← Chapters

( ငါ့ကိုများ ယောင်ဖန်း ထင်နေလား?)

Vol. 4 Ch. 47

( ငါ့ကိုများ ယောင်ဖန်း ထင်နေလား?)

Vol. 4 Ch. 47

ချန်ရှုံး တစ်ယောက် သူ့ရဲအိမ်တော်ထဲမှာ လက်ဖက်ရည်ခွက်ကို လက်ကကိုင်ရင်း လှည့်ပတ်သွားနေခဲ့သည်။

သခင်ကျီ ပြန်လာမဲ့အချိန်ကို သူ စောင့်နေတာပင်။

ဒါပေမဲ့ သူ.ဘယ်လောက်ပဲ စောင့်စောင့်၊ သခင်ကျီက ပြန်မလာသေးဘူး။

စိတ်မရှည်တော့ပြီမို့ သူ ခဏ ထိုင်ချလိုက်သည်။

ထိုအချိန်မှာပဲ အခန်းအပြင်ကနေ အသံတစ်ခု ကြားလိုက်ရသည်။

“ ချန်ရှုံး အခု ထွက်ခဲ့စမ်း!”

ချန်ရှုံး.မျက်မှောင်ကြုတ်သွားသည်။

အခါးရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ အပေါ်ဝတ်ကို ဝတ်ဆင်လိုက်ကာ အပြင်ထွက်လိုက်လေ၏။

ဒါပေမဲ့ သူ အပြင်ရောက်တာနဲ့ မြေပြင်မှာ လူစုလူဝေးလိုက် ရှိနေတဲ့ ကျင်းယိအစောင့်တပ်ကို မြင်လိုက်ရသည်။ အကုန်လုံးရဲ့ မျက်လုံးတွေက ဖြတ်လတ်နေလေ၏။

အစတော့ သူ အံ့သြသွားသည်။ ဒါပေမဲ့ အမြန်ပြုံးလိုက်ကာ

“ ဘယ်သူများလဲလို့? ကျင်းယိအစောင့်ခေါင်း​ဆောင်ပဲ။ ဘာကြောင့် ရောက်လာတာများလဲ? ဒီနေ့ ကျွန်တော့်နေရာကို ရောက်လာတာ အရမ်း မောက်မာရာ ကျမနေဘူးလား?”

“ အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့! ခေါ်သွားကြစမ်း”

လီချန်ချိုး စကားအရှည်ကြီး မပြောတော့ဘူး။.လက်တစ်ဖက် ယမ်းပြပြီး အချက်ပြလိုက်သည်။

ချက်ချင်းပဲ ကျင်းယိအစောင့်တွေ လှုပ်ရှားဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ ချန်ရှုံးက ပြောလိုက်လေသည်။

“ မင်းတို့ဘာလုပ်နေတာလဲကွ? ငါပြောမယ်။ ငါက အဆင့်မြင့်အရာရှိတစ်ယောက်! ငါ့ကို ထိချင်ရင် အရှင်မင်းကြီးရဲ့ အမိန့်တော်စာ ပါမှရမယ်!”

ထိုစကားတွေ ထွက်လာတာနဲ့ ကျင်းယိအစောင့်တွေ အကုန် မှင်သက်သွားကြသည်။

ဘယ်သူမှ အရှေ့မတိုးရဲတော့ဘူး။

ချန်ရှုံး ယုံကြည်ချက်တို့ရှိလာကာ ဆက်ပြောလိုက်သည်။

“ မင်းတို့အမိန့်တော်စာ မပါရင် ပါးစပ်ပိတ်နေကြ!”

ထို့နောက်မှာ သူက လီချန်ချိုးကို ကြောက်မက်ဖွယ် ကြည့်လာသည်။

“ နို့နံ့မစင်သေးတဲ့ ကောင်ကများ ငါ့ရှေ့အာဏာ လာပြနေတယ်! ငါ့ကိုများ မင်း အလွယ်လေး အနိုင်ယူနိုင်မဲ့ သူ ထင်နေလား!”

“ ထွက်သွားစမ်း!”

လီချန်ချိုးကို စိုက်ကြည့်ရင်း အော်ဟစ်ပစ်လိုက်သည်။

“ ငါ့ကို ထိချင်ရင် တော်ဝင်အမိန့်စာ အရင် ယူလာခဲ့!”

