လက်သီးတစ်ချက်
Vol. 155 Ch. 2198
ရီဖူရှင်းသည် ထိုလူများက မည်သည့်စကားမှ ထပ်မဆိုလာသည်ကို မြင်သောအခါ ထိုသူများ တစ်ခုခု ခန့်မှန်းမိသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူ့ကို မူလနယ်မြေမှ ထွက်ပြေးစေခဲ့သော အခြေအနေက အတော်လေး ထူးခြားပြီး ထိုတိုက်ခိုက်မှုမျိုးက သူ့ကို ကျိန်းသေ သတ်ဖြတ်နိုင်ပေသည်။
သို့သော် မင်းသမီးဒွန်ဟောင်က အခွင့်အရေး ပေးခဲ့သည့်အတွက် သူတို့သိလျှင်ပင် မည်သူကမှ ပြောရဲလိမ့်မည် မဟုတ်ပေ။
“မူလဘုံက အခု အန္တရာယ်ကျရောက်နေတယ်။ ခင်ဗျားတို့အားလုံး နောက်တစ်ခေါက် တိုက်ခိုက်ချင်လို့လား။” ရီဖူရှင်းက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ခေါက်တော့ ကျုပ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကလို သေချင်တဲ့ဆန္ဒနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။”
သူတို့အားလုံး၏ မျက်နှာထက်၌ စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းသည် ယခင်ကတည်းက သေချင်သည့် စိတ်ဆန္ဒမျိုး မရှိခဲ့ဘဲ သူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိမည်ကို သူ သိရှိပြီး ဖြစ်သည်။
သူတို့အားလုံးသည် ကိစ္စများက ထိုနေ့ကနှင့် ကွာခြားသွားပြီကို သိရှိကြပေသည်။ သူတို့က ရီဖူရှင်းကို သတ်ရဲပါလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်များ အားလုံး ရှေ့ထွက်လာကြမည် ဖြစ်သည်။
ထို့ပြင် ကျောင်းတော်၏ အင်အားက ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက်ကို ပေါင်းထည့်ပြီးနောက် ပို၍ပင် အစွမ်းထက်လာပုံရလေသည်။
သူတို့၏ စွမ်းအားများက အပြောင်းအလဲတချို့နှင့် တိုးတက်လာသော်လည်း သူတို့အားလုံးက ကျောင်းတော်နှင့် အသက်ရင်း၍ ရင်ဆိုင်လျှင် အန္တရာယ်များလှပေသည်။ ထိုသို့သော အဆင့် တိုက်ပွဲက တစ်ဖန် ဖြစ်ပွားလာလျှင် ပြန်လှည့်စရာ လမ်းမရှိဘဲ ဖြစ်သွားပေလိမ့်မည်။
ထိုသည်မှာ ရီဖူရှင်းပြောသလိုပင် မူလဘုံက အန္တရာယ်အတွင်း ကျရောက်နေပြီး မှော်နက်အင်အားစုများကလည်း သူတို့ဘုံကို မျက်စိကျနေခဲ့သည်။ သူတို့က ကျောင်းတော်၏ မဟာမိတ်ကို ဖျက်ဆီးရန် ကြိုးစားပြီး တိုက်ပွဲ၌ အထိအခိုက်များစွာဖြင့် အဆုံးသတ်ခဲ့လျှင် သူတို့အားလုံးက တူညီစွာနှင့် ဤပရမ်းပတာအချိန်ကာလတွင် ရှင်သန်နိုင်ရန် ခက်ခဲပြီး ကံဆိုးမိုးမှောင် ကျရပေလိမ့်မည်။
၎င်းက အထက်ဘုံမှ အထောက်အပံ့မရှိသည့် ဒေသခံ အင်အားစုများအတွက် ပိုဆိုးပေသည်။ နှစ်ဖက်လုံး အချင်းချင်း တိုက်ခိုက်ကြပါက တစ်ဖက်က သေချာပေါက် အသေအပျောက်များပေလိမ့်မည်။ ထိုသို့ ခြိမ်းခြောက်မှုမရှိသည့်အချိန်တွင် သူတို့၏ မဟာမိတ်က ပြိုကွဲသွားလိမ့်မည်ဖြစ်သည်။ သူတို့က ဤတိုက်ပွဲတွင် အန္တရာယ်တွင်း ကျရောက်သွားမည်ဆိုပါက သူတို့၏ အင်အားစုများက ထိုပရမ်းပတာအချိန်ကာလအတွင်း ပျက်စီးခြင်းဆိုက်ရောက်သွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့က တစ်စုတစ်ဝေးတည်း လာကြသော်လည်း သူတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကနှင့် လက်ရှိတွင် မည်သည့်အရာများ ကွာခြားနေသည့် အဖြစ်မှန်ကို သတိပြုမိကြပေသည်။
