အချီကြီးကောက်ရတာပဲ၊ သိရဲ့လား
Vol. 69 Ch. 1363
မိုရှောင်းယွီသည် တန်ဝမ်ရှန်းဖြင့် ပျော်ရွှင်စွာ စကားပြောနေခဲ့သည်။
ထိုဦးလေးကြီးမှာ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လေသည်။
ထို့ကြောင့် ကျောက်စိမ်းဆွဲသီးချိတ်ကို ဖြုတ်ပြီး သူ့ကို လှမ်းပေးလိုက်သည်။
တန်ဝမ်ရှန်းသည် ကျောက်စိမ်းချိတ်ကို ကိုင်လျက် ခဏကြာ ကြည့်နေခဲ့သည်။
ထို့နောက် ရုတ်တရက် အံ့ဩစွာ ကြည့်ပြီး ပြောလိုက်သည်။
" ရှောင်ယွီ၊ မင်း အချီကြီး ကောက်ရခဲ့တာကို မင်းသိရဲ့လား "
" အချီကြီး ကောက်ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ "
မိုရှောင်းယွီသည် ထိုကဲ့သို့စကားလုံးမျိုးကို ယခင်က မကြားဖူးသည်မှာ သိသာသည်။
ထို့ကြောင့် သူမ ကြောင်အသွားရတော့သည်။
" မင်းရဲ့ ဒီကျောက်စိမ်းက နောက်ခံကောင်းရှိတယ် "
တန်ဝမ်ရှန်းသည် တည်ကြည်စွာ ဆက်ပြောလေသည်။
" ဒီကျောက်ရဲ့ အရည်အသွေးနဲ့ ထွင်းထားပုံအရ အခု၁သန်းမှာ ၁ခုပဲ ရှိနိုင်တာ "
မိုရှောင်းယွီ၏ အချစ်ဆုံးသူငယ်ချင်းမှ ရုတ်တရက် မေးလိုက်သည်။
" ဒီကျောက်စိမ်းဆွဲသီးက ဘယ်လောက်တန်လဲ "
တန်ဝမ်ရှန်းသည် မဆိုင်းမတွ လက်သုံးချောင်းကို မြှောက်လိုက်သည်။
" အနည်းဆုံး ယွမ်၃သောင်း "
" ၃သောင်းလား "
ကောင်မလေးနှစ်ယောက်သည် တစ်ချိန်တည်း အော်ပြောလိုက်သည်။
သူတို့သည် စျေးနှုန်းကြောင့် သိသာစွာ တုန်လှုပ်သွားကြသည်။
" ရှောင်ယွီ၊ နင် ဒီတစ်ခါ တကယ် ပိုက်ဆံကောက်ရတာပဲ။ ယွမ် ၃၀၀နဲ့ ဝယ်ခဲ့ပေမယ့် နင် ၃သောင်းတောင် ပြန်ရမှာ။ နင် ငါ့ကို မုန့်ကျွေးရမယ်။ ငါ အကြီးကြီး စားမှာနော် "
သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် မိုရှောင်းယွီကို အားကျစွာ ချက်ချင်း ကြည့်လိုက်သည်။
မိုရှောင်းယွီ မယုံနိုင်သေးပေ။
သူမသည် တန်ဝမ်ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" လူကြီးမင်းတန်၊ ရှင် မှားမြင်နေတာများလား။ ဒါက ရိုးရိုး ကျောက်စိမ်းဆွဲသီးလေးပဲ မဟုတ်ဘူးလား "
တန်ဝမ်ရှန်း ပြုံးပြီး ပြောလေသည်။
" ငါက လက်ဝတ်ရတနာလုပ်ငန်းမှာ ကျင်လည်ပြီး ဒါမျိုး မခွဲနိုင်ရင် ရှက်စရာကောင်းမှာပေါ့ "
မိုရှောင်းယွီသည် ကျောက်စိမ်းဆွဲသီးကို ပြန်ယူပြီး အထပ်ထပ်အခါခါ ကြည့်နေသည်။
လှပစွာ ထွင်းထုထားသည်ဟု ထင်ရုံမှလွဲ၍ ယွမ်၃သောင်းတန်သည်ကို သူမ မမြင်နိုင်ပေ။
တန်ဝမ်ရှန်းသည် မျက်လုံးကို မှိတ်လိုက်ပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။
မိုရှောင်းယွီက သူ့ကို မော့ကြည့်လိုက်သည်။
" တန်လူကြီးမင်း၊ ဘာလို့ သက်ပြင်းချနေတာလဲ "
