← Chapters

(တရှားရဲ့ဘုရင်က ရူးသွားတာလား?)

Vol. 4 Ch. 56

(တရှားရဲ့ဘုရင်က ရူးသွားတာလား?)

Vol. 4 Ch. 56

ဝေးကွာတဲ့နေရာတစ်ခုမှာ…

ဘယ်တိုင်းပြည်နဲ့မှ မသက်ဆိုင်တဲ့ ထျန်းချီတာဝါရဲ့ ဋ္ဌာနတည်ရှိသည်။

ဒါပေမဲ့ ဒီဆန်းကြယ်တဲ့ ဂိုဏ်းက တိုင်းပြည်အားလုံးမှာ လူယုံတွေ စေလွှတ်ပြီး သတင်းတွေစုဆောင်းသည်။

အတိုချုပ်ပြောရရင် တိုင်းပြည်တွေကို ဝေဖန်ပြီး သတင်းစုတဲ့ဂိုဏ်းတစ်ခုပဲ။

ထျန်းချီတာဝါရဲ့ ဋ္ဌာနခွဲတစ်ခုရဲ့ ခြံဝန်းအပြင်မှာ….

လီဖူက လက်နောက်ပစ်ကာ တိတ်တဆိတ် ရပ်နေခဲ့သည်။

မကြာခင်မှာ ခြံဝန်းထဲက ရှေးကျတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဝင်ခဲ့!”

ထို မတိုးမကျယ် အသံထဲမှာ ဖိနှိပ်နိုင်စွမ်း အပြည့်ရှိသည်။

အသံထွက်ပေါ်လာတာနဲ့ ကမ္ဘာတစ်ခုလုံး အေးခဲသွားသလိုမျိုးပဲ။

ခြံဝန်းထဲကနေ စွမ်းအင်လှိုင်းကြီး ဖြာထွက်လာခဲ့သည်။

လီဖူ အထဲကို ဝင်သွားလိုက်သည်။

သူ မြင်လိုက်ရတာက လေထဲမှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ ဆံနွယ်ဖြူ အဖိုးအို တစ်ယောက်ပဲ။ ထိုအဖိုးအိုရဲ့ ပုံစံက တည်ငြိမ်သည်။

“ သခင်ကြီးကို အရိုအသေပေးပါတယ်”

လီဖူ.အမြန် ဦးညွှတ်လိုက်သည်။

“ ဒါတွေမလိုဘူး။ ပြော။ စုံစမ်းခဲ့တာ ဘယ်လိုလဲ?”

အဖိုးအိုက မျက်လုံးဖွင့်ကာ မြေပြင်ပေါ် ခပ်ဖြည်းဖြည်း ပြန်ဆင်းလိုက်သည်။

အဖိုးအိုရဲ့ အကြည့်ကြောင့် လီဖူတစ်ယောက် တစ်ကိုယ်လုံး ရေခဲရိုက်ခံထားရသလို ခံစားနေရသည်။

“ သခင်ကြီး.. ဒီတစ်ခေါက်ကိစ္စက ထျန်းချီတာဝါဘက်က မှားခဲ့တာပါ။ တရှားတိုင်းပြည်ရဲ့အမှား မဟုတ်ဘူး”

ထိုအဖိုးအို အနည်းငယ် အံ့သြသွားသည်။

“အိုး?”

“ ဘာဖြစ်ခဲ့တာလဲ?”

လီဖူ ဖြေလိုက်သည်။

“ ကျွန်တော်တို့ရဲ့ လူယုံက တရှားတိုင်းပြည် အရေးမှာဝင်ပါပြီး အရာရှိတွေနဲ့ ပူးပေါင်းခဲ့တာပါ။ တရှားဘုရင်က ဒါကို အမျက်ထွက်သွားပြီး ကျွန်တော်တို့ရဲ့ သတင်းအရင်းအမြစ်တစ်ခုကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတာပါ”

ဒါကိုကြားတော့ အဖိုးအိုက ရှေ့တစ်လှမ်း တိုးလိုက်သည်။

အဖိုးအိုရဲ့အနောက်ကနေ လေပြေတစ်ခု လိုက်ပါနေသည်။

မြေပြင်ပေါ်ကိုတောင် လှိုင်းထနေစေသည်။

“အဲ့လိုလား?”

အဖိုးအိုက လီဖူကို နူးညံ့စွာ ကြည့်လိုက်သည်။

အဖိုးအိုရဲ့ မျက်နှာမှာ အဖြေထုတ်မရတဲ့ တည်ငြိမ်မှုတွေရှိသည်။

လီဖူ.အမြန်အဖြေပေးလိုက်သည်။

“ သခင်ကြီး တရှားတိုင်းပြည်က ပုံမှန်မဟုတ်ဘူး။ ကျွန်တော်တို့ ထျန်းချီတာဝါက ဆက်ရှင်သန်ချင်ရင် တရှားနဲ့ မဖြစ်မနေ မဟာမိတ်ဖွဲ့သင့်တယ်လို့ ယုံပါတယ်!”

