← Chapters

ထပ်ထည့်ချင်သေးတာလား။ အဆုံးထိ အဖော်ပြုပေးမယ်

Vol. 69 Ch. 1366

ထပ်ထည့်ချင်သေးတာလား။ အဆုံးထိ အဖော်ပြုပေးမယ်

Vol. 69 Ch. 1366

" လူတိုင်းတော့ မဟုတ်ဘူး။ ဒီလူငယ်လေးက သူ့ကြောင့် အလှည့်စားမခံလိုက်ရဘူးလေ။ မဟုတ်ရင် သူက သူ့ကို မတားဘဲနေမှာပေါ့ "

" ဒါဆို ငါတို့က ဒီလူငယ်လေးကို အထင်မှားမိတာလား။ ဒီလူငယ်လေးက တကယ့်လူကောင်းပဲ။ ကမ္ဘာကြီးက တကယ်ရှုပ်ထွေးတာပဲ "

" ငါ ဒီလူကြီးမင်းတန်ကို အခုနက ယုံမိသေးတာ။ ဒီလောက်ဆိုးတဲ့သူဖြစ်မယ်လို့ မထင်ထားဘူး "

" ထွီ "

ထိုအခါမှ လူတိုင်း အသိကပ်လာတော့သည်။

သူတို့အား မျောက်လို လှည့်စားခံရသည်ကို သိသွားတော့သည်။

ရှုကျင်းရှင်းသည်ပင် ကြောင်အသွားတော့သည်။

တန်ဝမ်ရှန်းနှင့် မိုရှောင်းယွီတို့၏ ကြင်နာတတ်ပုံမှာ လှပသည့်မြင်ကွင်းဟု သူမ ထင်ခဲ့သည်။

ဤသို့ လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု မထင်ထားပေ။

ကြင်နာတတ်သော တန်လူကြီးမင်းမှာ အမှန်တကယ်၌ ကောက်ကျစ်သော မြေခွေးအိုကြီး ဖြစ်နေခဲ့သည်။

ထိုလူကြီးကို အားလုံးက မြှောက်ပင့်နေခဲ့သော်လည်း သူသည် သူတို့အားလုံးကို လှည့်စားခဲ့သည်။

ယဲ့ဖန်မှ သူတို့ကို အလင်းမပြခဲ့ပါလျှင် သူတို့သည် အမှောင်ထဲ၌ ပိတ်မိနေမည်ဖြစ်သည်။

ရှုကျင်းရှင်း ချက်ချင်း သူမကိုယ်သူမ အပြစ်တင်မိသည်။

ယဲ့ဖန်သည် မကောင်းသောစွမ်းအင်များဖြင့် ပြည့်နေသည်ဟု သူမ အပြစ်တင်ခဲ့မိသည်။

သို့သော် ယဲ့ဖန် မှန်နေသည်ကို သက်သေပြနိုင်ခဲ့သည်။

ကမ္ဘာကြီးသည် သူမ ထင်ထားသည်ထက် တကယ်ပင် ပို၍ ရှုပ်ထွေးလေသည်။

မိုရှောင်းယွီမှာတော့ သူမ၏ လောကကြီးအပေါ် အမြင်များ ပြိုလဲသွားသလို ခံစားရသည်။

သူမသည် တန်ဝမ်ရှန်းအပေါ် အစောက အလွန်ပင် ယုံကြည်ခဲ့ပြီး သူ၏ သမီးအပေါ် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကြောင့် သူမ ရင်ထဲထိမိခဲ့သည်။

သို့သော် နောက်ဆုံး၌ ဤအရာများ အားလုံးသည် အလိမ်အညာသာဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့သည်။

သူမသည် တစ်ဖက်သူ၏ ပန်းလိုစကားများကြောင့် အရူးလုပ်ခံရသည်။

ရောင်းစားခံရပြီး ငွေရေပေးသည့် လုပ်ရပ်မျိုး ဖြစ်လေသည်။

သူမသည် မျှော်လင့်ချက်မရှိအောင် မိုက်မဲသည်ဟု ယဲ့ဖန်ပြောသည်မှာ မှန်သည်ဟုပင် သူမ ရုတ်တရက် ခံစားလိုက်ရသည်။

" ရှင် ကျွန်မကို ဘာလို့လိမ်တာလဲ "

