← Chapters

(အဲ့ဒါဘာကိုဆိုလိုတာလဲ?)

Vol. 4 Ch. 55

(အဲ့ဒါဘာကိုဆိုလိုတာလဲ?)

Vol. 4 Ch. 55

ကျောက်ကောင်း သူ့ရဲ့​နေရာကို ပြန်လာလိုက်သည်။

ဒါပေမဲ့ သူအခုထိ မင်းကြီးရဲ့ ရည်ရွယ်ချက်ကို အဖြေမရှာနိုင်သေးဘူး။

သူ မနေနိုင်စွာ စိတ်ပူနေသည်။

“ တစ်ကယ်ပဲ ငါ့ကိုဘာလို့ ဒီသိုင်းသင်ယူခိုင်းလဲ နားမလည်ဘူး”

ကျောက်ကောင်း အံ့သြနေပေမဲ့လဲ စတင်လေ့ကျင့် လိုက်ပါသည်။

ခက်ခဲတဲ့ သိုင်းပညာဆိုပေမဲ့ မကြာခင်မှာပဲ ကျောက်ကောင်း နားလည်သွားခဲ့သည်။

သူ့ရဲ့ မြင့်မားတဲ့ ကျင့်ကြံမှုကြောင့် တစ်ချိန်ထဲမှာ အဆောင်စာရွက်တစ်ရွက် ကိုမဟုတ်ဘဲ အဆောင်စာရွက်အများကြီးကို ဖန်တီးနိုင်တဲ့အထိ နားလည်သွားခဲ့သည်။.

​ကြောက်မက်ဖွယ် အရည်အချင်းပဲ။

ကျောက်ကောင်း ရှကျိုးယွီကို လေးစားမိသလို အရမ်းတော်တဲ့ ကိုယ့်ကိုယ်ကိုပါ လေးစား ချင်လာသည်။

မင်းကြီးက အခုလိုမျိုး အဖိုးတန်တဲ့ သိုင်းပညာကို ထုတ်ပေးလာတယ်ဆိုမှတော့ သူ့ကိုယုံကြည်လို့ပဲ မလား?

'ဒါဆို အစွမ်းကို စမ်းကြည့်ကြမလား?’

ကျောက်ကောင်း နောက်ဆုံးတော့ သေခြင်းရှင်ခြင်း အဆောင်စာရွက်သိုင်းကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ အဆုံးမှာတော့ ခေါင်းရမ်းလိုက်ကာ လက်လျော့လိုက်တော့သည်။

“ အရှင်မင်းကြီးမှာ သေချာပေါက် ရည်ရွယ်ချက် ရှိရမယ်။ ဒါပေမဲ့ ငါအခုထိ သဘောမပေါက်သေးဘူး”

“ အိုးဟုတ်သား.. ထူးချွန်တဲ့ ပညာရှင်တွေ!”

“ မကြာခင် ငါတို့တရှားတိုင်းပြည်ကို ထူးချွန်တဲ့ ကျင့်ကြံသူတွေအများကြီး ကျူးကျော်လာနိုင်တယ်!”

“ ဒါဆို အရှင်မင်းကြီးက ငါ့ကို သူတို့ကို ထိန်းချုပ်စေချင်တာပေါ့။ ဒီလိုဆို အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီ”

ကျောက်ကောင်း အတွေးပေါက်သွားတာနဲ့ လက်နှစ်ဖက် နောက်ပစ်ကာ မားမားမတ်မတ် ရပ်လိုက်တော့သည်။

သူ့ရဲ့မျက်လုံးတွေလဲ စူးရှလာလေ၏။

………

ထိုအချိန်မှာ တရှားတိုင်းပြည်ရဲ့ အနီးအနားက တိုင်းပြည်တွေကတော့ တစ်ကယ်ပဲ အဆင့်သတ်မှတ်ချက်ကြောင့် ပရမ်းပတာ ဖြစ်နေခဲ့သည်။

တရှားတိုင်းပြည်ရဲ့ တိုးတက်မှုက သူတို့အတွက် အရမ်းကြီးမားနေခဲ့သည်လေ!

အမှန်တိုင်းပြောရရင် အကုန်လုံး ကြောက်သွားကြတာပဲ။

ဝေ့တိုင်းပြည်ရဲ့ မြို့တော်ရှိ နန်းတွင်းထဲမှာ နဂါးပုလ္လင်ထက်၌ ဝေ့တိုင်းပြည်ဘုရင် ထိုင်နေခဲ့သည်။ သူ့ရဲ့မျက်ခုံးနှစ်ဖက်က စိတ်ပျက်စွာဖြင့် စုကျုံ့နေလေ၏။

အရှေ့က များစွာတဲ့ အမတ်တွေခဗျာ ကြောက်ရွံ့စွာ ဒူးထောက်ထားရသည်။

“ ဘယ်လိုများလုပ်လိုက်လို့ တရှားက ဒီလောက် တိုးတက်သွားတာလဲ? ကံကြမ္မာအမှတ် ခြောက်ဆတောင်လား! ဒါ သမိုင်းမှာ တစ်ခါမှတောင် မရှိဖူးဘူး!”

