← Chapters

ကောင်လေး၊ မင်းကို ကျန်းကောရထားဘူတာမှာ စောင့်နေမယ်

Vol. 69 Ch. 1361

ကောင်လေး၊ မင်းကို ကျန်းကောရထားဘူတာမှာ စောင့်နေမယ်

Vol. 69 Ch. 1361

ရထားတွဲထဲမှ ခရီးသည်များမှာ ကြောက်လွန်း၍ ကျယ်လောင်စွာပင် အသက်မရှူရဲကြပေ။

သူတို့သည် ထိုနတ်ဆိုးထံမှ ပြစ်မှတ်ထားခံရမည်ကို ကြောက်လန့်နေကြသည်။

ပန်သာ့လုံ၏ တပည့်များမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာများဖြူဖျော့နေတော့သည်။

သူတို့သည် သွေးအေးကာ ရက်စက်သူများစွာကို တွေ့ဖူးကြသော်လည်း ဤကောင်လေးမျှ သွေးအေးသူကို မမြင်ဖူးပေ။

ယဲ့ဖန်သည် ပန်သာ့လုံကို ဆက်၍ ဂရုမစိုက်တော့ပဲ ကျန်သူများကို ကြည့်လိုက်သည်။

" မင်းတို့က ဆေးလိပ်သောက်ရတာကို ကြိုက်ကြမှတော့ မင်းတို့ နှလုံးထဲ အငွေ့ဝင်အောင်အထိ သောက်ခိုင်းမယ်။ မီးညှိလိုက်ကြ "

ပန်သာ့လုံအား သာဓကအဖြစ် မြင်ထားသောကြောင့် ကျန်သူများမှာ ဘာမှမပြောရဲကြပေ။

သူတို့သည် ပါးစပ်ထဲမှ ဆေးလိပ်များကို မီးညှိလိုက်ကြတော့သည်။

ထို့နောက် ယဲ့ဖန် ကျောင်းသားလေးကို ကြည့်လိုက်သည်။

" ဒီအိတ်တွေကို သူတို့ခေါင်းပေါ်စွပ်ပြီး သူတို့ကို ပျော်အောင်လုပ်ပေးလိုက် "

ကျောင်းသားလေးမှာ တုန်ရီသွားသည်။

ထိုသို့ ခက်ခဲသောကိစ္စအား သူ့ကို လုပ်ခိုင်းမည်ဟု မမျှော်လင့်ထားပေ။

ထိုလူရမ်းကားများ၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သော အကြည့်အားလုံးကို သူ အစောက မြင်ဖူးထားသည်။

ထို့ကြောင့် ယခုအချိန်တွင် ထိုသို့လုပ်ရန်မှာ သူ့အတွက် အနည်းငယ် ခက်ခဲနေသည်။

ယဲ့ဖန်သည် ထိုကျောင်းသား၏ သူရဲဘောကြောင်နေသော အမူအရာကို မြင်ပြီးနောက် ချက်ချင်းပင် ဖင်ကို ကန်လိုက်သည်။

" မမေ့နဲ့၊ မင်းလည်း ယောက်ျားပဲ။ နောင်တစ်ချိန်ကျ မင်းလက်ထပ်ပြီး ကလေးယူရင် မင်းမိသားစု မဏ္ဍိုင်ဖြစ်လာရမှာ။ ဒီလိုအသေးအမွှားလေးတွေကိုတောင် မလုပ်ရဲရင် မင်း ဘာလုပ်နိုင်မှာလဲ "

ထိုကျောင်းသားမှာ တုန်လှုပ်သွားသည်။

" ကျ ...... ကျွန်တော်က ငယ်သေးတယ်။ဒီနှစ်မှ ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ "

ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။

" ၁၉နှစ်က မငယ်တော့ဘူး။ ငါက မင်းထက် နှစ်နှစ်ပဲကြီးတာ။ ယောက်ျားတစ်ယောက်လို ပြုမူစမ်းပါ။ မင်းကို အထင်သေးအောင် မလုပ်နဲ့ "

ထိုကျောင်းသားသည် သူ့ကို ကြောင်အစွာ ကြည့်နေသည်။

ဤရက်စက်ကြမ်းကြုတ်လှသော လူသည် သူ့ထက် အသက်နှစ်နှစ်သာ ကြီးမည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော် သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

ထိုကျောင်းသားသည် သူ့အား အနိုင်ကျင့်ခဲ့သော လူရမ်းကားအုပ်စုကို ကြည့်ပြီးနောက် ချက်ချင်း အံကြိတ်လိုက်သည်။