လီချန်ချိုး အနည်းငယ် အံ့သြသွားသည်။

ချန်ရှုံးက အခုလောက်ထိ ခေါင်းမာမယ် သူ မထင်ခဲ့မိဘူး။

စကားလုံး.နည်းနည်းနဲ့တင် ကျင်းယိအစောင့်တပ်ကို လန့်သွားအောင် လုပ်နိုင်တာပဲ။

သူ ခဏလောက် တွေးပြီးနောက်မှာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ အိုး? ကြည့်ရတာ.တော်ဝင်အမိန့်တော် မရမချင်း အမတ်ကြီးက မကြောက်ဘူးပေါ့?”

လီချန်ချိုးက ချန်ရှုံးရဲ့ အတွေးကို ဖောက်မြင်နေသည့်နှယ် ပြောလိုက်သည်။

ဒါပေမဲ့ လီချန်ချိုးရဲ့ မျက်လုံးထဲမှာ မရေရာမှုတွေ ရှိနေသည်။

ဒါကိုမြင်တော့ ချန်ရှုံးရယ်လိုက်ကာ

“ တော်ဝင်အမိန့်တော် ရှိတော့ရော ဘာဖြစ်သလဲ? မရှိတော့ရော ဘာဖြစ်သလဲ? မင်းရဲ့စကားတွေကို ​ငါကြောက်မယ် ထင်လား? မင်းလို ခေါင်းဆောင်ငယ်ကများ ဘာ အရည်အချင်းနဲ့ ငါ့ကို ဖမ်းရဲတာလဲ?”

ချန်ရှုံးက ပြောရင်းနဲ့ မာန်ပါပါ အရှေ့တိုးလိုက်သည်။

“ မိဖုရားရဲ့ မောင်တော်ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် မင်းမှာ ဘာရှိတာမလို့လဲ?”

“ အသုံးမကျတဲ့ ကောင်ကများ! ဒီနေရာမှာ ငါ့ကို အစောင့်တွေအားကိုးနဲ့ လာခြောက်ရုံအပြင် မင်း.ဘာလုပ်တတ်သေးလို့လဲ?”

“ အရှင်မင်းကြီးက မင်းကို အရည်အချင်းရှိလို့ ဒီရာထူးပေးခဲ့တယ် ထင်နေလား?”

“ မင်းရဲ့ အမတော် မိဖုရားကြောင့်သာ မဟုတ်ရင် ရမှာမလို့လား?”

လီချန်ချိုးရဲ့ မျက်နှာက အနီရောင် ပြောင်းသွားခဲ့သည်။

ချန်ရှုံးရဲ့ ရန်စကားတွေကြောင့် သူ.ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ဘူး ဖြစ်နေသည်။

“ မင်း..”

လီချန်ချိုးရဲ့ ပုံစံကိုတွေ့တော့ ချန်ရှုံး ပိုပြီး မောက်မာလာသည်။

“ ပြော။ ငါဘာဖြစ်သလဲ? မကျေနပ်ဘူးလား? မကျေနပ်ရင်.အမှုဖွင့်လိုက်ကွာ”

“ သေချာပေါက် အဲ့လိုမလုပ်ခင် မင်း.အသက်ရှင်အုံးမှပေါ့”

“ ဟမ့်! ငါ့အိမ်တော်ထဲက အခု ထွက်သွားစမ်း!”

ချန်ရှုံးက ပြောရင်းနဲ့ ဒေါသတွေ ပါလာသည်။ ဒီအချိန်မှာ သူ့အနေနဲ့ ရှကျိုးယွီကို ထျန်းချီတာဝါကလူ ဖျက်ဆီးတာကို ကြည့်နေရမှာ! ဒါပေမဲ့ ဒီ လီချန်ချိုးဆိုတဲ့ ကောင် လာနှောက်ယှက်တာပဲ ခံနေရသည်!

'ဒီကောင်ကများ သူ့ကို ထိရဲတယ်။ တစ်ကယ်ပဲ ဘာသတ္တိနဲ့လဲ!’

သူ ဆက်ပြောလိုက်သည်။

“ မင်းက တန်လို့လား?”

လီချန်ချိုး ပိုပြီး ဒေါသထွက်လာတော့သည်။

“ ဘုတ်!”

သူ့ရဲ့ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်လေ၏!

“ ငါက မတန်ဘူးဟုတ်လား? မင်း.ဘယ်လိုတောင် ပြောရဲတာလဲကွ! ဒီဓားက ဘာလဲမင်းသိလား?”

