ဉာဏ်ကြီးရှင်တွေကို အခြားသူတွေက အမြဲအထင်လွဲကြစမြဲပဲ
Vol. 69 Ch. 1367
မိုရှောင်းယွီ၏ သူငယ်ချင်းပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် မိုရှောင်းယွီ၏ အင်္ကျီကို ဆွဲနေသည်။
" ရှောင်းယွီ၊ နင် ရူးနေလား။ သူပြောတာကို မကြားဖူးလား "
မိုရှောင်းယွီ ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။
" ငါ ကြားပါတယ်။ သူတို့ ငါ့ကို ဒီထက်ပိုပြီး ပေးမယ်ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ ငါ့အတွက် ၅သန်းက ငါ့အိပ်မက်တွေကို လုပ်ဖို့ လုံလောက်ပြီ။ ပိုက်ဆံတွေ အများကြီးရှိတော့ ဘာလုပ်လို့ ရမှာလဲ "
ထိုသို့ပြောပြီးနောက် သူမသည် တန်ဝမ်ရှန်းကို အေးစက်စွာ ကြည့်လိုက်သည်။
" လူတစ်ယောက်က လူ့စိတ်၊ ကြင်နာမှုတွေကို ပိုက်ဆံကြောင့် ဆုံးရှုံးသွားရင် အလောင်းကောင်နဲ့ ဘာကွာတော့မှာလဲ "
ယဲ့ဖန်သည် ထိုစကားကို ကြားပြီးနောက် သဘောကျသွားသည်။
သူမသည် အမှန်တကယ်ပင် အတွေးအခေါ်သမား ဖြစ်သည်။
သူသည်လည်း အတွေးအခေါ်ပညာကို ကြိုက်လေသည်။
တန်ဝမ်ရှန်းသည် အလွန်ဒေါသထွက်နေသည်။
" မိန်းကလေးမို၊ မင်း ပြန်စဉ်းစားမယ်လို့ ငါမျှော်လင့်တယ်။ အဲ့တာက ယွမ်၁၈သန်းတောင်။ မင်း တစ်သက်လုံး ဒီလောက် ပိုက်ဆံအများကြီး ရနိုင်မှာ မဟုတ်ဘူး "
မိုရှောင်းယွီ နှာမှုတ်လိုက်သည်။
" အဲ့လောက် ပိုက်ဆံအများကြီး မရှာနိုင်လောက်ပေမယ့် အနည်းဆုံးတော့ ပိုက်ဆံအတွက် တခြားသူကို လိမ်ညာနေမှာ မဟုတ်ဘူး "
ထိုစကားကို ပြောပြီးနောက် သူမသည် ထိုလူကို လျစ်လျူရှုပြီး ကျောက်စိမ်းဆွဲသီးကို ယဲ့ဖန်လက်ထဲသို့ ထည့်လိုက်သည်။
" ဒီကျောက်စိမ်းဆွဲသီးကို ရှင် ပိုင်တယ် "
ယဲ့ဖန်သည် အများစုကို ယူရာ၌ အလိမ်အညာများ ပါလေ့ရှိသည်။
သို့သော် ဤသည်မှာ ပထမဆုံးအကြိမ် ကူကယ်ရာမဲ့သလို ခံစားရသည်။
သူမအပေါ် အခွင့်ကောင်းယူလိုက်တယ်လို့ ဘာလို့ ခံစားရတာလဲ။
" မင်း ၅သန်းပဲ လိုချင်တာ သေချာလား။ ဒီကျောက်စိမ်းဆွဲသီးကို ဧကရာဇ်ချင်းလုံက ဝတ်ခဲ့ပြီးတော့ အနည်းဆုံး ယွမ် သန်း၂၀လောက် တန်ကြေးရှိတယ်တယ်။ အဲ့တော့ မင်း လိုချင်ရင် မင်းကို သန်း၂၀ ချက်ချင်း လွှဲပေးနိုင်တယ် "
တစ်ဖက်မှ ဘာတွေးနေသည်ကို မသေချာသည့်အတွက် ယဲ့ဖန် အဆုံး၌ ပြောလိုက်သည်။
" အိုး ...... "
ရထားပေါ်ရှိ လူတိုင်း၏ မျက်လုံးများမှာ တောက်လောင်လာတော့သည်။
" အို ဘုရားရေ၊ ဒါက တကယ်ပဲ ချင်းလုံရဲ့ ကိုယ်ပိုင်ပစ္စည်းလား။ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ "
" ယွမ်သန်း၂၀တဲ့။ ငါ တစ်လလုပ်မှ ယွမ် ၆ထောင် ရတာ။ ဘယ်နှစ်နှစ်လောက် ရှာရမှာလဲ "
" တွက်နေစရာတောင် မလိုဘူး။ အစာမစား၊ မနား မအိပ်ဘဲ ၂၇၇နှစ် လုပ်ရမယ် "
" မဆိုးဘူး ညီအစ်ကို။ မင်း ဘယ်လိုလုပ် ဒီလောက်မြန်မြန် တွက်နိုင်တာလဲ "
" ငါ အခုပဲ ဂဏန်းပေါင်းစက်နဲ့ တွက်လိုက်တာ "
" ဟမ် ...... "
ရထားပေါ်ရှိ လူများသည် ကျောက်စိမ်းဆွဲသီး၏ တန်ဖိုးအမှန်ကို သိပြီးနောက် တန်ဝမ်ရှန်းအပေါ် သူတို့၏ အထင်သေးမှုမှာ ပို၍ပြင်းထန်လာသည်။
သန်း၂၀တန်တဲ့ ကျောက်စိမ်းဆွဲသီးကို ဒီကောင်က ၆သောင်းနဲ့ လိမ်ချင်နေတာလား။
ရူးနေတာပဲ။
ယဲ့ဖန်သည် တံဆိပ်ခေါင်းဝယ်ခုအား ယွမ် ၂၀၀၀ ဖြင့်ဝယ်ပြီး ယွမ်သန်း ၂၀၀တန် ရှေးဟောင်းပစ္စည်းဆိုင်နှင့် လဲလှယ်ခဲ့သည်ကို သိပါက သူတို့ မည်သို့ဖြစ်မည်ကို မြင်ချင်မိသည်။
" ကျွန်မ ၅သန်းပဲ လိုချင်တယ်။ ၁ယွမ်မှ ပိုမလိုချင်ဘူး "
မိုရှောင်းယွီမှ ယုံကြည်ချက်ရှိစွာ ပြောသည်။
ဟမ်၊ သူမမှာ စရိုက်ရှိတာပဲ။ ကြိုက်တယ်။
ယဲ့ဖန် တခြားဘာမှ မပြောပေ။
သူမ၏ ကတ်နံပါတ်ကို တောင်းပြီး ၅သန်းကို သူမစီ လွှဲပေးခဲ့သည်။
" ရှောင်းယွီ၊ နင် ချမ်းသာပြီ "
သူမအချစ်ဆုံးသူငယ်ချင်း မိုရှောင်းယွီ၏ ဘဏ်အကောင့်ကို တွေ့လိုက်ပြီး သူမသည်လည်း ချက်ချင်း ပွေ့ဖက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
မိုရှောင်းယွီလည်း အလွန်ပျော်သွားသည်။
ယွမ်ငွေ ၅သန်းဖြင့် ကမ္ဘာအနှံ့ ခရီးသွားနိုင်သည်။
ယဲ့ဖန်မှာတော့ သူသည် သန်း၂၀တန်သည့် ကျောက်စိမ်းဆွဲသီးကို ၅သန်းနှင့် ဝယ်နိုင်ခဲ့ပြီး စနစ်၏တာဝန်ကို ပြီးမြောက်စေခဲ့သည်။
ယဲ့ဖန် ပိုလို့ပင် ဝမ်းသာသွားသည်။
တန်ဝမ်ရှန်းသည် မျက်နှာပျက်နေသော တစ်ဦးတည်းသောသူ ဖြစ်သည်။
သူသည် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ရုံသာမက သူ၏ သရုပ်မှန်ကို ဖော်ပြမိခဲ့သည်။
ယခုအခါ ရထားတွဲပေါ်ရှိ လူတိုင်းသည် သူ့ကို လက်ညိုးထိုးပြနေကြသဖြင့် သူ့အတွက် နေရာမရှိတော့ပေ။
သူသည် ယဲ့ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
သူ လှည့်၍ ခရီးဆောင်အိတ်ကို ယူပြီး အခြားရထားတွဲပေါ်သို့ ပြေးသွားခဲ့သည်။
လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် နေရာသို့ ပြန်သွားကြသည်။
" ခုနက ရှင့်ကို အဲ့လိုပြောမိလို့ တောင်းပန်ပါတယ် "
ရှုကျင်းရှင်းသည် ယဲ့ဖန်အား မကောင်းသော စွမ်းအင်များ ပြည့်နှက်နေသည်ဟု ပြောမိ၍ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။