" အဲ့တာ ...... "
တန်ဝမ်ရှန်း တုံ့ဆိုင်းသွားသည်။
" ငါ့သမီးက ကျောက်စိမ်းဆွဲသီးကို အရမ်းကြိုက်တာ။ သင့်တော်တဲ့ကျောက်စိမ်းကို ရှာဖို့ တစ်နိုင်ငံလုံး ပတ်ခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ ငါ စိုးရိမ်တာက ..... သူမဆန္ဒကို မဖြည့်ဆည်းပေးနိုင်မှာပဲ "
မိုရှောင်းယွီသည် မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်သည်။
" ဒါက ကျောက်စိမ်းဆွဲသီးလေးပဲ မဟုတ်ဘူးလား။ တစ်တိုင်းပြည်လုံး ပတ်ရှာဖို့ လိုသေးလို့လား "
တန်ဝမ်ရှန်း ချက်ချင်း ခါးသီးစွာ ပြုံးလိုက်သည်။
" ကျောက်စိမ်းဆွဲသီးရှာရတာ လွယ်ပေမယ့် သင့်တော်တဲ့ တစ်မျိုးကိုတော့ ရှာရခက်တယ်။ နောက်ပြီး ငါ့သမီး ..... သူမမှာ သွေးကင်ဆာရှိနေတော့ အချိန်သိပ်မကျန်တော့ဘူး ....... "
ယဲ့ဖန် ချက်ချင်း မျက်လုံးလှန်လိုက်သည်။
ထိုကျောက်စိမ်းဆွဲသီးကို ရရန်အတွက် ထိုလူသည် သူ့သမီးကိုပင် သေတွင်းပို့နေခဲ့သည်။
ရက်စက်လိုက်တဲ့သူပဲ။
တန်ဝမ်ရှန်းသည် တစ်စုံတစ်ယောက်မှ သူ့ကို စောင့်ကြည့်နေမှန်း မသိပေ။
သူသည် ဆက်လက်၍ သနားစရာကောင်းစွာ ပြုမူခဲ့သည်။
" သူမရဲ့ နောက်ဆုံးဆန္ဒက ဒီလို ကျောက်စိမ်းဆွဲသီးကို သူမနဲ့အတူ မြှုပ်နှံပေးဖို့ပဲ။ အဖေတစ်ယောက်အနေနဲ့ သမီးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခွင့်တောင် မရနိုင်တော့ရင် ငါလည်း အသက်ရှင်နေတာ ဘာထူးတော့မှာလဲ "
သူသည် ပြောနေချိန် ချက်ချင်းပင် သူ့ကိုယ်သူ ပါးရိုက်လိုက်သည်။
သူသည် ပြင်းထန်စွာ ပါးရိုက်လိုက်သဖြင့် သူ့မျက်နှာပေါ်၌ လက်ဖဝါးရာ ချက်ချင်း ကျန်နေခဲ့တော့သည်။
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
ဒီလူကြီးက အဆုံးထိသွားနေတာပဲ။
" တန်လူကြီးမင်း၊ ဒီလို မလုပ်ပါနဲ့ "
မိုရှောင်းယွီသည် သူ၏လုပ်ရပ်ကြောင့် သိသာစွာ ထိတ်လန့်သွားသည်။
" လူကြီးမင်းရဲ့ သမီးအပေါ် ချစ်ခြင်းမေတ္တာကို ခံစားရပါတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီကျောက်စိမ်းဆွဲသီးကို လူကြီးမင်းကို ပေးလိုက်ပါ့မယ်။ လူကြီးမင်းရဲ့ သမီးအတွက် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
တန်ဝမ်ရှန်း၏ မျက်လုံးများသည် သူ့အကြံအစည် အောင်မြင်သွား၍ ပြုံးရောင်ထင်နေသည်။
မိုရှောင်းယွီသည် ကျောက်စိမ်းဆွဲသီးကို အလကားပေးရန် သဘောတူလိုက်သောကြောင့် တန်ဝမ်ရှန်းသည်လည်း ထိုကမ်းလှမ်းချက်ကို သေချာပေါက် သဘောတူလိမ့်မယ်ဟု ယဲ့ဖန် တွေးခဲ့သည်။
သို့သော် သူ မှားမှန်း သိလိုက်ရသည်။
တန်ဝမ်ရှန်းမှာ ချက်ချင်း ငြင်းလိုက်သည်။
