← Chapters

ဒီလောက်မြန်မြန်တွေ့မယ်လို့ မထင်ထားဘူး မဟုတ်လား

Vol. 69 Ch. 1369

ဒီလောက်မြန်မြန်တွေ့မယ်လို့ မထင်ထားဘူး မဟုတ်လား

Vol. 69 Ch. 1369

တစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ယဲ့ဖန် စီးလာခဲ့သော အမြန်ရထားသည် ကျန်းကောရထားဘူတာသို့ အောင်မြင်စွာ ရောက်လာခဲ့သည်။

ယဲ့ဖန်၊ ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့သည် ခရီးဆောင်အိတ်ကို ယူပြီး လူအုပ်ကြီးနောက် လိုက်လာခဲ့သည်။

အရှေ့တောင်ပိုင်းမှ အဓိကပြည်နယ်ကြီးဖြစ်၍ ရထားဘူတာ၌ လူများ၊ ရထားများ ပြည့်နှက်နေသည်။

ဘူတာရုံထဲမှ ထွက်ရန်ပင် အတော်ကြာလိုက်သည်။

" ယဲ့ဖန်၊ ရှင် သင်ခန်းစာပေးလိုက်တဲ့ လူတွေက သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ ရှင် သတိထားရမယ် "

ရှုကျင်းရှင်းသည် ယဲ့ဖန်ကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

" မပူပါနဲ့၊ ကိုယ်ရှိတယ် "

ယဲ့ဖန် ဘာမှ ဆက်၍ မပြောလိုက်သော်လည်း ထိုစကားတစ်ခွန်းလေးသည် ရှုကျင်းရှင်းကို များစွာ စိတ်သက်သာရစေသည်။

သူတို့သုံးယောက် ဘူတာရုံထဲမှ ထွက်လာပြီး တက္ကစီရှာနေကြချိန် လူတစ်စု သူတို့စီ ဦးတည်လာနေသည်ကို အဝေးမှ တွေ့လိုက်ရသည်။

သူတို့တစ်ဦးချင်းစီသည် လက်ထဲ၌ တောက်ပြောင်သော ဓားရှည်များကိုင်ထားသည်။

ရထားဘူတာ အပြင်ဘက်ရှိ ခရီးသည်များသည် ထိုလူအုပ်စုကို မြင်သောအခါတွင် ကြောက်ရွံ့ထိတ်လန့်ပြီး ဘေးဘက်သို့ ပုန်းရှောင်သွားကြသည်။

ထိုလူအုပ်စုသည် ဓားရှည်များနှင့် ရထားဘူထဲသို့ ဝင်လာရဲလေသည်။

သူတို့သည် အလွန်ပင် မောက်မာလွန်းကြသည်။

အရှေ့ဆုံးမှ လျှောက်လာသူမှာ ယဲ့ဖန်မှ သင်ခန်းစာပေးခဲ့သော ပန်သာ့လုံ ဖြစ်သည်။

" ခွေးသား၊ မင်းငါ့ကို ဒီလောက် မြန်မြန်ပြန်တွေ့ဖို့ မမျှော်လင့်ထားဘူးမလား "

ပန်သာ့လုံသည် သူ့ပုခုံးပေါ်၌ ဓားရှည်တစ်လက်ကို ထမ်းထားပြီး ယဲ့ဖန်ကို ရက်စက်သည့် အပြုံးနှင့် စိုက်ကြည့်နေသည်။

ယဲ့ဖန်၏ အကြည့်သည် ထိုလူအုပ်စုကို ဖြည်းညှင်းစွာ လွှမ်းမိုးသွားသည်။

သူ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

" ငါ မင်းကို တစ်ခါ လွှတ်ထားပြီးသားပဲ။ ဘာလို့ ခွေးရူးတစ်ကောင်လို လိုက်ကပ်တွယ်နေတာလဲ "

ပန်သာ့လုံသည် အလွန်ဒေါသထွက်ပြီး ရယ်လိုက်သည်။

" ခွေးသား၊ မင်းက သေခါနီးနေတာတောင် ခေါင်းမာရဲသေးတာလား။ မင်းက တော်တော်လေး ကျွမ်းကျင်ပါတယ်။ ဒါပေမယ့် ငါတို့အားလုံး ပေါင်းတိုက်ခိုက်တဲ့အခါ မင်း ခံနိုင်ရည်ရှိမယ်လို့ ထင်နေလား "