လီချန်ချိုး ဆက်ပြောသည်။

“ ဒါက တော်ဝင်ဓားတော်ပဲ!”

“ ဒီဓားတော်ရှိနေတာက အရှင်မင်းကြီး ရှိနေတာနဲ့ အတူတူပဲ! ချန်ရှုံး.မင်း.ဘယ်လိုထင်လဲ? ဒီလောက်ဆို လုံလောက်ပြီလား?”

ချန်ရှုံးက ဒီလောက်နဲ့ မဖြုံပေ။

သူ ရယ်လိုက်ကာ

“ မင်း ငါ့ကို ဘယ်သူများ ထင်နေလဲ? ဓားလေးတစ်ခုပဲကို။ ဘာလဲ? အဲ့ဒီဓား ရှိတာနဲ့ မင်းကိုယ်မင်း လုပ်ချင်ရာလုပ်လို့ရပြီ ထင်နေလား?”

“ ဒီဓားတော်က တရှားနဲ့ သက်ဆိုင်တယ်။ အရှင်မင်းကြီးနဲ့ပဲ! မင်းဆိုတဲ့ လီချန်ချိုးနဲ့ မဟုတ်ဘူးကွ!”

ချန်ရှုံးရဲ့ စကားတွေက ပြင်းထန်သည်။ ဘာလို့ဆို သူ အရင်ထဲက လီချန်ချိုးကို ကြည့်မရလို့ပဲ။

အခု ဒီလိုတွေ ဖြစ်လာမှတော့ သူ့အနေနဲ့ နောက်ဆုတ်ဖို့ အစီအစဥ်မရှိတော့ဘူး။

ရှကျိုးယွီလဲ ထျန်းချီတာဝါကလူကြောင့် မကြာခင် သေတော့မှာပဲ။

တရှားတိုင်းပြည်တစ်ခုလုံး.မကြာခင်မှာ ဝရုန်းသုန်းကား ဖြစ်ရတော့မယ်!

ထိုအချိန်မှာပဲ..

ရှိနေတဲ့ ကျင်းယိအစောင့်တွေအားလုံး..

ချန်ရှုံးတစ်ခုခု မှားနေမှန်း သတိထားမိသွားသည်။

‘ ချန်ရှုံးဘာလို့ အရမ်းရဲတင်းနေတာလဲ?’

အကုန်လုံး.တစ်ပြိုင်ထဲ တွေးမိသွားတာပင်။

အကုန်လုံး ရှုတ်ထွေးနေကြသည်။

ထိုအချိန်မှာပဲ လမ်းမပေါ်က ကျောက်ကောင်းရဲ့ပုံရိပ်က တစ်ဖြည်းဖြည်း အိမ်တော်နဲ့ နီးလာခဲ့သည်။

ကျောက်ကောင်းကိုမြင်တော့မှ ချန်ရှုံး လန့်သွားသည်။

ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စစ်ဆေးလိုက်လေသည်။

တော်ဝင်အမိန့်စာကို မတွေ့ရမှသာ စိတ်သက်သာစွာ သက်ပြင်းချလိုက်လေ၏။

တော်ဝင်အမိန့်စာ မပါတဲ့ မိန်းမစိုးက ဒီတိုင်း မိန်းမစိုးပဲ။

အထင်ကြီးစရာ မရှိဘူး!

ကျောက်ကောင်းရဲ့ အကြည့်ကတော့ တည်ကြည်စွာဖြင့် ချန်ရှုံးအပေါ်မှာပဲ ရှိသည်။

“ ချန်ရှုံး.မင်းက အရမ်းရဲတင်းနေတာပဲ! တော်ဝင်ဓားတော်ကို​ ​မြင်တာတောင် ဒူးမထောက်ဘူးလား?!”

ချန်ရှုံး မထီမဲ့မြင် ပြုံးလိုက်လေကာ

“ မိန်းမစိုးကျောက် ဖြစ်မယ်ထင်တယ်။ မိန်းမစိုးကျောက် ကကော ဘာလို့ ရောက်လာတာများလဲ? အရှင်မင်းကြီးရဲ့ဘေးမှာ မရှိဘဲ ဘာလို့ ငါ့အိမ်တော်ကို ရောက်နေတာလဲ?”

