အဲ့ဒါတွေကို ကျွန်တော်လိုချင်ပါတယ်....
Vol. 39 Ch. 600
"အဲ့ဒါက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲက အင်အားကြီးသူအားလုံးရဲ့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုတွေလား" လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
လူတစ်ယောက်ဆီမှ သတ်မှတ်ထားသော နိယာမတစ်ခု၏ နားလည်မှုကို အတင်းအကျပ် နှုတ်ယူခြင်းက မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
အနက်ရောင်ဂြိုလ်အတွင်း လမ်းညွှန်မှုလမ်းကြောင်းများမှ ပေါင်းစပ်နိယာမဆယ့်နှစ်ခုက ကြီးမြတ်သူကိုယ်တိုင်က ဆန္ဒအလျောက် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူ သန်းတစ်ရာကျော်၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုများကို ထိုအလင်းလုံးထဲတွင် ပေါင်းစည်းထားခဲ့သည်။
လင်းယွမ်၏ အမြင်တွင် ၎င်းက ဒိုင်မန်ရှင်း လျှော့ချခြင်းဖြင့် သက်ရှိများ၏ အနှစ်သာရကို နှိမ့်ချပြီး ထုတ်ယူခြင်းဖြစ်သည်ဟု ထင်လေသည်။ ထိုနည်းလမ်းက အလွှာဆယ့်နှစ်အောက် သက်ရှိများအပေါ်သာ အသုံးပြု၍ ရနိုင်လေသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဒိုင်မန်ရှင်းလျှော့ချခြင်းကို ခုခံနိုင်ကြလေသည်။ သူတို့က အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာထဲသို့ ကျရောက်ခဲ့လျှင်တောင် နိယာမများ၏ နားလည်မှုများကို ဖြတ်တောက်ရန် မဖြစ်နိုင်ပေ။
" ရပြီ။ " အဘိုးအိုက တောက်ပသော အလင်းလုံးကို ကြည့်ပြီး လင်းယွမ်ဘက်သို့ လှည့်လိုက်သည်။
" အကြီးအကဲ " လင်းယွမ်က မတ်တပ်ရပ်လိုက်သည်။
" အခု ဒါက မင်းဟာဖြစ်သွားပြီ။ " အဘိုးအိုက အလင်းလုံးကို လင်းယွမ်ဆီသို့ ပစ်ပေးလိုက်သည်။
" ဒါက " လင်းယွမ်က ၎င်းကို ကြည့်ရုံနှင့် အလွန်စိတ်ဝင်စားနေခဲ့သည်။
အချိန်လေဟာနယ် ပေါင်းစပ်နိယာမ၏ အသိအမြင်များက သူ၏ စိတ်ထဲသို့ လှိုင်းလုံးများသဖွယ် ဝင်ရောက်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမနှင့် လေဟာနယ်နိယာမ၏ ပေါင်းစပ်မှုအနှစ်သာရကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
နှစ်ပေါင်းတစ်ရာကျော်အတွင်း လင်းယွမ်က အနက်ရောင်ဂြိုလ်ပေါ်မှ ပေါင်းစပ်နိယာမများကို နားလည်ရုံသာမက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကိုလည်း လေ့လာခဲ့သည်။
နောက်ဆုံးတွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ကြီးမြတ်သူဖြစ်လာရန် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည်။ အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်နိယာမကို နားလည်ခြင်းကလည်း သူ၏ အတွင်းကမ္ဘာကို ပို၍ ပြည့်စုံစေပေလိမ့်မည်။
အနာဂတ်တွင် လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းသောအခါ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းစည်းမှုက ပို၍ ကြီးမားပေလိမ့်မည်။
အစတွင် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုက နှေးကွေးခဲ့ပြီး အလွှာတစ်ဆယ်တွင် ၎င်းကို နားလည်ရန် မျှော်လင့်ချက်မရှိခဲ့ပေ။ ပုံမှန် အလွှာတစ်ဆယ် သက်ရှိတစ်ယောက်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို မပြောနှင့် အချိန်နိယာမကိုပင် အပြည့်အဝ နားလည်ရန် အလွန်ခက်ခဲလေသည်။
လင်းယွမ်က သူ၏ ရှေ့မှ အလင်းလုံးကို ကြည့်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သူ၏ နားလည်မှုက စက္ကန့်တိုင်း တိုးတက်လာနေသည်ကို ခံစားရလေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမနှင့် လေဟာနယ်နိယာမ၏ ပေါင်းစပ်မှုအနှစ်သာရကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
