( ဒီလှေကားထစ်ကိုတော့ ငါတက်မှ ဖြစ်မယ်)
Vol. 4 Ch. 44
ထိုက်အန်းမြို့တော်ရဲ့လမ်းမ တစ်လျှောက်သည် ခြောက်သွေ့နေခဲ့သည်။
အဖြူရောင်ဝတ်စုံတဲ့ လီဖူက သာမာန်လို လမ်းလျှောက်နေရင်း လူအပ်ကြားမှ ထွက်လာလိုက်သည်။
သူ့အနေနဲ့ ပေါ်ပေါ်ထင်ထင် နေလိုက်ဖို့က အလွယ်လေးပဲ။
ဒါပေမဲ့ ဒီကိစ္စကို အသေးစိတ် စုံစမ်းပြီးနောက်မှာ သူ ရှကျိုးယွီကို ဘာပြောရမယ် မသိနေတော့ဘူး။
‘ ငါအရင်က လာတဲ့အချိန် အရမ်းဟိတ်ဟန် မထုတ်ခဲ့ရမှာကွာ!’
‘ အခုတော့ တစ်မြို့လုံး သိပြီးသွားပြီ!’
‘ အခုမှ ပြန်လှည့်လို့မရတော့ဘူး’
‘ ငါဘာလုပ်ရမလဲ?’
လီဖူ ရင်ဆိုင်ဖြေရှင်းရမဲ့ နည်းလမ်းကို တွေးနေစဥ်မှာပဲ ရုတ်တရက် အနောက်ဘက်က လေတိုက်လာတာကို သတိထားမိသွားသည်။
ရိုးရှင်းတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဖိုးအို တစ်ယောက်က သူ့အနားကို အမြန်ရောက်လာတာပင်။
လီဖူ ဘာမှ မပြောရသေးခင်မှာပဲ ထိုလူက သူ့ရှေ့တည့်တည့်မှာ ရိုသေစွာ ဒူးထောက် ချလိုက်သည်။
“ ဒီနိမ့်ကျတဲ့အစေခံက ဂါရဝပြုပါတယ် သခင်ကြီး”
“ မင်းက ဘယ်သူတုန်းဟ?”
လီဖူ ရုတ်တရက် မသိတဲ့သူတစ်ယောက်ကို မြင်လိုက်ရတာမို့ မျက်မှောင်ကြုတ်သွားသည်။
တစ်ချက်ကြည့်လိုက်တာနဲ့ ဒီလူက တရှားတိုင်းပြည်ကမှန်း ပြောနိုင်သည်။.ကျင့်ကြံမှုက အဆင့်ငါးထက် မမြင့်ဘူး။
“ သခင်ကြီးအနေနဲ့ကျွန်တော် ဘယ်သူမှန်း သိဖို့ မလိုပါဘူး။ ကျွန်တော်ဒီနေရာကို ကူညီဖို့ ရောက်လာမှန်းသာ သိထားပေးပါ”
ထိုလူရဲ့ မျက်လုံးထဲမှာ လေးစားမှုတို့ ပြည့်နေခဲ့သည်။
လီဖူ.အနည်းငယ် အံ့သြသွားခဲ့သည်။ သူ အလောတကြီး မမေးမြန်းပဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါ့ကိုကူညီဖို့?”
“ ဟုတ်တယ်။ ကျွန်တော်က ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်အကြောင်း အားလုံးသိပါတယ်”
လီဖူရဲ့ တုံ့ပြန်မှုကို မြင်တာနဲ့ အဲ့ဒီလူက အမြန်ပြောလိုက်သည်။ သူ့ရဲ့အသံထဲမှာ ကြောက်ရွံ့မှုတစ်ချို့ပါဝင်နေသလိုပဲ။
လီဖူကို သတိထားနေတာ သိသာသည်။
ပြောရရင်လဲ သူ စကားပြောနေရတဲ့သူက ပထမအဆင့် ကျင့်ကြံသူပဲလေ။ ဒီလောက်တော့ ရှိမှာပေါ့!
“ မင်းကငါ့ကို ဘယ်လို ကူညီမလို့လဲ?”
တရှားတိုင်းပြည်ရဲ့ ဘုရင်ဆိုတဲ့ အကြောင်းကို ကြားတာနဲ့ လီဖူရဲ့မျက်ခုံးက သတိထားမိလောက်အောင် စုကျုံ့သွားသည်။ သူ စိတ်မပျော်တော့ဘူး။ ဒါပေမဲ့ သူ အလောတကြီး မပြုမူသေးဘူး။ အရှေ့ကလူကိုပဲ သာမာန်ဆန်စွာ ကြည့်နေခဲ့သည်။
“ ဘာလို့ဆို ရှကျိုးယွီရဲ့ အပြုအမူကို ကျွန်တော် သည်းမခံနိုင်တော့လို့ပဲ။ ပြည်သူတွေအစား အဲ့ဒီ မကောင်းတဲ့သူကို ရှင်းပေးချင်တယ်!”
