← Chapters

( နောက်ကျောဓားထိုးခံရပြန်ပြီ)

Vol. 4 Ch. 45

( နောက်ကျောဓားထိုးခံရပြန်ပြီ)

Vol. 4 Ch. 45

နန်းတော်ထဲက ကိုယ်ပိုင် အိပ်ဆောင်မှာ ရှကျိုးယွီ အ​ရှေ့နဲ့အနောက် လျှောက်နေခဲ့သည်။

သူ ဖူယွဲ့နန်းဆောင်ဆီလဲ မသွားနိုင်တော့ဘူး။

တော်ဝင်စာဖတ်ခန်းကိုလဲ မသွားခဲ့ဘူး။

ဒီအချိန်မှာ သူ စိတ်ဝင်စားနေတဲ့ တစ်ခုတည်းသောအရာက ထိပ်သီးဂိုဏ်းရဲ့ ဒေါသတကြီး တုံ့ပြန်လာမှုအပေါ်ကိုပဲ။

သူ လိုအပ်တာတွေလဲ အားလုံး ပြင်ဆင်ပြီးသွားပြီ။

စုံစမ်းပြီးတာနဲ့ အမျက်ချောင်းချောင်း ထွက်ပြီးပြန်ရောက်လာမဲ့ လီဖူကို စောင့်နေတာပင်။

ဆင်ခြေပေါင်း သောင်းခြောက်ထောင်လဲ တွေးထားပြီးပြီ။

ဒါပေမဲ့ အခုထိ လီဖူက ပေါ်တော်မမူသေးဘူး!

ရှကျိုးယွီ စိတ်မရှည်တော့ဘူး။ ထိုအချိန်မှာပဲ မိန်းမစိုးငယ်က အလောတကြီး ဝင်လာခဲ့သည်။

မိန်းမစိုးကို မြင်တာနဲ့ ရှကျိုးယွီ ဝမ်းသာလုံး ဆို့သွားလေ၏။ ချက်ချင်းပဲ အရှေ့တိုးလိုက်သည်။ မိန်းမစိုးလေးလဲ အမြန်လျှောက်တင်လိုက်သည်။

“ အရှင်မင်းကြီး ထျန်းချီတာဝါကလူ ပြန်ရောက်လာပြီ။ နန်းတော်အပြင်မှာ ​စောင့်နေပါတယ်။ လူတစ်ယောက်ပါ ခေါ်လာပုံပါပဲ”

ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။

“ စောင့်နေတယ်ဟုတ်လား? အထဲကို ဇွတ်ဝင်လာသင့်တာ မဟုတ်ဘူးလား?”

ဒါပေမဲ့ သူအများကြီး မစဥ်းစားခဲ့ဘူး။ လက်ထနေတဲ့ မျက်လုံးများနဲ့ ပြောလိုက်လေ၏။

“ နေအုံး လူတစ်ယောက် ခေါ်လာတယ် ပြောတာ။ ဘယ်သူလဲ လုချန်လား?”

မိန်းမစိုးလေး ကြောင်သွားသည်။ ရှကျိုးယွီရဲ့ ထူးဆန်းတဲ့အပြုအမူကြောင့် ရှုတ်ထွေးသွားတာပင်။

ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမေးမို့ အမြန် ပြန်ဖြေကြားလိုက်သည်။

“ သခင်လု မဟုတ်ပါဘူး။ အသက်ကြီးတဲ့ လူတစ်ယောက်ပါ။ ကြည့်ရတာ အလုပ်ရေးရာ ဋ္ဌာနက သခင်ကြီး ကျီ ဖြစ်မဲ့ပုံပါပဲ”

ရှကျိုးယွီ စိတ်ပျက်စွာ ခေါင်းရမ်းလိုက်သည်။

ထို့နောက်မှာ သူ တစ်ခုကို တွေးမိသွားတာမို့ အမြန်ပြန်မေးရတော့သည်။

“ နေအုံး! ဘယ်သူလို့ ပြောလိုက်တာ”

ရှကျိုးယွီရဲ့ မျက်နှာထားကြောင့် ထိုမိန်းမစိုး အံ့သြနေရသည်။

ဒါပေမဲ့ အမြန်ပဲ ပြန်ဖြေကြားလိုက်သည်။

“ အလုပ်ရေးရာ ဋ္ဌာနရဲ့ အမတ်ကြီးအိမ်တော်က သခင်ကျီ ပါ”

“ အလုပ်ရေးရာ ဋ္ဌာနဟုတ်လား? ဘယ်လိုလုပ် သူနဲ့ပတ်သတ်နေတာလဲ? ငါကိုယ်တော် ခံစားချက် မကောင်းတော့ဘူး!”