အဖိုးအိုက ခေါင်းညိတ်လိုက်သည်။

“ တစ်ကယ်ကို ပုံမှန်မဟုတ်တာပဲ”

လီဖူ အံ့သြသွားသည်။

သူ အံ့သြစွာ အဖိုးအိုကို မော့ကြည့်လိုက်သည်။

'သခင်ကြီးရဲ့ ချီးကျူးစကားသံကို တစ်ခါမှ မကြားဖူးဘူး’

'ဒီနေ့ သခင်ကြီး ထူးဆန်းနေတယ်..’

“ ဒါကိုကြည့်လိုက်”

အဖိုးအိုက လက်တစ်ဖက်ယမ်းလိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ များစွာတဲ့ စာရွက်ပါးတွေ ထွက်ကျလာခဲ့​ပြီး.လီဖူရဲ့ လက်ထဲ ရောက်သွားခဲ့သည်။

လီဖူ.အံ့သြစွာပဲ သေချာ ကြည့်လိုက်သည်။

သူ့ရဲ့မျက်နှာတစ်ခုလုံး ပြောင်းလဲသွားကာ

“ ရွှမ်းထျန်းနယ်မြေကြီးရဲ့ အဆင့်သတ်မှတ်ချက်!?”

“ ခြောက်ဆတဲ့လား? ခြောက်ဆကြီးတောင်!”

သူ အရင်ဆုံးမြင်မိတာက တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ပဲ!

တိုးတက်မှုကြီးက သူ့ကို လွှမ်းမိုးသွားတော့သည်။

သူ့အနေနဲ့ တိုးတက်မှုကို မှန်းထားပြီးသားပါ။

တရှားရဲ့ မြို့တော်မှာ ရှိစဥ်က ပုန်းနေတဲ့ နဂါးကို သူ အာရုံခံမိခဲ့သည်။

ဒါပေမဲ့ ဒီလောက်ထိ ကြီးမားတဲ့တိုးတက်မှုကို မမှန်းထားမိဘူး!

သခင်ကြီး ရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားပြီး အတွေးများသွားသည်။

အချိန်အကြာကြီးနေပြီးနောက်မှာ သူ ပြောလိုက်သည်။

“ အမှန်ပဲ ခြောက်ဆ။ လပိုင်းအတွင်း ဒီလောက် တိုးတက်သွားတာ တရှားတိုင်းပြည်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ? သူတို့ ဘာတွေ ဖွက်ထားတာလဲ?”

သူ အနည်းငယ် တွန့်ဆုတ်ပြီးနောက်မှာ ဆက်ပြောလိုက်သည်။

“ ငါတို့ရဲ့ ထျန်းချီတာဝါက တရှားမှာလူလွှတ်ထားတာ ကြာခဲ့ပြီ”

“ ဒါမတိုင်ခင်က ဘာထူးခြားတဲ့သတင်းမှ မရခဲ့ဖူးဘူး”

“ ငါတို့ရခဲ့သမျှ သတင်းတွေက တရှားရဲ့ဘုရင်က နေ့ရက်တွေကို ဖြုန်းတီးနေတဲ့ အသုံးမကျတဲ့ ဘုရင်တစ်ယောက် ဆိုတာပဲ”

“ အဲ့ဒါသာ မှန်ရင် အခုလောက်တိုးတက်စရာ လိုလား!”

လီဖူ နားလည်လိုက်သည်။ သခင်ကြီးက တရှားတိုင်းပြည်ကို သံသယ ဝင်နေပြီပဲ။

အဲ့ဒီသံသယက ဆူးချွန်တစ်ခုလိုမျိုး အဖိုးအိုရဲ့ နှလုံးသားထဲ စိုက်ဝင်နေခဲ့တာပင်။

အလွန်သန်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကိုတောင်မှ အတည်အတံ့ တွေးစေနိုင်တာပဲ။

လီဖူ ထုတ်မေးလိုက်သည်။

“ သခင်ကြီးဘာကို ပြောချင်တာလဲ?”