ထိုလူက ချက်ချင်း ဖြေလိုက်သည်။
ဒါကိုကြားတော့ လီဖူရဲ့ မျက်လုံးတွေ လင်းသွားလေသည်။
အစက သူ ရှကျိုးယွီကို ဘယ်လို ရင်ဆိုင်ရမလဲ မသေချာခဲ့ဘူး။
အခုလိုမျိုး အကူအညီကြီး ရောက်လာမယ် မထင်ထားဘူးလေ။
ဒီလူကိုသာ ဖမ်းပြီး ရှကျိုးယွီအရှေ့မှာ တောင်းပန်ခိုင်းလိုက်ရင် ရှကျိုးယွီ သူ့ကို ခက်ခဲအောင် မလုပ်လောက်တော့ဘူး။
ကောင်းလိုက်တဲ့ လွတ်လမ်းပဲ!
ရှကျိုးယွီ ဒီလူကို သေချာပို့လိုက်တာများလား?
အများကြီး မတွေးတော့ဘဲ လီဖူ ပြောလိုက်သည်။
“ အိုး?”
“ ရှကျိုးယွီက ဘာကြောင့် ထျန်းချီတာဝါကို ပစ်မှတ်ထားနေလဲဆိုတာ သခင်ကြီးသိလား?”
လီဖူ အပြုံးတစ်ခုနဲ့ မေးလိုက်သည်။
“ ဘာလို့လဲ?”
“ ရိုးရိုးလေးပါ။ ရှကျိုးယွီက မောက်မာပြီး ထျန်းချီတာဝါကို အထင်မကြီးနေတာ! သခင်ကြီးတို့ကို အဖက်မလုပ်တာ! ဒီအခွင့်အရေးကို အသုံးချပြီး သခင်ကြီးတို့ရဲ့ သတင်းစုဆောင်းမှုကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ!”
ထိုလူက ခဏရပ်လိုက်ပြီး အရှေ့ရက်ပိုင်းက ရှကျိုးယွီရဲ့ အပြုအမူကို စဥ်းစားပြီးမှ တစ်ပုံစံထဲ လိုက်ပြောလိုက်သည်။
“ ထျန်းချီတာဝါကို ဘာဂရုစိုက်ရမှာလဲ? ဒါက တရှားရဲ့မြို့တော်! သူတို့အနေနဲ့ သတင်း လိုချင်ရုံဆိုရင် ငါကိုယ်တော် မျက်လုံးမှိတ်ပေးထားနိုင်တယ်။ ဒါပေမဲ့ သူတို့က ငါ့တရှားရဲ့ တိုင်းပြည်ရေးမှာ ဝင်ပါရဲမှတော့ ငါကိုယ်တော်ကို အပြစ်လာမတင်နဲ့တော့!”
လီဖူပင် အနည်းငယ် အံ့သြသွားသည်။
လီဖူ ကောင်းကောင်း နားလည်သွားခဲ့သည်။ သူ့အနေနဲ့ ရှေ့ရက်ကအမှားအတွက် မျက်နှာ ပြန်ဆယ်နိုင်အောင် ရှကျိုးယွီ သေချာ ဒီလူကို လွှတ်ပေးခဲ့တာပဲ။ ဒီအခွင့်အရေးကို သူ ယူမှ ဖြစ်မည်။
လီဖူရဲ့ မျက်နှာထားက ပိုပြီးတည်ငြိမ်သွားခဲ့သည်။
‘ အဲ့ဒီတုန်းက သူ့ရဲ့အပြုအမူကို ငါမအံ့သြတော့ပါဘူး’
‘ ကြည့်ရတာ ငါတို့ဘက်က တစ်ကယ် စည်းကျော်ပြီး တရှားရဲ့ဘုရင်ကို ဒေါသထွက်စေခဲ့တာပဲ!’
‘ ဒါတွေအားလုံးက မောက်မာပြီး ထင်ရာစိုင်းတဲ့ သစ္စာဖောက် လုချန်ရဲ့ အပြစ်ပဲ!’
