← Chapters

( လှည့်ဖျားတတ်တဲ့ အရှင်မင်းကြီး)

Vol. 4 Ch. 49

( လှည့်ဖျားတတ်တဲ့ အရှင်မင်းကြီး)

Vol. 4 Ch. 49

ချန်ရှုံး.နေရာမှာတင် အေးခဲသွားခဲ့သည်။

ဒါပေမဲ့ အမြန်ပြုံးလိုက်ကာ

“ ဘာပဲဖြစ်ဖြစ်ပါ.. ကျွန်တော်မျိုးက တရှားတိုင်းပြည်အပေါ် သစ္စာရှိတဲ့ သူတစ်ယောက်ပဲ။ ကျွန်တော်မျိုး အပြစ်ရှိစိတ် ဖြစ်နေတာ မဟုတ်ဘူး”

ပြောပြီးတာနဲ့ ရှကျိုးယွီကိုပါ မျက်လုံးလှန်ကြည့်သေးသည်။

ရှကျိုးယွီရဲ့ မျက်နှာထားက မပြောင်းလဲတာ တွေ့လိုက်တော့…

သူ တိတ်တဆိတ်ပဲ ရှေ့တစ်လှမ်းတိုးလိုက်သည်။

“ အရှင်မင်းကြီးရဲ့ အခုလိုမျိုး အလောတကြီး ဆင့်ခေါ်ခံရတော့.. ဒါသေချာပေါက် ကျွန်တော်မျိုးကို အကောက်ကြံတဲ့ အမတ်တွေ ရှိနေပြီပဲလို့ ကျွန်တော်မျိုး မှန်းဆလိုက်ခဲ့တယ်။ ဒါပေမဲ့ အရှင်မင်းကြီးက အခု တန်းပြီးမစစ်ဆေးတာ ကြည့်ရသလောက် ဒီကိစ္စတွေက အမှန်မဟုတ်ဘူးဆိုတာ နားလည်လို့ပဲ ဖြစ်မှာပါ။ မှန်ပါတယ်။ အရှင်မင်းကြီး သူတို့ကို မယုံပါနဲ့!”

ချန်ရှုံးက ပြောရင်းနဲ့ ရှကျိုးယွီအနားကို နောက်တစ်လှမ်း ထပ်တိုးလိုက်သည်။

သူနဲ့ ရှကျိုးယွီနဲ့ သုံးမီတာလောက်တောင် မကွာတော့ဘူး။

သူ့ရဲ့ အဆင့်လေးရောက်နေပြီဖြစ်တဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင်…

ရုတ်တရက် တိုက်ခိုက်လိုက်တာနဲ့ ရှကျိုးယွီ သေချာပေါက် အငိုက်မိသွားမှာပဲ။

ဒါပေမဲ့ သူ အလောတကြီး မလှုပ်ရှားခဲ့ဘူး။

အလွန်ဖြစ်နိုင်ချေရှိတဲ့ ဆင်ခြေကိုပဲ ရှင်းပြခဲ့သည်။

နန်းဆောင်အပြင်က ကျောက်ကောင်းလဲ ချန်ရှုံးရဲ့ အတွေးကို နားလည်လိုက်သည်။

ချက်ချင်းပဲ သူ့ရဲ့ခန္ဓာကိုယ်က နိုးကြားသွားတော့သည်။ အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်လိုက်လေ၏။

ဒါပေမဲ့ တစ်ဖက်က ရှကျိုးယွီကတော့ အေးဆေးတည်ငြိမ်နေတဲ့ မျက်နှာနဲ့ ဘာကိုမှ ဂရုမစိုက်မိပုံပဲ။

“ ဒီတော့ မင်းပြောချင်တာက ငါကိုယ်တော် မင်းကိုယုံပေးသင့်တယ်ပေါ့?”