" ရှောင်ယွီ၊ မင်းက ကြင်နာတတ်တဲ့ မိန်းကလေးမှန်း ငါသိပါတယ်။ ဒါပေမယ့် ဒီကျောက်စိမ်းဆွဲသီးကို အလကားယူလို့ မဖြစ်ဘူး "
မိုရှောင်းယွီ စိတ်လှုပ်ရှားသွားသည်။
" တန်လူကြီးမင်း၊ ဒီကျောက်စိမ်းဆွဲသီးက ကျွန်မအတွက် အလှဆင်တာလေးတင်ပါ။ ဒါပေမယ့် လူကြီးမင်းရဲ့သမီးအတွက် အရမ်းအရေးကြီးပါတယ်။ ငြင်းမနေပါနဲ့တော့ "
တန်ဝမ်ရှန်းသည် ဤမျှ မိုက်မဲသော မိန်းကလေးကို တစ်ခါမျှ မတွေ့ဖူးပေ။
သူသည် ဘာပြန်ပြောရမယ်မှန်း မသိ၍ အကြာကြီး စိုက်ကြည့်နေသည်။
" မင်းက အလကားပေးဖို့တောင် ဆန္ဒရှိနေတော့ ငါက ငြင်းလိုက်ရင် ဘယ်ကောင်းမလဲ။ ဒါဆိုရင်ရော ဘယ်လိုလဲ။ ဒီကျောက်စိမ်းဆွဲသီးကို ယွမ်၆သောင်းနဲ့ ဝယ်လိုက်မယ် "
သူသည် ခဏကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
မိုရှောင်းယွီသည် ထိုစကားကိုကြားသောအခါ သူမ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ဒီလို ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဒီကျောက်စိမ်းဆွဲသီးအတွက် ကျွန်မ စုစုပေါင်း ယွမ် ၃၀၀ပဲ သုံးခဲ့ရတာပါ။ ဒီလောက် ပိုက်ဆံအများကြီး ယူလို့ ဘယ်လိုလုပ်ဖြစ်မလဲ "
သို့သော်လည်း တန်ဝမ်ရှန်း၏ စိတ်သဘောထားသည် အလွန်ခိုင်မာနေသည်။
" မင်း ယွမ်၃၀၀ပဲ သုံးခဲ့တာ မင်း ကံကောင်းလို့ပါ။ ဒါကို ငါက အခွင့်ကောင်းယူလို့ မရဘူး။ မင်း ဒီပိုက်ဆံကို လက်မခံရင် ဒီကျောက်စိမ်းဆွဲသီးကို မလိုချင်တော့ဘူး "
မိုရှောင်းယွီသည် ဆွံ့အနေခဲ့သည်။
သူမသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
" ဒီကျောက်စိမ်းဆွဲသီးက ယွမ်၃သောင်း တန်တယ်လို့ ရှင် ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ကျွန်မကို ယွမ်၃သောင်းပဲ ပေးပါ "
သို့သော် တန်ဝမ်ရှန်းမှာ ခေါင်းခါနေဆဲ ဖြစ်သည်။
" မဖြစ်ဘူး "
မိုရှောင်းယွီ အံသြသွားသည်။
သူ ဘာဖြစ်ချင်သည်ကို သူမ နားမလည်ပေ။
တန်ဝမ်ရှန်းသည် ချက်ချင်းပင် ကျိုးကြောင်းဆီလျော်စွာ ရှင်းပြခဲ့သည်။
" ကျောက်စိမ်းဆွဲသီးက ယွမ်၃သောင်းပဲ ရှိနိုင်ပေမယ့် မင်းရဲ့ရိုးသားမှုက အဖိုးမဖြတ်နိုင်ဘူး။ ငါမင်းကို ယွမ်၃သောင်း အပိုပေးပြီး မင်းကို အခွင့်ကောင်းယူနေတာပါဂ"
မိုရှောင်းယွီမှ တစ်ခုခု ပြောတော့မည့်အချိန် တန်ဝမ်ရှန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကောင်းပြီ၊ ဒါဆို ပြေလည်သွားပြီ။ မင်း ယွမ်၆သောင်းကို မလိုချင်ရင် ကျောက်စိမ်းဆွဲသီးကို ပြန်ယူလိုက် "
အနီးနားရှိ ခရီးသည်များ အားလုံးသည် သူတို့နှစ်ယောက်ကို ပြုံးပြီး ကြည့်နေကြသည်။
