← Chapters

ဒါဆို ဒီလူက ယုတ်မာတဲ့လူလား

Vol. 69 Ch. 1365

ဒါဆို ဒီလူက ယုတ်မာတဲ့လူလား

Vol. 69 Ch. 1365

ယဲ့ဖန်၏ အကြည့်သည် လူအုပ်ကြီးကို ဖြတ်သွားသည်။

" ဘာလို့လဲဆိုတော့ အဖြေတစ်ခုပဲ ရှိတယ်။ သူ့ဖုန်းထဲမှာ သူ့သမီးပုံ မရှိလို့ပဲ။ ဒါမှမဟုတ် သမီးလုံးဝမရှိတာ ဖြစ်မယ် "

ရထားခန်းထဲရှိ လူများ၏ ဆွေးနွေးသံများမှာ ပိုကျယ်လာတော့သည်။

ထိုအတွေးကို မည်သူမှ မတွေးခဲ့သည်မှာ သိသာလေသည်။

တန်ဝမ်ရှန်း၏ သရုပ်ဆောင်ချက်မှာ ကောင်းလွန်း၍ သူ၏စကားကို မည်သူမှ သံသယမဝင်ခဲ့ပေ။

မိုရှောင်းယွီသည်ပင် တန်ဝမ်ရှန်းကို သံသယရှိစွာ ကြည့်လေသည်။

" တန်လူကြီးမင်း၊ ရှင် ..... "

" ရှောင်းယွီ၊ ဒီကလေးပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့ "

တန်ဝမ်ရှန်း ထိတ်လန့်သွားသည်။

" ငါ့မှာ တကယ် သမီးတစ်ယောက်ရှိတယ်။ သူမက သွေးကင်ဆာ တကယ် ဖြစ်နေတာ။ ငါလိမ်ရင် ငါ အသေဆိုးနဲ့ သေပါစေ "

မိုရှောင်းယွီသည် စိတ်ယိမ်းယိုင်နေပြီ ဖြစ်သော်လည်း တန်လူကြီးမင်း၏ ကျိန်ဆိုသံကို ကြားသောအခါ သူမသည် သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ပြန်သည်။

နှိုင်းယှဉ်ကြည့်ပါက တန်ဝမ်ရှန်းသည် ရန်လိုနေသော ယဲ့ဖန်ထက် ပို၍ယုံကြည်စိတ်ချရသည်။

" အပြောပဲ လုပ်မနေနဲ့။ ခင်ဗျားသမီးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြီး ပြလိုက် "

ယဲ့ဖန်သည် ထိုလူ ခုခံနေသေးသည်ကို မြင်ပြီး ထပ်တိုက်ခိုက်လိုက်ပြန်သည်။

" ငါ ..... ငါ့ဖုန်းထဲမှာ ငါ့သမီးဓာတ်ပုံတွေ မရှိဘူး "

တန်ဝမ်ရှန်း ချက်ချင်း အဖြေပေးလိုက်သည်။

" ဟား၊ အဖေတစ်ယောက်အနေနဲ့ ဖုန်းထဲမှာ ကိုယ့်သမီးရဲ့ ဓာတ်ပုံတောင် မရှိဘူးလား။ ဒါကို ဘယ်သူက ယုံမှာလဲ "

တန်ဝမ်ရှန်း၏ မျက်နှာဖုံးကို ခွာချလာနိုင်သည်နှင့်အမျှ ယဲ့ဖန်၏ အသံသည် ပို၍ ပြတ်သားလာသည်။

သူ ထိုသို့ ပြောပြီးသည်နှင့် လူအတော်အများမှာ ယဲ့ဖန်ဘက်ကို ရွေးချယ်ကြသည်။

တန်ဝမ်ရှန်း၏ အမူအရာမှာ အလွန်မူမမှန်ဖြစ်နေသည်။

အဖေတစ်ယောက်ရဲ့ ဖုန်းထဲမှာ ဘယ်လိုလုပ် သူ့သမီးရဲ့ဓာတ်ပုံတောင် မရှိရတာလဲ။

အနည်းဆုံးတော့ မိသားစုပုံ ရှိသင့်တယ်။

" ဘာလို့လဲဆိုတော့ ..... ငါ့သမီးက ကီမိုကုထုံးကြောင့် ဆံပင်တွေ အကုန်ကျွတ်သွားတယ်။ သူမက အရမ်းရုပ်ဆိုးတယ်လို့ ခံစားရတာကြောင့် ဓာတ်ပုံမရိုက်ခိုင်းဘူး "