ရှကျိုးယွီက ပြောရင်းနဲ့ ရှေ့တစ်လှမ်း တိုးလိုက်သည်။

ချန်ရှုံး ရင်ထဲ ပျော်ရွှင်သွားတော့သည်!

ခြေလှမ်းတွေက နီးသထက် နီးလာပြီ…!

သင့်တော်တဲ့ အကွာအဝေးကို ရောက်တာနဲ့ ရှကျိုးယွီကို ဖမ်းဖို့က သူ့အတွက် အရမ်းလွယ်ကူသွားတော့မှာ!

စိတ်ထဲမှာ တစ်မျိုးတွေးနေပေမဲ့ သူ ပြန်ဖြေလိုက်ပါသေးသည်။

“ မှန်ပါတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးကို ယုံကြည်သင့်တယ်”

ရှကျိုးယွီ ဘာမှပြန်မပြောတော့ပေ။ ထိုအစား.လက်နောက်ပစ်လိုက်သည်။ မသိရင် တစ်ခုခုကို စောင့်နေတဲ့အတိုင်းပဲ။

မကြာခင်မှာပဲ သခင်ကျီကို မိန်းမစိုးတစ်ချို့က ခေါ်ဆောင်လာခဲ့သည်။

သခင်ကျီ အထဲရောက်တာနဲ့ ဒူးထောက်ရက် အခြေအနေနဲ့ရှိနေသော ချန်ရှုံးကို မြင်လိုက်ရသည်။

သူ အံ့သြသွားတော့သည်။

ချက်ချင်း သတိကပ်သွားတာမို့ သူလဲပဲ ဒူးထောက်လိုက်တော့သည်။

“ အရှင်မင်းကြီးကို ကျွန်တော်မျိုး သိသမျှ အကုန်ပြောပြီးပါပြီ”

သခင်ကျီ ကြောက်လန့်နေခဲ့တာပင်။

သူ အရမ်းကြောက်နေခဲ့သည်။

ချန်ရှုံးရဲ့အနားမှာ သူရှိလာတာ နှစ်များစွာ ကြာခဲ့ပြီ။

ချန်ရှုံးရဲ့အကြောင်းကို သူကောင်းကောင်း သိသည်လေ။

ရှကျိုးယွီကတော့ အရှေ့ကနှစ်​ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေလေ၏။

‘ ငါမင်းရှေ့ကို မျက်မြင်သက်သေလဲ ခေါ်လာပြီးသွားပြီ။ မင်းသာသူ့ကို ရှင်းနိုင်ပြီး ကိုယ်လွတ်ရုန်းထွက်တတ်ရင် ငါ့ဘက်ကလဲ လွှတ်ပေးလို့ရပြီ’

‘ လုပ်စမ်းပါ! မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ငါ့ကောင်!’

ဒါပေမဲ့ စကားသံတွေ မထွက်လာခင်မှာပဲ ကျောက်ကောင်းက နန်းဆောင်ထဲ ဝင်လာလေ၏။

သူက ရှကျိုးယွီအနားကို ခပ်ဖြည်းဖြည်း ကပ်သွားလိုက်သည်။

“ အရှင်မင်းကြီး ကျွန်တော်မျိုးကို စုံစမ်းခိုင်းတဲ့ကိစ္စကို စုံစမ်းပြီးပါပြီ။ ဒီချန်ရှုံးဆိုတဲ့ ငမိုက်သားက ရန်သူတွေနဲ့ ပူးပေါင်းထားတဲ့ သက်သေကို ကျွန်တော်မျိုး ရထားပြီးပြီ”

ကျောက်ကောင်းရဲ့အသံက မကျယ်ဘူး။

ဒါပေမဲ့ ရှင်းလင်းကာ ပြင်းထန်သည်။

ကျောက်ကောင်းက ချန်ရှုံးရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာကို အဖက်မလုပ်စွာ ဆက်ပြောလိုက်သည်။

“ အကုန်လုံးက အရှင်မင်းကြီး စီစဥ်ထားသလိုပါပဲ”

ရှကျိုးယွီ, “????”

