(အမတ်တွေရဲ့ မှန်းဆချက်များ)
Vol. 4 Ch. 52
အမတ်တွေအကုန် အံ့သြသွားခဲ့သည်။
သူတို့ရဲ့ခေါင်းထဲမှာ အဖြေတစ်ခု ပေါ်လာပြီလေ။
‘ထူးချွန်ပြီး အာဏာကြီးရမယ်!’
အဲဲ့ဒီလိုမှမဟုတ်ရင်…
ကျန်းနန်မြို့က အခြေအနေတွေကြောင့် သေချာပေါက် ခံလိုက်ရမှာ။
အန္တရာယ်များတဲ့ ကျန်းနန်မြို့လို နေရာမှာ ထူးချွန်ပြီးအာဏာပြင်းတဲ့ သူမှပဲ ပြဿနာ ရှင်းနိုင်မှာပဲ!
ဒါပေမဲ့ အဲ့ဒီလို ထူးချွန်တဲ့ပုဂ္ဂိုလ်မျိုး တရှားတိုင်းပြည်မှာ ဘယ်နှစ်ယောက် ရှိလို့လဲ?
လက်တစ်ဖက်နဲ့ရေတွက်ရင်တောင် ပြည့်မှာ မဟုတ်ဘူး။
ဒီတော့ အဖြစ်နိုင်ဆုံးသူက… ချင်မင်းသားပဲ!
“ ဒါဆို အမတ်လီပြောချင်တာက အရှင်မင်းကြီးက ကြိုတင်တွက်ချက်ပြီး ချင်မင်းသားကို ရှေ့ပြေးအနေနဲ့ လွှတ်ခဲ့တာလို့လား?”
လီလင်ပု နားထောင်နေသည်။
သူခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ!”
ထိုလူက ဆက်မေးလိုက်သည်။
“ ဒါဆိုရင် အရှင်မင်းကြီးရဲ့ တံတိုင်းဆောက်မဲ့ အစီအစဥ်က တွေးမိထားတာ ကြာပြီပေါ့။ ဖြစ်နိုင်တာ ငွေကြေးအခြေအနေကြောင့်သာ ထုတ်မပြောခဲ့တာ”
လီလင်ပု အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။
သူလဲ အံ့သြသွားတာပင်။
သူ ခေါင်းရမ်းလိုက်လေကာ
“ ငါလဲမသိဘူး”
ထိုလူက အနည်းငယ် လက်မခံချင်သေးပုံပဲ။
“ ဒါပေမဲ့ တံတိုင်းဆောက်တဲ့ရည်ရွယ်ချက်က တစ်ကယ်ပဲ ဘာကြောင့်လဲ? အမတ်လီ ရှင်းပြပေးနိုင်မလား?”
လီလင်ပု ပိုလို့စိတ်ဓာတ်ကျသွားပုံပဲ။
‘ ငါသာသိနေရင် ဒီမှာအကုန်လုံးနဲ့ လိုက်တွေးနေပါ့မလား?’
ဒါပေမဲ့ သူ တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်ပါသည်။
“ အရှင်မင်းကြီးရဲ့ အမြင်က ကြီးမားတယ်။ ငါဘယ်လိုလုပ် မှန်းဆနိုင်မှာလဲ?”
ပြောပြီးနောက်မှာ သူ အနည်းငယ် တွေဝေသွားသည်။
ပြီးမှ ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ ငါပြောရဲတယ်။ ဒီမဟာတံတိုင်းက သေချာပေါက် အကျိုးအမြတ် အကြီးကြီး ရစေလိမ့်မယ်!”
ဒါကိုကြားတော့ တစ်ဖက်လူက ပိုစိတ်ဝင်စားသွားပုံပဲ။
လီလင်ပုရဲ့ နားနားကို ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ ကြည့်ရတာ သခင်ကြီးလီက တစ်ခုခု သိထားပုံပဲ။ ဒါဆိုပြောပြပေးပါ့လား? ဒါမှ ပြန်ရောက်ရင် ငါလဲအနည်းငယ် ပြင်ဆင်လို့ ရအောင်။ မဟုတ်ရင် အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နှောင့်နှေးအောင်.လုပ်မိမှာ စိုးတယ်”
ထိုလူက လီလင်ပုရဲ့အနားကိုပါ တိုးကပ်လိုက်သေးသည်။
ဒါပေမဲ့ လီလင်ပုက တည်ငြိမ်စွာပဲ ပြန်ဖြေပေးလိုက်သည်။
“ ငါမသိဘူး”
သူ ဆက်ပြောလိုက်သည်။
“ အကုန်လုံး သေချာတွေးကြည့်ပါ။ အမတ်ယောင်ဖန်းရဲ့ ကိစ္စတုန်းကဖြစ်ဖြစ်၊ ထျန်းချီတာဝါနဲ့ ဒီနေ့ အမတ်ချန်ရှုံးရဲ့ ကိစ္စမှာ ဖြစ်ဖြစ် အားလုံးက ငါတို့ရဲ့မှန်းဆမှုကို ကျော်လွန်နေတာပဲမလား? ဒါတွေကို တစ်ကယ်ပဲ တိုက်ဆိုင်မှုသက်သက်လို့ ထင်သလား? ဒီလောက်တိုက်ဆိုင်မှုတွေ များနိုင်လို့လား?”
