← Chapters

(ကောင်းရော။ မမေးရသေးဘဲ အကုန် ပေါ်ကုန်ပြီ)

Vol. 4 Ch. 48

(ကောင်းရော။ မမေးရသေးဘဲ အကုန် ပေါ်ကုန်ပြီ)

Vol. 4 Ch. 48

မကြာခင်မှာပဲ အင်အားကြီးပုံရှိတဲ့ လူအုပ်တစ်စု ရောက်ရှိလာခဲ့သည်။

သူတို့တွေက အမတ်ချန်ရှုံးရဲ့အိမ်တော်ကို ဝိုင်းလိုက်ကြသည်။

သေချာပေါက် ရောက်လာတဲ့ ရဲမက်တွေက ကျူးကော့ချန်ချင်း ဦးဆောင်တဲ့ ကျင်းဝူအစောင့်တပ်ပင်။

(T/N: ပြောချင်တာက ဒီနေရာမှာ ကျင်းဝူတပ်နဲ့ ကျင်းဝေ့တပ်ဆိုပြီး တပ်နှစ်ခုရှိတယ်။ ကျင်းဝူတပ်က ကျူးကော့ချန်ချင်း ဦးဆောင်တယ်။ တော်ဝင်ရဲမက်လို့ ပြောလို့ရတယ်။ မင်းကြီးရဲ့ အမိန့်ကို တိုက်ရိုက်လက်ခံပြီး အမိန့်အတိုင်း ဆောင်ရွက်ကြတယ်။ နန်းတော်ကို ကာကွယ်တယ်။

ကျင်းဝေ့တပ်ကကျ လီချန်ချိုး ခေါင်းဆောင်တယ်။ နန်းတော်အပြင်က အမှုတွေကို စုံစမ်းတယ်။ ပြောရရင် သူတို့က စစ်ဆေးရေး ရဲမက်တွေ။ ခက်ခဲတဲ့ အမှုတွေကို စစ်ဆေးတယ်။ သက်သေရရင်လဲ အရင်ရုံးတော်တင်ပြီးမှ မင်းကြီးရဲ့ အမိန့်တောင်းပြီး လှုပ်ရှားခွင့်ရှိတယ်)

ကျူးကော့ချန်ချင်းက မြင်းပေါ်ကနေ အရှေ့ကို မောက်မာစွာ ကြည့်လိုက်သည်။ သံချပ်ကာ ဝတ်စုံအောက်မှာ ခံ့ညားနေလေရဲ့။

ကျူးကော့ချန်ချင်းကို မြင်တော့..

ချန်ရှုံး အံ့သြသွားတော့သည်။

သူ စိတ်ထဲမှာ သက်ပြင်းခိုးချလိုက်ကာ အကြည့်တွေလဲ စူးရှလာခဲ့သည်။

အခုအခြေအနေကနေ ထွက်ပြေးခွင့်ရအောင် အဆင့်လေး သိုင်းပညာအစွမ်းတစ်ချို့ကိုပါ တိတ်တဆိတ် ထုတ်လွှတ်ထားလိုက်သည်။

အခုလိုမျိုး များပြားတဲ့ ရဲမက်တွေ ရောက်ရှိလာမှုကြောင့် အမတ်ချန်ရှုံးရဲ့ အိမ်တော်မှာ ကိစ္စကြီးဖြစ်တော့မယ်ဆိုတာ ဘယ်သူမဆို ပြောနိုင်သည်။

ချန်ရှုံးလဲ အံ့သြနေခဲ့သည်။

ကျူးကောချန်ချင်းက အရှေ့က လူအုပ်ကို တည်ငြိမ်စွာ ကြည့်လိုက်လေကာ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်။

နဂါးနဲ့ ဖီးနှစ် ပုံ ရေးချယ်ထားပြီး ရွှေရောင် ပိတ်စပေါ်မှာ ခမ်းနားစွာ တည်ရှိနေတဲ့ တရှားတိုင်းပြည်ကြီးရဲ့ တော်ဝင်အမိန့်တော်ပဲ!

