( ရူးမိုက်ခဲ့လေခြင်း)
Vol. 4 Ch. 50
“အမတ်ချန်ရှုံး… ဒီကိစ္စတွေကို ငါကိုယ်တော် စီစဥ်ထားတာ မဟုတ်ဘူးလို့ပြောရင် မင်းယုံမလား?”
“ ပြီးတော့ မင်းကို လျှောက်မစွပ်စွဲဖို့ ငါပြောမယ်။ တစ်ကယ်ပဲ မင်းတို့ပြောသလိုဆိုရင် ပြည်သူတွေက ငါကိုယ်တော်ကို အသုံးမကျတဲ့ ဘုရင်လို့ ခေါ်ပါအုံးမလား?”
အမှန်တော့ ရှကျိုးယွီ မရှင်းပြရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ သူ့ရဲ့ရှင်းပြချက်ကြောင့် ဟိုနှစ်ယောက် ခဗျာ အတွေးလွန်ကာ လန့်သွားတော့သည်။
“ အရှင်မင်းကြီး ရှင်းပြနေဖို့ မလိုပါဘူး။ ကျွန်တော်မျိုး နားလည်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို တောက်လျှောက် အခွင့်အရေးတွေ ပေးခဲ့တာကိုလဲ မြင်ပြီးပါပြီ။ မဟုတ်ရင် တော်ဝင်အမိန့်တော်ထုတ်ပြီး ကျွန်တော်မျိုးကို နန်းတော်ထဲ ခေါ်ပါ့မလား? ကျွန်တော်မျိုးက လောဘဖုံးသွားပြီး အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို မမြင်ခဲ့တာပါ”
ချန်ရှုံးက လေးစားစွာ ပြောလိုက်သည်။
အခုချိန်မှာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပြီ။
ဒါတွေအားလုံးကို အရှင်မင်းကြီး စီစဥ်ခဲ့မှန်းလဲ ကောင်းကောင်းနားလည်ပြီးသွားပြီ။
ဒါကိုသူက မသိဘဲနဲ့ ပြည်သူတွေကြားမှာ မင်းကြီးရဲ့မကောင်းကြောင်း.သတင်းဖျန့် ခိုင်းလိုက်မိသေးသည်!
ချန်ရှုံးရဲ့ စိတ်ထဲမှာ အပြစ်ရှိစိတ်တို့ ကြီးစိုးလာခဲ့သည်။
တိုင်းပြည်အပေါ် သူ တာဝန်မကျေသလို ခံစားနေရသည်။
“ အရှင်မင်းကြီး.. ဒီနှစ်တွေထဲမှာ ကျွန်တော်မျိုး ငွေကြောင့် မျက်ကန်းဖြစ်ခဲ့ပြီး တရှားတိုင်းပြည်ရဲ့ အကျိုးကိုမေ့ထားမိတယ်။ ကိုယ့်တိုင်းပြည်အပေါ် အမြတ်ထုတ်မိခဲ့တယ်။ ပြီးတော့ အရှင်မင်းကြီးကို တိုင်းပြည်ရဲ့ ဂုတ်သွေးစုပ်နေတဲ့ အသုံးမကျတဲ့ မင်းဆိုးတစ်ယောက်လို့ပဲ မြင်ခဲ့မိတယ်”
ချန်ရှုံးရဲ့အသံက အက်ကွဲနေခဲ့သည်။
“ ကျွန်တော်မျိုး မကောင်းတာလုပ်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ တိုင်းပြည်အပေါ် ကြီးကြီးမားမား ထိခိုက်အောင်.မလုပ်ဖူးပါဘူး။ ဒါပေမဲ့ မှားတာက မှားခဲ့တာမို့ ကျွန်တော်မျိုး မငြင်းချင်ပါဘူး”
“ အရှင်မင်းကြီး အမိန့်ထုတ်လိုက်ပါတော့”
သေဆုံးခါနီး သူတစ်ယောက်ရဲ့ စကားတွေက ချိုမြိန်နေခဲ့သည်။
ချန်ရှုံးလို ကြမ်းတမ်းတဲ့သူတောင်မှ အရှင်မင်းကြီးရဲ့ ထက်မြက်မှုကို လေးစားသွားတာပါလား…
ချန်ရှုံးရဲ့စိတ်ထဲမှာ သေဖို့ အသင့်ပြင်ထားလိုက်တော့သည်။
သူ ကောင်းကောင်း သိပြီးသားပါ။ သူ အဖမ်းခံလိုက်ရတာနဲ့ သူ့အတွက် လွတ်လမ်း မရှိတော့ဘူးဆိုတာ။
ပြီးတော့ အခုထက်ထိ ရှကျိုးယွီရဲ့ လုပ်ရပ်တွေအားလုံးက သူ့ရဲ့မျက်နှာကို တော်တော် ထောက်ပေးထားသည် ပြောရမည်။
ပြောရရင် အခုလိုမျိုး ချောမွေ့နေဖို့ မလိုဘူးလေ။
အရင်ဆုံး သူ့ကို နန်းတော်ထဲ ဆင့်ခေါ်တာကိုက တော်ဝင်အမိန့်စာနဲ့ ခေါ်ခိုင်းခဲ့သည်။
အတင်းအကြပ် ဖမ်းခေါ်တာမျိုး မဟုတ်ဘူး။
ရှကျိုးယွီက သူ့ကို အခွင့်အရေးပေးခဲ့တယ်လို့ ပြောလို့ရသည်။
သူကသာ ခေါင်းမာပြီး ငြင်းဆိုခဲ့မိတာ။
ကြမ်းတမ်းတဲ့နည်းနဲ့ပဲ ပြဿနာကို ဖြေရှင်းချင်ခဲ့တာ။
ဘယ်လောက်တောင် ရူးမိုက်ခဲ့သလဲ!