သူသည် ပလတ်စတစ်အိတ်များကို ကောက်ကိုင်လိုက်ပြီး လူရမ်းကား၏ ခေါင်းပေါ်၌ အုပ်ကာ ကြိုးချည်လိုက်သည်။

ထိုသို့အဖြစ်မှာ တရစပ်ဖြစ်နေပြီး လူရမ်းကားများအားလုံး ခေါင်းပေါ် အိတ်စွပ်ခံရသည်။

ပထမ အတွေ့အကြုံ၌သာ တုန်ရီနေပြီး ကျန်လူများမှာ တဖြည်းဖြည်း ချောမွေ့လာသည်။

ခဏကြာပြီးနောက် အားလုံး၏ ခေါင်းပေါ်၌ ပလတ်စတစ်အိတ် တစ်လုံးစီ စွပ်ခံထားရသည်။

" အဟွတ်၊ အဟွတ်၊ အဟွတ် ..... "

ပလတ်စတစ်အိတ်များအတွင်းမှ ပြင်းထန်သော ချောင်းဆိုးသံများ ထွက်လာသည်။

သူတို့ထဲမှ တစ်ယောက်သည် ချက်ချင်းပင် ပလတ်စတစ်အိတ်ကို ဆွဲဖြဲချင်လာသည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်၏ ခံစားချက်မဲ့သော အသံကို ကြားလိုက်ရသည်။

" ဆေးလိပ်တွေ မကုန်သေးဘဲ ပလတ်စတစ်အိတ်ကို ဖြဲမယ်ဆိုရင် နောက်တစ်ကြိမ်က ဆေးလိပ်သောက်တာလောက် မရိုးရှင်းလောက်ဘူး "

ထိုလူများသည် ယဲ့ဖန်၏ စကားကို ကြားပြီးနောက် လက်ကို အလျင်အမြန် ပြန်ချလိုက်ကြသည်။

ထို့နောက် ယဲ့ဖန်သည် မြေပြင်ပေါ်တွင် နာကျင်စွာ ငိုကြွေးနေဆဲဖြစ်သော ပန်သာ့လုံထံသို့ လျှောက်သွားပြီး သူ့ကို ကန်ထုတ်လိုက်သည်။

" သေချင်ယောင်ဆောင်မနေနဲ့၊ ထတော့ "

ပန်သာ့လုံသည် တကယ်ကို ကြောက်လန့်နေပြီ ဖြစ်သည်။

သူသည် နာကျင်မှုကို တောင့်ခံပြီး မြေပြင်မှ ထရပ်လိုက်သည်။

" ဆေးလိပ်တွေကို ကောက်ပြီး မီးညှိလိုက် "

ယဲ့ဖန် ဆက်၍ အမိန့်ပေးသည်။

ပန်ဒါလုံသည် ခဏမျှ တုံ့ဆိုင်းသွားသည်။

သို့သော် နောက်ဆုံးတွင် သူသည် ဆေးလိပ်များကို ပါးစပ်ထဲသို့ထည့်ကာ မီးခြစ်ဖြင့် မီးညှိလိုက်သည်။

ယဲ့ဖန်သည် တက္ကသိုလ်ကျောင်းသားကို တစ်ချက် ကြည့်လိုက်သည်။

ထိုကျောင်းသားသည် ချက်ချင်းပင် ပလတ်စတစ်အိတ်ကို ပန်သာ့လုံ၏ ခေါင်းပေါ်တင်လိုက်သည်။

" အဟွတ်၊ အဟွတ်၊ အဟွတ် ..... "

ပန်သာ့လုံနှင့် လူရမ်းကားများ၏ ပြင်းထန်သော ချောင်းဆိုးသံမှလွဲ၍ ရထားပေါ်တွင် အခြားအသံမကြားရပေ။

" ကောင်းလိုက်တာ "