ရဲမက်တွေအကုန် ထိတ်လန့်သွားကာ အမြန်ဦးညွတ်လိုက်ကြသည်။

ချန်ရှုံး မျက်မှောင်ကြုတ်သွားခဲ့သည်။

နောက်ဆုံးမှာ သူလဲ အံကြိတ်သည်းခံရင်း ဒူးထောက်လိုက်ရလေပြီ။

ကျူးကော့ချန်ချင်း အရှေ့ကလူအုပ်ကို ဝေ့ကြည့်လိုက်သည်။

ထို့နောက်မှာ လက်ထဲက တော်ဝင်အမိန့်စာကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်ကာ

“ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ငါအရှင်မင်းမြတ်က အမတ်ချန်ရှုံးကို ချက်ချင်း ခေါ်ဆောင်လာရန် အမိန့်ပေးတယ်!”

'ဒါက…’

လူတွေအားလုံး အံ့သြသွားတော့သည်။

'ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါပဲ!’

'အမတ်ချန်ရှုံးကို ချက်ချင်းခေါ်ဆောင်လာစေ တဲ့လား?’

'တစ်ကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?’

'တော်ဝင်ရဲမက်တွေ အများကြီးဘာလို့ ရောက်လာခဲ့တာလဲ?’

'အရှင်မင်းကြီးရဲ့ စကားက အနည်းငယ် ပြင်းထန်သလိုပဲ။’

'အမတ်ချန်ရှုံးကို ခေါ်ဆောင်စေရုံပဲဆိုရင် အခုလို အမိန့်စာ ထုတ်လာဖို့မှ မလိုတာပဲ။ တော်ဝင်ရဲမက်တွေ လွှတ်လိုက်ဖို့ဆိုတာ ပိုတောင် မလိုသေးတယ်’

ချန်ရှုံးလဲ လုံးဝကို မှင်သက်နေခဲ့သည်။

'ဆင့်..ဆင့်ခေါ်တယ်?’

'အရှင်မင်းကြီးက…’

'ဒီပုံစံနဲ့ လူခေါ်တယ်လား?’

ဘာတွေ ဖြစ်နေတာလဲ?

ချန်ရှုံး အတွေးများနေစဥ်မှာပဲ ကျူးကော့ချန်ချင်း ထပ်ပြောလိုက်သည်။

“ တော်ဝင်အမိန့်ကို ဘာကိစ္စ.လက်မခံ သေးတာလဲ!”

နောက်ဆုံးတော့ ချန်ရှုံး.အသိဝင်လာခဲ့ပြီ။

သူအနည်းငယ် စိတ်ရှုတ်နေပေမဲ့ တော်ဝင်အမိန့်တော်ကို လက်ခံယူလိုက်သည်။

“ အမိန့်တော်ကို ကျွန်တော်မျိုး လက်ခံပါတယ်”

“ ဒါဆိုလိုက်ခဲ့”

ကျူးကော့ချန်ချင်းက ဝိုင်းကြည့်နေတဲ့သူတွေကို တစ်ချက်ကြည့်လိုက်ပြီး ချန်ရှုံးကို ပြန်လှည့်ကြည့်ကာ ပြော လိုက်တာပင်။

ကျူးကော့ချန်ချင်း ကောင်းကောင်း နားလည်သည်။ ဒီကိစ္စက လူသိရှင်ကြား ဖြစ်လို့မရသေးဘူး။ ပြီးတော့ ချန်ရှုံးကို လွှတ်ပေးလိုက်လို့လဲ မဖြစ်ဘူး။ အမိန့်တော်ရဲ့ ဆိုလိုရင်းကလဲ ဒါပဲ။ ကျူးကော့ချန်ချင်း အရှင်မင်းကြီးကို ပိုလေးစားသွားခဲ့သည်။

