ဘေးနားမှ ကျားမလေး
Vol. 69 Ch. 1362
ထိုစကားကို မမလေးရှု ကြားသောအခါ သူမသည် ယဲ့ဖန်ကို ဒေါသတကြီး ကြည့်လေသည်။
" ရှင်က မဟုတ်တာ လျှောက်ပြောနေတာပဲ။ ကျွန်မ ရှင့်ကို ဘယ်တုန်းက အနိုင်ကျင့်လို့လဲ "
သူမ ထိုသို့ပြောပြီးနောက် ပထမစာကြောင်းမှာ ပိုမှားနေမှန်း သတိထားမိလိုက်သည်။
ရှုကျင်းရှင်း ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။
" ဘယ်သူက ရှင့်ယောက်ဖလဲ။ လျှောက်မပြောပါနဲ့လား "
ယဲ့ဖန် သူမ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်လိုက်သည်။
သူ အပ်စိုက်ကုသပေးပြီးနောက် သူမ၏မျက်နှာမှာ ပို၍ပင် နူးညံ့လာသည်။
ကျောက်သလင်းလို ကြည်ရှင်းနေ၍ သူ တစ်ကိုက်မျှ ကိုက်ကြည့်ချင်သည်။
ရှုကျင်းရှင်းသည် သူ၏အကြည့်ကြောင့် ပို၍ရှက်ပြီး စိတ်ရှုပ်လာသလို ခံစားရသည်။
သူမ အမြန်ခေါင်းကို လှည့်ပြီး ပြတင်းပေါက်ဘက်ကို လှည့်လိုက်သည်။
သူမ၏နှလုံးသားမှာ အတော်ပင် ကမောက်ကမဖြစ်နေသည်။
သူတို့နှစ်ဦးသား ပရောပရည်လုပ်နေချိန်တွင် မိန်းကလေးနှစ်ယောက် လမ်းလျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်သည်။
အရှေ့မှ မိန်းကလေးသည် ၂၁၊ ၂၂နှစ်လောက်ဖြစ်နိုင်ပြီး သူမသည် အဖြူနှင့်အပြာ တရုတ်ဝတ်စုံကို ဝတ်ထားသည်။
သူမ၏ ဝတ်စုံနှင့် အပြင်အဆင်မှာ ရှေးဆန်လှသည်။
သူမ၏ လှပကျက်သရေရှိသော အသွင်အပြင်နှင့် ပေါင်းလိုက်ပါက သူမသည် ရှေးပန်းချီကားထဲမှ ခုန်ထွက်လာသလို ဖြစ်နေသည်။
ရထားထဲမှ ခရီးသည်များ၏ အကြည့်များမျာ သူမစီသို့ ချက်ချင်းရောက်သွားသည်။
အနောက်မှ မိန်းကလေးမှာလည်း ထိုမိန်းကလေးနှင့် အသက်ရွယ်တူဖြစ်နိုင်ပြီး သူမကဲ့သို့ တရုတ်ဝတ်စုံကို ဝတ်ထားသည်။
သို့သော် သူမ၏ ပိုနိမ့်သော အသွင်အပြင်နှင့် ကိုယ်ရောင်ဝါကြောင့် သူမသည် အစေခံမိန်းကလေးနှင့် တူနေသည်။
ဟန်ရိုးရာတရုတ်အဝတ်အစားသည် ဤနှစ်အနည်းငယ်အတွင်း ရေပန်းစားနေသည်ကို ယဲ့ဖန် သိသည်။
အထူးသဖြင့် ရှေးရိုးရာယဉ်ကျေးမှုကို လွှမ်းမိုးမှုခံရသော မိန်းကလေးအများအပြားသည် ဟန်ရိုးရာအဝတ်အစားများကို ပိုနှစ်သက်ကြသည်။
ရှုကျင်းရှင်း၏ နေ့စဉ်အဝတ်အစားများသည်ပင် ရိုးရာတရုတ်ဝတ်စုံများမဟုတ်သော်လည်း အဝတ်အစားများ ဂန္တဝင်ပစ္စည်းအချို့ ချိတ်ဆွဲပါဝင်နေဆဲဖြစ်သည်။
နှိုင်းယှဉ်ပြောရလျှင် မိန်းကလေးများသည် ရိုးရာဝတ်စုံဝတ်ရာ၌ ယောက်ျားလေးများထက် များစွာသာလွန်သည်။
ယောက်ျားလေးများ တရုတ်ရိုးရာအဝတ်အစားကို ဝတ်သည့်အခါ လူ့ပတ်ဝန်းကျင်မှ အနည်းငယ် ကွဲထွက်သလို ဖြစ်နေစေသည်။
[ စနစ်မှ ရတနာတစ်ခုကို ရှာဖွေတွေ့ရှိထားပါသည်။ ပစ်မှတ်သည် လက်ခံသူနှင့် ၅ မီတာအကွာ ..... ၃ မီတာ ....... ၁ မီတာ ....... ]