လင်းယွမ်က သူ၏ ရှေ့မှ အလင်းလုံးကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ မူလခန္ဓာကိုယ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ကလည်း အားလုံးကို စွန့်လွှတ်ပြီး တောက်ပသော အလင်းလုံးကို နားလည်ရန် စတင်လိုက်ကြသည်။
စာလိပ်ရှေ့မှ အဘိုးအိုက အလင်းလုံးကို ပစ်ပေးပြီးနောက် လင်းယွမ်၏ အာရုံက အလင်းလုံးထဲသို့ နစ်မြှုပ်သွားသည်ကို သတိထားမိလိုက်သည်။
" သူက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတာလား။ " အဘိုးအိုက မျက်ခုံးများ ပင့်သွားသည်။
ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းက အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ အလွှာဆယ့်နှစ် သက်ရှိများပင် ၎င်းကို ရရှိရန် အလွန်ခက်ခဲလေသည်။ သို့သော် လင်းယွမ်၏ နားလည်နိုင်စွမ်းက ယုတ္တိဗေဒနှင့် ဆန့်ကျင်စွာပင် ကြီးမြတ်သူများထက် ပို၍ သန်မာနေပုံရလေသည်။
" ဒီဉာဏ်အလင်းပွင့်မှုရဲ့ အကျိုးအမြတ်က ဘယ်လောက်ကြီးမားမလဲ ငါသိချင်မိတယ်။ အချိန်လေဟာနယ်နိယာမနဲ့ ပက်သက်ပြီး သူက နောက်ထပ်တိုးတက်မှုတစ်ခု ရနိုင်လောက်လား။ " အဘိုးအိုက စိတ်ဝင်တစား ခန့်မှန်းလိုက်သည်။
တောက်ပသော အလင်းလုံးကဲ့သို့ နိယာမများကို တိုက်ရိုက်နားလည်ခြင်းနှင့် ၎င်းကို စုပ်ယူခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ ၎င်းက အချိန်တစ်ခု ယူနေရဆဲဖြစ်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမနှင့် လေဟာနယ်နိယာမ၏ ပေါင်းစပ်မှုအနှစ်သာရကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်ထဲမှ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ အသိအမြင်များက နောက်ဆုံးတွင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် အချိန်နှင့်လေဟာနယ်က ကန့်သတ်ချက်များ မရှိတော့ဘဲ အလွယ်တကူ ပေါင်းစပ်နိုင်သွားခဲ့သည်။
" ဒီလိုပေါ့။ " လင်းယွမ်က နားလည်သွားပြီး အချိန်နှင့် လေဟာနယ်ကြိုးများက အဆက်မပြတ် ပေါင်းစပ်သွားပြီး စွမ်းအားသစ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ စွမ်းအားပင် ဖြစ်သည်။
" ဒါဆို အဲ့ဒါက ဒီလိုကိုး။ " စာလိပ်ရှေ့တွင် လင်းယွမ်က သူ၏ လက်များကို မြှောက်လိုက်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ စွမ်းအားက သူ၏ လက်ချောင်းထိပ်များတွင် ဖြစ်ပေါ်လာသည်။
" ဟမ် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အဲ့လိုပဲ နားလည်သွားတာလား။ " မီတာဝက်ရှိသော အဘိုးအိုက လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်နေသည်။
" ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီလဲ။ "
အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းက စိတ်ကူးမယဉ်နိုင်လောက်အောင် ဝေးကွာသော ခရီးတစ်ခုဖြစ်သည်။ ဤတစ်ကြိမ်တွင် သူဖြတ်တောက်ခဲ့သော အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုများက လင်းယွမ်ကို ကြီးမားသော တိုးတက်မှုတစ်ခု ပေးနိုင်လိမ့်မည်ဟု သူက ထင်ကြေးပေးခဲ့သည်။ သို့သော် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို တိုက်ရိုက်နားလည်သွားခဲ့သည်။
" သူက အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်ဖြစ်လာရင် ပြည့်စုံတဲ့ အချိန်သက်ရှိနဲ့ နီစစပ်နိုင်လောက်တယ်။ " အဘိုးအိုက စဉ်းစားလိုက်သည်။
ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်မှုက အမြင့်ဆုံး ချီးကျူးမှုဖြစ်လေသည်။ ပြည့်စုံသော အချိန်သက်ရှိများက များစွာသော အချိန်များကို ခုန်ကူးနိုင်ပြီး အတိတ်ကို ပြောင်းပြန်လှန်ခြင်းနှင့် အနာဂတ်ကို ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်လေသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်သွားသည်နှင့် သူ၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်လိုက်သည်။
ဝုန်း ဝုန်း....