“ ဒီအမတ်အိုကို ပြင်ဆင်ချိန်ပေးပါ”

အခြေအနေကို အကြမ်းဖျင်း သဘောပေါက်လာတဲ့ ချန်ရှုံးက အချိန်ဆွဲဖို့ ကြိုးစားလိုက်သည်။

ဒါပေမဲ့ သူ ခြေတစ်လှမ်းမှ မလှမ်းရသေးဘူး။ လီချန်ချိုးရဲ့ တား​မြစ်ခြင်းကို ခံလိုက်ရသည်။

“ လမ်းဖယ်စမ်း!”

ချန်ရှုံးက အနည်းငယ်သော ယဥ်ကျေးမှု​ကိုပင် မပြတော့ဘူး။ ထိုအစား အေးစက်စွာ ပြောလိုက်သည်။

“ မင်း”

လီချန်ချိုး စကားပြောမလို့ လုပ်လိုက်စဥ်မှာပဲ..

ကျူးကော့ချန်ချင်းက ဖြတ်​ပြောလိုက်လေ၏။

“ ဘာမှပြင်ဆင်ဖို့မလိုဘူး။ အရှင်မင်းကြီးက ချက်ချင်း ခေါ်ခဲ့ဖို့ အမိန့်ပေးထားတယ်”

ချန်ရှုံး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ့ရဲ့မျက်နှာကလဲ ကြောက်မက်ဖွယ် ကောင်းလာ၏။

ဒါပေမဲ့ သူချက်ချင်းပဲ မျက်နှာထားပြောင်းကာ ပြုံးလိုက်ရင်း

“ ဒီလိုဆိုတော့လဲ…. လာ သွားကြမယ်လေ”

သူ့ရဲ့စကားဆုံးတာနဲ့ စွမ်းအင်လှိုင်းတစ်ခုက ချန်ရှုံးရဲ့ ကိုယ်ထဲကို ဖြတ်စီးသွားသည်။

အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်လိုက်တာပင်။

သိပ်မကြာခင်မှာပဲ ကျူးကော့ချန်ချင်း ဦးဆောင်တဲ့ တော်ဝင် ရဲမက်တပ်က ချန်ရှုံးကို ခေါ်ဆောင်လာခဲ့သည်။

ထိုအခါမှ လီချန်ချိုး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ ချီးပဲ! မောက်မာလိုက်တဲ့ ချန်ရှုံး”

ဒါပေမဲ့ ဘေးမှာရပ်နေတဲ့ ကျောက်ကောင်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

“ စိတ်မပူပါနဲ့။ အရှင်မင်းကြီးက ဆင့်ခေါ်လို​က်တယ်ဆိုမှတော့ သေချာပေါက် အစီအစဥ်ရှိလို့ပဲ”

လီချန်ချိုး အံ့သြသွားခဲ့သည်။

“ အိုး? မိန်းမစိုးကျောက်က ဘယ်လို ထင်လို့လဲ?”

ကျောက်ကောင်း ပြုံးလိုက်ကာ

“ သခင်လီ မသိလောက်ပေမဲ့ အဲ့ဒီချန်ရှုံးရဲ့ လုပ်ရပ်တွေအားလုံးကို အရှင်မင်းကြီး သိပြီးသားပါ။ အခုထိ မလှုပ်ရှားသေးတာကလဲ ပြည်သူတွေကို ငဲ့နေလို့ပဲ။ အခု အရှင်မင်းကြီးက အမိန့်တော် ထုတ်လာတယ်ဆိုမှတော့ သေချာပေါက် အစီအစဥ်ရှိမှာပါ။ အရှင်မင်းကြီး ပြင်ဆင်ပြီးပြီပဲ။ လာသွားကြမယ်”

လီချန်ချိုး ခဏလောက် မှင်သက်သွားခဲ့သည်။

‘အရှင်မင်းကြီးက သိပြီးသားတဲ့လား?’