ယဲ့ဖန်သည် ထိုမိန်းကလေး၏ ၀တ်စားဆင်ယင်မှုကို သဘောကျနေချိန်တွင် စနစ်မှ သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုကောင်မလေး နီးကပ်လာသည်နှင့်အမျှ စနစ်မှ ခန့်မှန်းထားသည့် အကွာအဝေးမှာ တဖြည်းဖြည်း လျော့ပါးလာသည်။
ထိုမိန်းကလေး၌ စနစ်မှ ညွှန်ပြသည့် ရတနာရှာဖွေမှု ရှိနေသည်မှာ သေချာသည်။
ယဲ့ဖန်သည် နက်နဲသောစကန်ဖတ်စစ်ဆေးခြင်းကို ချက်ချင်း ဖွင့်လိုက်သည်။
ကောင်မလေး၏ ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို သူမြင်လိုက်ရသည်။
ခဏကြာပြီးနောက် ယဲ့ဖန် ပစ်မှတ်ကို တွေ့သွားသည်။
ထိုသည်မှာ ကောင်မလေးခါး၌ ချိတ်ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးဖြစ်သည်။
ထိုကျောက်စိမ်းဆွဲသီးသည် လုံးဝ အဖြူရောင်ဖြစ်ပြီး လှပသောပုံသဏ္ဍာန် ထွင်းထုထားသည်။
[ ချင်းဧကရာဇ်၊ ချင်းလုံ၏ ကိုယ်ပိုင် ကျောက်စိမ်းဆွဲသီးဖြစ်ပါသည်။ အစစ်ဖြစ်ပြီး စနစ်၏ ခန့်မှန်းဈေးမှာ သန်း၂၀ ဖြစ်ပါသည် ]
ထိုကျောက်စိမ်းဆွဲသီး၏ အချက်အလက်များကို ယဲ့ဖန် မြင်လိုက်ပြီးနောက် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ထိုကောင်မလေးကို အကဲခတ်ကြည့်လိုက်သည်။
သူမခန္ဓာကိုယ်ပေါ်၌ သန်း၂၀ကျော်တန်သည့် တန်ဖိုးကြီး ကျောက်စိမ်းဆွဲသီးကို ဆွဲထားနိုင်၍ ထိုမိန်းကလေးသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ချေ။
ယဲ့ဖန်သည် ထိုကောင်မလေးကို သေချာ ကြည့်နေချိန်တွင် လူသတ်ငွေ့တစ်ခု ရောက်လာသကဲ့သို့ သူ့လည်ပင်းနား ရုတ်တရက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ ရှုကျင်းရှင်းမှ သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမ တစ်ခုခုအား နားလည်မှုလွဲနေသည်မှာ ထင်ရှားလေသည်။
" ဟားဟားဟား၊ ဟန်ရိုးရာဝတ်စုံက ကြည့်ကောင်းတာပဲ "
ယဲ့ဖန် ချက်ချင်းပင် ခြောက်သွေ့စွာ ရယ်မောလိုက်သည်။
" ဟန်ရိုးရာဝတ်စုံက ပိုကြည့်ကောင်းတာလား။ ဒါမှမဟုတ် လူက ပိုကြည့်ကောင်းတာလား "
ရှုကျင်းရှင်းသည် သူ့ကို ပြုံးလျက် ကြည့်နေသော်လည်း သူမ၏ အပြုံးသည် လူသတ်သမားပုံစံ ဖြစ်နေသည်။
" သေချာပေါက် ဟန်ရိုးရာဝတ်စုံပေါ့။ မင်းသာ ဒီရိုးရာဝတ်စုံကို ဝတ်ရင် သူ့ထက် ပိုကြည့်ကောင်းမှာ သေချာတယ် "
ယဲ့ဖန် ချက်ချင်း ပြန်ဖြေလိုက်သည်။
သို့သော် ထိုစကားများမှာ သူ့ရင်ထဲမှ ဖြစ်သည်။
ရုပ်ရည်အရ ရှုကျင်းရှင်းသည် ထိုမိန်းကလေးထက် များစွာသာလွန်သည်။
ထို့အပြင် သူမ၏ကိုယ်ရောင်ဝါသည် ထိုသို့ ဟန်ရိုးရာဝတ်စုံဖြင့် အလွန်လိုက်ဖက်လေသည်။
ထိုမှသာ မမလေးရှု၏ အမူအရာမှာ ပိုကောင်းလာသည်။
သို့သော် ယဲ့ဖန်သည် သူ့အနောက်မှ လူသတ်ချင်သော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ပြန်ကြည့်လိုက်သည့်အခါ ထိုမိန်းကလေးနှစ်ယောက်၏ အကြည့်ကို မြင်လိုက်ရသည်။