သူမသည် အရှင်လတ်လတ် စားပစ်ချင်သလို တန်ဝမ်ရှန်းကို စိုက်ကြည့်နေသည်။

" ငါက အမှိုက်ကို ကောက်ပေးနေတာ "

တန်ဝမ်ရှန်းမှ ပေါ်တင်ပြောလေသည်။

" မင်း တောင် ဒီဟာကို ယွမ် ၃၀၀နဲ့ ဝယ်နိုင်သေးရင် ငါက ဘာလို့ ယွမ် ၆၀၀၀၀နဲ့ မဝယ်နိုင်ရမှာလဲ။ ငါ မင်းကို ယွမ် ၆သောင်း ပေးလိုက်တာတောင် အရမ်းသဘောကောင်းနေပြီ။ စိတ်ထားမကောင်းတဲ့သူဆို မင်းကို တစ်ပြားမှတောင် ပေးမှာ မဟုတ်ဘူး "

ယဲ့ဖန် ထိုအချက်ကိုတော့ သဘောတူလေသည်။

တန်ဝမ်ရှန်းသည် အလကားတော့ မယူခဲ့ပေ။

အကယ်၍သာ စိတ်ထားမည်းနက်သူဖြစ်ပါက သူမကို တစ်ပြားတစ်ချပ်မျှ မပေးဘဲ သူမ၏ ကျောက်စိမ်းဆွဲသီးကို လှည့်စားကာ ယူသွားမည် ဖြစ်သည်။

အဆုံး၌ သူမပင် ငွေပြန်ပေးလိုက်ရနိုင်သည်။

မိုရှောင်းယွီသည် ဒေါသကြောင့် တုန်ရီနေပြီ ဖြစ်သည်။

ဤအဖြစ်အပျက်သည် သူမအတွက် အလွန်ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်မှာ ထင်ရှားလေသည်။

သူမ၏ လောကကြီးပေါ်အမြင်ကို ပြန်လည်တည်ဆောက်ရန် အချိန်အတော်ကြာပေလိမ့်မည်။

တန်ဝမ်ရှန်းသည် သူမကို နောက်တစ်ကြိမ် မကြည့်တော့ဘဲ ယဲ့ဖန်ကို ဒေါသတကြီး ကြည့်နေသည်။

" ငါ ၆ သန်းနဲ့ လေလံဆွဲပြီးပြီ။ မင်း ဈေးမြှင့်ချင်သေးလား။ မင်း ဈေးပိုမပေးရင် ဒီကျောက်စိမ်းဆွဲသီးက ငါ့အပိုင်ပဲ "

ယဲ့ဖန်သည် ကျောက်စိမ်းကို ငုံ့ကြည့်လိုက်သည်။

" ၇ သန်း "

" ဟား ..... "

ရထားပေါ်ရှိ ခရီးသည်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" ဈေးက တကယ်ပဲ တိုးလာသေးတာလား။ ဒီကျောက်စိမ်းဆွဲသီးက ဘယ်လောက်တောင် တန်ဖိုးရှိတာလဲ "

" ဒီနှစ်ယောက်က အရမ်းချမ်းသာတာမဟုတ်ဘူးလား။ သူတို့ပိုက်ဆံတွေက လေထဲက လာတာလား "

" အမေ၊ ငါ့မျက်လုံးတွေနဲ့ ပိုက်ဆံကို အညစ်အကြေးလို သုံးတဲ့ မြင်ကွင်းကို ငါမြင်လိုက်ရပြီ "

" အရမ်းချမ်းသာရင် ဘာလို့ အမြန်ရထားကို ဘာလို့ စီးနေသေးလဲ။ ကိုယ်ပိုင်ဂျက်လေယာဉ် ဝယ်လိုက်ပါလား "

" ၇ သန်း မပြောနဲ့။ ငါ့ကို ၁ သန်းလောက်ပေးရင်တောင် ဒူးထောက်ပြီး သူတို့ကို အဘိုးလို့ ခေါ်မယ် ...... "

အမြန်ရထားစီးနိုင်သူ အများစုသည် အမှန်တကယ်ပင် မချမ်းသာကြသူများ ဖြစ်သည်။

သူတို့အမြင်၌ ယဲ့ဖန်နှင့် တန်ဝမ်ရှန်း ကဲ့သို့ သူဌေးကြီးများမှာ တကယ် ရှားပါးတိရစ္ဆာန်များ ဖြစ်ကြသည်။