တန်ဝမ်ရှန်းသည် စိုးရိမ်စိတ်ဖြင့် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်သည်။

သို့သော် မိုရှောင်းယွီသည် ချက်ချင်းပင် သူ့ကို ယုံကြည်သွားသည်။

သူမ အမြန် ခေါင်းညိတ်လိုက်သည်။

" နားလည်ပါတယ်။ မိန်းကလေးတွေက အလှကို အကြိုက်ဆုံးပဲ။ ဘယ်သူ့ကိုမှ ရုပ်ဆိုးတာ မမြင်စေချင်ဘူး "

ယဲ့ဖန်သည် သူမခေါင်းကိုဖွင့်ပြီး အတွင်းထဲ၌ ဘာတွေ ရှိလဲဆိုသည်ကို သိချင်မိသည်။

ဒါမှမဟုတ် ဒီလို အပေါစားအလိမ်အညာတွေကို ယုံကြည်တဲ့ ဦးနှောက်မျိုး သပ်သပ်ရှိတာလား။

" ခင်ဗျားသမီး ဖျားပြီးတဲ့ ဓာတ်ပုံတစ်ပုံမှ မရှိဘူးဆိုရင်တောင် အရင်တုန်းကပုံတွေ မရှိဘူးလို့ မပြောနဲ့ "

သူသည် တန်ဝမ်ရှန်းကို ဆက်လက်ပစ်မှတ်ထားခဲ့သည်။

တန်ဝမ်ရှန်းသည် ချွေးအေးများ ထွက်နေပြီဖြစ်သည်။

သူသည် ပြန်လည် မတိုက်ခိုက်နိုင်နေသည်မှာ သိသာလေသည်။

ထိုအချိန် မိုရှောင်းယွီမှ သူ့အတွက် ထပ်ပြီးပြောလာပြန်သည်။

" ဘာလို့ ဓာတ်ပုံကိုပဲ ဆက်တိုက် ပြောနေတာလဲ။ သူ ဖုန်းပြောင်းလိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် သူ့ဖုန်းထဲမှာ ဓာတ်ပုံတွေ သိမ်းရတာ မကြိုက်တာလည်း ဖြစ်နိုင်တာပဲ။ အဲ့တာ ပြဿနာရှိလို့လား "

ထို့နောက် သူမသည် ယဲ့ဖန်ကို လျစ်လျူရှုပြီး တန်ဝမ်ရှန်းဘက်ကို ထပ်လှည့်လိုက်သည်။

" ဦးလေးတန်၊ သူ့စကားကို နားမထောင်နဲ့။ ဒီကျောက်စိမ်းဆွဲသီးကို ရောင်းလိုက်ပါ့မယ်။ သူ ဘယ်လောက်ပဲ ကမ်းလှမ်းပါစေ ကျွန်မ ရောင်းမှာ မဟုတ်ဘူး "

တန်ဝမ်ရှန်းသည် ရယ်ချင်သည်ကို ထိန်းရ၍ မူးလဲမတတ်ပင် ဖြစ်နေသည်။

သူသည် ယခင်က လူမိုက်များကို မြင်ဖူးသော်လည်း ဤမျှလောက် မိုက်မဲသည့်လူကို မတွေ့ဖူးပေ။

သူ့ကိုယ်သူ ဖော်ထုတ်မိပြီးပြီ ဖြစ်သော်လည်း ထိုမိန်းကလေးက သူ့ကို ယုံကြည်နေဆဲဖြစ်သည်။

သူမသည် အလွန်မိုက်မဲလေသည်။

သူ့အကြိုက်ပဲ။

ယဲ့ဖန်သည် ထိုဦးနှောက်မရှိသော ကောင်မလေးကြောင့် ပြောစရာ စကားမဲ့နေသည်။

ဤကျောက်စိမ်းသည် စနစ်၏ တာဝန်အတွက် မဟုတ်ပါက စိတ်ထဲထားမည် မဟုတ်ပေ။

မိုရှောင်းယွီသည် ကျောက်စိမ်းဆွဲသီးကို တန်ဝမ်ရှန်းစီသို့ ပေးလိုက်တော့မည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန် ရွေးစရာမရှိပဲ ထပ်ပြောလိုက်တော့သည်။

" ဒီကျောက်စိမ်းဆွဲသီးအတွက် ၅သန်း ပေးမယ်လို့ ပြောရင် မရောင်းဘဲနေမှာလား"