သူ၏ သုံးသပ်ချက်ကို သူတို့ ကြားသွားသည်မှာ သိသာသည်။
ယဲ့ဖန် ထိုကျောက်စိမ်းဆွဲသီးအား မည်သို့ ယူရမည်ကို သူ တွေးနေသည်။
သို့သော် ကျောက်စိမ်းဆွဲသီး ပိုင်ရှင်အား အရင်စော်ကားမိမည်ဟု မမျှော်လင့်ထားပေ။
ထိုကောင်မလေးနှစ်ယောက်သည် ယဲ့ဖန်တို့ အရှေ့၌ ထိုင်နေသည်။
သူ့မြင်ကွင်းမှ ထိုမိန်းကလေး၏ခေါင်းမှ လှုပ်ခါနေသည့် အဆင်တန်ဆာကို သူ မြင်နေရသည်။
သူသည် ထိုကျောက်စိမ်းဆွဲသီးကို မည်သို့ယူရမည်ကို တိတ်တဆိတ် စဉ်းစားနေသည်။
သူ့ဘေး၌ ကျားမတစ်ကောင် ထိုင်နေသည်။
ယဲ့ဖန် အကျပ်ရိုက်နေစဉ် တစ်စုံတစ်ယောက်မှ လက်ဦးမှုယူလေသည်။
ထိုသည်မှာ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။
သူသည် အနီရောင် တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့လက်ထဲ၌ သစ်ကြားသီးနှစ်လုံးနှင့် ကစားနေသည်။
ထိုမိန်းကလေးနှစ်ယောက် ရထားပေါ်တက်လာစဉ်ကတည်းက တစ်စုံတစ်ခုကို မြင်လိုက်သကဲ့သို့ ထိုကောင်မလေး၏ ခါးပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို စိုက်ကြည့်နေသည်။
ထိုအချိန် ရထားသည် တစ်ဖန်ပြန်ရွေ့လာသည်။
ထိုယောက်ျားသည် ချက်ချင်း ထရပ်ပြီး ထိုကောင်မလေးဆီ လျှောက်သွားသည်။
" မင်္ဂလာပါ၊ အလှလေး။ ငါ မင်းကို သိခွင့်ရမလား။ ငါ့နာမည် တန်ဝမ်ရှန်း ပါ။ ငါက လက်ဝတ်ရတနာလုပ်ငန်းမှာ လုပ်တယ် "
ထိုကောင်မလေးသည် အမြဲပိုးပန်းခံရသည်မှာ သိသာသည်။
ထိုလူသည် အသက်ကြီးပြီး ရုပ်ရည်မှာ သာမန်ဖြစ်၍ သူမအကြိုက် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ချက်ချင်း ခေါင်းယမ်းကာ ငြင်းလိုက်သည်။
" တောင်းပန်ပါတယ်။ ကျွန်မတို့ စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူး "
နည်းလမ်းတကျပြောရလျှင် မိန်းကလေးတစ်ယောက်မှ ထိုသို့စကားမျိုး ပြောပါက ဂုဏ်သိက္ခာရှိတဲ့သူတိုင်း ထွက်သွားရမည်ကို သိလေသည်။
သို့သော်လည်း တန်ဝမ်ရှန်းသည် မထွက်သွားခဲ့ပေ။
သူသည် ပြုံးလျက် သူမကို ဆက်ကြည့်နေသည်။
" အထင်မမှားပါနဲ့ အလှလေး။ ငါ မင်းကို နှောင့်ယှက်ပိုးပန်းဖို့ လာတာ မဟုတ်ပါဘူး။ ငါက ဟန်ရိုးရာအဝတ်အစား ယဉ်ကျေးမှုကိုလည်း အရမ်းစိတ်ဝင်စားတယ်။ ဟန်ရိုးရာအဝတ်အစား စက်ရုံတစ်ရုံမှာလည်း ရင်းနှီးမြုပ်နှံဖို့ စီစဉ်နေတော့ ဒီရိုးရာအဝတ်အစားနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ "
တရုတ်ရိုးရာအဝတ်အစားများ အကြောင်းပြောမည်ဟု ကြားသောအခါ ထိုကောင်မလေး၏ မျက်လုံးများ တောက်ပလာသည်။
" ဒါပေမယ့် တရုတ်ရိုးရာအဝတ်အစားတွေအကြောင်း ကျွန်မ သိပ်မသိဘူး။ ဒီအတိုင်း ကြည့်ကောင်းတယ် ထင်လို့ ဝယ်ပြီး ဝတ်လိုက်တာ "