“ ငါပြောနေတယ်! မင်း ဒူးမထောက်သေးဘူးလား!”

ကျောက်ကောင်း ချန်ရှုံးကို စိုက်ကြည့်လိုက်သည်။

ချန်ရှုံးက သူ့ရဲ့ မထီမဲ့မြင်ဟန်ကို မပြင်သေးပေ။

“ ဒူးထောက်ရမယ်? မင်းလို မိန်းမစိုးကများ ငါ့ကိုသင်ပြနေရအောင် ဘာအရည်အချင်း ရှိလို့လဲ? အရှင်မင်းကြီးရဲ့ အမြင်ကောင်း ရထားတာနဲ့ပဲ ငါ့ရှေ့လာပြီး အာဏာပြနိုင်မယ် ထင်နေလား?”

ကျောက်ကောင်းရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။

အမှန်တော့ သူ့ဘဝရဲ့ တန်ဖိုးကြီးအရာလေးကို ဆုံးရှုံးပြီးထဲက မိန်းမစိုးလို့ ခေါ်ခံရတာကို သူ အမုန်းဆုံးပဲ!

ဒါပေမဲ့ အရှင်မင်းကြီးကို မြင်​ယောင်သွားပြီး သူ့ရဲ့ လူသတ်ချင်စိတ်တွေကို ဖိနှိပ်လိုက်သည်။ ချန်ရှုံးကို စိုက်ကြည့်လိုက်လေကာ

“ အိုးဟုတ်လား?”

ဒါပေမဲ့ ချန်ရှုံးက ရယ်လိုက်ပြန်သည်။

“ ဘာလဲ? ငါပြောတာ မှားနေလို့လား? မိန်းမစိုးဖြစ်ပြီး ကျင်းယိအစောင့်တပ်နဲ့ ပူးပေါင်းတယ်။.အာဏာကို အလွဲသုံးစားလုပ်တယ်။ ငါ့လိုမျိုး ရုံးတော်က အဆင့်မြင့်အရာရှိကို ထောင်ချောက်ဆင်တယ်!”

“ ငါ့ကိုများ လွယ်တဲ့ကောင် ထင်နေလားကွ?”

ချန်ရှုံးက အရှေ့တစ်လှမ်း တိုးလိုက်သေးသည်။

သူ့ရဲ့ သိုင်းပညာက ဒီရက်ပိုင်း တိုးတက်လာခဲ့သည်။.အခုဆို အဆင့်လေးကို ရောက်နေခဲ့ပြီလေ။

သူ့ရဲ့ အရှိန်အဝါကို ထုတ်ပြလိုက်တာနဲ့ ကျင်းယိအစောင့်တွေရဲ့မျက်နှာတွေ ဖြူဖတ် သွားတော့သည်။

လီချန်ချိုးရဲ့မျက်နှာပင် မည်းမှောင်သွားခဲ့သည်။

“ လီချန်ချိုး ငါ့ကိုများ အဲ့ဒီအသုံးမကျတဲ့ ယောင်ဖန်းလို ထင်နေလား? မင်းဖမ်းချင်သလို ဖမ်းလို့ရမယ် မှတ်နေလား? အရှင်မင်းကြီးရဲ့ အမိန့်တော်စာမပါဘဲ ဘယ်သူငါ့ကို ဒီနေရာက ခေါ်သွားရဲလဲကွ!”

ချန်ရှုံးရဲ့ အရှိန်အဝါက တစ်ဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။

“ ဘန်း!”

သူက မြေကြီးကိုပင် ဒေါသတကြီး ကန်လိုက်သေးသည်။

ချက်ချင်းပဲ မြေကြီးမှာ.တွင်းငယ်တစ်ခု ဖြစ်ပေါ်သွားသည်။

“ ဒါက..”

ပတ်ဝန်းကျင်က လေထုတစ်ခုလုံး ချက်ချင်း ပြင်းထန်သွားလေ၏။

ကျောက်ကောင်း တစ်ယောက်ပဲ တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့သည်!

သူ ရှေ့ထွက်ပြီး လှုပ်ရှားသင့်လား တွေးနေတာပင်။

“ ခွက်”

“ ခွက်”

“ ခွက်”

တစ်ချိန်ထဲမှာပဲ အဝေးကလာနေတဲ့ ကျယ်လောင်တဲ့ မြင်းခွာသံတွေက ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့သည်!

……………..

All Chapters