ချန်ရှုံးရဲ့ မျက်လုံးတွေက ပိုပြတ်သားလာခဲ့သည်။
သူ အသက်ဝဝ တစ်ချက်ရှုသွင်းပြီးတာနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်လေကာ
“ အရှင်မင်းကြီး.. ကျွန်တော်မျိုး မသေခင် ဒီတစ်ခုကို မဖြစ်မနေ ပြောသွားချင်ပါတယ်”
“ ဘာလဲ?”
“ ကျွန်တော်မျိုးက ဝေ့တိုင်းပြည်နဲ့ ပူးပေါင်းပြီး သူတို့ကို ကူညီပေးဖို့လုပ်ခဲ့တာ မှန်ပေမဲ့ ဝေ့တိုင်းပြည်ဆိုတာ သေးငယ်တဲ့တိုင်းပြည် တစ်ခုပါ။ သူတို့အတွက်နဲ့ မဟာတံတိုင်းကို အရှည်ကြီးဆောက်ဖို့ တစ်ကယ် မလိုပါဘူး။ မဟာတံတိုင်းက ပြည်သူတွေကိုခက်ခဲစေ နိုင်တယ်!”
“ ပြီးတော့ မင်းသားဘွဲ့တော် ချီးမြှင့်တဲ့ကိစ္စကလဲ..”
“ သေချာပေါက် အရှင်မင်းကြီးမှာ စီစဥ်ထားတာ ရှိမှာပါ။ ကျွန်တော်မျိုး ဝင်စွတ်ဖက်နေတယ်လို့ပဲ သဘောထားလိုက်ပါ”
“ ဒါပေမဲ့ ပြောမှဖြစ်မှာမလို့ပါ။ တံတိုင်းဆောက်တဲ့ကိစ္စက ငွေကြေးအရမ်းကို လိုအပ်မှာမလို့ပဲ။ လက်ရှိ ရှိနေတဲ့ ဘဏ္ဍာငွေနဲ့ မလောက်ပါဘူး။ သေချာပေါက်ကို မလောက်တာပါ”
အလုပ်စီစဥ်ရေး အမတ်အနေနဲ့ ပြဿနာကို သူတန်းမြင်နိုင်သည်။
ဒါကြောင့်မို့ ထုတ်ပြောလိုက်တာပင်။
ချန်ရှုံးက အရင်တစ်ခေါက်က အမတ်တွေစုဝေးပြီး မင်းကြီးကို တားမြစ်စဥ်က မလိုက်ခဲ့ဘူး။
ဘာလို့ဆို ထိုအချိန်က သူက သစ္စာဖောက်ဖို့ ကြံစည်နေလို့ပင်။
ဒါပေမဲ့ အခုအခြေအနေ ရောက်လာမှတော့…
သူ သေချာပေါက် ယုံကြည်သွားပြီ။
ရှကျိုးယွီရဲ့ လုပ်ရပ်တွေက သေချာပေါက် မရိုးရှင်းနိုင်ဘူး။
ပြည်သူတွေအတွက် စဥ်းစားပြီးလုပ်တာပဲ ဖြစ်မှာပဲ။
ဒါပေမဲ့လဲ!
ထိုစကားတွေကို အပြင်မှာရပ်ပြီး နားထောင်နေတဲ့ လီချန်ချိုးလဲ ကြားသည်။ သူ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဒီတံတိုင်းဆောက်တဲ့ကိစ္စကို…
ဘယ်အမတ်မှ သဘောမတူဘူးလို့ကို ပြောလို့ရသည်လေ။
ရှကျိုးယွီလဲ အနည်းငယ်.အံ့သြသွားခဲ့သည်။
ငွေမလောက်ဘူးတဲ့လား..?
