← Chapters

(ရွှမ်ထျန်းရဲ့ အဆင့်သုံးဆင့် ထွက်ပြီလား?)

Vol. 4 Ch. 53

(ရွှမ်ထျန်းရဲ့ အဆင့်သုံးဆင့် ထွက်ပြီလား?)

Vol. 4 Ch. 53

ရှကျိုးယွီ တစ်ယောက် တိုင်းပြည်အရေးကို ဖြေရှင်းပြီးသည်နှင့် ဖူယွဲ့နန်းဆောင်ဆီ ဦးတည်တော့သည်။

ဒီရက်ပိုင်းမှာ သူအရမ်း ပင်ပန်းခဲ့ရသည်။

ဒီလောက်အပင်ပန်းခံခဲ့တာတောင်မှ ကံကြမ္မာအမှတ်က မလျော့သွားခဲ့ဘူး။

ပိုတောင် တိုးလာသေးသည်!

သူအရမ်း စိတ်ဓာတ်ကျနေပြီ။

သူ့ရဲ့ စိတ်နှလုံးက ပြန်အားသွင်းဖို့ လိုနေပြီ။

ဒီလိုနဲ့ ရှကျိုးယွီရဲ့ ခရီးစဥ်က ချောမွေ့စွာပဲ ပန်းတိုင်ကို ရောက်ရှိသွားခဲ့သည်။

အပြင်ဘက်က မိဖုရားရဲ့ကိုယ်ပိုင် အစေခံမလေးက ရှကျိုးယွီကို မြင်တာနဲ့ ချက်ချင်းပဲ အရိုအသေပေးလိုက်ကာ

“ အရှင်မင်းကြီး.. မိဖုရားက အဝတ်လဲတော် မူနေပါတယ်။ ကျွန်တော်မျိုးမ အခုသွားပြော လိုက်…”

ထိုအစေခံမလေးရဲ့ လေးစားလှတဲ့အသံ မပြီးခင်မှာပဲ ရှကျိုးယွီက လက်တစ်ဖက် ပြကာ တားမြစ်လိုက်သည်။

သူမရဲ့ စကားတွေက ချက်ချင်းပဲ သူ့ကို စိတ်ဝင်စားအောင် လုပ်သွားတာကို။

'အဝတ်အစားလဲနေတာတဲ့လား?’

'ငါရောက်လာမှတော့ အဝတ်အစားက လိုအုံးမှာလား?’

ရှကျိုးယွီက ဒီနေ့ကို ကောင်းကောင်း အနားယူတော့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တာပင်။

ဒီတော့ ထိုစကားလုံးအနည်းငယ်က ချက်ချင်းပဲ သူ့အာရုံကို ဖမ်းစားသွားတော့သည်။

ချက်ချင်းပဲ နန်းဆောင်ထဲ ဦးတည်လေတော့သည်။

အစေခံမလေးက အနည်းငယ် တွန့်ဆုတ်နေသေးသည်။

ဒါပေမဲ့ သူမ ဘာမှမပြောရဲခဲ့ဘူး။

“ အရှင်မင်းကြီး ရောက်လာပြီလား”

ရှကျိုးယွီကို မြင်တော့ ဖူယွဲ့ အရမ်း မအံ့သြသွားခဲ့ဘူး။

ဒါပေမဲ့ ထိုအချိန်မှာ သူမက ပေါ့ပါးတဲ့ အတွင်းဝတ် အပါးလေးကိုပဲ ဝတ်ရသေးသည်။

ရှကျိုးယွီရဲ့ မျက်လုံးတို့ ချက်ချင်း လက်ထလာလေပြီ။

ထိုအခါမှ ဖူယွဲ့ ရှက်ရကောင်းမှန်း သတိရတော့သည်။

“ အာ.. အရှင်မင်းကြီး”

“ မိဖုရားက ရှက်နေပြန်ပြီ”

ရှကျိုးယွီ ရယ်လိုက်ကာ သူမရဲ့ပုခုံးပေါ် လက်တင်လိုက်သည်။

ဖူယွဲ့ကလဲ မငြင်းခဲ့ဘူး။ အမှန်တော့ သူမရဲ့ နှလုံးသားက ရှကျိုးယွီကို လိုချင်သည်လေ။ ရှကျိုးယွီ မလာတာကြာလို့တောင် ဒီရ​က်ပိုင်း သူမ စိတ်ညစ်နေခဲ့တာ။ အခုတော့ သူမ အရမ်းပျော်နေခဲ့သည်။ ပုခုံးပေါ်က လက်ဖဝါးနွေးနွေးက သူမရဲ့ နှလုံးသားတစ်ခုလုံးကိုပါ နွေးထွေးအောင် လုပ်ပေးနေ သလိုပဲ။

ဒါပေမဲ့ သူမရုတ်တရက် တစ်ခု တွေးမိသွားတာမို့

“ အရှင်မင်းကြီး ခဏထိုင်ပါ့လား?”