‘စီစဥ်တာတဲ့လား? ဘာတွေတုန်း?’

‘ ငါဘာစီစဥ်မိလို့လဲ?’

‘ ဘာကိစ္စငါက ဘာမှမသိနေရတာလဲ?’

‘ ကျောက်ကောင်းက ဘာကိစ္စ အထဲဝင်လာရတာလဲ?’

‘ သူဘာဖြစ်ချင်နေတာလဲ?’

‘ သက်သေတဲ့လား?’

‘ ရန်သူနဲ့ပူးပေါင်းတဲ့ သက်သေကိုတောင် ရထားတယ်တဲ့လား? မဖြစ်နိုင်တာ!’

‘ ပြဿနာတော့ တက်ပါပြီ!’

‘ မျက်မြင်သက်သေကော.. ပစ္စည်းသက်သေကော ရှိနေရင်တော့ ငါ မကယ်ပေးနိုင်တော့ဘူး!’

‘ချီးပဲ!’

ရှကျိုးယွီ ကျောက်ကောင်းကို တည်တံ့နေတဲ့ မျက်နှာနဲ့ လှည့်ကြည့်လိုက်တော့သည်။

“ အရှင်မင်းကြီး”

“ အရှင်မင်းကြီး ကျွန်တော့်ကို ချန်ရှုံးရဲ့အိမ်တော်ကို လွှတ်လိုက်တာ​က သူ့ကို သံသယဝင်နေလို့မလား? အပေါ်ယံမှာတော့ တိတ်တဆိတ် ကာကွယ်ခိုင်းတာဆိုပေမဲ့ တစ်ကယ်​က စောင့်ကြည့်ပြီးတော့ ရန်သူနဲ့ ပူးပေါင်းတဲ့သက်သေကို ရှာလာခိုင်းတာ ကျွန်တော်မျိုး နားလည်ပါတယ်”

“ အရှင်မင်းကြီးက ကျင်းပိုင်မင်းသားကို မဟာတံတိုင်း ဆောက်တဲ့နေရာမှာ တစ်ယောက်ထဲ အာဏာအပြည့်ပေးလိုက်တာကိုက အလုပ်စီစဥ်ရေးဋ္ဌာနက တစ်ခုခုမှားနေမှန်း သတိထားမိလို့မလား? မဟာတံတိုင်း တည်ဆောက်တဲ့အချိန် ပြဿနာမရှိအောင်လို့ အလုပ်စီစဥ်ရေးဋ္ဌာနရဲ့ အမတ်ကြီးချန်ရှုံးကို အခုလို မြှားခေါ်ခဲ့တာပဲ”

“ အရှင်မင်းကြီးက တစ်ကယ်ကို ထက်မြက်လွန်းပါတယ်။ တစ်ကယ့်ကို အစီအစဥ်ကြီးပဲ! အရင်ဆုံး ထျန်းချီတာဝါကလူနဲ့ ကတောက်ကဆ ဖြစ်သလိုဟန်ဆောင်ပြီး တစ်ဖက်ကို သတိပေါ့အောင်လုပ်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်မျိုးကို သွားစုံစမ်းစေတယ်။ အချိန်ကျတာနဲ့ တော်ဝင်ဓားတော်ရှိတဲ့ ခေါင်းဆောင်လီချန်ချိုးနဲ့ ခေါ်ဆောင်ဖို့ စေလွှတ်လိုက်တာပဲ”

“ ပြီးပြည့်စုံတဲ့ အစီအစဥ်ဖြစ်ပေမဲ့ ချန်ရှုံးက တော်ဝင်ဓားတော်ကို မကြောက်ခဲ့ဘူး”