ထို့ပြင် ရီဖူရှင်းသည် အထက်ဘုံမှ ကျောထောက်နောက်ခံများကို ရရှိထားပြီး သူတို့ကြားတွင် ကျော်ကြားသော လေးမျက်နှာကျေးရွာမှ လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက်ပုဂ္ဂိုလ်လည်း ရှိနေပုံရသည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင် အသတ်ခံလိုက်ရသည်နှင့် သတင်းများက ပျံ့နှံ့သွားပြီး အင်အားစုများက သူတို့်မလာခင် ရီဖူရှင်းအကြောင်း စုံစမ်းထားခဲ့ပြီး ဖြစ်သည်။
ရှန်ကလန်၏ ခေါင်းဆောင်က ရှေ့ထွက်လာပြီး ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော မဟာလမ်းစဥ််ကွန်ယက်က ကောင်းကင်အာဏာစက်ကျောင်းတော်အနီးတွင် ပေါ်ပေါက်လာကာ ၎င်းက တွင်းနက်ကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူပေသည်။ သူက ကျောင်းတော်ကို အခုချက်ချင်း တိုက်ခိုက်လျှင် ကျောင်းတော်က နေရာ၌ ပြိုကျသွားရပေလိမ့်မည်။
ယခင်က ရီဖူရှင်း၏ 'သေဆုံးခြင်း' ပြီးနောက် မင်းသမီးဒွန်ဟောင်သည် သူတို့ကို မူလဘုံ၌ ပြဿနာများ ထပ်မဖြစ်စေရန် ကတိထားရှိစေခဲ့သောကြောင့် သူတို့က တစ်ချိန်လုံး ထိန်းချုပ်နေခဲ့ရခြင်း ဖြစ်သည်။
ရီဖူရှင်း ပြန်ရောက်မလာခင် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အင်အားကို ဆွဲချထားကာ အဘက်ဘက်က ဖိနှိပ်ထားခဲ့ပြီး ကျောင်းတော်အား မူလဘုံ၏ အရှုပ်အထွေးများကြား၌ ပျက်စီးသွားစေရန် လုပ်ဆောင်နေခဲ့သည်။ သူတို့ ဆင်ထားသည့် ထောင်ချောက်က ပြည့်စုံလုနီးပါး ရှိနေပြီ ဖြစ်၏။ အရှင်ထိုက်ရွှမ်က ဒဏ်ရာအပြင်းအထန် ရနေခဲ့ပြီး သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော် ပျက်စီးရန် နောက်ထပ် နှစ်အနည်းငယ် စောင့်ရန်သာ လိုအပ်ပေသည်။
သို့သော် ရီဖူရှင်းက ယခုကဲ့သို့ အချိန်မျိုး၌ ပြန်ရောက်လာခဲ့ပြီး မင်းသမီးဒွန်ဟောင်နှင့်အတူ ထွက်ခွာသွားသူများကလည်း ပြန်ရောက်လာကြပြီ ဖြစ်သည်။
ထို့ပြင် သူ ပြန်ရောက်ရောက်ချင်း ပထမဆုံး ပြုလုပ်သည့်အရာမှာ နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေရာ ကျင့်ကြံခြင်းအင်အားစုများစွာကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
ရီဖူရှင်းနှင့် အခြားလူများသည် ရန်ဟောင်အထွတ်အထိပ်အဆင့်မှ ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသော တန်ခိုးရှင်တစ်ယောက်နှင့် ကျင့်ကြံခြင်းအင်အားစုတစ်ခုကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်စွမ်း ရှိခြင်းမှာ သူတို့က သူတို့ထဲမှ တစ်ယောက်နှစ်ယောက်ကို ပစ်မှတ်ထားလာပါက အလွန် အန္တရာယ်များပေသည်။