သူ ချက်ချင်း အချိန်မဆွဲတော့ဘဲ ပြောလိုက်သည်။

“ကောင်းပြီ။ သူတို့ကို ဝင်ခိုင်းလိုက်”

“ အမိန့်တော် အတိုင်းပါ!”

ထို မိန်းမစိုးလေး ထွက်သွားတော့သည်။

ရှကျိုးယွီကတော့ နေရာမှာတင် ရပ်ကျန်ခဲ့သည်။ သူ အံ့သြနေတာပင်။

သူ တွေးလေလေ၊ ရင်ထဲမှာ မကောင်းတော့လေပဲ။

ပြောရမယ်ဆိုရင် ထျန်းချီတာဝါက အခုလို မလုပ်သင်ဘူး။ အထူးသဖြင့် မသက် ဆိုင်တဲ့သူကို သယ်လာတာမျိုး!

အဲ့ဒီအစား သူက အင်အားသုံးပြီး နန်းတော်ထဲ ဇွတ်တရွတ် ဝင်လာသင့်တာ။ ရန်သူကို အပြတ်ချေမှုန်းမဲ့ အမုန်တရားတွေ သယ်ဆောင်လာရမှာလေ!

လိုင်းပေါ်က ဝတ္ထုတွေအရဆိုရင် အင်အားကြီးအုပ်စုတွေက မောက်မာရမှာလေ၊ မောက်မာပြီး ပါးဖြတ်ရိုက်တာမျိုး၊ နိုင်ငံငယ်လေးက သူတို့ကို စော်ကားတာဆိုရင် ပြည်ဖျက်လိုက်တာမျိုးတွေ လာရမှာ မဟုတ်ဘူးလား ငါလခွေး

‘ ကြည့်ရတာ အဲ့ဒီလူက အများနဲ့မ​တူတာလား?’

‘ ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်’

ရှကျိုးယွီ တွေးနေစဥ်မှာပင် လီဖူက သခင်ကျီကို သယ်ရင်း အထဲဝင်လာလေ၏။

ရှကျိုးယွီကို​ မြင်တာနဲ့ သူ့ရဲ့မျက်လုံးထဲကို အရှက်ရမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။

ရှကျိုးယွီကိုတောင် မကြည့်ရဲတော့သလိုပဲ။

သူ အရိုအသေပေးလိုက်ကာ

“ အရှင်မင်းကြီး”

ရှကျိုးယွီရဲ့ မျက်လုံးတွေ ပြူးကျယ်ရလေပြီ။

“ အရှင်မင်းကြီး??”

ဒါ မင်း ပထမဆုံးရောက်လာတုန်းက ပုံစံ မဟုတ်သလားလို့?

ဒီကောင် ဘာတွေ ကြံနေတာလဲ?

ဒီမလာခင် ဆေးမသောက်ခဲ့ရလို့လား?

ပုံမှန် မဟုတ်နေဘူးနော်!

ဖျား ဖျား ငါကြက်သီးတွေ ထလာသလိုပဲ ဂတ် ဂတ်

ရှကျိုးယွီ စိတ်ထဲမှာ တွေးနေမိပေမဲ့ အပြင်မှာတော့ အံ့သြဟန်ဆောင်ကာ ပြောလိုက်သည်။

“ နေအုံး နေအုံး မင်း.ဘာပြောလိုက်တယ်?”

လီဖူက စိတ်မဆိုးပေ။ ထိုအစား သူက ထပ်မံပြီး အရိုအသေ ပေးလိုက်သည်။

“ အရှင်မင်းကြီး”

ရှကျိုးယွီ မေးလိုက်သည်။

“ မင်းငါ့ကို ပြဿနာမရှာတော့ဘူးလား?”

လီဖူရဲ့ မျက်နှာက ပိုပြီးအရှက်ရသွားပုံပဲ။ သူ့ရဲ့ခေါင်းကို ငုံ့ကာ ပြောလိုက်လေသည်။

“ အရှင်မင်းကြီး ဒီကိစ္စက ထျန်းချီတာဝါက မှားခဲ့တာပါ။ ကျွန်တော် အလောတကြီးလုပ်ပြီး အရှင်မင်းကြီးကို ရိုင်းပျမိခဲ့တယ်။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ထျန်းချီတာဝါကို ပြန်ရောက်ရင် သေချာပေါက် ကျေနပ်စေမဲ့ ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်”

လီဖူရဲ့ စကားတွေကို ရှကျိုးယွီ လက်မခံချင်နေဘူး!

“ ရှင်းပြချက်ပေးဖို့ မလိုပါဘူး။ ငါကိုယ်တော် ဘာလုပ်ခဲ့လဲ မင်းသိတယ်မလား? အဆင်ပြေလို့လား?”