“ အရင်တုန်းက မဖြစ်ခဲ့ဘဲနဲ့ အခုလိုမျိုး အရှင်မင်းကြီးရဲ့ အဓိပ္ပါယ်မရှိတဲ့ အမိန့်တွေ ရပြီးနောက်မှာမှ တစ်ခုပြီးတစ်ခု ဘာလို့ ဖြစ်လာရတာလဲ?”
လီလင်ပုရဲ့ အကြည့်က တစ်ဖြည်းဖြည်း နက်ရှိုင်းသွားခဲ့သည်။
သူ့ရဲ့အတွေးထဲမှာ အဆုံးမရှိ ရှည်လျားတဲ့ ကြိုးမျှင်တစ်ခု သွယ်တန်းနေသလိုပဲ။
“ ဒါဆို အမတ်လီရဲ့ ဆိုလိုရင်းက ဒါတွေအားလုံးကို အရှင်မင်းကြီး စီစဥ်တာလို့လား?”
တစ်စုံတစ်ယောက်က မနေနိုင်စွာ ထမေးလိုက်တာပင်။
ဒါပေမဲ့ လီလင်ပု အဖြေမပေးခဲ့ဘူး။
ထိုအစား သူဆက်ပြောလိုက်သည်။
“ ငါသတင်းကြားထားမိတာက ထျန်းချီတာဝါက နောက်ရက်အနည်းငယ် နေရင် ငါတို့တရှားတိုင်းပြည်နဲ့ မဟာမိတ် ဖြစ်ကြောင်း ကြေညာချက် ထုတ်တော့မယ်တဲ့”
ရှိသမျှ အမတ်တွေအကုန်လုံး အံ့သြကုန်ကြသည်!
ထျန်းချီတာဝါက မဟာမိတ်ဖွဲ့မယ်တဲ့လား?
အဲ့ဒါဘာကိုဆိုလိုတာလဲ?
ဆိုလိုတာက အခု ထျန်းချီတာဝါက တရှားတိုင်းပြည်နဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်တော့မယ်ပေါ့?
ဒါပေမဲ့..
ဘာအကြောင်းအရင်းကြောင့် မဟာမိတ် ဖွဲ့ရတာလဲ?
ရှေ့ရက်ပိုင်းကမှ ထျန်းချီတာဝါရဲ့လူကို တရှားတိုင်းပြည်က သတ်ခဲ့တာလေ!
“ အဲ့ဒီသတင်းက ဘယ်သူဖြန့်တာလဲ? မဖြစ်နိုင်တာ! မနေ့က ထျန်းချီတာဝါကလူရဲ့ ခြိမ်းခြောက်တဲ့ အရှိန်အဝါကို မခံစားလိုက်ရလို့လား!”
“မှန်တယ်။ တစ်ကယ်ပဲ ထျန်းချီတာဝါဘက်က မဟာမိတ်ဖွဲ့ချင်ရင် မနေ့ကလို ရန်လိုခဲ့ပါ့မလား?”
ဘယ်သူမှ မယုံကြပေ။
လီလင်ပု တစ်ခုခု ပြောလိုက်ချင်ခဲ့သည်။
ဒါပေမဲ့ သူဘာမှ မပြောလိုက်ဘူး။
ဘာလို့ဆို သူကိုယ်တိုင်လဲ မယုံကြည်နိုင်လို့ပဲ။
ပြောရရင် ဒါကဒီတိုင်း လူတွေပြောကြတဲ့ သတင်းတစ်ခုပဲကို။
ခဏလောက်တွေးပြီးနောက်မှာ သူ ပြောလိုက်သည်။
“ ကောင်းပြီ။ တွေးနေတာ ရပ်ကြတာပေါ့။ ကျန်းနန်ကိုသွားလိုက်ရင် အဖြေသိရမှာပဲ။ အရှင်မင်းကြီးက အရမ်းတွက်ချက်နိုင်မယ်လို့ ငါလဲမတွေးမိပါဘူး”
….