ထိုစကားကို ပြောပြီးနောက် ရထားပေါ်၌ ချက်ချင်း ပွက်လောရိုက်သွားသည်။

လူတိုင်း သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။

သူတို့၏ နားကိုပင် မယုံနိုင်ပေ။

" ငါ ..... ငါ နားကြား မှားသွားတာလား။ ဒီလူငယ်လေးက ဒီကျောက်စိမ်းဆွဲသီးအတွက် ၅သန်း ပေးဖို့ ဆန္ဒရှိနေတာလား။ ဒါက ဘာဖြစ်တာလဲ "

" ဒီကျောက်စိမ်းဆွဲသီးက ယွမ်၃သောင်းပဲ တန်တယ်မဟုတ်လား။ သူက ဘာလို့ ၅သန်း ပေးချင်ရတာလဲ "

" ၅သန်းတဲ့လား။ ဘုရားရေ၊ ဒါက ထီပေါက်တာပဲ "

" ဒီကျောက်စိမ်းဆွဲသီးကို ဝယ်ဖို့ ယွမ်၃၀၀ပဲ သုံးလိုက်ရတယ်လို့ ဒီမိန်းကလေးစီက ကြားထားတယ်။ သူမ တကယ် ယွမ် ၅သန်းနဲ့ ရောင်းနိုင်ရင် နေ့ချင်းညချင်း ချမ်းသာလာမှာ "

" ဒီလူငယ်က နောက်နေတာလား။ ဒီဟာသကတော့ နည်းနည်း လွန်လွန်းတယ် ....... "

သူတို့သာမက မိုရှောင်းယွီ ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့သည်။

" ရှင် .... ရှင် ဘာပြောလိုက်တာလဲ။ ၅ ..... ၅သန်းလား "

သူမ၏ မိသားစုသည် ချမ်းသာသည်ဟု ယူဆနိုင်သော်လည်း သူတို့သည် လူလတ်တန်းစား မိသားစုတစ်ခုမျှသာ ဖြစ်သည်။

သူမမိသားစု တစ်ခုလုံးပေါင်းလျှင်ပင် ယွမ် ၅သန်းပင် မပြည့်နိုင်ပေ။

ယခုအခါ ယဲ့ဖန်သည် သူမ၏ ကျောက်စိမ်းဆွဲသီးကို ဝယ်ယူရန် ၅သန်း ပေးမည်ဟု ဆိုလေသည်။

ထိုသည်မှာ သူမ မခန့်မှန်းထားသော ပမာဏဖြစ်သည်။

တန်ဝမ်ရှန်းမှာတော့ သူ့အမူအရာမှာ အလွန်အကျည်းတန်လာသည်။

ယခုအခါ ထိုကလေးသည် ဤကျောက်စိမ်းဆွဲသီး၏ တန်ဖိုးအစစ်အမှန်ကို သိပြီးကြောင်း ကောက်ချက်ချနိုင်သည်။

အလကားရနိုင်တော့မည် မဟုတ်ပေ။

ယဲ့ဖန်သည် မိုရှောင်းယွီကို ကြည့်လိုက်သည်။

" ဟုတ်တယ်၊ ဒါက တရုတ်ယွမ် ၅ သန်းပေးမှာ။ သဘောတူရင် မင်းဆီ ချက်ချင်း လွှဲပေးမယ် "

မိုရှောင်းယွီ ဘာမှမပြောနိုင်ခင်မှာပင် သူမဘေးနားရှိ သူမ၏ အချစ်ဆုံးသူငယ်ချင်းမှာ စိတ်လှုပ်ရှားနေပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင် ဖြစ်နေသည်။

သူမသည် မိုရှောင်းယွီ၏ အဝတ်အစားများကို အမြန်ဆွဲပြီး ပြောလိုက်သည်။

" ရှောင်းယွီ၊ မြန်မြန် သူ့တောင်းဆိုချက်ကို သဘောတူလိုက်။ ဒါက ယွမ် ၅ သန်းတောင်လေ။ နင် ချမ်းသာပြီး လွတ်လပ်လာလိမ့်မယ် "

မိုရှောင်းယွီသည် ကြောင်အနေသေးသည်။

သူမသည် မသိစိတ်မှ သဘောတူချင်သော်လည်း တန်ဝမ်ရှန်းကို ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။