“ ကောင်းပြီ”

ရှကျိုးယွီ တစ်ယောက် လက်ဖဝါးအောက်က ချောမွေ့မှုကို ခံစားနေရင်း ရင်ထဲက ကံကြမ္မာအမှတ်ကို ခဏတဖြုတ် မေ့သွားတော့သည်။

သူ့ရဲ့မျက်လုံးထဲမှာပါ အချစ်ဆိပ်တက်လာသလိုပဲ။

ဒါကြောင့် ဖူယွဲ့ရဲ့အနောက်ကနေ အိပ်ယာဆီ လိုက်သွားလိုက်သည်။

အိပ်ယာပေါ်​ရောက်တာနဲ့ ချက်ချင်းပဲ သူမရဲ့ လက်ကလေးကို အသာဆွဲယူကာ လုပ်ငန်းစဖို့ ပြင်တော့သည်။

ဒါပေမဲ့ ဖူယွဲ့က သက်ပြင်းချလိုက်သည်။

“ ဘာဖြစ်လို့လဲ မိဖုရား?”

ရှကျိုးယွီ စိတ်ပူစွာ မေးလိုက်သည်။

ဖူယွဲ့ရဲ့ မျက်လုံးထဲမှာ တွန့်ဆုတ်မှုတို့ ရှိနေလို့ပဲ။

ဒါပေမဲ့ အဆုံးမှာတော့ သူမ မနေနိုင်စွာ မေးလိုက်တော့သည်။

“ ထျန်းချီတာဝါက လူတစ်ယောက် ရောက်လာတယ်လို့ ကျွန်တော်မျိုးမ ကြားခဲ့တယ်”

ရှကျိုးယွီ တိတ်တဆိတ် နားထောင်နေခဲ့သည်။

ထို့နောက်မှာ လက်တစ်ဖက်​မြှောက်ပြီး ဖူယွဲ့ရဲ့ ဆံပင်ကို ညင်သာစွာ သပ်တင်ပေးလိုက်ကာ

“ အင်း ရောက်လာတယ်။ ပြီးတော့ သွားလိုက်တယ်လေ”

ဖူယွဲ့ မော့ကြည့်လာခဲ့ပြီး

“ သွားလိုက်တယ်? အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲ?”

ရှကျိုးယွီ မအံ့သြခဲ့ပေ။

ဖူယွဲ့က အနောက်ဆောင်မှာ နေရတာလေ။

သူမ အနေနဲ့ အတိအကျ သတင်းမရတာ ပုံမှန်ပဲ။

ဒါပေမဲ့ လီဖူရဲ့ မသွားခင်ကပြောသွားတဲ့ စကားလုံးတွေကို တွေးမိပြီး ရှကျိုးယွီ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

“ ဒီတိုင်းပဲ ရောက်လာပြီး ပြန်သွားတာပဲ။ ကိုယ်လဲဘာလို့မှန်း မသိဘူး။ ထားလိုက်ပါ။ အဲ့ကောင်ကို မေ့ထားလိုက်။ ဒါနဲ့ အချစ်လေးက ကိုယ့်ကိုမလွမ်းဘူးလား?”

ပြောပြီးတာနဲ့ ရှကျိုးယွီရဲ့ ခန္ဓာကိုယ်ကြီးက တိုးကပ်လာခဲ့သည်။

ဖူယွဲ့ ဘာမှထပ်မပြောနိုင်တော့ပုံပဲ။

“ကျွန်မ…”

ရှကျိုးယွီရဲ့ လက်တွေက စတင်လှုပ်ရှားလာခဲ့ပြီ။

အဆုံးမှာ ဖူယွဲ့ မနေနိုင်စွာ ညည်းရတော့သည်။

“ အရှင်မင်းကြီးက အရမ်းဆိုးတာပဲ”

“ ဘာဖြစ်လို့လဲ? မိဖုရားလေးကလဲ လာပါ.. ကိုယ့်ကိုခွင့်ပြုပေး ..!”

“ အို..အို့”

“ အရှင်မင်းကြီး!”

ချက်ချင်းပဲ ဖူယွဲ့နန်းဆောင်တစ်ခုလုံးကို အနီရောင်အသံတွေ ဖုံးလွှမ်းသွားတော့သည်။

…….