အဖိုးအိုက အသက်ဝဝ ရှုလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ စူးရှမှုတွေ ဖြတ်ပြေးသွားပြီး

“ တရှားက အခွင့်အရေးကိုစောင့်နေပြီး ထုတ်မပြခဲ့တာပဲ”

“ ထျန်းချီတာဝါရဲ့လူကို သတ်လိုက်တာကလဲ သူ့အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သေချာတယ်”

“ ငါတို့လူယုံရဲ့ အရင်က အမှားတွေကိုလဲ သေချာ စောင့်ကြည့်နေခဲ့ပြီး လိုအပ်လာတဲ့အချိန်မှာမှ ထုတ်သုံးလိုက်တာ”

လီဖူ မှင်သက်သွားသည်။ အဖိုးအိုကို အလွန်အံ့သြနေတဲ့ မျက်နှာထားနဲ့ လှည့်ကြည့်လိုက်သည်။

“ ဒါဆိုသခင်ကြီးပြောချင်တာက တရှားရဲ့ဘုရင်က အကုန်သိပြီးသားလို့လား?”

အဖိုးအို ခေါင်းညိတ်လိုက်သည်။

“ အင်း။ ပြီးတော့ မင်းသိလား? အရေးကြီးတဲ့အချိန်ကျမှ ငါတို့လူကို လူသိရှင်ကြား ဘာကြောင့် သေမိန့်ပေးခဲ့လဲ ဆိုတာ”

လီဖူ မျက်မှောင်ကြုတ်သွားသည်။

“ဘာလို့လဲ?”

“ အခြေအနေ ဖန်တီးဖို့ပဲ”

ခပ်တိုးတိုးအသံအဆုံးမှာ အဖိုးအိုရဲ့ မျက်လုံးထဲကို စူးရှတဲ့ အလင်းတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

“ အခြေအနေ ဖန်တီးဖို့?”

လီဖူရဲ့ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတို့ ရှိနေသည်။

ဒါက သူလုံးဝ မတွေးထားတဲ့ကိစ္စပဲ။

ဘယ်ဘုရင်က အရမ်းရဲတင်းပြီး အခြေအနေ ဖန်တီးဖို့အတွက် ထျန်းချီတာဝါကို အသုံးချရဲမှာလဲ?

ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းတစ်ခုလေ!

ထိပ်သီးဂိုဏ်းလေးခုထဲက တစ်ခု!

တရှားဘုရင် ရူးသွားတာလား?

ဒါပေမဲ့ အဖိုးအိုက ဆက်ပြောလိုက်သည်။

“ ဟုတ်တယ်။ ဒါက အင်အားအတွက်ပဲ။ ငါတို့ထျန်းချီတာဝါက ဖြောင့်မတ်တယ်ဆိုတာ အဲ့ဒီဘုရင် ကောင်းကောင်းသိထားတယ်။ ဒီကိစ္စမှာ ငါတို့ဘက်က အမှားရှိခဲ့တာ။ ငါတို့ဘက်က လူကို လူသိရှင်ကြား သတ်လိုက်ရင် ငါတို့တွေ ဒေါသထွက်ပြီး ကျွမ်းကျင်ပညာရှင်တွေ လွှတ်လာမှာ သူသိတယ်။ ဒီလိုဆိုရင် ငါတို့ရဲ့အင်အားကို သူ အငှားသုံးလို့ရပြီ”

ပြောပြီးတာနဲ့ ထိုအဖိုးအိုက လီဖူကို ကြည့်လိုက်သည်။

လီဖူ တစ်ယောက် အံ့သြ​နေဆဲပဲ။ အရမ်းမြင့်တဲ့ လှုပ်ရှားမှုကို သူ.လိုက်မမှီသေးတာဆို ပိုမှန်မည်။

“ဘာကြောင့်လဲ?”

လီဖူ မနေနိုင်စွာ မေးလိုက်သည်။

“ ကျွန်တော်တို့ဘက်ကသာ မပူးပေါင်းခဲ့ရင် သူ ဒုက္ခများမှာမဟုတ်ဘူးလား?”

အဖိုးအိုက ခေါင်းရမ်းလိုက်လေကာ

“ ဒီကိစ္စက ငါတို့အပေါ် သူ့ရဲ့နားလည်နိုင်ပုံနဲ့ပဲ ဆိုင်တယ်။ ပြီးတော့ ငါတို့ထျန်းချီတာဝါ ဘက်က အင်အားကြီးတဲ့သူတစ်ယောက် သူ့ရဲ့မြို့တော်ကို ရောက်လာတာနဲ့ သူ့အကြံအစည် တစ်ဝက်က အောင်မြင်ပြီလို့ ပြောလို့ရတယ်”

လီဖူ ရှုတ်ထွေးသွားကာ

“ အဲ့ဒါဘာကိုဆိုလိုတာလဲ?”

အဖိုးအိုက လီဖူကို အလွန်တည်ငြိမ်စွာ ကြည့်လိုက်ပြီး

“ ရိုးရိုးလေးပဲ။ အပြင်လူတွေအတွက် ငါတို့ထျန်းချီတာဝါကဘာလဲ? တရှားတိုင်းပြည်ကကော ဘာလဲ?”

စာစဉ်ပြီး၏

All Chapters