အခုမှ သူမစကားကို ပြန်ပြောင်းရင် မကောင်းဘူး မဟုတ်လား။

ဤကျောက်စိမ်းဆွဲသီးမှာ ပိုက်ဆံ မည်မျှတန်ဖိုးရှိသည်ကို သူမ နားမလည်နိုင်သေးပေ။

သူမ တုံ့ဆိုင်းနေသည်ကို မြင်ပြီး တန်ဝမ်ရှန်း စိတ်မရှည်တော့ပေ။

" ရှောင်းယွီ၊ မင်းငါ့ကို ကတိပေးထားတာ။ အခု မင်းစကားကို ပြန်ပြောင်းမှာလား "

" ကျွန်မ .... ကျွန်မ မသိဘူး "

မိုရှောင်းယွီသည် ချက်ချင်းပင် သဘောထားကွဲလွဲလာသည်။

တစ်ဖက်တွင် ကတိတစ်ခုဖြစ်နေပြီး ကျန်တစ်ဖက်မှာ စိတ်ကူးပင် မယဉ်နိုင်သော ငွေပမာဏ ဖြစ်သည်။

မည်သို့သော ရွေးချယ်မှုပင်ဖြစ်စေ သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

ယဲ့ဖန် ထပ်ပြောပြန်သည်။

" မိန်းကလေးမို၊ မင်း ဒါကို သေချာစဉ်းစားနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ဒီ၅သန်းနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်။ ခရီးသွားရတာ မကြိုက်ဘူးလား။ ၅သန်းဆို ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးသွားဖို့ လုံလောက်တယ် "

မိုရှောင်ယွီသည် ပို၍ပင် တုန်လှုပ်သွားသည်။

ယဲ့ဖန်သည် သူမ၏ အကြီးမားဆုံးဆန္ဒကို မပြောဘဲ သိနေခဲ့သည်။

ဤ ယွမ်ငွေ၅သန်းနှင့် ကမ္ဘာပတ်ရန် လုံလောက်လေသည်။

သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် သည်းမခံနိုင်တော့ဘဲ ကျောက်စိမ်းဆွဲသီးကို သူမလက်ထဲမှ လုယူသွားသည်။

" ဘာတွေ တွေးစရာရှိလို့လဲ။ အမြင့်ဆုံးလေလံဆွဲတဲ့သူက ရလိမ့်မယ်။ ရှင် ၅သန်းပေးတာနဲ့ ဒီကျောက်စိမ်းဆွဲသီးကို ရှင် ပိုင်တယ် "

ယဲ့ဖန်သည် ချက်ချင်းပင် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး သူမစီသို့ ငွေလွှဲပေးရန် ပြင်ဆင်လိုက်သည်။

မိုရှောင်းယွီသည် ဘာမှပြန်မပြောသလို သူမကိုလည်း မတားပေ။

သူမ အချစ်ဆုံးသူငယ်ချင်း၏ လုပ်ရပ်များကို တိတ်တဆိတ် သဘောတူနေသည်မှယ ထင်ရှားလေသည်။

" ဒီကျောက်စိမ်းဆွဲသီးကို ၆သန်း ပေးမယ် "

တန်ဝမ်ရှန်း အမြန်အော်လိုက်သည်။

ထိုစကားကို ပြောပြီးသည်နှင့် ရထားတွဲထဲ၌ ဆွေးနွေးသံများ ပိုညံလာခဲ့သည်။

" ဘာဖြစ်တာလဲ၊ တန်လူကြီးမင်းက ဘာလို့ စျေးတက်ပေးတာလဲ။ ပြီးတော့ သူက အဲ့ဒီလူငယ်လေးထက်တောင် တစ်သန်း ပိုထည့်ပေးသေးတယ် "

" ခုနက ၆သောင်း ပေးဖို့ ဆန္ဒရှိနေတာ မဟုတ်ဘူးလား။ ဘာလို့ အခုကျ ၆သန်းအထိ တိုးလာတာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး "

" ဒါကို မင်း နားမလည်ဘူးလား။ ဒီတန်ဆိုတဲ့လူက ၆သန်း ပေးမယ်ဆိုမှတော့ သူက ကျောက်စိမ်းသီးရဲ့ တန်ဖိုးကို သိထားပြီးသားပဲ။ သူက ကလေးမလေးကို လှည့်စားချင်တာ "

" အမလေး ဘုရားရေ၊ ဒါဆို ဒီတန်လူကြီးမင်းဆိုတဲ့သူက အဆိုးဆုံးဖြစ်နေတာလား။ တကယ်ကျ သူက ငါတို့အားလုံးကို လှည့်စားခဲ့တာပဲ "

All Chapters