ရီဖူရှင်း အသက်ရှင်လျက် ပြန်ရောက်လာသည့်အတွက် မင်းသမီးဒွန်ဟောင်နှင့် ထားရှိခဲ့သော ကတိမှာ ပျက်ပြယ်သွားပြီဖြစ်ကာ သူတို့က အချင်းချင်း တိုက်ခိုက်နိုင်ကြပြီဟု ဆိုလိုပေသည်။
ဖိအားက ကျန်ရစ်နေပြီး ထိုနေရာ၌ တိတ်ဆိတ်ခြင်းက ကြီးစိုးလာသည်။ ကောင်းကင်အာဏာစက်မြို့တစ်ခွင်တွင် အလွန် မွန်းကြပ်ဖွယ် လေထုအခြေအနေ ဖြစ်နေကာ မြို့အတွင်းမှ တန်ခိုးရှင်များစွာသည် အသက်ပင် ကျယ်ကျယ်မရှုရဲကြပေ။
“မင်းတို့ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်တော့လေ။ မဟုတ်ဘူးဆိုရင်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ဘာလာလုပ်နေကြတာလဲ။” အရှင်ထိုက်ရွှမ်က ပေါ်ထွက်လာပြီး ကျူးကျော်သူများအား ပြောလိုက်သည်။ သူ၏ အသံမှ နေ၍ သူက အားနည်းနေသည်ကို ပြောနိုင်သော်လည်း သူ့စကားသံမှာ ခါတိုင်းကဲ့သို့ တင်းမာခက်ထန်နေခဲ့သည်။
နှစ်နှစ်ဆယ်ကြာပြီးနောက်တွင် ကိစ္စများက လွန်ခဲ့သော နှစ်နှစ်ဆယ်ကနှင့် မည်သို့ တူနိုင်ပါမည်နည်း။ သူတို့က တစ်ဖန် တိုက်ခိုက်ရန်ပြုလုပ်ခဲ့လျှင် ထိုသည်မှာ သူတို့၏ နောက်ဆုံး ရပ်တည်ချက် ဖြစ်ပေလိမ့်မည်။
တစ်ဖက်လူများက တိုက်ခိုက်ရဲသရွေ့ သူတို့ကလည်း တိုက်ခိုက်ရဲပေသည်။
“ဒီတစ်ခေါက် ခင်ဗျားတို့ချည်းပဲ မဟုတ်ဘဲ တခြားရန်ဟောင်အဆင့်က လူအများကြီးလည်း ရောက်နေတာဆိုတော့ ခင်ဗျားတို့ ဒီကို တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူးလို့ ထင်မိတယ် ဟုတ်ရဲ့လား။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူတို့က ကျောင်းတော်ကို တိုက်ခိုက်ရန် လာရောက်ပါလျှင် ထိပ်သီးပုဂ္ဂိုလ်ကြီးများသာ လှုပ်ရှားပေလိမ့်မည်။ ရန်ဟောင်အဆင့်မှ အခြားလူများကို သူတို့နှင့်အတူ ခေါ်ဆောင်လာခြင်းမှာ သူတို့အတွက် ကောင်းနိုင်စရာ မရှိပေ။
နှစ်ဖက်အဖွဲ့၏ တိုက်ပွဲရလဒ်မှာ ထိပ်ဆုံး၌ ရှိနေသည့် ပုဂ္ဂိုလ်ကြီးများနှင့်သာ အဆုံးအဖြတ် ဖြစ်ပေလိမ့်မည်။
အခြားလူများသည်လည်း ထိုအစွမ်းထက်လှသော ပုဂ္ဂိုလ်များက ကျောင်းတော်သို့ ကူညီရန် လက်ကမ်းခဲ့သည်ကို မြင်နိုင်ကြပြီး လက်ရှိတွင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကနှင့် ကွာခြားသွားသည်ကို လူတိုင်း သိကြပေသည်။
ထို့ပြင် သူတို့အားလုံးသည် ထိုအခိုက်အတန့်တွင် ရပ်နေကြသော်လည်း အလွန် အစွမ်းထက်သော နတ်အာရုံတို့က ထိုနေရာအား စစ်ဆေးနေသည်ကို သိနိုင်ကြပေသည်။ ထိုသည်မှာ ထိပ်သီးပုဂ္ဂိုလ်များက ထိုနေရာ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေသော လက္ခဏာဖြစ်ကာ သူတို့သည် မည်သူက စောင့်ကြည့်နေကြောင်း သိရှိပေသည်။
ယခုတွင် ကောင်းကင်အာဏာစက်ဘုံ၌ ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်များအပြင် မှော်နက်စစ်တပ်လည်း ရှိနေ၏။
ထိုလူများသည်လည်း တိတ်တိတ်လေး စောင့်ကြည့်နေကြပေသည်။
သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော် မဟာမိတ်များကို ဖျက်ဆီးပစ်ရန် ထိုလူများနှင့် လက်တွဲ၍ရသော်လည်း သူတို့က ထိုသို့ မလုပ်ရဲခဲ့ပေ။ ကောင်းကင်ဒေသမှ အင်အားစုများကို ချေမှုန်းရန် မှော်နက်စစ်တပ်နှင့် ပူးပေါင်းခြင်းမှာ သူတို့အတွက် အကြီးမားဆုံး တားမြစ်ချက်ဖြစ်ပြီး ထိုသို့လုပ်ခဲ့ပါက တော်ဝင်နန်းတော်၏ အမျက်ဒေါသကို ရန်စမိပေလိမ့်မည်။ သူတို့သည် ထိုအကြောင်းကို သိရှိပြီးဖြစ်ရာ အချင်းချင်း အသုံးချချင်သည့် ရည်ရွယ်ချက်မျိုး ရှိနေသည်ဆိုလျှင်ပင် လျှို့ဝှက်စွာ လုပ်ဆောင်ရပေလိမ့်မည
သူတို့က တိုက်ခိုက်ရန် ဤနေရာသို့ ရောက်လာခြင်းမဟုတ်လျှင် သူတို့ ဤနေရာသို့ တစ်စုတစ်စည်းတည်း လာရောက်ခြင်းမှာ အင်အားပြခြင်းဟု ဆိုလိုပေသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်သည် နေနတ်ဘုရားကျောင်းခေါင်းဆောင်အား မည်သို့ ပြုလုပ်ခဲ့သည်ကို ကြားသောအခါ စိုးရိမ်ပူပန်လာသည့်အတွက် လွန်ခဲ့သော နှစ်များမှ ထိုအင်အားစုများ စုစည်းကာ ကျောင်းတော်ကို ဖိအားပေးရန် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် အနည်းဆုံး ကျောင်းတော်က သူတို့ကို မည်သို့မှ မလုပ်ရဲစေရန် ထိုအင်အားစုများက ကျောင်းတော်သို့ အချိန်မရွေးလာရောက်ကာ တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးချက်ပို့ရန် လိုအပ်သောကြောင့် ဖြစ်သည်။
လက်ရှိတွင် နှစ်ဖက်လုံးသည် ယခင်ထက်ပို၍ အာရုံစိုက်စရာ အများအပြားရှိနေခဲ့သည်။
“ကျုပ် ကြားမိတာတော့ မင်းက ရှန်ချင်းနယ်မြေမှာ အတော်လေးကျော်ကြားအောင် လုပ်နိုင်ခဲ့တယ်ဆို။ မင်းက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို သင်ယူလေ့လာနိုင်စွမ်းရှိခဲ့တဲ့ တစ်ယောက်တည်းသောသူလို့ ပြောကြတယ် ဟုတ်လား။” ရန်ဟောင်အဆင့်မှ ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။ ထိုလူသည် ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်သော်လည်း ထိုက်ချူတော်ဝင်မြေမှ တစ်စုံတစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းအားက အစွမ်းထက်လှပြီး သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိပေသည်။ သူက ရီဖူရှင်းကို ငုံ့ကြည့်ရင်း တိုက်ခိုက်ရန် စိတ်အားထက်သန်နေပုံရသည်။
ရီဖူရှင်းက မူလဘုံတစ်ခွင်တွင် အလွန် ကျော်ကြားသည်ဟု သတ်မှတ်နိုင်သည်။ မူလဘုံမှ ပုဂ္ဂိုလ်များက သူ့တစ်ယောက်ကြောင့်နှင့် အမှန်တကယ် စုဝေးလာကြပြီး ထိုသည်ကပင် ရီဖူရှင်း၏ အရေးပါမှုကို မြင်နိုင်ပေသည်။
သူက ကောလာဟလများကဲ့သို့ အမှန်တကယ် ထူးချွန်သည်လား။
သူ၏ အရည်အချင်းက မည်မျှ အစွမ်းထက်သနည်း။
ရီဖူရှင်းက ထိုလူကို မော့ကြည့်လိုက်ပြီး သူသည် ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်တစ်ပါးက သူ့ကို မေးခွန်းမေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် တစ်ဖက်လူ၏ မျက်လုံးများထဲမှ လေးနက်သော အကြည့်ကို ခံစားမိလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ “အဟုတ်ပဲ။”