တံတိုင်းဆောက်ရင်တော့ လူအင်အားကော ငွေကော ပေးရမှာသိသည်။
သေချာပေါက် တိုင်းပြည်ရဲ့ကံကြမ္မာကို ဖျက်ဆီးမှာလေ။
ပြီးတော့ ငွေမလောက်တဲ့ပြဿနာအတွက်လဲ သူ့မှာ စဥ်းစားထားတာ ရှိပြီးသားပဲ။
ဒါပေမဲ့ သူ ထုတ်မပြောခဲ့ဘူး။
စိတ်ထဲမှာပဲ ကြိတ်ပျော်နေခဲ့သည်။
“မှန်တယ်! တံတိုင်းဆောက်တယ်ဆိုတာ သေချာပေါက် ကုန်ဆုံးမှုကြီးမားမှာပဲ!”
“ ဒါပေမဲ့ ကြီးမားတဲ့ အကျိုးအမြတ်အတွက် သေးငယ်တဲ့စတေးမှုက လုပ်ကိုလုပ်ရမယ်!”
ရှကျိုးယွီက ပုံမှန်လို ပြောလိုက်သည်။
“ ဒီကိစ္စတွေကို ငါကိုယ်တော် ကိုင်တွယ်လိုက်မှာမို့ မင်းစိတ်ပူဖို့ မလိုဘူး”
ချန်ရှုံးရဲ့ ရင်ထဲက လေးလံမှုတွေ ပေါ့ပါးသွားခဲ့သည်။
‘ ထင်တဲ့အတိုင်း အရှင်မင်းကြီးမှာ အစီအစဥ် ရှိတာပဲ။ ငါတို့ပဲ တုံးအပြီး အရှင်မင်းကြီးကို မမြင်ခဲ့တာ!’
“ ကျွန်တော်မျိုး နားလည်ပါပြီ”
ချန်ရှုံး သက်ပြင်းချလိုက်သည်။
သူ့ရဲ့မျက်လုံးထဲမှာ ခံစားချက်တစ်စုံတစ်ရာမှ မရှိတော့ဘူး။
သူ့ရဲ့ကံကြမ္မာကို အပြည့်အဝ လက်ခံပြီးပုံပဲ။
“ တော်ဝင်အမိန့်တော် ထုတ်မယ်! ချန်ရှုံးကို အကျဥ်းချစေ!”
“ သုံးရက်နေရင် တော်ဝင်ရဲမက်တွေနဲ့၊ စစ်ဆေးရေးရုံးတော်နဲ့ ပူးပေါင်းပြီး စီရင်မှု လုပ်ရမယ်”
“ ရပြီ အကုန်သွားတော့! ငါကိုယ်တော် ပင်ပန်းနေပြီ”
အကုန်လုံးကို ထွက်သွားခိုင်းပြီးတာနဲ့ ရှကျိုးယွီ ထိုင်ခုံမှာ အရုပ်ကြိုးပျက် ထိုင်ချလိုက်တော့သည်။
ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ကြားလိုက်ရသည်။
( ရုံးတော်ကို ရှင်းလင်းနိုင်တဲ့အတွက် ကံကြမ္မာအမှတ် ၃၀၀၀ တိုးတယ်)
‘!!!’
'သုံးထောင်တောင်လား!’
'အရင်တစ်ခေါက်ကလို ရာဂဏန်း မဟုတ်ဘူးလား!’
'ဘာကိစ္စ သုံးထောင်လဲ!’
'ဒါဘယ်လို သောက်ကျိုးနည်းကြီးလဲ!’
'စနစ် မင်းငါ့ကို မနောက်နဲ့နော်!’
ရှကျိုးယွီ ခါးသက်လှတဲ့ အပြုံးကြီးနဲ့ ထိုင်ခုံကနေ မနည်းထလိုက်ရသည်။
‘ မဟုတ်ဘူး။ မရဘူး’
‘ ငါ တစ်ခြားနည်းလမ်း စဥ်းစားရတော့မယ်’
ရှကျိုးယွီ အရှေ့အနောက် အကြိမ်ကြိမ် လျှောက်ရင်း အတွေးများသွားတော့သည်။
အချိန်ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ဘူး။ နောက်ဆုံး ကျောက်ကောင်း အလောတကြီးဝင်လာမှပဲ ရပ်သွားတော့သည်။
“ အရှင်မင်းကြီး.လီလင်ပုက တွေ့ခွင့် တောင်းနေပါတယ်”
‘သူဘာလို့ရောက်လာတာလဲ?’
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားသည်။
လီလင်ပု ရုတ်တရက်ရောက်လာတော့ သူ အံ့သြသွားတာပင်။
အသက်ပြင်းပြင်း ရှုသွင်းပြီးနောက်မှာ လည်ချောင်းရှင်းလိုက်ပြီး..