‘အကုန်သိပြီးသားပေါ့’

‘ဟုတ်တယ်’

‘ယောက်ဖ ဘုရင်ကြီး မသိစရာမရှိဘူးလေ!’

‘မဟုတ်ရင် ကျင်းဝူတော်ဝင်ရဲမက်တွေကို အခုလို လွှတ်ပြီး လူကိုယ်တိုင် ခေါ်လာခိုင်းစရာလား!’

‘နေအုံး။ ဒါဆိုရင် ငါ့ကိုအစောပိုင်းက စာပို့တဲ့သူက…’

‘ယောက်ဖဘုရင်ကြီး များလား?’

‘ဟုတ်တယ်’

‘မဟုတ်ရင် မိန်းမစိုးကျောက် ဘာလို့ပေါ်လာမှာလဲ?’

လီချန်ချိုး သူနဲ့ သိပ်မဝေးတော့တဲ့ ကျောက်ကောင်းကို လှမ်းကြည့်လိုက်သည်။

“ ဒါဆို အစောပိုင်းက စာပို့လိုက်တဲ့သူက မိန်းမစိုးကျောက် များလား?”

ကျောက်ကောင်း ပြန်မဖြေခဲ့ပေ။ ထိုအစား သူက.ရယ်လိုက်ပြီး လီချန်ချိုးကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

လီချန်ချိုး ချက်ချင်း သဘောပေါက်သွားပြီ။

ဘာစကားမှမဆိုတော့ဘဲ နှစ်ယောက်လုံး နန်းတော်ဆီကိုပဲ ဦးတည်လိုက်လေတော့၏။

…..

တစ်ချိန်ထဲမှာပဲ နန်းတော်ထဲက ရှကျိုးယွီကတော့ လက်နောက်ပစ်ထားရင်း အတွေးနက်နေပုံရှိသည်။

သူ အတွေးပျောက်နေပုံပဲ။

ကျူးကော့ချန်ချင်းနဲ့ ချန်ရှုံးတို့ ထိုအချိန်မှာပဲ ခန်းမထဲ ဝင်လာခဲ့သည်။

“ အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

ချန်ရှုံး ချက်ချင်းပဲ ဒူးထောက်ကာ အရိုအသေ ပေးလိုက်လေ၏။

တစ်ခါထဲ ပတ်ဝန်းကျင်ကိုပါ တိတ်တဆိတ် လေ့လာလိုက်သည်။

လူမရှိတဲ့ ခန်းမကို မြင်မှသာ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

'မျှော်လင့်ချက်ရှိသေးတယ်!’

ချန်ရှုံးရဲ့ အသံကိုကြားတော့မှ ရှကျိုးယွီ ခပ်ဖြည်းဖြည်း လှည့်ကြည့်လာခဲ့သည်။

သူ့ရဲ့မျက်လုံးထဲမှာ မနှစ်မြို့မှုတစ်ချို့ ရှိနေသည်။

‘ ဘယ်လိုလုပ် ငါ့ရဲ့ပါရမီရှင်လေးက ဒီလို အဆုံးသတ်သွားရတာလဲ?’

ရှကျိုးယွီ မေးလိုက်လေသည်။

“ ချန်ရှုံး ထစေ! မင်းကိုဘာလို့ ငါကိုယ်တော် ခေါ်လိုက်လဲ သိသလား?”

ချန်ရှုံး အနည်းငယ် အံ့သြသွားကာ

“ ကျွန်တော်မျိုး မသိပါဘူး”

“ မင်းမသိလဲ အရေးမကြီးဘူး။ မကြာခင်မှာ သိရမှာပဲ”

ရှကျိုးယွီ သက်ပြင်းချလိုက်သည်။

ချန်ရှုံးကို သူတော်တော်လေး မကျေနပ်နေဘူး။

သူက ဆင်ခြေတွေနားထောင်ဖို့ ပြင်ဆင်ထားခဲ့တာပဲ!