နောက်တစ်နေ့ မနက်မှာ…
မြို့တော်ကနေ စပြီး ပြဋ္ဌာန်းလိုက်တဲ့ မင်းမိန့်ကြောင့်…
တရှားတိုင်းပြည်တစ်ခုလုံး ထိတ်လန့်သွားကြသည်။
ကျန်းနန်မြို့ကနေ ဦးဆောင်ပြီး စီးပွားရေးအခွန် တိုးကောက်မယ်!
အမှန်တိုင်းပြောရရင် လူတွေအကုန် လန့်ကုန်ကြတာပင်!
မြို့တော်ထဲမှာ ပြည်သူတွေကြား မုန်တိုင်း ထန်နေခဲ့သည်။
“ မင်းတို့ကြားပြီးပြီလား? ကျန်းနန်မြို့သုံးမြို့ကို စီးပွားရေးအခွန် တိုးမှာတဲ့!”
တစ်စုံတစ်ယောက်ရဲ့ ရေရွတ်သံက များစွာတဲ့ လူတွေရဲ့အာရုံကို ဆွဲဖမ်းနိုင်သွားခဲ့သည်။
“ဘာ..? ဘာတွေဖြစ်နေတာလဲ?”
“ ကြည့်ရတာ မဟာတံတိုင်းဆောက်တာနဲ့ ဆိုင်မယ်ထင်တယ်! ငါလဲသေချာမသိဘူး! ဒါပေမဲ့ ဒါကြီးသာတစ်ကယ်လုပ်လိုက်ရင် တိုင်းပြည်တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်ကုန်မှာပဲ စိုးတယ်!”
ပြောပြီးတာနဲ့ ထိုလူက တစ်ခုခု စိုးရိမ်စွာ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
“ မင်း အဲ့ဒီသတင်းကို ဘယ်ကကြားခဲ့တာလဲ?”
လူအုပ်ထဲမှ လူတစ်ယောက်က မနေနိုင်စွာ မေးလိုက်တာပင်။
ဒါကိုကြားတော့ ပထမဆုံးပြောတဲ့သူက အံ့သြသွားသေးသည်။ ထို့နောက်မှာ အမြန်ပြန်ပြောလိုက်သည်။
“ အဲ့ဒီသတင်းက နန်းတော်ကလာတာ! သေချာပေါက် မှန်တယ်”
“ ဒါဆို ကောလဟာလတွေက တစ်ကယ် မှန်နေခဲ့တာပေါ့..”
“ ငါလဲမှန်မမှန် သေချာမသိဘူး။ ဒါပေမဲ့ တစ်ခုခုထူးဆန်းတာ ဖြစ်တော့မယ်လို့ ခံစားနေရတယ်!”
အကုန်လုံးရဲ့ သိချင်စိတ်တွေ နိုးထလာပြီး ထိုလူရဲ့အနားကို ဝိုင်းလိုက်ကြသည်။
“ အဲ့ဒါဘာကိုပြောချင်တာလဲ?”
“ ငါပြောမယ်။ မင်းတို့ပဲ တွေးကြည့်လေ။ အရင်တုန်းက ထွက်ခဲ့တဲ့သတင်းတွေ အခု ပိတ်သွားတယ်မလား? အဲ့ဒါဘယ်သူ လုပ်တာ ဖြစ်မလဲ?”
အကုန်လုံး အံ့သြသွားကြသည်။
သေချာစဥ်းစားကြည့်လိုက်မှ…
အရင်တစ်ခေါက်က မြို့တော်မှာ အကြီးမားဆုံး သတင်းခေါင်းစဥ်က ဘာပါလိမ့်?
အခုကျ လူတစ်ချို့က သတင်းအသစ်တွေ သေချာဖြန့်နေကြသည်။
အရင် သတင်းအဟောင်းကို ပိတ်ပစ်ချင်လို့ဆိုတာ အသိအသာကြီးပဲမလား?
“အဲ့ဒါ..”