မည်သူက ပထမဆုံး လက်ခုပ်တီးခဲ့သည်ကို မသိပေ။

သို့သော် မကြာခင်မှာပင် ရထားပေါ်၌ ပျော်ရွှင်သော အားပေးသံများ ထွက်ပေါ်လာသည်။

အားလုံးမှ ယဲ့ဖန်ကို ကြောက်ရွံ့ရိုသေစွာဖြင့် ကြည့်နေကြသည်။

မတရားသောသူသည် မတရားသောသူ၏ ညှဉ်းဆဲခြင်းကို ခံရပေလိမ့်မည်။

သူတို့၏ မျက်လုံးထဲ၌ ယဲ့ဖန်သည် လူဆိုးတစ်ယောက်ဖြစ်နေသည်မှာ သေချာသည်။

သို့သော် သူသည် ကြင်နာပြီး ဆိုးသွမ်းတတ်သူတစ်ယောက်သာ ဖြစ်သည်။

ပန်သာ့လုံလို လူဆိုးများကို အပြစ်ပေးသည့် လူဆိုးကြီးဖြစ်ပေလိမ့်မည်။

ပလတ်စတစ်အိတ်ထဲမှ မီးခိုးများ ထွက်လာ၍ လူ အတော်အများ ချောင်းဆိုးလာကြသည်။

သို့သော် လူတိုင်း ဝမ်းသာအားရ ဖြစ်နေသည်။

သူတို့သည် ထိုလူရမ်းကားများအတွက် နောက်ထပ်ဆေးလိပ်ဘူးအချို့ပင် ပေးလိုက်ချင်သည်။

ထိုလူရမ်းကားများသည် ဆေးလိပ်များကို သောက်ပြီးနောက် ပလတ်စတစ်အိတ်များကို ဖယ်လိုက်သည်။

ထို့နောက် မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးကြသည်။

သူတို့၏ အဆုတ်များ ကွဲတော့မတတ် ချောင်းဆိုးကြသည်။

သူတို့ထဲမှ နှစ်ယောက်သည် ပါးစပ်ထဲမှ သွားရည်များ စီးကျနေသည်။

ငရဲမှ မြင်ကွင်းတစ်ခုလို ဖြစ်နေသည်။

ထိုအချိန်တွင် ရထားသည် ဘူတာရုံတစ်ခုသို့ ရောက်ရှိလာသည်။

ထိုလူများ ထပြီး အမြန်ပြေးထွက်သွားသည်။

ရထားပေါ်မှ မဆင်းခင် ပန်သာ့လုံသည် ရုတ်တရက် လှည့်ပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ကောင်လေး၊ ငါတို့ မင်းကို ကျန်းကောရထားဘူတာမှာ စောင့်နေမယ်။ မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အဘိုးလို့ မခေါ်ရင် ပန်သာ့လုံက ခွေးမသားပဲ "

ထိုစကားကို ပြောပြီးနောက် ယဲ့ဖန်မှ သူ့အား နောက်တစ်ကြိမ် ထပ်ဖမ်းမည်ကို ကြောက်လာသည်။

ထို့ကြောင့် နောက်ပြန်လှည့်မကြည့်ဘဲ ပြေးထွက်လာခဲ့သည်။

အရှိန်လွန်စွာ ထွက်ပြေးလိုက်ရသဖြင့် ခလုတ်တိုက်ကာ လဲကျသွားသည်။

ယဲ့ဖန်သည် ထိုရယ်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရပြီး မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ရယ်မောမိသည်။

ခွေးတွေက အမှတ်မရှိဘူးဘဲ။

သတ္တိရှိရင် လာစမ်းလိုက်။

ရထားပေါ်ရှိ ခရီးသည်များသည် ပန်သာ့လုံ၏ စကားကို ကြားပြီးနောက် ယဲ့ဖန်ကို စိုးရိမ်စွာ ကြည့်နေကြသည်။

ကြင်နာတတ်သည့် အဘိုးအိုနှစ်ယောက်က ယဲ့ဖန်ကို နားချကြသည်

" လူငယ်လေး၊ မင်း ရထားထဲက စောစောထွက်သင့်တယ်လို့ ငါ ထင်တယ်။ အဲ့ဒီလူတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်သင့်ဘူး "

" ဟုတ်တယ်၊ မင်း ဒီနေ့ ငါတို့အတွက် ဒေါသ ပြေပျောက်အောင် ကူညီပေးခဲ့တာ ငါတို့အားလုံး ကျေးဇူးတင်တယ်။ ဒါပေမယ့် အဲ့ဒီလူတွေနဲ့ ထပ်ပြီး ပြဿနာမတက်စေနဲ့ "

တခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။

ယဲ့ဖန် ထိုအဘိုးအိုနှစ်ယောက်ကို ကြင်နာစွာ ပြုံးပြသည်။

" စိတ်မပူပါနဲ့၊ သတိထားလိုက်ပါ့မယ် "