ဤသို့ စိတ်ဝင်စားစရာကောင်းသော လူနှစ်ယောက်နှင့် တွေ့ရမည်ဟု မမျှော်လင့်ထားပေ။
ရောင်းသူသည် စျေးနှုန်းကို လျှော့ချရန် ကြိုးစားနေချိန်တွင် ဝယ်သူသည် စျေးနှုန်းကို မြှင့်ရန် ကြိုးစားနေသည်။
ဤလူနှစ်ယောက်၏ ကြင်နာမှုကြောင့် လူတိုင်း ရင်ထဲထိမိသွားသည်။
" ကမ္ဘာကြီးမှာ ဒီလိုမျိုးလူတွေ ပိုများနေမယ်ဆိုရင် အံ့သြစရာဖြစ်နေမှာပဲ "
" ဟုတ်တယ်၊ ဒီလိုနှိမ့်ချမှုမျိုးက ငါတို့လူမျိုးရဲ့ ရိုးရာဓလေ့တစ်ခုပဲ။ ဒါပေမယ့် အခုခေတ်မှာ မြင်ရတာ ရှားနေပြီ "
" ဒီနေ့ ခရီးက အရမ်းတန်တာပဲ။ တစ်ယောက်ကို တစ်ယောက် သနားပြီး စိတ်ကောင်းရှိတဲ့ လူနှစ်ယောက်ကို တွေ့ရတယ်။ ဒါက ပျော်စရာကောင်းတဲ့ ခရီးစဉ်ပဲ "
" ဒီဦးလေးက ကြင်နာတတ်တယ်လို့ ထင်တယ်။ လူဆိုးတစ်ယောက်ဆိုရင် ဒီမိန်းကလေးရဲ့ ကျောက်စိမ်းဆွဲသီးကို လိမ်ယူဖို့ပဲ သေချာပေါက် စဉ်းစားမှာ "
" ဟုတ်တယ်။ ဒီကျောက်စိမ်းဆွဲသီးက အများကြီးတန်ဖိုးရှိမှန်း ဒီမိန်းကလေးတောင် မသိဘူး။ တကယ်ဆို သူက ယွမ်၃၀၀ပဲ ပေးပြီး ဝယ်လို့ရနေပြီ။ ဒါပေမယ့် သူက ရိုးသားတယ်။ တကယ့်လူကောင်းပဲ "
" သူ့သမီးမှာ ဒီလိုအဖေရှိတော့ သူမမှာ အချိန်သိပ်မကျန်ရင်တောင် အရမ်းပျော်နေလောက်တယ် "
လူတိုင်းသည် တန်ဝမ်ရှန်း၏ အပြုအမူကို ချီးကျူးကြသည်။
သူသည် အမျိုးသားကောင်းဟု သူတို့ ထင်ကြေးပေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် တန်ဝမ်ရှန်း၏ ဟန်ဆောင်ကြောင့် ရယ်နေခဲ့ပြီး အထူးသဖြင့် လူအုပ်ကြီးထံမှ ချီးမွမ်းသံများကို ကြားသောအခါ သူသည် မတားနိုင်လောက်အောင် ပို၍ ရယ်မောနေခဲ့သည်။
သို့သော် တန်ဝမ်ရှန်း၏ သရုပ်ဆောင်စွမ်းရည်ကို သူ ချီးကျူးရမည် ဖြစ်သည်။
သူသည် အခြားသူစီမှ အကျိုးအမြတ်ကို ရယူခဲ့ပြီး သူ့ကိုပင် ကျေးဇူးတင်အောင် လုပ်နိုင်ခဲ့သည်။
ကျွမ်းကျင်သူပဲ၊ သူက တကယ်ကို ကျွမ်းကျင်သူပဲ။
ရှုကျင်းရှင်းသည် ယဲ့ဖန်ကို အထင်သေးစွာ စိုက်ကြည့်နေသည်။
" ဘာရယ်တာလဲ။ ဒီလူနှစ်ယောက်က အရမ်းသဘောကောင်းတာကို ရှင်က ရယ်နေသေးတာလား "
ယဲ့ဖန် သူမကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်လိုက်သည်။
" အသွင်အပြင်ကြောင့် လှည့်စားမခံနဲ့။ မြင်ရတဲ့ အရာတိုင်းက အစစ်အမှန်မဟုတ်ဘူး။ အတွင်းကို မြင်နိုင်ဖို့ အပေါ်ယံကို ဖောက်မြင်နိုင်တဲ့ မျက်လုံးရှိဖို့ လိုတယ် "
ရှုကျင်းရှင်းသည် သူ့စကားကို အလွန်မကျေမနပ် ဖြစ်သွားသည်။
" ဟွန့်၊ ရှင်က မကောင်းတဲ့ အင်အားတွေပြည့်နေတော့ လောကကြီးရဲ့ အလှတရားကို မမြင်နိုင်တာလေ "
" ဒါဆို ဒီအပေါ်ယံကို စုတ်ဖြဲပြီး မင်းကို တကယ့်လောကကြီးကို ပြပေးမယ် "