ယဲ့ဖန်မှ နောက်ထပ် ယွမ်တစ်သန်း ထပ်ထည့်လိုက်သည်ကို ကြားသောအခါ တန်ဝမ်ရှန်း၏ ပါးပြင်များ တုန်လှုပ်သွားသည်။

" ကောင်လေး၊ မင်း ငါ့ကို သေတဲ့အထိ တိုက်ခိုက်ချင်နေတာလား။ ကောင်းပြီလေ။ အဲ့တာဆို ၈သန်း "

လူတိုင်း အသက်ရှုကြပ်လာပြန်သည်။

သူတို့နှစ်ယောက်သည် ၁သန်းကို တိုးအော်နေကြသည်မှာ သူတို့ကိုပင် ၁ သန်းမှာ ကြီးကြီးမားမား မဟုတ်သည်ဟု ခံစားလာရစေသည်။

" ၁၀သန်း "

ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် ၁သန်း တိုးရမည်ကို ပျင်းလွန်းလှသည်။

သူသည် တန်း၍ ၂ သန်းတိုးလိုက်သည်။

ရှိသမျှလူတိုင်း ဦးရေပြား ထုံနေပြီဖြစ်သည်။

ကျောက်စိမ်းဆွဲသီးကို လူတိုင်း စိုက်ကြည့်နေကြသည်။

ဒါက ဘယ်လိုမှော်ရတနာမျိုးမလို့လဲ။

တကယ်ပဲ ဒီလောက်တောင် တန်တာလား။

ဤပမာဏဖြင့် ပထမတန်းစား မြို့ကြီး၌ အိမ်ကြီးတစ်လုံးပင် ဝယ်လို့ရသည်။

တန်ဝမ်ရှန်း၏ အသက်ရှူသံမှာ မြန်လာသည်။

ဤစျေးနှုန်းသည် သူ၏ ကန့်သတ်ချက်ကို စိန်ခေါ်ပြီး ဖြစ်သည်။

ဤကျောက်စိမ်းဆွဲသီး၏ တန်ဖိုးမှာ ထိုသည်ထက် အများကြီးပိုနေသည်ကို သူ သိသော်လည်း လက်ရှိ၌ ထိုမျှများသော ပိုက်ဆံမရှာနိုင်သေးချေ။

သူသည် ယဲ့ဖန်ကို ကိုက်စားချင်နေသည့် ဘီလူးတစ်ကောင်လို မျက်လုံးနီများနှင့် စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေသေးသည်။

" မင်းက ထပ်ထည့်ချင်သေးတာလား။ ငါမင်းကို အဆုံးထိ လိုက်ပို့ပေးမယ် "

" ၁၂ သန်းပေးမယ် "

တန်ဝမ်ရှန်းသည် သူ၏ လက်ဝတ်ရတနာဆိုင်နှစ်ဆိုင်ကို ပေါင်နှံပြီး ဘဏ်မှ ယွမ်သန်းအနည်းငယ် ချေးနိုင်မည်ဟု ခံစားရလေသည်။

ထိုကျောက်စိမ်းဆွဲသီးအား အောင်မြင်စွာ ရနိုင်ပါက အရာအားလုံးကို ပြန်ရနိုင်မည် ဖြစ်သည်။

" ၁၅ သန်း "

ယဲ့ဖန်သည် တွန့်ဆုတ်မနေချေ။

သူသည် နောက်ထပ် ၃သန်း ထပ်ထည့်လိုက်သည်။

သူ့အတွက် ဤကျောက်စိမ်းဆွဲသီး၏ တန်ဖိုးမှာ အရေးမကြီးပေ။

အဓိကမှာ စနစ်မှပေးမည့် ဆုလာဘ်ပင် ဖြစ်သည်။

ယခင်အဖြစ်အပျက်များအရ စနစ်၏ ဆုကြေးငွေသည် သန်း ၂၀မျှ မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် ဤကျောက်စိမ်းဆွဲသီး၏ တန်ဖိုးအမှန်ဖြစ်သည့် အဆမတန်များသော သန်း၃၀၊ သန်း၄၀ပင် သုံးစွဲရန် သူတုံ့ဆိုင်းနေမည် မဟုတ်ပေ။