သူမ အမြန်တောင်းပန်လိုက်သည်။
ယဲ့ဖန်သည် သူမကို ငုံ့ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
" အခု ကိုယ် နေသားကျပါပြီ "
" ဟမ်၊ ဘာကို နေသားကျတာလဲ "
ရှုကျင်းရှင်းသည် သူ ဘာကိုဆိုလိုသည်ကို ရှင်းလင်းစွာ နားမလည်ပေ။
" ဉာဏ်ကြီးရှင်တွေက တခြားသူတွေရဲ့ အထင်လွဲခြင်းကို အမြဲခံရတယ်။ ဒါက တခြားသူတွေ မိုက်မဲတယ်လို့ မဆိုလိုပါဘူး။ ဒီဉာဏ်ကြီးရှင်တွေက တကယ် ထက်မြက်လွန်းတယ်ဆိုတာ သက်သေပြလိုက်တာပဲ "
ယဲ့ဖန် စိတ်လှုပ်ရှားစွာ ပြနိပြောသည်။
" ရှင့်ကို ဉာဏ်ကြီးရှင်လို့ ဘယ်သူက ပြောတာလဲ။ ရှင် မရှက်ဘူးလား "
ရှုကျင်းရှင်း သူ့ကို အမြန် တွန်းထုတ်လိုက်သည်။
သူမ တကယ်ပင် စကားမပြောနိုင် ဖြစ်သွားရသည်။
" မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဉာဏ်ကြီးရှင်က ဒီမှာပဲ။ မင်း လက်မခံရင်တောင် မင်း ဘာမှလုပ်လို့ မရဘူး "
ယဲ့ဖန်သည် ကြွားဝါနေဆဲဖြစ်သည်။
ထိုအချိန်တွင် စနစ်မှ သတိပေးချက် ထပ်မံထွက်ပေါ်လာသည်။
[ ရတနာရှာဖွေမှုကို ပြီးမြောက်ခဲ့သည့် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုကြေးအဖြစ် ယွမ်၁၀သန်း တန်ဖိုးရှိသော Paramount Predatorကို ပေးအပ်ပါသည် ]
ထိုဆုလာဘ်ကို ယဲ့ဖန် ကြားသောအခါ သူ၏ မျက်လုံးများ တောက်ပလာသည်။
သူသည် ထိုကား၏ အချက်အလက်များကို အမြန်စစ်ဆေးလိုက်သည်။
Paramount Predatorသည် ကမ္ဘာပေါ်တွင် အတားအစီး မရှိဆုံးယာဉ်အဖြစ် လူ သိများသည်။
အတားအဆီးများ အားလုံးကို အလွယ်တကူ ချေမှုန်းနိုင်သည်။
ထို့အပြင် ယာဉ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများသည် ဒုံးပျံတစ်လုံးတည်း၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိပြီး ကိုယ်ထည်သည် ၇ကီလိုဂရမ် TNTနှင့် ညီမျှသော ဗုံးတစ်လုံး၏ ပျက်စီးမှုကို ခံနိုင်ရည်ရှိသည်ဟု ဆိုထားသည်။
သာမာန်ကားနှင့် တိုက်မိသည်မှာ ကျောက်ခဲကို ကြက်ဥနှင့် ပေါက်သလိုမျိုး ဖြစ်ပေလိမ့်မည်။
ယဲ့ဖန်သည် ထိုစာများကို ဖတ်ပြီးနောက် ချွေးများကို သုတ်လိုက်သည်။
သူသည် ကျောက်စိမ်းအတွက် သန်း၃၀မှ ၄၀အထိ သုံးနိုင်သည်ဟု ထင်ခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ဤတစ်ခါ စနစ်သည် စည်းမျဥ်းစည်းကမ်းများနှင့် မကစားတော့ဘဲ ၁၀သန်းကျော်သာ တန်သည့် ကားတစ်စီးကို ပေးခဲ့သည်။