ထိုအချိန်တွင် ယဲ့ဖန်နှင့် ရထားတစ်တွဲထဲမှ ပါလာသူများနှင့် ကျန်လူများရှိကြသည်။

သူတို့သည် ယဲ့ဖန်ကို စည်းရုံးရန် ကြိုးစားခဲ့ကြသည်။

" လူငယ်လေး၊ သူတို့ကို မြန်မြန် တောင်းပန်လိုက်။ ထပ်ပြီး မနှိုးဆွနဲ့တော့ "

" ဟုတ်တယ်၊ ငါတို့က ဒီလူတွေကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။ ပညာရှိက ဘယ်အချိန် အရှုံးပေးရမယ်ဆိုတာ သိတယ်။ မြန်မြန် အရှုံးပေးလိုက် "

" သူတို့အားလုံး လက်ထဲမှာ ဓားတွေ ကိုင်ထားတာကို မင်း မမြင်ဘူးလား။ မင်း ဒီလောက် ခေါင်းမာနေရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ် "

" ဟား ....... လူတစ်ယောက်က ရွေးစရာမရှိရင် ခေါင်းငုံ့ရတာပဲ "

ထိုလူများသည် ကြင်နာစွာ သတိပေးနေကြသည် ဖြစ်သော်လည်း အများစုမှာ အခြေအနေကို အခွင့်ကောင်းယူကာ ပန်သာ့လုံကို မျက်နှာသာပေးနေကြခြင်း ဖြစ်သည်။

" ဒီကလေးက လုပ်ရပ်တိုင်း လွန်ကဲလွန်းနေတာလို့ ခံစားမိတာ ကြာပြီ။ သူက ဘာလို့ ကောင်းကောင်း စကားမပြောနိုင်ရတာလဲ။ သူက တခြားသူတွေနဲ့ ဘာလို့ အမြဲရန်ဖြစ်နေရတာလဲ "

" အစ်ကိုလုံက ကျန်းကောရထားဘူတာမှာ ကျင်လည်နေတုန်း မင်းက အိမ်မှာ နွားနို့သောက်နေတုန်းပဲ ရှိသေးတယ်။ သူနဲ့ ဘာတိုက်နိုင်မှာလဲ "

" ငါသာ သူဆိုရင် ဒူးထောက်ပြီး အစ်ကိုကြီးလုံကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေပြီ။ အစ်ကိုကြီးလုံက မင်းကို ခွင့်လွှတ်ပေးမယ်လို့ ငါ ယုံကြည်တယ် "

" မင်းက တကယ် လွန်ပြီ။ ငါတို့တောင် စိတ်တိုတယ် "

" မင်း အခုချိန်ထိ မောက်မာနေသေးတာလား။ အခေါင်းကို မတွေ့မချင်း မင်းက တကယ် မျက်ရည်ကျမှာ မဟုတ်ဘူးဘဲ "

ထိုလူများသည် သာမန်ခြံစောင့်ခွေးများ ဖြစ်သည်။

ယဲ့ဖန်သည် ပန်သာ့လုံနှင့် အပေါင်းအပါများကို ရထားပေါ်၌ တိုက်ခိုက်သောအခါ သူတို့သည် အားပေးကြသည်။

ယခုအခါ ပန်သာ့လုံနှင့် သူ၏ဂိုဏ်းမှာ အင်အားပိုကြီးသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် ပန်သာ့လုံကို တဖန် မြှောက်ပင့်ကြပြန်သည်။

ယဲ့ဖန်သည် ထိုသို့သော လူများကို အမုန်းဆုံး ဖြစ်သည်။

လက်နက် အစစ်ဖြင့် တိုက်ရဲသော ပန်သာ့လုံနှင့်ပင် မယှဉ်နိုင်ပေ။

ထိုလူများသည် စကားပြောပြီး လက်သီးပုန်းထုတ်ပြရန်သာ သတ္တိရှိကြသည်။

" ဆရာကြီး၊ ဒီခွေးသားတွေကို ကျွန်တော့်အစား ရိုက်ပေးနိုင်မလား "