တန်ဝမ်ရှန်းသည် ဉာဏ်များသူဖြစ်ကြောင်း သိနိုင်သည်။
သူသည် လက်ခုပ်တီးပြီး ပြောသည်။
" ရပါတယ်။ ဒါပေမဲ့ ငါက အသက်ကြီးပြီး မင်းတို့လို လူငယ်တွေရဲ့ အကြိုက်တွေအကြောင်းတော့ သိပ်မသိဘူး။ မင်းလို နုပျိုလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီကို လိုတယ် "
ထို့နောက် နှစ်ယောက်သား စကားစမြည်ပြောခဲ့ကြသည်။
ခဏအကြာတွင် တန်ဝမ်ရှန်းသည် ထိုမိန်းကလေး၏ အချက်အလက်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ထိုမိန်းကလေးမှာ ကျန်းကောတက္ကသိုလ်မှ ကျောင်းသား မိုရှောင်းယွီ ဖြစ်သည်။
သူမသည် နွေရာသီအားလပ်ရက်ကို သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့် ထွက်ခဲ့သည်။
ကျောင်းစဖွင့်တော့မည်ဖြစ်၍ သူတို့နှစ်ယောက် ကျောင်းပြန်တက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ယဲ့ဖန်သည် တန်ဝမ်ရှန်း၏ ကျွမ်းကျင်မှုကို အမှန်တကယ် ချီးကျူးချင်မိသည်။
ဒီလူက သေချာပေါက် အတွေ့အကြုံရှိတဲ့သူကြီးပဲ။
အဓိကမှာ ထိုမိန်းကလေးနှစ်ယောက်မှာလည်း သတိနည်းလွန်းသောကြောင့် ဖြစ်သည်။
ဟန်အဝတ်အစားများအကြောင်း စပြောလိုက်သည်နှင့် သူတို့သည် လိုက်လျောညီထွေ ဖြစ်သွားတော့သည်။
တန်ဝမ်ရှန်းသည် သူတို့နှင့် ခဏဆာ စကားစမြည်ပြောပြီးနောက် သူမခါးပေါ်မှ ကျောက်စိမ်းဆွဲသီးကို ရုတ်တရက် ရှာတွေ့သွားသလို သူ့မျက်လုံးများက တောက်ပသွားသည်။
" မင်းရဲ့ ဒီကျောက်စိမ်းဆွဲသီးက အရမ်းလှတာပဲ။ ပိုက်ဆံ အများကြီးတန်လောက်တယ် မဟုတ်လား။ မင်းမိသားစုရဲ့ အမွေခံပစ္စည်းများလား "
မိုရှောင်းယွီသည် သူ့မေးခွန်းကို ကြားသောအခါ သူမခါးပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို ချက်ချင်း ကောက်ကိုင်လိုက်သည်။
" ဒါကို မေးနေတာလား။ ဘယ်ကလမိသားစု အမွေခံပစ္စည်းလဲ။ ကျွန်မ ဒါကို မနေ့က ညဈေးမှာ ဝယ်ခဲ့တာ။ အဲ့တာက ယွမ် ၃၀၀ပဲ ရှိတယ် "
အနောက်၌ ထိုင်နေသော ယဲ့ဖန်သည် သူမ၏ ရှင်းပြချက်ကို ကြားပြီး စကားမပြောနိုင် ဖြစ်သွားသည်။
ဒီမိန်းကလေးရဲ့ကံက ကောင်းလွန်းတာပဲ။
သူမသည် ယွမ် သန်း၂၀ကျော်တန်သည့် ကျောက်စိမ်းဆွဲသီးကို ယွမ် ၃၀၀ကျော်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ဤမိန်းကလေး၌ ရတနာအမဲလိုက်သည့်စနစ် ရှိနေသည်ဟုပင် ယဲ့ဖန် သံသယဖြစ်ခဲ့သည်။
သူမ၏ ကံသည် ယဲ့ဖန်နီးပါး ကောင်းလှသည်။
" မင်းရဲ့ ကျောက်စိမ်းဆွဲသီးကို ငါ ကြည့်လို့ရမလား "
တန်ဝမ်ရှန်းသည် သိသာစွာ အံ့သြသွားသည်။
ထိုသို့ပြောပြီးနောက် သူ၏တောင်းဆိုမှုမှာ အနည်းငယ်များလွန်းသည်ဟု ခံစားရသဖြင့် အမြန်ဆက်ပြောသည်။
" ငါက လက်ဝတ်ရတနာလုပ်ငန်းမှာ ကျင်လည်တယ်။ အဲ့တော့ ကျောက်စိမ်းတွေကို တွေ့ရင် မတတ်နိုင်ဘဲ လေ့လာချင်မိတာ ...... "