သခင်ကြီး၊ ကြိုဆိုပွဲကို ဘယ်လောက် ခမ်းနားစေချင်လဲ
Vol. 69 Ch. 1368
လျုံဝမ်းယွမ်သည် အနည်းငယ် စိတ်ပူလွန်းနေသည်ကို ယဲ့ဖန် ခံစားမိသော်လည်း ဘာမှမပြောလိုက်ပေ။
ဤတစ်ကြိမ်တွင် ရှုကျင်းရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို လှုပ်ယမ်းလိုက်သည်။
" ယဲ့ဖန်၊ အဲ့ဒီကားက အရမ်းမိုက်တာပဲ။ ဒီကားကို ပတ်မောင်းဖို့ မစောင့်နိုင်တော့ဘူး "
သူမသည် အလွန်လှုပ်ခါနေ၍ သူမ၏ ကိုယ်ပိုင်အစိတ်အပိုင်း နှစ်ခုမှာလည်း သူမနှင့်အတူ လှုပ်နေသည်။
ရှုကျင်းရှင်းသည် ထိုအပိုင်း၌ အတော်လေး စွမ်းဆောင်ရည်ရှိသည်။
သူသည် ရုတ်တရက် လည်ချောင်းခြောက်လာသည်ဟု ခံစားလိုက်ရသည်။
" တကယ်တော့ မင်းကားစီးဖို့ လမ်းပေါ် ကားတက်မောင်းစရာ မလိုပါဘူး "
" ဒါဆို ဘယ်ကားကို မောင်းရမှာလဲ "
ရှုကျင်းရှင်း ယဲ့ဖန်ကို ကြည့်လိုက်သည်။
" တကယ်တော့ မောင်းချင်ရင် တခြားဟာမောင်းလည်း မောင်းလို့ရပါတယ် "
ယဲ့ဖန်သည် သူမနှင့် စကားလုံးဂိမ်းကို ချက်ချင်း ကစားခဲ့သည်။
သို့သော် ရှုကျင်းရှင်းသည် ထိုစကားကို ရှင်းလင်းစွာ မကြားလိုက်ပေ။
သူမသည် ခေါင်းကို ခါပြီး ပြောလိုက်သည်။
" အရင်ကတော့ ဆိုင်ကယ်စီးဖူးတယ်။ ဒါပေမယ့် လမ်းကြမ်းပေါ်ကိုတော့ တစ်ခါမှ မစမ်းဖူးဘူး။ တကယ် စမ်းကြည့်ချင်တယ် "
ထိုသို့ ပြောပြီးနောက်တွင် သူမသည် ဖုန်းဆက်သုံးနေကာ လမ်းတစ်လျှောက်မှ မြင်ကွင်းကို ကြည့်နေသည်။
ယဲ့ဖန် ပျင်းလာသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ သူသည် ဤစကားကို ကျူးရှောင်ကျောင်းအား ပြောခဲ့လျှင် သူမသည် အဓိပ္ပါယ်ကို ချက်ချင်း နားလည်ပေလိမ့်မည်။
နှိုင်းယှဉ်ကြည့်ပါက ရှုကျင်းရှင်းသည် လေးနက်လွန်းသည်။
ထိုသို့သော မိန်းကလေးသည် ချစ်သူမဟုတ်ဘဲ မိန်းမဖြစ်ရန်သာ သင့်လျော်သည်။
သူ၏ နောက်ထပ် လှုပ်ရှားမှုများအကြောင်း တွေးနေစဉ် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။
ဖုန်းထုတ်၍ ကြည့်လိုက်သည့်အခါ သူ့တပည့် ဖန်းရှောင်ကွန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်က သူတို့ နှစ်ယောက် ကားပြိုင်ကြစဉ် ထိုကောင်လေးသည် သူ့ကို သူ့တပည့်အဖြစ်ပင် ထားချင်သေးသည်။
သို့သော် ယဲ့ဖန်သည် သူ့ကို ပြိုင်ကားနှင့် ကိုယ်ခံပညာ နှစ်ခုစလုံး၌ အနိုင်ပိုင်းခဲ့သည်။
ထို့နောက် သခင်အဖြစ် တိုက်ရိုက် ခံယူခဲ့သည်။
သူ့ကို အာသာကို ခဏတာ သင်ယူစေလိုက်သည်။