ယဲ့ဖန်သည် လျုံဝမ်းယွမ်ကို မေးလိုက်သည်။

လျုံဝမ်းယွမ်သည် တခြား ဘာမှမပြောဘဲ အစော မိုက်မဲစွာ ပြောနေကြသော လူအနည်းငယ်စီသို့ လျှောက်သွားသည်။

ထိုလူအုပ်စုသည် လျုံဝမ်းယွမ် ရောက်လာသည်ကို မြင်ပြီး ထိတ်လန့်သွားသည်။

" ဒီအဘိုးကြီးက ဘာလုပ်နေတာလဲ။ သူက ငါတို့ကို ရိုက်ချင်နေတာလို့ မပြောနဲ့ "

" သူက လူတွေကို ပြဿနာရှာဖို့ ကြိုးစားနေတာလား။ ငါတို့က သူတို့ကို မနှိုးဆော်ဘူးလေ။ တစ်ခုခုပြောရုံနဲ့ ငါတို့က အရိုက်ခံရမှာလား "

" လူထုကို စော်ကားဖို့ ခက်တယ်ဆိုတာ သူ မသိဘူးလား။ သူ လာရဲရင် ငါတို့အားလုံး သူ့ကို တိုက်ခိုက်ပြီး သတ်ပစ်မယ် "

" ဟားဟား၊ သူက အဘိုးကြီးတစ်ယောက်ပဲ။ ဘာကြောက်စရာရှိလို့လဲ။ မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြ။ ငါတစ်ယောက်တည်းနဲ့တောင် ရှင်းပြလိုက်မယ်။ သူ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရအောင် "

ထိုလူများ အော်နေချိန်တွင် လျုံဝမ်းယွမ်သည် လမ်းလျှောက်လာပြီး သူတို့စီသို့ ပြေးလာသောလူကို ဖမ်းကာ ပါးရိုက်လိုက်သည်။

ဖြောင်း

သူ၏ ခွန်အားသည် ယဲ့ဖန်နှင့် မယှဉ်နိုင်သော်လည်း သူသည် ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

လျုံဝမ်းယွမ်သည် ခွန်အားကို အပြည့်အ၀ အသုံးမပြုလိုက်သော်လည်း ပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး မျက်နှာသည် ယောင်ကာဖောင်းလာတော့သည်။

ထိုလူသည် ချက်ချင်းပင် အံ့အားသင့်သွားကာ ခေါင်းငုံ့လိုက်သည်။

ဒီလူကြီးက ဒီလောက်ခွန်အားတွေ ဘယ်က ရလာတာလဲ။

" အိုး၊ ခင်ဗျားက ကျုပ်ကို ရိုက်ရဲတာလား "

ထိုလူသည် ခဏတာ သတိလွတ်သွား၍ အဘိုးအို၏ အခွင့်ကောင်းယူခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

သူသည် ချက်ချင်းပင် တန်ပြန်တိုက်ခိုက်ချင်လာသည်။

သို့သော် လျုံဝမ်းယွမ်သည် သူ့ကို အခွင့်အရေးမပေးဘဲ ကန်လိုက်သည်။

ထို့နောက် မဆိုင်းမတွဘဲ ပါးစပ်ဖြင့် အသရေဖျက်သော အခြားလူများစီ ပြေးသွားခဲ့သည်။

သူ့ရှေ့မှ ထိုလူများသည် အသတ်ခံရမည်ကို စောင့်ဆိုင်းနေသည့် သိုးများကဲ့သို့ ခုခံနိုင်ခြင်း မရှိပေ။

ဖြောင်း

ဖြောင်း

ဖြောင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းပါးရိုက်ခံလိုက်ရသည်။

လူတိုင်းသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ မျက်နှာကို အုပ်ထားကြသည်။

သူတို့သည် လူအရေအတွက်များ၏ ယဲ့ဖန်မှ သူတို့အား ဘာမှ မလုပ်ရဲဘူးဟု ထင်ခဲ့ကြသည်။

သို့သော် လျုံဝမ်းယွမ်မှ ကိုယ်တိုင် လှုပ်ရှားပေးခဲ့ပြီး အဖြစ်မှန်ကို သိရှိစေခဲ့သည်။

ပန်သာ့လုံသည် ထိုမြင်ကွင်းကို မြင်ပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။

" မင်းတို့ သူတို့ကိုတော့ လက်စွမ်းပြလို့ရတယ်။ ဒါပေမဲ့ မင်းတို့ ငါ့ရှေ့မှာ ဆက်ပြနိုင်ပါဦးမလား "