“မူလဘုံကို လှုပ်ခါနိုင်တဲ့ နံပါတ်တစ်ပါရမီရှင်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျုပ် ဒီနေ့ မြင်ချင်တယ်။” ထိုကျင့်ကြံသူက စကားပြောရင်း အချိန်ဖြုန်းချင်ပုံမပေါ်ပေ။ သူက တိုက်ပွဲမြေပြင်သို့ ချက်ချင်း ခြေလှမ်းလိုက်သည်။ ပြင်းထန်သော အရှိန်အဝါက ချက်ချင်းပင် ထိုနေရာတစ်ခွင်ကို ကြောက်မက်ဖွယ် စွမ်းအားတို့နှင့် လွှမ်းခြုံသွားပေသည်။
ထိုလူက တော်ဝင်ထိုက်ချူမြေမှ ဖြစ်ပြီး သန့်စင်မြင့်မြတ်နယ်မြေအတွင်းတွင် အစွမ်းထက်သော ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ သူသည် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားလာခဲ့ပြီး ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ် ဖြစ်လေသည်။ သူက နေ့တိုင်း လှုပ်ရှားမှုမပြလုပ်ဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားခဲ့သည်။ သူသည် အတားအဆီးကို ချိုးဖျက်ပြီး အဆင့်ခုနစ်သို့ ရောက်ရှိအောင် လုပ်ချင်နေပေသည်။
သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရန်ဟောင်ဘုံ၌ ထိုက်ချူတော်ဝင်မြေမှ အခြားလူများလည်း ရှိနေကြသည်။ နေမင်းနတ်ဘုရားနန်းတော်မှ တန်ခိုးရှင်များသည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေခဲ့ကြသည်။
သို့သော် တစ်စုံတစ်ယောက်က သူတို့၏ လှုပ်ရှားမှုကို ပြုလုပ်ပြီးဖြစ်ရာ သူတို့က ဘေးမှနေ၍ ရီဖူရှင်း မည်မျှ စွမ်းနိုင်သည်ကို ကြည့်ရုံသာ ဖြစ်သည်။
ဘုန်း....
ထိုထိုက်ချူတော်ဝင်မြေမှ အစွမ်းထက်တန်ခိုးရှင်က ရှေ့သို့ ထွက်လာပြီး ဖိအားများ ထုတ်လွှတ်လာသည်။ ကောင်းကင်မြစ်၏ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ထိုနေရာသို့ လွှမ်းခြုံလာပြီး သက်ရှိအားလုံးကို ဖိနှိပ်နိုင်သည့် စွမ်းအားများ ထုတ်လွှတ်နေသည်။
ကျောင်းတော်မှ တန်ခိုးရှင်များသည်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိပေသည်။
သို့သော် ရီဖူရှင်းက သူ့ကို တစ်ချက်သာ ကြည့်လိုက်သည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်။ ထိုလူက အတော်လေး အစွမ်းထက်သည်ဟု ဆိုနိုင်ပြီး ရှန်ချင်းနယ်မြေ၌ပင် ထိုအဆင့်ရှိလူ များစွာမရှိပေ။
ထိုလူသည် အမှန်တကယ်ပင် ထူးချွန်သော တန်ခိုးရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုသို့သော အဆင့်မှ တစ်စုံတစ်ယောက်သည် ရီဖူရှင်းအား အလေးအနက် တိုက်ခိုက်လာစေရန် စွမ်းဆောင်နိုင်ခြင်း မရှိပါချေ။ သူသည် တစ်ဖက်လူကို တစ်ချက်ကြည့်ပြီးနောက် ငြိမ်သက်စွာ ရပ်နေခဲ့ကာ ပြောလိုက်သည်။ “မင်းက ကျုပ်ကို စမ်းသပ်ချင်နေတာဆိုရင် လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။ မင်းက အဲဒီလိုလုပ်ဖို့ အရည်အချင်း မမီဘူး။”