လူထုရဲ့ ထိုပုံစံကို မြင်တော့ ထိုသူက ရယ်လိုက်လေကာ
“ မင်းတို့ မဖြေချင်ရင် ငါပြောပေးမယ်”
“ ထျန်းချီတာဝါက လူပဲ! သူ့ရဲ့ကြောက်စရာ အရှိန်အဝါကြီးကိုသုံးပြီး ငါတို့ကို မေ့အောင် လုပ်သွားတာ”
“ အဲ့လိုမှမဟုတ်ရင် ငါတို့ရဲ့ အနေအထားကို ကျော်လွန်နေတဲ့ မဖြစ်သင့်တဲ့ ဘုရင့်အမိန့်ကို ငါတို့မေ့သွားစရာလား?”
“ မင်းကြီးက ထျန်းချီတာဝါကလူကို အပြစ်လုပ်ခဲ့တဲ့အတွက် မဟာတံတိုင်းဆောက်မဲ့ကိစ္စကို မဖြစ်နိုင်တော့ဘူးလို့ အကုန်လုံး ထင်ခဲ့ကြတယ် မလား?”
“ ဒီတော့ အကုန်လုံး စိတ်အေးသွားကြတယ်။ သိပ်ဂရုမစိုက်မိတော့ဘူး”
“ ဒါပေမဲ့ အခုတော့ရော? တံတိုင်းဆောက်မဲ့ ကိစ္စက မရပ်သွားတဲ့အပြင် အဲ့ဒါကို အသုံးချပြီး စီးပွားရေးအခွန်ပါ တိုးလာပြီ မလား!”
ထိုလူက ပြောလေလေ၊ ပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။
လူအုပ်ကလဲ သဘောတူစွာ ခေါင်းညိတ်ကြသည်။
အကုန်လုံးက ရှကျိုးယွီရဲ့လုပ်ရပ် မှားနေကြောင်း လက်ခံလိုက်ကြသည်။
အရင်တုန်းက လူထုရဲ့အမြင်ကို သေချာ မထုတ်ပြခဲ့ရဘူး။
အခုတော့ ပြည်သူတွေရဲ့အာရုံက ရှကျိုးယွီ အပေါ် ပြန်ရောက်လာခဲ့ပြီ။
အကုန်လုံးရဲ့ စိတ်ဝင်တစားပုံစံကို မြင်တော့ ထိုလူက ဆက်ပြောလိုက်သည်။
“ ဒါဘာကိုဆိုလိုတာဖြစ်မလဲ? ဆိုလိုတာက အရှင်မင်းကြီးက ကြိုတင်စီစဥ်ထားတာပဲ။ ပြောရရင် ထျန်းချီတာဝါကသူလျှိုကိုတောင် သေချာ သတ်လိုက်တာ ဖြစ်ချင်ဖြစ်နေမှာ!”
“ ထျန်းချီတာဝါရဲ့ အင်အားကိုသုံးပြီး အမြတ်ထုတ်ချင်ခဲ့လို့ပဲ!”
“ ဒါမှမဟုတ် အရှင်မင်းကြီးမှာ နောက်ခံရှိနေတာ များလား?”
ထိုသူက ပြောပြီးတာနဲ့ လက်နောက်ပစ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ မရှောင်လွှဲနိုင်တဲ့ ခိုင်မာမှုတို့ ရှိနေသည်။
တရှားတိုင်းပြည်ရဲ့ ပြည်သူတွေအားလုံးအတွက်..
ရှကျိုးယွီရဲ့ မိုးကြိုးသဖွယ် ပြင်းထန်တဲ့ လုပ်ရပ်တွေက..
လူတွေရဲ့ နှလုံးသားကို တော်တော် ထိရောက်စေနိုင်သည်။
“ ဒါဆိုရင် အရှင်မင်းကြီးက သေချာ စဥ်းစားပြီးသားပေါ့? ဒီတိုင်း သာမာန် အမိန့်ထုတ်လိုက်တာ မဟုတ်ဘူးပေါ့?”
တစ်စုံတစ်ယောက်က ထမေးလိုက်တာပင်။
ဒါပေမဲ့ လူတွေအားလုံးက ထိုလူ့ကို ပြောစရာစကား ဆွံ့အစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
သာမာန် အမိန့်ထုတ်တာတဲ့လား?
ဘယ်သူက သာမာန်အမိန့်အတွက် ဒီလောက် လုပ်မှာလဲ?
လက်ရှိအခြေအနေထိ ရောက်လာဖို့ သေချာ တွက်ချက်ပြီး အစီအစဥ်ချထားမှန်း အသိအသာကြီးပဲ။
“ ဒါပေမဲ့… အခွန်တိုးလိုက်ရင် ငါကြောက်တာက…”
လူတွေအကုန်လုံး ရုတ်တရက် သေရမှာကြောက်သွားကြသည်။
………….