အဘိုးအိုနှစ်ယောက်သည် ယဲ့ဖန်စကားမှ မထီမဲ့မြင် လေသံကို ကြားလိုက်ရသည်။

ထို့ကြောင့် သူတို့လည်း ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့ကာ ထိုင်ခုံဆီသို့ ပြန်သွားကြတော့သည်။

ထိုအချိန်တွင် ခရီးသည်အသစ်တစ်ယောက် ရထားပေါ်တက်လာသည်။

ရထားပေါ်၌ ရှုပ်ပွနေသည်များကို မြင်ပြီး အံ့သြသွားသည်။

အခြားခရီးသည်များထံမှ အဖြစ်အပျက်ကိုကြားသိပြီးသောအခါ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လေသည်။

ရထားသည် ထိုဘူတာ၌ ဆယ်မိနစ်ကျော်ကြာ ရပ်နားပြီး ခရီးသည်များ အဆက်မပြတ် တက်လာသည်။

ထိုအချိန်တွင် အမြန်ရထားမှ သန့်ရှင်းရေးတစ်ဦး ရောက်လာပြီး ရထားကို သန့်ရှင်းရေးလုပ်သည်။

ယဲ့ဖန် ဇာတ်ကားတစ်ကားကို သတိရသွားပြန်သည်။

ဤသည်မှာ လူဆိုးသေမှ ရဲရောက်လာသည်နှင့် တူလေသည်။

ထို့ကြောင့် ယဲ့ဖန် ရယ်မိသည်။

" ရှင် ဘာရယ်နေတာလဲ "

ရှုကျင်းရှင်းသည် သူ့မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါ စူးစမ်းစွာ မေးလိုက်သည်။

ယဲ့ဖန်သည် သူ တွေးမိသည့် မြင်ကွင်းအကြောင်းကို ပြောပြသည်။

ရှုကျင်းရှင်းသည်လည်း ပါးစပ်ကို အုပ်ပြီး ရယ်နေလိုက်သည်။

ယဲ့ဖန်သည် သူမ၏ ရယ်နေပုံကို ကြည့်ကာ နှာခေါင်းလေးကို ညှစ်လေသည်။

ရှုကျင်းရှင်းသည် ယဲ့ဖန် ညှစ်လိုက်သောကြောင့် သိသာစွာ နာကျင်သွားသည်။

သူမ၏ လှပသော မျက်လုံးများတွင် မျက်ရည်များ ချက်ချင်း ထွက်ကျလာပြီး ဒေါသတကြီးဖြင့် ယဲ့ဖန်ရင်ဘတ်ကို ပုတ်လိုက်သည်။

" ရှင် အရမ်းညှစ်တာပဲ။ နာသွားပြီ "

ယဲ့ဖန်သည် သူမ၏ အကြည့်ကို မြင်လိုက်ရပြီး ချက်ချင်း ပြုံးလိုက်သည်။

ရှုကျင်းရှင်းသည် ယဲ့ဖန် ပြုံးနေသေးသည်ကို မြင်လိုက်ရပြီး သူမ လျုံဝမ်းယွမ်ကို ချက်ချင်း တိုင်လိုက်သည်။

" ဦးလေးလျုံ၊ ကိုယ့်ရဲ့တပည့်ကို မထိန်းတော့ဘူးလား။ သူက ကျွန်မကို အနိုင်ကျင့်နေတယ် "

လျုံဝမ်းယွမ်သည် မျက်လုံးများကို အနည်းငယ် ဖွင့်ကာ ထိုစုံတွဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။

" ငါလည်း ဘာမှလုပ်လို့ မရဘူး။ ငါ့တပည့်ရဲ့ ခွန်အားက သူ့ဆရာထက်တောင် ကျော်နေပြီ။ ဘာမှ မလုပ်ရဲဘူး "

မမလေးရှုမှာ ဒေါသအလွန်ထွက်ပြီး မျက်နှာပင် ဖြူဖျော့သွားသည်။

" ပြန်ရောက်ရင် အစ်ကို့ကို တိုင်ပြောမယ်။ ရှင်နဲ့ ရှင့်ရဲ့ဆရာက ကျွန်မကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တယ် "

ယဲ့ဖန်သည် မကြောက်မရွံ့ နှုတ်ခမ်းကို စူလိုက်သည်။

" ကိုယ့်ရဲ့ ယောက်ဖက ဖြောင့်မတ်တဲ့သူပဲ။ မင်းကမှ ကိုယ့်ကို အနိုင်ကျင့်တယ်ဆိုတာကို သူ သေချာပေါက် သိတယ် "

All Chapters