နောက်တစ်နေ့ မနက် အလင်းကောင်းကောင်း မထွက်ခင်မှာပဲ..

လျှို့ဝှက် တင်ပြချက်တစ်ခုယူပြီး ကျောက်ကောင်းက ဖူယွဲ့နန်းဆောင်အပြင်မှာ ပေါ်လာခဲ့သည်။

ဒါပေမဲ့ နန်းဆောင်အပြင်မှာ တိတ်ဆိတ်စွာ ရပ်နေရင်း ရှကျိုးယွီကို စောင့်နေခဲ့သည်။

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..

ပျင်းရိစွာ အကြောဆန့်နေရင်းဖြင့် ရှကျိုးယွီ အပြင်ကို လမ်းလျှောက်ထွက်လာခဲ့သည်။

တစ်ညလုံး အသည်းအသန် တိုက်ခိုက်ထားရတာမို့ သူ့ရဲ့အိပ်ချိန်က နှစ်နာရီတောင် မပြည့်သေးဘူး။ အဲ့ဒါကို ကျောက်ကောင်းက လာနှိုးတာလေ။

ရှကျိုးယွီ ဒေါသူပုန် ထချင်နေပြီ!

“ ကျောက်ကောင်း မင်းမှာကောင်းမွန်တဲ့အကြောင်းပြချက် မရှိလို့ကတော့ ငါကိုယ်တော် ကြိမ်ဒဏ်သုံးဆယ် ပေးပစ်မယ်!”

“ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ! ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ!”

ကျောက်ကောင်း ချက်ချင်းပဲ ဒူးထောက်ချလိုက်သည်။

ရှကျိုးယွီ ဟားသန်းလိုက်လေကာ..

“ ကဲတော်တော့။ မင်း ပြောစရာရှိတာသာ ပြော”

ကျောက်ကောင်း ချက်ချင်းပဲ လက်ထဲက စာလိပ်ကို ကမ်းပေးလိုက်သည်။

“ အရှင်မင်းကြီး ကြည့်ပေးတော်မူပါ!”

“ဘာလဲ?”

ရှကျိုးယွီ လှမ်းတောင် မယူခဲ့ဘူး။

တစ်ကယ်တော့ သူ.အရမ်းအိပ်ချင်နေသေးသည်။ မျက်လုံးတွေတောင် တစ်ဝက်ပိတ်နေပြီ။

ကျောက်ကောင်း ဒေါသတွေပုံချခံရမှာ ကြောက်လာပြီး အမြန်ပြောလိုက်သည်။

“ အရှင်မင်းကြီး ဒါက အဆင့်သတ်မှတ်ချက် သုံးခုအတွက် နောက်ဆုံးသတင်းပါ”

ရှကျိုးယွီ လက်တစ်ဖက်ပဲ ယမ်းပြလိုက်သည်။

သူ့ရဲ့မျက်လုံးတွေကို မနည်းဖွင့်ထားရတာလေ။

“ အင်းအင်း။ မင်းပဲ ဖတ်ပြလိုက်”

ရှကျိုးယွီ ဟား ထပ်သန်းလိုက်ပြန်သည်။

သူ နည်းနည်းမှ စိတ်မဝင်စားနေဘူး။

ကျောက်ကောင်းကတော့ ကြောက်လန့်ကာ အမြန်ဖတ်ဖို့လုပ်လိုက်သည်။

“ ရွှမ်ထျန်းအင်ပါယာရဲ့ ရွှေအဆင့်သတ်မှတ်ချက်….”

“ အတိအကျ ပြောမနေနဲ့တော့။ ဘာတွေ ပြောင်းလဲသွားလဲပဲ ပြောလိုက်”

ရှကျိုးယွီက ဖြတ်ပြောလိုက်ပြန်သည်။

ဒါကြောင့် ကျောက်ကောင်း အမြန်တင်ပြ လိုက်တော့သည်။

“ ရွှမ်ထျန်းနယ်မြေကြီးရဲ့ ရွှေအဆင့်သတ်မှတ်ချက်၊ ဖွံ့ဖြိုးမှုပိုင်း သတ်မှတ်ချက်နဲ့ စစ်အင်အားသတ်မှတ်ချက်တို့ရဲ့ ထိပ်ဆုံးတိုင်းပြည်ကတော့ မပြောင်းပါဘူး။ ပြီးတော့ ဒီသတ်မှတ်ချက်သုံးခုထဲက တိုင်းပြည်ငယ်တွေရဲ့ အဆင့်တွေကလဲ သိသိသာသာ ပြောင်းလဲတာမျိုး မရှိဘူး။ အရှင်မင်းကြီးရဲ့ စိတ်ဝင်စားမှုနဲ့ ထိုက်တန်တာက တရှားတိုင်းပြည်ရဲ့ ပြောင်းလဲမှုတစ်ခုပဲ”

“ အိုး အဲ့ဒီတော့?”