သို့သော်လည်း တန်ဝမ်ရှန်းသည် သေချာပေါက် သူနှင့် အချိန်ဖြုန်းမနေခဲ့ပေ။

ဤကျောက်စိမ်းဆွဲသီးသည် သန်း၂၀ ကျော်သွားပါက သူ ယူသွားလျှင်ပင် တန်ဖိုးမရှိတော့ချေ။

ရထားတစ်စင်းလုံး တိတ်ဆိတ်သွားသည်။

တန်ဝမ်ရှန်း၏ တန်ပြန်တိုက်စစ်ကို စောင့်မျှော်နေလျက် ကျယ်လောင်စွာပင် အသက်မရှူရဲကြပေ။

" ၁၈ သန်း ...... "

တန်ဝမ်ရှန်းသည် လူသတ်ချင်သော ရည်ရွယ်ချက်ဖြင့် တစ်လုံးချင်းစီကို ပြောနေခဲ့သည်။

ယွမ်၆သောင်းနှင့် ဝယ်လို့ရသည့် ကျောက်စိမ်းဆွဲသီးကို ယဲ့ဖန်ကြောင့် ယွမ်၁၈သန်းနှင့် လေလံဆွဲခဲ့ရသည်။

ယခု ဤကျောက်စိမ်းဆွဲသီးကို ယူလိုက်လျှင်ပင် အမြတ် အများကြီးကျန်မည် မဟုတ်ပေ။

သို့သော် သူ အော်သံကို မဆုံးခင် မိုရှောင်းယွီမှ ရုတ်တရက် သူ့ကို နှောင့်ယှက်လိုက်သည်။

" အော်စရာ မလိုတော့ဘူး။ ကျွန်မ ဆုံးဖြတ်ချက် ချပြီးပြီ "

ယဲ့ဖန်နှင့် တန်ဝမ်ရှန်းတို့သည် သူမ ဘာဆုံးဖြတ်လိုက်သည်ကို မသိ၍ တစ်ချိန်တည်းမှာပင် ကြည့်လိုက်ကြသည်။

မိုရှောင်းယွီ၏ အမူအရာသည် ပုံမှန်ပြန်ဖြစ်နေပြီ ဖြစ်သည်။

သူမသည် တန်ဝမ်ရှန်းကို လှည့်ကြည့်လိုက်သည်။

တန်ဝမ်ရှန်း စိတ်လှုပ်ရှားသွားသည်။

ကျောက်စိမ်းဆွဲသီးကို သူ့စီ ရောင်းဖို့ ဆုံးဖြတ်လိုက်တာလား။

" ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ယုံကြည်မှုကို ရှင်က သစ္စာဖောက်လိုက်တာ "

မိုရှောင်းယွီသည် အေးစက်စွာ ဆက်ပြောခဲ့သည်။

" ရှင် ဘယ်လောက်ပေးပေး မရောင်းဘူး "

သူမ၏စကားများသည် ကျည်ဆန်တစ်ခုလိုဖြစ်ပြီး တန်ဝမ်ရှန်းသည် တုန်လှုပ်နေသော်လည်း မိုရှောင်းယွီမှ သူ့ကို လျစ်လျူရှုထားခဲ့သည်။

သူမ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ရှင် ၅သန်း ပေးချင်တယ်လို့ ပြောလိုက်တယ်မလား။ အခု ငွေလွှဲပေးလို့ ရမလား "

ယဲ့ဖန်လည်း သူမကြောင့် စိတ်ရှုပ်သွားသည်။

သူမ ဘာကိုဆိုလိုသည်ကို သူ မသိသော်လည်း ခေါင်းညိတ်လိုက်သေးသည်။

" ရတယ် "

မိုရှောင်းယွီသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းစီမှ ကျောက်စိမ်းဆွဲသီးကို ယူကာ လွှဲပြောင်းပေးလိုက်သည်။

" ကောင်းပြီ၊ ဒီကျောက်စိမ်းဆွဲသီးကို ရှင့်ကို ၅ သန်းနဲ့ ရောင်းလိုက်မယ် "

" အိုး ...... "

ရထားပေါ်ရှိ လူတိုင်း အံ့သြသွားကြသည်။

မိုရှောင်းယွီ၏ အတွေးကို ရထားပေါ်ရှိ မည်သူမျှ နားမလည်နိုင်ပေ။

တန်ဝမ်ရှန်း၏ လေလံသည် ၁၈သန်းအထိ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း သူမသည် သူ၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

ထိုအစား သူမသည် ယဲ့ဖန်ကို ၅ သန်းဖြင့် ရောင်းချရန် ဆန္ဒရှိနေခဲ့သည်။

သူမ ဘာတွေ တွေးနေတာလဲ။

All Chapters