုးတစ်ခု ပေးဆပ်ရပေလိမ့်မည်။ ထို့အပြင် အဘိုးအိုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတစ်ခုလုံး၏ အချိန်စီးဆင်းမှုကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။
ဝှစ် ဝှစ်...
မီတာဝက်ရှိသော အဘိုးအိုက စာလိပ်ပေါ်တွင် လက်နှစ်ဖက်လုံးကို အဆက်မပြတ် လှုပ်ရှားနေသည်။ စာလိပ်အတွင်းမှ တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး အဘိုးအို၏ လက်များအတွင်း စုစည်းလာသည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှတ်အတွင်း တစ်လကြာသွားခဲ့သည်။ အဘိုးအို၏ လက်ထဲတွင် လက်သီးအရွယ်အစားရှိသော အလင်းလုံးတစ်လုံးက စုစည်းလာခဲ့သည်။
လင်းယွမ်က အဝေးမှ လှမ်းကြည့်ရုံနှင့် ၎င်းအပေါ်တွင် စီးဆင်းနေသော အချိန်နှင့် လေဟာနယ်၏ အနှစ်သာရကို ခံစားနေရသည်။