ကိုယ့်အမှားကိုယ် လက်ခံထားတဲ့ လီဖူအတွက် ရှကျိုးယွီရဲ့ မေးခွန်းက အရှက်ရမှုထဲ ပိုလောင်စာ ထည့်ပေးလိုက်သလိုပဲ။ သူ စိတ်ထဲကနေ ပြန်ဖြေလိုက်သည်။

“ သေချာပေါက် အရှင်မင်းကြီးလုပ်ခဲ့တာကို ကျွန်တော် သိပါတယ်။ အရှင်မင်းကြီးက ပြည်သူတွေအတွက် တွေးပြီး လုပ်ခဲ့တာပဲ။ တစ်ကယ်ကို စစ်မှန်တဲ့ အုပ်ချုပ်သူပါ! အရှင်မင်းကြီးလို အုပ်ချုပ်သူ ရထားတာ တရှားတိုင်းပြည်ကြီး ကံကောင်းတာပဲ!”

“ မဟုတ်ဘူး။ မင်း အဆင်ပြေလို့လားလို့?”

ရှကျိုးယွီ စိတ်လှုပ်ရှားလာရပြီ!

ဒါပေမဲ့ ထိုစကားလုံးတွေက ခြိမ်းခြောက်တဲ့ စကားသံအဖြစ် ပြောင်းသွားတော့ လီဖူ ထိတ်လန့်စွာ ဒူးထောက်ချလိုက်သည်။ အခွင့်အရေး မလွတ်ချင်တာမို့ သူက အမြန်ပြောလာလေ၏။

“ အရှင်မင်းကြီး ဘာကိုဆိုလိုတာပါလဲ? ကျွန်တော် အရင်က ရိုင်းခဲ့ပေမဲ့ အခု နောင်တ ရနေပါပြီ။ ကျေးဇူးပြုပြီး အရှင်မင်းကြီး ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ပါနဲ့”

“????”

ရှကျိုးယွီရဲ့ မျက်နှာတစ်ခုလုံး မေးခွန်းတွေနဲ့ ပြည့်သွားခဲ့သည်။

လီဖူရဲ့ အတွေးကတော့ ပြာယာခတ်နေဆဲပဲ။

အကြာကြီးတွေးပြီးနောက်မှာ

သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး

ခပ်ဖြည်းဖြည်း ခေါင်းမော့လိုက်သည်။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် တည်တင်းနေတဲ့ မျက်နှာနဲ့ မော့ကြည့်လာလေ၏။

“ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ စိတ်အေးစွာ နေပါ။ ဒီနေ့ကစပြီး အရှင်မင်းကြီးက ကျွန်တော်တို့ ထျန်းချီတာဝါရဲ့ အထင်ရှားဆုံးဧည့်သည်တော် ဖြစ်လာပြီး တရှားတိုင်းပြည်က ကျွန်တော် တို့ရဲ့ မဟာမိတ် ဖြစ်လာလိမ့်မယ်။ ထျန်းချီတာဝါက အရှေ့တိုးပြီး အမြဲတမ်း တရှားတိုင်းပြည်ဘက်က ရပ်တည်ပေးပါ့မယ်!”

“ မဟုတ်ဘူးလို့! မင်း.. ဟာကွာ”

ရှကျိုးယွီ ဒေါသတွေပင် ထွက်လာရပြီ။

ဒါပေမဲ့ သူမပြောရသေးခင်မှာပဲ စနစ်ရဲ့အသံကို ကြားလိုက်ရသည်။

( ထိပ်သီးဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့အတွက် ကံကြမ္မာအမှတ် ၂၀၀၀၀ တိုးသွားပါတယ်)

ရှကျိုးယွီရဲ့ အသိစိတ်ထဲကို မရေမတွက်နိုင်တဲ့ ဓားချက်တွေ ပျံဝဲလာသလိုပဲ။

‘ ငါလခွီးတဲ့မှ! အဲ့ဒီအရေးမပါတဲ့ စကားတွေနဲ့တင် ဘာကိစ္စ နှစ်သောင်းတောင် တိုးသွားရတာလဲ!!’

‘ ဒါကြီးက သောက်ကျိုးနည်း အဓိပ္ပါယ်မရှိနေဘူး!!’

‘ ဘယ်မှာတုန်း? တစ်မြို့လုံး ဖျက်ဆီးမဲ့ဓားချက်တွေ!’

‘ ဘယ်မှာတုန်း? သန်မာလှပါတယ်ဆိုတဲ့ ထိပ်သီးဂိုဏ်းရဲ့ သိုင်းတွေ!’

‘ ဒီကမ္ဘာကြီးမှာ သန်မာတဲ့သူ ဗိုလ်ကျရတာ မဟုတ်ဘူးလား?’