သူ့နောက်ကွယ်မှ လက်ပါးစေများကလည်း ကျယ်လောင်စွာ ရယ်မောကြသည်။

သူတို့သည် ယဲ့ဖန်ကို လူရွှင်တော်တစ်ယောက်လို ကြည့်နေသည်။

ထိုအချိန်တွင် လျုံဝမ်းယွမ်သည် ဖုန်းလက်ခံရရှိပြီး ယဲ့ဖန် နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။

ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

ပန်သာ့လုံနှင့် နောက်လိုက်များဘက် လှည့်လိုက်သည်။

" ငါတို့လူတွေက မကြာခင် ဒီကိုရောက်လာတော့မှာ။ သူတို့က မင်းတို့ စော်ကားဖို့ မတတ်နိုင်တဲ့လူတွေပဲ။ မင်းတို့ကို ပြေးဖို့ သုံးမိနစ်အချိန်ပေးမယ်။ မင်းတို့ မသေချင်ရင် လစ်လိုက် "

" ဟားဟားဟား၊ ငါတို့ကို ကြောက်မယ်လို့ ထင်နေတာလား။ ကောင်းပြီလေ၊ ငါ ဒီမှာစောင့်နေမယ်။ ငါ့ကိစ္စမှာ ဘယ်သူက ဝင်စွက်ဖက်ရဲလဲ ကြည့်ရအောင် "

ပန်သာ့လုံသည် ထိုစကားကို ကြားပြီးနောက်တွင် သူသည် မကြောက်ရုံသာမက ထိုသည်ကိုပင် စောင့်မျှော်နေခဲ့သည်။

သူ့အမြင်အရ ယဲ့ဖန်သည် နယ်ခြားသား ဖြစ်သည်။

ကျန်းကောမှာရှိတဲ့ အစ်ကိုကြီးတစ်ယောက်ကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။

ဒီကလေးအတွက် ဘယ်သူကမှ သူ့ကိုရန်သူလုပ်ရဲမယ်လို့ မယုံဘူး။

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

သူသည် လှည့်ပြီး လျုံဝမ်းယွမ်ကို ပြောလိုက်သည်။

" ဆရာကြီး၊ တချို့လူတွေက ဘာလို့ ဒီလောက်တုံးတယ်လို့ ထင်ရတာလဲ။ ကျွန်တော်က သူတို့ကို အသက်ရှင်စေချင်ပေမယ့် သူတို့က သေလမ်းကို လျှောက်ချင်နေတာပဲ "

" သူတို့အမေက သူတို့ကိုမွေးတုန်းက ဦးနှောက်ထည့်ပေးဖို့ မေ့နေတာ ဖြစ်နိုင်တယ် "

လျုံဝမ်းယွမ်သည် ထိုကိစ္စကို လေးနက်စွာ စဉ်းစားခဲ့သည်။

ယဲ့ဖန်သည် သူ့ကို လက်မထောင်ပြလိုက်သည်။

ဒီလူကြီးက အရမ်းရက်စက်တာပဲ။

သူ့စီကနေ သင်ယူစရာတွေ အများကြီး ကျန်နေသေးတယ် ထင်တယ်။

ပန်သာ့လုံသည် သူတို့၏ စကားပြောသံကို ကြားသောအခါတွင် မျက်နှာထားမှာ မည်းမှောင်သွားခဲ့သည်။

" မင်းတို့လူတွေ ရောက်တဲ့အထိ စောင့်ချင်ပါသေးတယ်။ ဒါပေမဲ့ မင်းတို့သေဖို့ မစောင့်နိုင်လို့ အရင်လိုက်ပို့ပေးမယ် "

" အဲ့ဒီမိန်းကလေးကို မထိနဲ့ "

သူ့နောက်မှ လက်ပါးစေများကို အမိန့်ပေးလိုက်သည်။

" ဒီလူနှစ်ယောက်ကို ခုတ်ထစ် သတ်ပစ် "

ပန်သာ့လုံ ပြောပြီးသည်နှင့် ထိုလူအုပ်စုကြီးသည် သူတို့၏ ဓားရှည်များကို ဝှေ့ယမ်းပြီး ယဲ့ဖန်တို့စီကို ပြေးလာသည်။

All Chapters