“ ဒါကြောင့် အမိန့်စာနဲ့ တော်ဝင်အစောင့်တပ်ကို လွှတ်ခဲ့တာပဲ။ ဒါတွေအကုန် အရှင်မင်းကြီး စီစဥ်ထားတယ်ဆိုတာ ချန်ရှုံးဘယ်လိုမှ တွေးမိမှာမဟုတ်ဘူး”

ကျောက်ကောင်းကတော့ ရှကျိုးယွီကို အလွန်အမင်း လေးစားနေလေရဲ့။

သူ့ရဲ့မျက်လုံးထဲမှာ လေးစားအားကျမှုတွေ တွဲခိုနေခဲ့သည်။

ရှကျိုးယွီရဲ့အစီအစဥ်က အရမ်းပြည့်စုံနေတာလေ။

ဒါပေမဲ့ ရှကျိုးယွီအတွက်တော့ ထိုစကားလုံးတွေက သေလောက်အောင် ခံစားရခက်စေသည်!

'ဘာကို ထူးချွန်တာလဲ! ဘာကို ပြောင်မြောက်တာလဲ!’

‘ ဒါမှန်းသိ… ငါလွှတ်ခဲ့ပါ့မလားကွာ….!’

ဒါပေမဲ့ ကျောက်ကောင်းရဲ့ လက်ထဲက များစွာတဲ့စာလိပ်တွေကို ကြည့်ပြီးနောက်မှာ ရှကျိုးယွီ နားလည်လိုက်ပြီ။

ကြည့်ရတာ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ချန်ရှုံးကို ကယ်လို့မရတော့ဘူးပဲ!

ကြမ်းပြင်မှာ ဒူးထောက်နေတဲ့ ချန်ရှုံးလဲ အလွန်စိတ်ပျက်သွားခဲ့သည်။

အစောပိုင်းက သူ့ရဲ့ငြင်းဆိုမဲ့ အကြံအစည်ကိုလဲ လက်လျော့လိုက်ရပြီ။

သူ အမြဲတမ်းထင်ခဲ့မိတာက… ရှကျိုးယွီက အသုံးမကျတဲ့ ဘုရင်တစ်ယောက်လို့ပဲ!

ချန်ရှုံး မခံစားနိုင်စွာ အော်ရယ်လိုက်လေသည်။

“ ကောင်းလိုက်တာ!”

“ ကောင်းလိုက်တာ!”

“ အရှင်မင်းကြီး ကျွန်တော်မျိုးချန်ရှုံးက အကျင့်မကောင်းတဲ့သူပါ။.အကြံအစည်လဲ များတယ်။.ဘဝမှာတစ်ခါမှ ဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးဘူး”

“ ဒါပေမဲ့ ဒီနေ့ရဲ့စကားတွေ နားထောင်ပြီးသွားတော့ အမတ်ကြီး ယောင်ဖန်းရဲ့ ရှုံးနိမ့်မှုကို ကျွန်တော်မျိုး.နားလည်သွားခဲ့ပြီ”

“ ရယ်စရာပဲ! ကျွန်တော်မျိုးတို့ ထင်ထားတဲ့ အသုံးမကျတဲ့ဘုရင်က တစ်ကယ်တော့ အခုလောက် အတွက်အချက်တော်တယ် တဲ့လား!”

“ အရှင်မင်းကြီးရဲ့ မထင်ထားတဲ့ အကွက်တစ်ခုဆီက ကျွန်တော်တို့ကို တစ်ချက်ထဲနဲ့ အ​သေသတ်ဖို့ လုံလောက်နေပါပြီ!”

“ ဒါပေမဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးကို နန်းတော်ထဲ ခေါ်လိုက်တာ မှားတာပဲ”

“ ယောင်ဖန်းနဲ့ ကျွန်တော်မျိုးရဲ့ကြားမှာ ကွာခြားချက်ရှိတယ်။ ကျွန်တော်မျိုးက သာမာန်အရာရှိမဟုတ်ဘူး!!”