‘ သောက်ကျိုးနည်းပဲ! ဒီတရှားတိုင်းပြည်က အဲ့လောက် သန်မာနေလို့လား!’

‘ ထိပ်သီးဂိုဏ်းလေ! မင်းတို့က ထိပ်သီးဂိုဏ်းဟ! ဘာကိစ္စ ဘာမှ မလုပ်ရတာတုန်း?’

‘ ငါဒီလောက် ခံဖို့အသင့်လုပ်ပေးနေတာကို! ငါအရမ်းခံချင်တာကို! ဘာကိစ္စ ဘာမှမလုပ်ရတာလဲ!’

‘ ဒါကြီးက သောက်ရမ်းအဓိပ္ပါယ် မရှိဘူးကွ!!’

ရှကျိုးယွီ ရင်ထဲမှာ ခါးတူးနေတော့သည်။

တိုင်းပြည်ကို ဖျက်ဆီးမဲ့ သူ့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဥ်က အစတောင် မဖော်ရသေးဘူး!

အခုတော့ အရင်နေရာ ပြန်ရောက်သွားပြန်ပြီ။ အပိုအနေနဲ့ တိုးလာတဲ့ အမှတ်နှစ်သောင်းကိုပါ လက်ဆောင်ရခဲ့သေးတယ်!!

ဘယ်လိုချီးထုတ် အခြေအနေကြီးလဲ?!

ရှကျိုးယွီရဲ့ မျိုးစုံပြောင်းလဲနေတဲ့ မျက်နှာကို လီဖူ.မြင်နေရသည်။

ဒါကြောင့် သူ မနေနိုင်စွာ ပြောလို​က်လေ၏။

“ အရှင်မင်းကြီး စိတ်မပူပါနဲ့။ ထျန်းချီတာဝါ ဘက်ကို ကျွန်တော်အကောင်းဆုံး ကိုင်တွယ် လိုက်ပါ့မယ်။ အရှင်မင်းကြီးက တိုင်းပြည်အရေးမှာပဲ အာရုံစိုက်ထားပါ”

“ တရှားတိုင်းပြည်ကြီး မကြာခင်မှာ တိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်”

ရှကျိုးယွီ သွေးအန်ထွက်တော့မည်!

“ မင်း…”

လီဖူက ဆက်ပြောလာပြန်သည်။

“ အရှင်မင်းကြီး ထပ်ပြောဖို့မလိုတော့ပါဘူး။ ရှေ့တုန်းက ကျွန်တော် အနေအထိုင် မတတ်ခဲ့တာပါ။ အရှင်မင်းကြီးကြောင့်သာ မဟုတ်ရင် ကျွန်တော်အခုလို ပြန်ပေးဆပ်ဖို့ အခွင့်အရေးကို ရမှာမဟုတ်ဘူး”

​ပြောပြီးတာနဲ့ လီဖူက သခင်ကျီကို ကြည့်လိုက်သည်။

သူ စကားဆက်မပြောတော့ဘဲ ရှကျိုးယွီဘက်ကို လှည့်လိုက်လေကာ

“ အရှင်မင်းကြီးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

“ အင်းအင်း”

ရှကျိုးယွီ ပြီးပြီးရောသာ လက်ယမ်းပြလိုက်တော့သည်။

ထို့နောက်မှာ မျက်စိရှေ့​က သခင်ကျီကို စိတ်ပျက်ခြင်းကြီးစွာဖြင့် ကြည့်လိုက်သည်။

လီဖူ လဲ ဒါကိုမြင်တော့ ထပ်မပြောတော့ပေ။

“ ဒီလိုဆိုမှတော့ ကျွန်တော် သွားပါတော့မယ်။ ပူးပေါင်းမဲ့ကိစ္စကို ကျွန်တော် အကောင်းဆုံး ဆောင်ရွက်လိုက်ပါ့မယ်။ အရှင်မင်းကြီး စိတ်မပျက်စေရပါဘူး”

“ အင်း!”

ရှကျိုးယွီရဲ့ လေသံက အက်ရှနေခဲ့သည်။

လက်တစ်ဖက်ကိုပဲ ယမ်းပြလိုက်တော့သည်။

သူ ဂရုမစိုက်ချင်တော့ဘူး။

လီဖူက ရှကျိုးယွီကို အရိုအသေပေးကာ ထွက်သွားလေတော့သည်။

လီဖူ လုံးဝ ထွက်သွားမှသာ မေ့လဲနေတဲ့ သခင်ကျီကို ရှကျိုးယွီ သေချာကြည့်လိုက်သည်။

“ ဒီအ​ကောင်ကို ရေလောင်းပြီးဖြစ်ဖြစ် နှိုးလိုက်စမ်း!”

……..

All Chapters