ထိုလူသည် ထိုက်ချူတော်ဝင်မြေ၏ အစွမ်းထက် ရန်ဟောင်များကြားတွင် အစွမ်းထက်သူတစ်ယောက် ဖြစ်သည်။ သူက အစွမ်းထက်သော်လည်း ရီဖူရှင်းသည် ထိုလူက သူ့ကို စမ်းသပ်ရန် အရည်အချင်းမမီဟု ပြောခဲ့ပေသည်။
ထိုသည်မှာ စော်ကားခြင်းသာဖြစ်ပြီး ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်သည် ယခင်က ဤကဲ့သို့သော လျစ်လျူရှုမှုမျိုးကို မခံစားခဲ့ဖူးပေ။
မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ကျောင်းတော်သည် မုန်တိုင်းတစ်ခုအောက်တွင် ကျရောက်နေသလို ထင်မှတ်ရသည်။ ကျောင်းတော်မှ တပည့်များအားလုံးသည် ထိုပြင်းထန်သော မဟာလမ်းစဥ် စွမ်းအားအောက်တွင် ဖျက်ဆီးခံရတော့မလို ခံစားမိကြပေသည်။ သို့သော် သဏ္ဌာန်မဲ့စွမ်းအားတစ်ခုက သူတို့ကို ထောက်ကန်ပေးထားကာ လေထဲမှ စွမ်းအားကို ရပ်တန့်သွားစေသည်။
ရီဖူရှင်းသည်သာလျှင် ရှေ့သို့ ထွက်လာပြီး တစ်ဖက်လူထံမှ ကြောက်မက်ဖွယ် စွမ်းအားများကို ရင်ဆိုင်လိုက်သည်။
သူသည် ယုံကြည်ချက်အပြည့်နှင့် လွတ်လပ်ပေါ့ပါးစွာ ခြေလှမ်းလာပြီး မယိမ်းမယိုင် လျှောက်နေခဲ့သည်။
ချက်ချင်းပင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုကြောက်မက်ဖွယ် မဟာလမ်းစဥ်မုန်တိုင်းက လေဟာနယ်ကို လွှမ်းခြုံသွားသည်။ တစ်ဖက်လူသည် အောက်သို့ ဆက်လက် ဆင်းလာနေပြီး ခြေလှမ်းတိုင်းက ပိုမို၍ ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလာနေသည်။
ရီဖူရှင်းသည် မတွန့်မဆုတ် ကျန်ရှိနေပြီး သူ့ကို အေးစက်သော အကြည့်တို့နှင့် ကြည့်နေခဲ့၏။ ထိုကြောက်မက်ဖွယ် မုန်တိုင်းမှ လက်ဝါးတိုက်ခိုက်မှု ကျဆင်းလာသည်နှင့် ရီဖူရှင်းက မုန်တိုင်းအလယ်ဗဟိုသို့ တိုးဝင်သွားကာ မဟာလမ်းစဥ်၏ မုန်တိုင်းစွမ်းအားကို အပြည့်အဝ လျစ်လျူရှုထားပေသည်။
“ဘယ်လောက်ရဲတင်းလိုက်သလဲ။” တစ်ဖက်လူက ဒေါသတကြီး အော်ပစ်လိုက်ပြီး မုန်တိုင်းကို သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲကာ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများက ကမ္ဘာပျက်သောနေ့ကဲ့သို့ လောကကို ဖျက်ဆီးတော့မလိုပင် ထင်မှတ်ရပေသည်။
သို့သော် သူသည် အလွန် တောက်ပသော ပုံရိပ်တစ်ခုက သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ဖြတ်သန်းလာသည်အား မြင်တွေ့လိုက်ရသည်။ ထိုတောက်ပသော ပုံရိပ်က သူ့ထံ ပစ်ဝင်လာသည့် စွမ်းအားများ အားလုံးကို လျစ်လျူရှုထားသလိုပင် ဖြစ်သည်။ တောက်ပသော ပုံရိပ်သည် ကြောက်မက်ဖွယ် မုန်တိုင်းကို ဖြတ်သန်းကာ သူ့ရှေ့၌ ချက်ချင်း ပေါ်ပေါက်လာသည်။
တုန်ခါသော အသံများကို ကြားလိုက်ရပြီး ထိုအသံများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေပုံရသည်။ သူက လက်ကို မ,တင်ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်သည် လူတိုင်း၏ မျက်လုံးရှေ့မှာပင် အဝေးသို့ လွင့်စင်သွားပေသည်။
***