“ လွှတ်လိုက်”
လီလင်ပု မကြာခင်ရောက်လာခဲ့သည်။ သူ့ရဲ့ စိုးရိမ်နေပုံရတဲ့မျက်နှာအပြင် မျက်လုံးတွေမှာလဲ ဝမ်းနည်းမှုတွေ တွဲခိုနေသေးသည်။
“ အရှင်မင်းကြီး.. ဒီအစေခံလီလင်ပုက အရိုအသေ ပေးပါတယ်”
လီလင်ပုရဲ့ ရုပ်ကြီးကိုကြည့်ပြီး ရှကျိုးယွီ အနည်းငယ် ရယ်ချင်သွားသည်။
‘ဒီကောင် ဘာဖြစ်နေတာလဲ?’
ရှကျိုးယွီ မနေနိုင်စွာ ပြုံးမိသွားသည်။
“ဒီနေ့ဘာကြောင့် ရောက်လာခဲ့တာလဲ?”
လီလင်ပု အနည်းငယ် တုံ့ဆိုင်းနေသေးသည်။
“ဒါက…”
ဒါပေမဲ့ ရှကျိုးယွီကတော့ ပိုပြီးသိချင်လာသည်။
“ လွတ်လွတ်လပ်လပ် ပြောပါ”
လီလင်ပုက အသက်တစ်ချက် ရှုသွင်းလိုက်သေးသည်။ ထို့နောက်မှာ တည်တင်းနေတဲ့ မျက်လုံးနဲ့…
“ အရှင်မင်းကြီး.. တံတိုင်းဆောက်တဲ့ ကိစ္စကြောင့် အခုဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ ကုန်သလောက်ဖြစ်နေပြီ။ ဖြေရှင်းစရာနည်းလမ်းလဲ မတွေ့သေးဘူး။ ကြာရင်… ကြာရင် ကျွန်တော်မျိုးတို့ တိုင်းပြည်တစ်ခုလုံး အငတ်ဘေး ကြုံရနိုင်တယ်!”
ပြောနေရင်းနဲ့ လီလင်ပုက မျက်ရည်တွေ စီးကျလာခဲ့သည်။ မျက်လုံးတွေက ပိုလို့ တည်ငြိမ်လာသည်။
‘ ပိုက်ဆံမရှိတော့ဘူးတဲ့လား? သတင်းကောင်းပဲ!’
ရှကျိုးယွီရဲ့ မျက်လုံးတွေ လက်သွားသည်။
နောက်ဆုံးတော့ သတင်းကောင်း ကြားရပြီလေ။
ကြည့်ရတာ တံတိုင်းဆောက်ခဲ့တာ တစ်ကယ် မှန်သွားပုံပဲ။
အစပဲရှိသေးတာကို ပိုက်ဆံကုန်နေပြီဆိုတော့။ သေချာပေါက် အချိန်ကြာတာနဲ့ ပိုကောင်းတဲ့ရလဒ်တွေ ထွက်လာနိုင်သည်။
ရှကျိုးယွီ တော်တော်လေး ပျော်သွားသည်။
“ ဒါဆို မင်းမှာအကြံကောင်း ရှိလား?”
လီလင်ပု အံ့သြသွားပြီး အသက်တောင် မရှုနိုင်တော့ဘူး။ ထို့နောက်မှာ
“ ဒီကိစ္စကို အမြစ်ပျက်အောင် ရှင်းလင်းချင်ရင်တော့ သေချာပေါက် တံတိုင်းဆောက်မဲ့ကိစ္စကို ရပ်ထားရမှာပါ..။ တံတိုင်းဆောက်တာက လိုအပ်တဲ့ကိစ္စဆိုပေမဲ့ ကျွန်တော်မျိုးအမြင်မှာ အဲ့ဒါက မဖြစ်မနေ အရေးကြီးကိစ္စတစ်ခုလို့ မထင်မိပါဘူး။ ပြောရရင် ဒီလောက်ကြီးတဲ့ကိစ္စက နေ့ချင်းညချင်း စီစဥ်လို့ရတာမျိုးမှ မဟုတ်တာပဲ”
“ ဒါကြောင့် အရှင်မင်းကြီးသာ တံတိုင်းဆောက်မဲ့ အစီအစဥ်ကို အနည်းငယ် အရှိန်လျှော့ခွင့်ပေးလိုက်ရင် ဘဏ္ဍာငွေကို တော်တော်လေး ပြန်သက်သာလာစေနိုင် မှာပါ!”
ရှကျိုးယွီ ခေါင်းညိတ်လိုက်ကာ
“ တစ်ခြားနည်းလမ်းရှိသေးလား?”
……………..