သူ့ရဲ့မျက်လုံးထဲမှာ နက်ရှိုင်းမှုတို့ ရှိနေသည်။

ဒါကိုကြားတော့ ဝေ့တိုင်းပြည်ရဲ့ အကျော်အမော် စစ်သူကြီး မူရုံယွင် အရှေ့တက်လိုက်ကာ

“ အရှင်မင်းကြီး တက်သွားတဲ့ ကံကြမ္မာအမှတ် ခြောက်ဆက အဓိကမဟုတ်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ တစ်ကယ် ပြဿနာရှိနေတဲ့သူက ရှကျိုးယွီပါ!”

“ မတ်တပ်ရပ်ပြီး သေချာပြော!”

“ ငါကိုယ်တော် မင်းရဲ့အမြင်ကို နားထောင်ချင်တယ်”

စစ်သူကြီးမူရုံယွင်ရဲ့ စကားသံ ထွက်လာမှသာ မင်းကြီးရဲ့မျက်လုံးထဲက စိတ်ပျက်မှုတွေ အနည်းငယ် သက်သာသွားသည်။

အနည်းဆုံးတော့ တစ်ယောက်ယောက်မှာ အမြင်ရှိလာခဲ့ပြီ။

“ အရှင်မင်းကြီး.. အရင်လတွေမှာ ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို ပြန်တွေးကြည့်တော်မူပေးပါ”

စစ်သူကြီးမူရုံယွင်က ခပ်ဖြည်းဖြည်းချင်း မတ်တပ်ထလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက စူးရှနေလေ၏။

“ ပထမဆုံး အသုံးမဝင်သလို ထင်ရတဲ့ အမတ်တွေကို ရာထူးတိုးပေးခဲ့တယ်။ ကြည့်လိုက်ရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းဆီက အသုံးမကျဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့က အရမ်းလွှမ်းမိုးမှု မြင့်သွားခဲ့တယ်လေ။ အဲ့ဒီလူတွေတစ်ယောက်ချင်းဆီမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ထူးချွန်တဲ့ အရည်အချင်း အသီးသီးရှိကြတယ်။ ဒါပေမဲ့ လူမှန်နေရာမှန် မဟုတ်သေးလို့သာ လူကြားထဲမှာ မထင်ပေါ်ခဲ့ရတာပါ”

ဒါကိုကြားတော့ မင်းကြီး မျက်မှောင်ကြုတ်သွားကာ

“ ဒါဆို သူက လူကဲဖြတ်တဲ့နေရာမှာ တော်တယ်ပေါ့?”

ဒါပေမဲ့ စစ်သူကြီး မူရုံယွင်က ခေါင်းရမ်းလိုက်သည်။

“ မဟုတ်ဘူး။ ကျွန်တော်မျိုး အဲ့လိုမထင်မိဘူး။ ဒါက လူကဲဖြတ်တော်တာနဲ့ ဆိုင်မယ်မထင်ဘူး။ အဓိကက ရှကျိုးယွီက အသုံးမကျတဲ့ပုံစံ ဟန်ဆောင်ပြီး ကျွန်တော်မျိုးတို့ကို လှည့်စားခဲ့တာပဲ!”

ရုံးတော်ရှိ အမတ်တွေအကုန် အံ့သြသွားတော့သည်။

မင်းကြီးရဲ့ အကြည့်က ချက်ချင်းပဲ ကျရောက်လာခဲ့သည်။

“ စစ်သူကြီး ဘာကို ပြောချင်တာပါလဲ?”

မနေနိုင်တဲ့ အမတ်တစ်ယောက်က ဝင်မေးလိုက်လေသည်။

မင်းကြီးလဲ ရှုတ်ထွေးသွားပုံပဲ။

ဒါကြောင့် သူ မေးခွန်းမေးတဲ့သူကို မတားမြစ်ခဲ့ဘူး။

ရွှေအဆင့် သတ်မှတ်ချက်စာရင်းကြောင့် ဝေ့တိုင်းပြည်တစ်ခုလုံး စိတ်ပူနေကြသည်လေ။

အထူးသဖြင့် လွန်ခဲ့တဲ့ ရက်ပိုင်းတွေထဲကပဲ!

ကျုးကော့လုံရဲ့ ပြောင်မြောက်တဲ့ စစ်တိုက် စွမ်းရည်​ကြောင့် တရှားတိုင်းပြည်က ထင်သလောက် မရိုးရှင်းမှန်း သူတို့ သဘောပေါက်ထားပြီးသားပင်။

အခုလဲ အတိအကျ သရုပ်ပေါ်လာပြီ!