အာသာနှင့် အခြားသူများ ဂျပန်သို့ သွားရသည့်အခါ သူသည် ကျန်းကောပြည်နယ်စီသို့ ပြန်သွားခဲ့သည်။
သူ့ကို ယခုအချိန်ခေါ်လာဖို့ မမျှော်လင့်ထားပေ။
" ရှောင်ကွန်း၊ ဘာကိစ္စရှိလို့လဲ "
ဖုန်းကိုင်ပြီးနောက် ယဲ့ဖန် မေးလိုက်သည်။
" သခင်ကြီး၊ ကျန်းကောပြည်နယ်ကို ရောက်ပြီလား။ အခု ဘယ်မှာလဲ "
ဖန်းရှောင်ကွန်း၏ အသံသည် ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ယဲ့ဖန် စိတ်ရှုပ်သွားသည်။
" ငါ ကျန်းကောကို လာမယ်လို့ ဘယ်သူပြောတာလဲ "
သူသည် ဤကိစ္စနှင့် ပတ်သက်၍ လူအနည်းငယ်ကိုသာ ပြောပြခဲ့သော်လည်း တပည့်ဖြစ်သူကို အသိပေးခြင်း မရှိခဲ့ပေ။
" ကျူးရှောင်ကျောင်းက ကျွန်တော့်ကို ပြောပြတာပါ။ သခင်ကြီး အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ ကြိုပြီး ကြိုဆိုပြင်ဆင်ခိုင်းထားတာ "
ဖန်းရှောင်ကွန်းသည် ကျူးရှောင်ကျောင်းကို ချက်ချင်း သစ္စာဖောက်လိုက်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ပြုံးလိုက်သည်။
ထားလိုက်ပါ၊ သူမက ရည်ရွယ်ချက်ကောင်းနဲ့ စီစဉ်ပေးထားတော့ ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ်။
" ငါ ကျန်းကောရထားဘူတာကို တစ်နာရီအတွင်း ရောက်လောက်တယ် "
ဖန်းရှောင်ကွန်း ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
" ကောင်းပါပြီ၊ နောက်ဆုံးတော့ သခင်ကြီးကို ပြန်တွေ့နိုင်ပြီ။ အခုပဲ လာကြိုဖို့ ဘူတာရုံကို အပြေးလာခဲ့ပါ့မယ်။ သခင်ကြီး၊ ကြိုဆိုပွဲကို ဘယ်လောက်ကြီးစေချင်လဲ။ တခြားဘာမှတော့ မပြောရဲပေမယ့် လူထောင်ချီနဲ့ ကြိုဆိုတဲ့မြင်ကွင်းကို ဖန်တီးဖို့က ပြဿနာမရှိဘူး "
ယဲ့ဖန်သည် ချက်ချင်းပင် ခေါင်းကိုက်လာသည်။
" ကျေးဇူးပြုပြီး သရုပ်မှန်ကို ထိန်းထားရအောင် "
ဖန်းရှောင်ကွန်း ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရတော့သည်။
" ကောင်းပါပြီ၊ ဒါဆို ကျွန်တော့် သူငယ်ချင်းတချို့ကိုပဲ ခေါ်လာလိုက်မယ် "
သူတို့နှစ်ယောက် ခဏ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။
ရှုကျင်းရှင်းသည် ကားပတ်မောင်းရန် တောင့်တနေဆဲဖြစ်ပြီး သူ၏ဆရာ လျုံဝမ်းယွမ်သည် မျက်လုံးမှိတ်ထားဆဲဖြစ်သည်။
ယဲ့ဖန် သူတို့ကို မနှောင့်ယှက်တော့ပေ။
သူသည် သူ၏ နောက်ထပ်အစီအစဥ်ကိုသာ ဆက်လက် တွေးတောနေခဲ့သည်။
..............................