‘ဒါပေမဲ့ မင်းကိုကြည့်ရတာ….’

‘အသုံးမကျဘူး!’

‘အခြေအနေကိုတောင် မကြည့်တတ်ဘူး!’

“ အရှင်မင်းကြီး ဘာကိုဆိုလိုတာပါလဲ?”

ချန်ရှုံး အမြန်မေးလိုက်သည်။

ရှကျိုးယွီ သက်ပြင်းသာ ထပ်ချလိုက်သည်။

“ သခင်ကျီကို ခေါ်လာကြစမ်း”

ချန်ရှုံး မထိန်းနိုင်တော့ဘူး။

'သခင်ကျီတဲ့လား?’

'ငါ့ရဲ့အိမ်တော်က သခင်ကျီလား?’

'နေအုံး! သူက ထျန်းချီတာဝါရဲ့လူကို သွားမတွေ့ဘူးလား!’

'ဘယ်လိုလုပ် နန်းတော်ထဲ ရောက်နေရတာလဲ?’

‘ ဘာတွေဖြစ်ခဲ့တာလဲ?’

‘ မူမမှန်နေဘူး!’

ချန်ရှုံးရဲ မျက်နှာကြီးက တစ်ဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။

ရှကျိုးယွီကို ဒေါသတကြီး ကြည့်လိုက်လေ၏။

အဆုံးမှာတော့ သူ မလှုပ်ရှားသေးဘူး။

အံကြိတ်လိုက်ကာ

“ အရှင်မင်းကြီး အဓိပ္ပါယ်မရှိတဲ့ ဘေးစကားတွေကို မယုံပါနဲ့။ ဒီနှစ်တွေထဲမှာ ကျွန်တော်မျိုး တရှားအပေါ် အလုပ်အကျွေးပြုခဲ့တာ.. နည်းနည်းတောင် အချောင်မခိုခဲ့ဖူးဘူး။ မညည်းမညူပဲ ကျွန်တော်မျိုး အကောင်းဆုံး.လုပ်ဆောင်ခဲ့တာနော်!”

'သောက်ကျိုးနည်း!

ငါ့ကောင်ရေ…. သွားပြီဟေ့!’

ရှကျိုးယွီ ဆွံ့အသွားတော့သည်။

‘ ငါဘာမှမပြောရသေးဘူး။ မင်းက အကုန်ဝန်ခံလိုက်တာလား!’

‘ မင်းကို မွေးလာတုန်းက ဦးနှောက်မထည့်ပေးလိုက်လို့လား!’

ရှကျိုးယွီ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ကာ

“ အိုး? အမတ်မင်းမှာ ပြောစရာ ရှိတာလား?”

‘ရော့ ဒီမှာအခွင့်အရေး!’

‘ ငါမင်းကိုပေးလိုက်ပြီ’

‘ မင်းသာ သုံးတတ်ရင် ကျန်တဲ့သူတွေကို လှည့်စားလို့ရပြီ! လိမ်မှာသာလိမ်! မျက်စိမှိတ်ယုံပေးဖို့ကို ငါ့တာဝန်ထား!’

“ ကျွန်တော်မျိုး တရှားတိုင်းပြည်အပေါ် ဘယ်တုန်းကမှ စည်းမဖောက်ခဲ့ဖူးပါဘူး! မလုပ်လဲ မလုပ်ရဲခဲ့ဘူး! အရှင်မင်းကြီးသာ အဲ့ဒီလူလိမ်တွေရဲ့ စကားကို နားယောင်ပြီး ကျွန်တော်မျိုးကို မှားယွင်းစွပ်စွဲခွင့် ပေးလိုက်ရင်…”

“ ဒါပေမဲ့ ငါကိုယ်တော်ဘာမှ မပြောရသေးဘူး”

ရှကျိုးယွီ ချန်ရှုံးကိုကြည့်ကာ ရယ်လိုက်တော့သည်။

………….

All Chapters