‘ အခုငါ့အနေနဲ့ အဆင်ပြေအောင် ဖြေရှင်းလို့ပဲ ရတော့မယ်’
‘ ဒီအခွင့်အရေးကို သေချာပေါက် ယူရမယ်’
သူ တွေးမိလေလေ၊ အပြစ်ရှိစိတ်ကို ပို ခံစားလာရသည်။ သူ့ရဲ့မျက်နှာထားက ပိုပြီး တည်ငြိမ်လာတော့သည်။
မျက်စိရှေ့က လူကို တောက်လောင်နေတဲ့ မျက်လုံးများနဲ့ ကြည့်လိုက်လေသည်။
ဒါပေမဲ့ အရှေ့က လူအိုကတော့ လီဖူရဲ့အတွေးကို မသိပါချေ။
သူ့အနေနဲ့ လီဖူရဲ့အကြည့်ကို အနည်းငယ် ထူးဆန်းတယ်လို့သာ ခံစားရသည်။ ဒါပေမဲ့ သူ အကြာကြီး အတွေးမများခဲ့ဘူး။ ထိုအစား သူက အမြန်ပြောလိုက်သည်။
“ သခင်ကြီးတွေးကြည့်ပါ။ ရှကျိုးယွီသာ ထျန်းချီတာဝါကို တစ်ကယ် အလေးထားရင် ဘယ်လိုလုပ် သခင်လုချန်ကို ထိရဲမှာလဲ? ပြည်သူတွေရဲ့ အသက်ကို ဂရုစိုက်ရင် နယ်စပ်မှာ ဘာကြောင့် အသုံးမလိုတဲ့ တံတိုင်းကြီးဆောက်ဖို့ လုပ်နေမှာလဲ? ဒီလိုမျိုး တိုင်းပြည်ငွေကြေးတွေ သုံးပြီး အရမ်းရှည်တဲ့ တံတိုင်းစုတ်ကြီး ဆောက်ဖို့လုပ်နေတာ သေချာပေါက် တရှားတိုင်းပြည်တော့ ကပ်ဘေး ကျတော့မှာပဲ!”
ဒါကို ကြားတော့ ခြေလှမ်းပြင်နေတဲ့ လီဖူ.အလင်းပေါက်သွားခဲ့သည်။
သူ့ရဲ့အတွေးတွေကြောင့် ကိုယ်တိုင်ပင် အံ့သြသွားလေ၏။ မျက်လုံးထဲမှာပါ အနည်းငယ် ထိတ်လန့်ရိပ် စွန်းလာသလိုပဲ။
‘ နယ်စပ်မှာ တံတိုင်းဆောက်မယ်တဲ့လား? ရှကျိုးယွီ သတင်းတွေ ကြားထားလို့လား?’
'မဟုတ်ဘူး။ ဒါတွေက ခန့်မှန်းချက်ပဲ! တစ်ကယ်သာ သိရင် အခုလို ငွေအင်အား၊ လူအင်အားဖြုန်းတီးပြီး တံတိုင်းဆောက်ဖို့ မလုပ်လောက်သေးဘူး’
‘ ဒါက သူ့ရဲ့ ကြီးမားတဲ့အစီအစဥ်အတွက် ရှေ့ပြေး လုပ်ရပ်တွေပဲ ဖြစ်ရမယ်’
‘ သေးငယ်တဲ့ တရှားတိုင်းပြည်မှာ အခုလို ထူးချွန်သူတစ်ယောက် ထွက်ပေါ်လာမယ်လို့ ငါ မထင်ထားဘူး’.
‘ နေအုံး။ သူငါ့ဆီကို ဒီသတင်းရောက်စေတာ ဘာရည်ရွယ်ချက်နဲ့လဲ? ဖြစ်နိုင်တာ ဒီတံတိုင်းဆောက်တဲ့ကိစ္စကို လူမသိစေချင်ဘူး။ အဲ့ဒါကိုလဲ ငါ့ရဲ့နဂိုအမှားကို အခွင့်အရေးပေးတဲ့အနေနဲ့ ထျန်းချီတာဝါရဲ့ အင်အားကိုသုံးပြီး သတင်းပိတ်ခိုင်းတာလား?’
‘ တရှားရဲ့ဘုရင်က အဲ့လောက် ရေရှည်တွေး တတ်တာလားဟ?’