တစ်ချိန်တည်းမှာပင် အခြားရထားတွဲပေါ်၌။
တန်ဝမ်ရှန်းသည် အေးစက်ပြီး သုန်မှုန်သော အကြည့်ဖြင့် ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းကို ကြည့်နေသည်။
သူသည် ဤကဲ့သို့ အရှက်ကွဲခြင်းကို မကြုံရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ထိုအချိန်တွင် ရထားပေါ်ရှိလူတိုင်းက သူ့ကို အထင်သေးစွာ စိုက်ကြည့်နေကြသည်။
ပြန်လည် တွေးကြည့်ပြီး မုန်းတီးမှုကြောင့် အံကြိတ်လိုက်သည်။
ဒါတွေအားလုံးက ဟိုကောင်လေးကြောင့်ပဲ။
သူသည် ရထားပေါ်၌ သူ့ကိုယ်သူ အရူးလုပ်ခဲ့ရုံသာမက ရခါနီး ကျောက်စိမ်းဆွဲသီးကိုလည်း လက်လွှတ်လိုက်ရသည်။
ယွမ် သန်း၂၀ကျော်တန်သော ကျောက်စိမ်းဆွဲသီးကို တွေးကြည့်မိသည်။
ယခုအခါ ထိုရတနာမှာ ထိုကောင်ကလေး၏လက်ထဲသို့ ကျရောက်သွားသဖြင့် စိတ်ဓာတ်ကျကာ သွေးအန်ချင်လာသည်။
သူ့ပစ္စည်းကို ဘယ်လိုလုပ် ခိုးရဲရတာလဲ။
ဒါက သူ့မှာ အသက်အပို ရှိမရှိအပေါ် မူတည်တယ်။
သူသည် အံကြိတ်လျက် ဖုန်းခေါ်ရန် ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။
သူသည် ကျောက်မျက်ရတနာလုပ်ငန်းတွင် လုပ်ကိုင်နေသောကြောင့် အလွှာပေါင်းစုံမှ လူများစွာကို သိသည်။
ထိုထဲက တစ်ယောက်သည် ကျန်းကော ရထားဘူတာရုံမှ အကောင်ကြီးတစ်ယောက်ဖြစ်သည်။
သူ၏ အမည်မှာ ရှဲ့ကျင်းဖြစ်ပြီး 'ကင်းမြီးကောက်'ဟု နာမည်ပြောင် ခေါ်ကြသည်။
သူသည် နောက်လိုက် ၃၀၀ကျော် ရှိသည်။
သူသည် ပန်သာ့လုံကဲ့သို့ အရူးတစ်ယောက် မဟုတ်ပေ။
ဖုန်းချိတ်ဆက်သွားပြီးနောက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" ဘာလို့ ငါ့ကို သူဌေးတန်က ခေါ်တာလဲ "
တန်ဝမ်ရှန်းသည် အဓိက ကိစ္စကိုသာ ပြောခဲ့သည်။
" သူဌေးရှဲ့ကို ကျေးဇူးပြုပြီး အကူအညီတောင်းချင်လို့ပါ "
တစ်ဖက်မှ ချက်ချင်း နှစ်ကြိမ် ရယ်လိုက်သည်။
" သူဌေးတန်က စီးပွားရေးသမားကြီးပါ။ ဘာလို့ ငါတို့လို လူယုတ်မာတွေကို လိုရတာလဲ "
" မင်းရဲ့ ကျိုးနွံမှုကို ကျေးဇူးတင်ပါတယ် သူဌေး။ ကျန်းကောပြည်နယ်တစ်ခုလုံး သူဌေးနာမည်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။ သူဌေးကလွဲပြီး တခြားဘယ်သူမှ မလုပ်နိုင်တဲ့ အရာတွေရှိတယ် "
" ကောင်းပြီ၊ ငါ့ကို မြှောက်မနေနဲ့။ အဲ့တာက ဘာလဲဆိုတာ ပြော "
" ကလေးတစ်ယောက်က ကျွန်တော့်စီက တစ်ခုခုကို ခိုးယူသွားတယ်။ သူက ကျန်းကောရထားဘူတာမှာ တစ်နာရီအတွင်း ဆင်းတော့မှာ။ အဲ့တာကို သူဌေးရှဲ့က ပြန်ရအောင် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ် "
" ဒါက ကိစ္စသေးသေးလေး။ ဒါပေမဲ့ မင်း ငါတို့ရဲ့ စည်းကမ်းတွေကို သိသင့်တယ် မဟုတ်လား "
" နားလည်ပါတယ်။ အဲ့ပစ္စည်း ပြန်ရဖို့ ကူညီပေးနိုင်သရွေ့ သူဌေးကို ကျေးဇူးတင်တဲ့လက်ဆောင်အနေနဲ့ ယွမ် ၁သန်းပေးပါ့မယ် "