ချန်ရှုံးက ပြောပြီးတာနဲ့ ရှကျိုးယွီဆီကို ခုန်တက်လိုက်သည်။

အရမ်းမြန်တာမလို့ အကုန်လုံး အံ့သြသွားတော့သည်။

ချန်ရှုံး.အခုလိုမျိုး ထလုပ်မယ်လို့ ဘယ်သူမှ မတွေးထားခဲ့ဘူး!

ဒါပေမဲ့ ထိုအထဲမှာ ကျောက်ကောင်း မပါခဲ့ဘူး။

ချန်ရှုံး စတင်လှုပ်ရှားတာနဲ့…

သူလဲ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ထို့နောက်မှာ…

“ဘန်း!”

ကျယ်လောင်တဲ့ အသံတစ်ခုအပြီးမှာ…

ချန်ရှုံးရဲ့ အဆင့်လေးကျင့်ကြံမှုတွေ ပျက်ဆီးတုန်လှုပ်ခဲ့ရပြီ!

“ ဂျွတ်”

ချန်ရှုံးရဲ့လက်ကို ကျောင်ကောင်းက နေရာတင် ချိုးပစ်ခဲ့တာပဲ!

ကြက်တစ်ကောင်လိုမျိုး ကြမ်းပြင်ပေါ် ခွေကျသွားတော့သည်။

ထိုအချိန်မှာ ကျောက်ကောင်းက လေးစားစွာ ဦးညွတ်လိုက်ပြီး

“ အရှင်မင်းကြီး ထိတ်လန့်သွားရပြီ”

ရှကျိုးယွီကတော့ ဘာမှမပြောတော့ပေ။ သူ့ရဲ့မျက်လုံးထဲမှာ စိတ်ပျက်မှုတို့ပဲရှိသည်။

“ ဒုတိယ..ဒုတိယ အဆင့်တဲ့လား?!”

ချန်ရှုံးကတော့ မြေပြင်မှာ လဲကျနေရင်း ကျောက်ကောင်းကို ပြူးကျယ်စွာ ကြည့်နေခဲ့သည်။ အခုချိန်ထိ မယုံကြည်နိုင်မှုကနေ သူ မရုန်းထွက်နိုင်သေးဘူး။

ကျောက်ကောင်းကို ဒီတိုင်း သာမာန်မိန်းမစိုး တစ်ယောက်လို့ပဲ သူ ထင်ခဲ့တာပင်။

ဒါပေမဲ့….

ဒုတိယအဆင့် သိုင်းသမားဖြစ်နေမယ်လို့ ဘယ်သူ တွေးမိခဲ့မှာလဲ!

“ အရှင်မင်းကြီးက အကုန်သိပြီးသားပေါ့! အကုန်သိပြီးသားပဲ! ဟားဟား! ဒီတစ်ခေါက် ငါတစ်ကယ် ရှုံးပြီးလား!”

ချန်ရှုံးရဲ့ မျက်နှာက တစ်ဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ အဆုံးမှာ သူ့ရဲ့ကံတရားကို လက်ခံလိုက်ပုံပဲ။

အခန်းတစ်ခုလုံး…

တိတ်ဆိတ်သွားတော့သည်။

အကုန်လုံးကတော့ ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို အံ့သြနေကြလေ၏။

အကုန်လုံးထင်နေတာက… ရှကျိုးယွီက စီစဥ်ခဲ့တဲ့သူလို့ပဲ!

ဒါပေမဲ့ ရှကျိုးယွီ ကိုယ်တိုင်ပဲ သိသည်။

သူခံစားနေရတာက စိတ်တိုတာလဲမဟုတ်ဘူး။

စိတ်ပျက်တာလဲမဟုတ်သလို စိတ်ဆင်းရဲနေတာလဲမဟုတ်ဘူး။

ရင်ထဲက ခံစားချက်က နာမည်မတပ်နိုင်လောက်အောင် ဆိုးရွားနေခဲ့တာပဲသိတော့သည်!

……………..

All Chapters