အကယ်၍ သူသာ စိတ်အားထက်သန်ပြီး ဤကျောက်စိမ်းဆွဲသီးအား ဝယ်ရန် သန်း ၃၀ သုံးခဲ့မည်ဆိုပါက သူသည် နောက်ထပ် ၁၀သန်းပင် အိတ်စိုက်ရပေမည်။
ကံကောင်းစွာဖြင့် မိုရှောင်းယွီသည် နောက်ဆုံးတွင် ယွမ် ၅သန်းသာ တောင်းခဲ့သည်။
ဤသည်မှာ အမြတ်အစွန်းရသည့် သဘောတူညီချက်တစ်ခု ဖြစ်သည်။
အမှန်တကယ်တွင် သူသည် စနစ်၏ အလိုလိုက်ခြင်းကို ခံခဲ့ရသည်။
ယခင်က စနစ်သည် သူ့ကို ယွမ်သန်းရာနှင့်ချီသော ပြိုင်ကားများနှင့် စီးပွားရေးလုပ်ငန်းများကို ပေးအပ်ခဲ့ပြီး ဆုလာဘ်များသည် အချိန်တိုင်း အလွန်ရက်ရောသည်ဟု ထင်မြင်စေခဲ့သည်။
အမှန်တွင် ဆုကြေး ၁၀ သန်းကျော်မှာလည်း အတော်ပင် များနေပြီဖြစ်သည်။
ကျောက်စိမ်းဆွဲသီးမှ ရရှိသော ၁၅သန်းနှင့် ဤကားပေါင်းလျှင် ၂၅သန်း ရရှိခဲ့သည်။
ဤသို့ ကြောက်စရာကောင်းသည့် ငွေရှာနှုန်းသည် လူအတော်အများကို ကြောက်လန့်စေမည်မှာ သေချာသည်။
" ရှင် ဘာရယ်တာလဲ "
ရှုကျင်းရှင်းသည် သူ့မျက်နှာပေါ်ရှိ အပြုံးကို ထပ်မြင်ရသောအခါ နှလုံးသားမှာ ခုန်ပေါက်သွားသည်။
ယခုအခါ ယဲ့ဖန် ရယ်နေသည်ကို မြင်ပြီး တစ်ခုခု ဆိုးနေသည်ဟု သူမ ခံစားလိုက်ရသည်။
" ဘာမှမဟုတ်ပါဘူး။ မင်းနဲ့ လည်ဖို့ ကားတစ်စီး ဝယ်လိုက်တာ "
ယဲ့ဖန် သာမန်သာ ပြန်ဖြေလိုက်သည်။
" ရှင် ကားဝယ်လိုက်တာလား။ ဘာကားလဲ "
ရှုကျင်းရှင်း စိတ်ဝင်စားသွားသည်။
" Paramount Predator "
ယဲ့ဖန် ဘာမှ ဖုံးကွယ်မထားဘဲ သူမကို ပြောလိုက်သည်။
ရှုကျင်းရှင်း ချက်ချင်းပင် သူမဖုန်းကို ထုတ်ပြီး ထိုကားအကြောင်း ရှာလိုက်သည်။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်နေခဲ့သော လျုံဝမ်းယွမ်မှ ရုတ်တရက် ဝင်ပြောလာသည်။
" ရှောင်ဖန်၊ သတိထားရမယ်။ ဟိုလူက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမယ် မထင်ဘူး "
ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်သည်။
" သူ ဉာဏ်ကောင်းရင် ဘာမှ ထပ်မလုပ်လောက်ဘူး။ မဟုတ်ရင်တော့ သင်ခန်းစာကောင်းကောင်း ပေးရတာပေါ့ "
လျုံဝမ်းယွမ် သူ့ကို စိုက်ကြည့်လိုက်သည်။
" ယုံကြည်ချက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ သူများကို အထင်မသေးသင့်ဘူး။ ဒီလောကထဲက ထိပ်တန်းတွေလည်း အင်အားကြီးရန်သူတွေရှေ့မှာ မသေခဲ့ပေမဲ့ ဘာမဟုတ်တဲ့သူတွေရဲ့ လက်ထဲမှာ ပျက်စီးရစမြဲပဲ "
ယဲ့ဖန်သည် စိတ်ထဲမထည့်သော်လည်း ခေါင်းညိတ်ပြလိုက်သေးသည်။
လျုံဝမ်းယွမ် ခဏတာ တွေးပြီးနောက် ဖုန်းကို ထုတ်ကာ သူ့မိသားစုကို ဆက်သွယ်လိုက်သည်။