စစ်သူကြီးမူရုံယွင်က အသက်ဝဝ တစ်ချက် ရှုသွင်းလိုက်ကာ မေးခွန်းမေးတဲ့အမတ်ကို လှည့်ကြည့်လိုက်ပြီး

“ ကျွန်တော်မေးပါရစေ။ အုပ်ချုပ်သူက အကျင့်ပျက်လာရင် အမတ်တွေ ဘာလုပ်သင့်သလဲ?”

“ဘာရယ်?”

ထိုလူက ပြန်မေးလိုက်သည်။

စစ်သူ​ကြီး.မူရုံယွင် မအံ့သြခဲ့ပေ။ သူ ပြုံးလိုက်ကာ

“ သေချာပေါက် သူတို့တွေ စိတ်ပျက်ရမှာပေါ့”

“ လူတစ်ယောက်က အရမ်းအကျင့်ပျက်သွားတဲ့အခါ သူ့အနားက လူတွေရဲ့ ကောင်းခြင်းဆိုးခြင်းကို ​ဖောက်မြင် နိုင်သွားတယ်။ ပြောရရင် အဲ့လိုအချိန်ကျမှ ကိုယ့်အပေါ်တစ်ကယ် ကောင်းတဲ့သူကို မြင်ရတာလေ”

စစ်သူကြီးမူရုံယွင်က ခြေလှမ်းအနည်းငယ် အရှေ့တိုးလိုက်ပြီး

“ ရှကျိုးယွီက အဲ့လိုမျိုး မြင်နိုင်ခဲ့တာ သိသာတယ်”

“ ပြီးတော့ ရှကျိုးယွီရဲ့အနားမှာ ဝေ့တိုင်းပြည်ရဲ့ သူလျှိုတွေ အများကြီး ရှိတယ်မလား?”

“ ဒီရက်ပိုင်း သူတို့ဆီက သတင်းတွေ ရခဲ့လို့လား?”

ဒါကိုကြားတော့ လူတွေအကုန် မျက်မှောင် ကြုတ်သွားခဲ့သည်။

ရှကျိုးယွီရဲ့ ဟန်ဆောင်ပန်ဆောင်.အပြုအမူ ကြောင့်..

ဝေ့တိုင်းပြည်ရဲ့ လူယုံတွေတောင်…

ဖော်ထုတ်ခံရပြီး ဖြေရှင်းခံလိုက်ရတာလား?

စစ်သူကြီး မူရုံယွင် ဆက်ပြောလိုက်သည်။

“ ဒါက အဓိကအချက်ပဲ။ ရှကျိုးယွီက ကျွန်တော်မျိုးတို့ကို လှည့်စားခဲ့တာ”

“ ကျွန်တော်မျိုးတို့သာ လက်တွေ့ မတွေ့ခဲ့ရင် တရှားတိုင်းပြည်ရဲ့ လပိုင်းအတွင်း တိုးတက်မှုကို.ဘယ်လိုမှ ယုံကြည်နိုင်မှာ မဟုတ်ဘူး”

ပြောပြီးနောက်မှာ စစ်သူကြီးမူရုံယွင်လဲ တိတ်ဆိတ်သွားတော့သည်။

သူ့ရဲ့နှလုံးသားထဲမှာ တောင်းဆိုမှုတစ်ခု ဖြစ်ပေါ်နေသည်။

သူ တရှားကို သွားကြည့်ချင်သည်။

သူကိုယ်တိုင် ကြည့်ချင်သည်။

ဉာဏ်ကောင်းလွန်းတဲ့ ဗျူဟာရှင်ကို သူကိုယ်တိုင် မျက်စိနဲ့ မမြင်ရမချင်း.ယုံကြည် နိုင်မှာမဟုတ်ဘူး။

တရှားတိုင်းပြည်ရဲ့ ဘုရင်က တစ်ကယ်ပဲ ဉာဏ်ကောင်းလွန်းတာလား?

ဒါကြောင့် သူကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ တိုင်းပြည်ရဲ့ပထမအဆင့် အရာရှိတွေကို စိတ်တိုင်းကျ ပြောင်းလဲနိုင်လား ကျွန်တော်မျိုး မေးချင်မိပါတယ်”

စူးရှနေတဲ့ မျက်လုံးများနဲ့ စစ်သူကြီးက မော့ကြည့်လိုက်သည်။

မင်းကြီး မျက်မှောင်ကြုတ်သွားရပြီ။ ပထမအဆင့်အရာရှိရဲ့ ပြောင်းလဲမှုက ကိစ္စကြီးပဲ။ အတင်းအကျပ် လုပ်စရာ မလိုအပ်ရင် သူ မထိချင်ဘူး။ ပထမအဆင့် အရာရှိတွေက ရာထူးလဲ မြင့်သလို မြို့တော်မှာ ရှုတ်ထွေးတဲ့ ပတ်သတ်မှုတွေ ရှိသည်။

“ ဘယ်ရမှာလဲ?”