လီဖူရဲ့ အကြည့်တွေက ပိုနက်ရှိုင်းလာကာ တော်ဝင်နန်းတော်ဆီ အကြည့်ပြောင်းသွားခဲ့သည်။
သူ နန်းတော်ကို ကောင်းကောင်း ကြည့်နေခဲ့သည်။
အနီးကပ် လေ့လာနိုင်စေရန် ပထမအဆင့် ကျင့်ကြံသူရဲ့ အစွမ်းကို သုံးပြီး နတ်မျက်လုံးနဲ့ပင် အာရုံခံခဲ့သေးသည်။
သူ့ရဲ့ နတ်မျက်လုံးဖွင့်လိုက်တာနဲ့ ချက်ချင်းပဲ တရှားမြို့တော်တစ်ခုလုံးရဲ့ ထူးခြားမှုကို သတိထားမိသွားခဲ့သည်။
သူ့ရဲ့မျက်လုံးထဲမှာ အံ့သြရိပ်တစ်ချို့ ဖြတ်ပြေးသွားလေ၏။
‘ မြင့်တက်နေတဲ့ ကံကြမ္မာအမှတ်နဲ့ ပုန်းခိုနေတဲ့ နတ်နဂါးတစ်ကောင်ရှိနေတယ်! တရှားရဲ့ အနာဂတ်က ကြောက်ဖို့ကောင်းလောက်အောင် မြင့်တက်လာတော့မှာပဲ!’
အကြည့်တစ်ချက်မှာ…
သူ့ရဲ့အာရုံကြောတွေ တင်းကျပ်သွားခဲ့သည်။
ကျယ်ပြန်တဲ့ ရှေးဟောင်းမြို့တော်ကြီးကို ကြည့်လိုက်မိသလိုပဲ။
သူ့ရဲ့ နတ်အာရုံပင် တုန်လှုပ်သွားခဲ့ရသည်။
လူသားတစ်ယောက်ရဲ့ပင်ကိုယ်အသိစိတ်အရ ခြိမ်းခြောက်ခံလိုက်ရတဲ့ ခံစားချက်ပဲ။
‘ ဒီတရှားတိုင်းပြည်ကို ရန်စလို့ မဖြစ်ဘူး!’
အဲ့ဒီ ခြိမ်းခြောက်နိုင်စွမ်းက ဘယ်နေရာက လာနေမှန်း လီဖူ မသိပေမဲ့…
အခုချိန်မှာ သူ့အတွက် ဒီတရှားတိုင်းပြည်က သေးငယ်တဲ့ တိုင်းပြည်တစ်ခု မဟုတ်တော့ဘူး။ နတ်နဂါးတစ်ကောင် ပုန်းခိုနေတဲ့ အသူရာချောက်နက်ကြီးပဲ!
‘ ဒီလိုတိုင်းပြည်ရဲ့ မြို့တော်မှာ ငါရင်းနီးစွာ ဆက်ဆံထားမှဖြစ်မယ်။ သူတို့ကို စိတ်ဆိုးအောင် လုပ်လို့မဖြစ်ဘူး!’
‘ မဟုတ်ရင် ထျန်းချီတာဝါ တစ်ခုလုံး ပျက်ဆီးကိန်းစိုက် သွားလိမ့်မယ်!’
‘ အခုချိန်မှာ အဆင်သင့် လှေကားပေါ်လာပြီဆိုမှတော့ ငါ အလိုက်သင့် တက်ထားရမယ်။ အမှားထပ်လုပ်မိလို့ မဖြစ်ဘူး’
လီဖူရဲ့ အကြည့်က အရှေ့က လူအိုဆီ ထပ်မံ ကျရောက်သွားခဲ့သည်။
သူ့ရဲ့အကြည့်က သိချင်စိတ်ကနေ သဘောကျမှုအဖြစ် ပြောင်းကွယ်သွားခဲ့သည်။
'ဒီဆက်ဆံရေးတစ်ခုလုံးက မင်းအပေါ် မူတည်နေပြီ!’
“ ဒီတော့ မင်းယုံကြည်နေတာက ငါကမင်းကို ကူညီပြီး တရှားရဲ့ဘုရင်ကို ဖျက်ဆီးပေးမယ်လို့လား?”
လီဖူ တည်ငြိမ်စွာ မေးလိုက်သည်။
ထိုလူ အနည်းငယ် အံံ့သြသွားပြီး နောက်မှာ အမြန် ခေါင်းညိတ်လိုက်လေကာ
“ ဒီလိုဆိုရင်တော့ အကောင်းဆုံးပါ။ ဒါပေမဲ့ သခင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ ဝင်ပြောခွင့် မရှိပါဘူး….”
ထိုလူ ပြောနေတာပင် မပြီးသေးဘူး။ သူ့ရဲ့ ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။
မြေပြင်ပေါ် လဲကျသွားလေ၏။
လီဖူ ထိုလူကို ကောက်မလိုက်သည်။
လက်ထဲမှာ အလွယ်လေး ကိုင်ထားရင်း နန်းတော်ဆီ ဦးတည်လိုက်တော့သည်။
ဒီအချိန်မှာ လီဖူ ပေါ့ပါးနေခဲ့သည်။
အစောပိုင်းကလို မောက်မာခြင်းတွေလဲ မရှိတော့ဘူး။
…………….