အချိန်နှင့် လေဟာနယ်ကို လုံးဝပေါင်းစပ်လိုက်သောအခါ အတွင်းကမ္ဘာက စတင် ပြောင်းလဲလာခဲ့သည်။ တူညီသော အရွယ်အစားအောက်တွင် လေဟာနယ်အလွှာ အရေအတွက်က တစ်ရာဘီလီယံသို့ ရောက်ရှိသွားသည်။
" ငါ့ရဲ့ အတွင်းကမ္ဘာက အခု ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို နောက်တစ်ကြိမ်လက်ခံရရင် အရင်ထက် အဆတစ်သောင်းကျော် ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ်။ "
" အဲ့ဒီအလင်းလုံး " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
အလင်းလုံးထဲတွင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများ ပါဝင်နေသည်။ ၎င်းက နတ်ဘုရင်ကဲ့သို့ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများ ပါဝင်နေသည်။
ထို့အပြင် သူတို့၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမများက ပဉ္စမအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ အခြားစကားနှင့်ဆိုလျှင် ထိုအလင်းလုံးက လင်းယွမ်၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ နားလည်မှုကို ပဉ္စမအဆင့်ထိ မြှင့်တင်ပေးနိုင်လိမ့်မည်။ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ကွဲပြားသော ရှုထောင့်များမှ လေ့လာပြီး ဆဋ္ဌမအဆင့်သို့ပင် တက်လှမ်းနိုင်လေသည်။
ပေါင်းစပ်နိယာမများက ပထမအဆင့်မှ နဝမအဆင့်ထိ ရှိလေသည်။ အလွှာတစ်ဆယ် သက်ရှိတစ်ယောက်က သာမန်ပေါင်းစပ်နိယာမတစ်ခုကို အမြင့်ဆုံး သတ္တမအဆင့်ထိသာ ကျင့်ကြံနိုင်လေသည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့် မပြောနှင့် ကြီးမြတ်သူများပင် ဆဋ္ဌမအဆင့်သို့သာ ရောက်နိုင်ကြသည်။ လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် အချို့သော ရှုထောင့်များတွင် ကြီးမြတ်သူများနှင့် ပုခုံးချင်းယှဉ်ရပ်နိုင်ပေလိမ့်မည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်က အများကြီး ဝေးကွာနေသေးတယ်။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်စေလိုက်သည်။
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ နားလည်မှုများဖြင့် ဆဋ္ဌမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် ကြီးမြတ်သူများ၏ နယ်ပယ်က စျေးပေါသွားပေလိမ့်မည်။
လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး အဘိုးအိုကို ကြည့်၍ အနည်းငယ် ဦးညွှတ်လိုက်သည်။ " ကျေးဇူးတင်ပါတယ် အကြီးအကဲ။ "
" ငါ့ကို ကျေးဇူးတင်ဖို့မလိုဘူး။ အားလုံးက မင်းနဲ့ထိုက်တန်တဲ့အရာတွေပဲ။ " အဘိုးအိုက လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။
ထိုအချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုများကို အခြားသက်ရှိတစ်ယောက်က အစိတ်အပိုင်းတစ်ခုကို နားလည်ရန်ပင် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ သို့သော် လင်းယွမ်က နာရီဝက်သာ အချိန်ယူခဲ့လေသည်။
" အခုကစားပွဲကပြီးသွားပြီ။ သေဆုံးခဲ့တဲ့ သူတွေရဲ့ ရုပ်ခန္ဓာအနှစ်သာရတွေ၊ အခြားနိယာမတွေအပေါ် နားလည်မှုတွေ အဲ့ဒီအရာတွေက ငါ့အတွက် အသုံးမဝင်ဘူး။ မင်းအဲ့ဒါတွေကို လိုချင်လား။ " အဘိုးအိုက ခဏတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
" အာ ကျွန်တော်ယူလို့ရလား။ " လင်းယွမ်က နားမလည်နိုင်စွာဖြင့် အဘိုးအိုကို ကြည့်လိုက်သည်။ ဆုလာဘ်က တစ်ခုတည်းရွေးရတာမဟုတ်ဘူးလား။ ဘာလို့အားလုံးကို ရနိုင်တာလဲ။
" စည်းမျဉ်းတွေအရတော့ မင်းက တစ်ခုတည်း ရွေးရမှာပဲ။ ကျန်တဲ့ဟာတွေက ငါကိုင်တွယ်ရမှာ။ ပြီးတော့ သူတို့ကို ဒီနေရာမှာ ထားလိုက်ရင် ဖြုန်းတီးမှုတစ်ခုဖြစ်သွားလိမ့်မယ်။ " အဘိုးအိုက ရှင်းပြလိုက်သည်။
" ဒါဆို အဲ့ဒါတွေကို ကျွန်တော်လိုချင်ပါတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။