ဒါကြောင့် သူ ဖြေပေးလိုက်သည်။

ထို့နောက်မှာ ရုံးတော်တစ်ခုလုံးကို.ကြည့်လိုက် ကာ

“ ဒါပေမဲ့ လုံးဝမရနိုင်ဘူးလို့ မဆိုလိုဘူး”

စစ်သူကြီးမူရုံယွင်က ဆက်ပြောလာသည်။

“ ဒါပေမဲ့ ရှကျိုးယွီကတော့ လုပ်ရဲတယ်! လုပ်ရဲတာမှ နှစ်ယောက်တောင် ပြောင်းရွှေ့ခဲ့တာ”

“ ဒါကိုကြည့်လိုက်ရင် သူ့ရဲ့စိတ်ပြတ်သားမှုက ဘယ်လောက်ပြင်းထန်လဲ သိနိုင်ပါတယ်”

“ ဒီနေရာမှာ အရမ်းအရေးကြီးတဲ့ တစ်ချက် ရှိတယ်”

“ အခု တရှားတိုင်းပြည်က ကျွန်တော်မျိုးတို့ ဝေ့တိုင်းပြည်ကို.ဆန့်ကျင်ပြီး တံတိုင်းဆောက်ဖို့ လုပ်နေပါတယ်”

စစ်သူကြီးရဲ့ မျက်လုံးထဲက အကြောက်တရားတွေ ပိုကြီးမားလာကာ

“ ကျွန်တော်မျိုးတို့ လွှတ်ထားလို့ မဖြစ်တော့ဘူး။ တရှားတိုင်းပြည်ရဲ့ ဘုရင်ကို ပြောင်းလဲမှရမယ်!”

ထို့နောက်မှာ သူက အရှင်မင်းကြီးကို ကြည့်လိုက်သည်။

မင်းကြီးရဲ့ပုံစံက အနည်းငယ် အံ့သြသွားပုံပဲ။

စစ်သူကြီး အခုလိုပြောလာမယ် သူ.မထင်ထားခဲ့ဘူး။

ဒါပေမဲ့ စစ်သူကြီးက ဆက်ပြောလာခဲ့သည်။

“ ကံကောင်းတာက ရှကျိုးယွီရဲ့ လုပ်ရပ်က မြန်ပေမဲ့ ကျွန်တော်မျိုးတို့ကို သတိလွတ်အောင် မလုပ်နိုင်ခဲ့ဘူး။ အခု ကျွန်တော်မျိုးတို့ လှုပ်ရှားလို့မှီသေးတယ်။ ရှကျိုးယွီ သေတာနဲ့ အရာအားလုံး ပြောင်းလဲ သွားမှာပဲ!”

“ ဒီကိစ္စက နှောင့်နှေးလို့မဖြစ်ပါဘူး.အရှင်မင်းကြီး!”

စစ်သူကြီးရဲ့မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်ထားမှုတို့ လက်ထနေခဲ့သည်။

ဝေ့ဘုရင် အတွေးနစ်သွားရပြီ။

စစ်သူကြီးက ဆက်ပြောလိုက်သည်။

“ အခုချိန်မှာ ချင်မင်းသားက မြို့တော်မှာ မရှိဘူး။ ဒီတော့ ဘယ်လောက်ပဲ အစောင့်တင်းကြပ်တယ်ပြောပြော၊ ကျွန်တော်မျိုးတို့အတွက် အခွင့်အရေး.ရှိနိုင်တယ်”

“ ပြီးတော့ အရေးကြီးတဲ့အချက်က ရှကျိုးယွီကို သတ်ချင်နေမှာ ကျွန်တော်မျိုးတို့ ဝေ့တိုင်းပြည်ပဲ မဟုတ်လောက်ဘူး။ တစ်ခြားတိုင်းပြည် တွေဘက်ကလဲ လှုပ်ရှားချင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်တယ်။ အရှင်မင်းကြီး အခုချိန်က အကောင်းဆုံး အခွင့်အရေးပါပဲ”

ဝေ့ဘုရင် ပိုလို့ အတွေးလွန်သွားခဲ့သည်။

“ အမိန့်ထုတ်မယ်! မဟူရာနတ်ဘုရား တပ်ဖွဲ့ကို တရှားတိုင်းပြည်ကို တိတ်တဆိတ် စေလွှတ်ပြီး ရှကျိုးယွီကိုသတ်စေ!”

……………..

All Chapters