" ဟားဟားဟား၊ သူဌေးတန်က တကယ့်ကို စီးပွားရေးသမားကြီး ပီသပါတယ်။ စိတ်မပူပါနဲ့၊ ဒီကလေးက နာနာခံခံနဲ့ ပြန်ပေးလာစေရမယ်လို့ ကတိပေးတယ် "
" ကျေးဇူးတင်ပါတယ် ဘော့စ် ...... "
တန်ဝမ်ရှန်းသည် ဖုန်းမချမီတွင် ကင်းမြီးကောက်နှင့် စကားအနည်းငယ် ဆက်ပြောသည်။
သူ့မျက်လုံးများမှာ အလွန်အေးစက်နေသည်။
'ခွေးသား၊ မင်းငါ့အရှေ့မှာ ဒူးထောက်ပြီး အသနားခံတာကို ငါကြည့်မယ်'
တစ်ဖက်တွင် ပန်သာ့လုံနှင့် သူ့အဖွဲ့သည် ရထားဘူတာမှ ထွက်ခွာကာ တက္ကစီကို လှမ်းခေါ်လိုက်သည်။
" ကျန်းကော ရထားဘူတာရုံကိုသွား "
ပန်သာ့လုံသည် ရှေ့ခရီးသည် ထိုင်ခုံတွင် ထိုင်နေပြီး ကျန်လေးဦးမှာ အနောက်၌ ထိုင်နေသည်။
တက္ကစီသမားသည် သူတို့ထဲမှ တစ်ယောက်အား ဆင်းခိုင်းချင်သော်လည်း ပန်သာ့လုံမှ သူ့ကို စိုက်ကြည့်လိုက်၍ သူ့စကားများကို ချက်ချင်း မြိုချလိုက်ရသည်။
ထိုလူများသည် လူရမ်းကားများ ဖြစ်သည်ကို သူ ပြောနိုင်သောကြောင့် သူ့စိတ်ထဲ၌သာ ညည်းညူပြီး ကားကို တိတ်တဆိတ် စတင်ခဲ့သည်။
" အစ်ကိုကြီးလုံ၊ အဲ့ကောင်က ရွံစရာကောင်းလွန်းတယ်။ ကျွန်တော်တို့ သူ့ကို ပြန်ပေးဆပ်ခိုင်းရမယ် "
" ဟုတ်တယ်။ ညီအစ်ကိုတွေ ဒီလို အရှက်ရတာမျိုး မဖြစ်ဖူးဘူး။ ဒီနေ့ ဒီကောင်ကို အသေသတ်ပစ်ရမယ် "
" ဒီကောင်ကို မသတ်နိုင်ရင် လူတိုင်းက ရယ်ကြမှာ သေချာတယ် "
" ခွေးသား၊ သူကများ ငါတို့ကို စော်ကားရဲတာလား။ အဲ့ကောင် ဒီနေ့ သေရမှာ သေချာတယ် "
သူ့အနောက်မှ လူအနည်းငယ်သည် ယဲ့ဖန်ကို အလွန်မုန်းတီးကြောင်း ပြောဆိုနေကြသည်။
ထိုအခါ တက္ကစီသမားမှာ အတော်ကြောက်သွားသည်။
သူ ဘယ်လိုလူတွေကို ခေါ်လာမိတာလဲ။
လမ်းမှာ သူ့ကို မလုယက်စေနဲ့။
" တော်ကြစမ်း၊ ငါ ဘာလုပ်ရမယ်မှန်း မသိဘူး ထင်နေလား။ ငါ့ကို သင်ပေးနေတာလား "
ပန်သာ့လုံသည် ဒေါသပေါက်ကွဲပြီး သူ့လက်ပါးစေများကို ချက်ချင်း ဟောက်လိုက်သည်။
လက်ပါးစေများ အားလုံး ပါးစပ်ပိတ်သွားပြီး ဘာစကားမှ မပြောရဲတော့ပေ။
ပန်သာ့လုံသည် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
" ပင်းကျီ၊ ငါ့အတွက် လူများများရှာထား။ သူတို့အားလုံးကို ကျန်းကောရထားဘူတာမှာ စုထားလိုက်။ လူတစ်ဒါဇင်လောက်နဲ့ မလုံလောက်ဘူး။ အနည်းဆုံး လူလေးဆယ်ကနေ ငါးဆယ်လောက်ထိ ရှာထားရမယ်။ ဟုတ်တယ်၊ မင်းရဲ့ဓားရှည်တွေရော ယူလာ။ ငါတို့ မြန်မြန် သွားရမယ်။ တစ်နာရီအတွင်း ရောက်ရမယ် ..... "
တက္ကစီသမားသည် သူ့ဖုန်းပြောနေသည့် အကြောင်းအရာကို ကြားပြီးနောက် ဘောင်းဘီထဲ ဆီးထွက်ကျမတတ် ကြောက်သွားသည်။
ဒီလူတွေက ဘယ်လိုတောင် ရက်စက်လိူက်တဲ့သူတွေလဲ။
ဘူတာရုံကို သွားပြီး လူ ၄၀၊ ၅၀လောက်နဲ့ လူသတ်ကြမှာလား။
သူ သူတို့ကို လိုက်ပို့တာက ကြံရာပါ ဖြစ်နေမှာလား။
ဤလူများကို မည်သည့်လူက စော်ကားခဲ့သည်ကို သူ တကယ် မချေ။
သို့သော် ထိုလူမှာ ယနေ့ ဒုက္ခရောက်တော့မည် ဖြစ်သည်။