ရှကျိုးယွီ မျက်မှောင်ကြုတ်လာပြီ။

သူ စိတ်မပါနေဘူး။

ဒါပေမဲ့ ကျောက်ကောင်းရဲ့ အတွေးတွေ ပိုကြည်ရှင်းလာတော့သည်။

သူ သဘောပေါက်သွားခဲ့တာက..

အရှင်မင်းကြီးက အကုန်မှန်းထားပြီးသားပဲ။ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ အမြင်က ကောင်းလိုက်တာ!

ဒါပေမဲ့ တစ်ကယ့် ရှကျိုးယွီက တော်တော်လေး စိတ်ကိုဆွဲဆန့်ထားမှန်း ကျောက်ကောင်း သိခဲ့မလား..

ကျောက်ကောင်း အမြန်ဆက်ပြောလိုက်သည်။

“ ကျွန်တော်မျိုးတို့ရဲ့ တရှားတိုင်းပြည်ကြီးက အဆင့် ဆယ့်ငါးဆင့်တောင် တက်သွားတာပါ! နောက်ဆုံးကရေရင် အစက အဆင့်၁၁ ရှိတာ၊ အခု အဆင့် ၂၆ ဖြစ်သွားပြီ!”

“ တိုးတက်မှုက အရမ်းများတော့ အိမ်နီးချင်းတိုင်းပြည်တွေလဲ သတိထားမိသွားကြတယ်။ ဘာလို့ဆို စာရင်းမှာကိုက အထူးအနေနဲ့ အမှတ်အသားလုပ်ပြီး ပြပေးခဲ့တာလေ”

“ ဒါပေမဲ့ အခုလိုမျိုး အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အာရုံစိုက်လာမှုကို ကျွန်တော်မျိုး စိုးရိမ်တာက..”

ကျောက်ကောင်းက ပြောရင်းနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်သည်။

ရှကျိုးယွီရဲ့ မျက်လုံးတွေကတော့ လက်သွားခဲ့သည်။

'တိုင်းပြည်တွေရဲ့ အာရုံစိုက်မှုတဲ့လား?’

‘ အထူးအနေနဲ့ စာရင်းထုတ်ပြန်မှုမှာပါ အမှတ်အသားလုပ်ပြီး ပြထားတာပေါ့?’

‘ ကောင်းတယ်! သတင်းကောင်းပဲ!’

'အနီးအနားက တိုင်းပြည်တွေသာ ပေါင်းလိုက်လို့ကတော့…ဟဟ!’

‘ တရှား..တရှား မင်း.အမြှီးနှံ့နိုင်အုံးမလား ငါကြည့်မယ်!’

တိုင်းပြည်ပျက်မယ့်ရက်ကို ငါ မင်းကြီး စောင့်မျှော်နေပြီ

ရှကျိုးယွီရဲ့ မျက်နှာကြီးက ပြုံးဖြီးလာခဲ့သည်။

ကျောက်ကောင်း အံ့သြသွားတော့သည်။

‘ အရှင်မင်းကြီး ဘာဖြစ်သွားတာလဲ? ခုနကထိ မတ်တပ်အိပ်နေပြီးတော့ အခုကျ ထအုပ်တော့မလိုကို တက်ကြွလာတယ်..??’

‘ အော် အဆင့်တက်လာလို့ကို..!’

‘ အရှင်မင်းကြီးက ပြည်သူတွေကို တစ်ကယ် ဂရုစိုက်တာပဲ!’

‘ တစ်ကယ်ကို ပြည်ချစ်ဘုရင်!’

ရှကျိုးယွီ ပိုပြုံးလေလေ၊ ကျောက်ကောင်းက အတွေးလွန်လေလေပဲ။

သူ့ရဲ့ အသံပါ တည်ငြိမ်လာကာ

“ ဒီအချက်ကြောင့် ရွှမ်ထျန်းရဲ့ စာရင်းထုတ်ပြန်မှုအောက်မှာ မှတ်ချက်အနေနဲ့ ရေးသားခံခဲ့ရပါတယ်။ အရှင်မင်းကြီးရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပုံက အရမ်း အကျိုးထူးစေတယ်ဆိုပြီး!”

………….

All Chapters