ကျန်းကောပြည်နယ်က ဖန်းရှောင်ကွန်း
Vol. 69 Ch. 1372
လျုံ Jieသည် သူ့စကားကို ကြားသောအခါ ဒေါသထွက်သွားသည်။
" ကင်းမြီးကောက်၊ မင်းတကယ် လျုံမိသားစုနဲ့ ပြဿနာ ဖြစ်ချင်တာလား။ အဲ့လိုလုပ်နိုင်တဲ့ ခွန်အားရှိလို့လား "
ကင်းမြီးကောက် အံကြိတ်လိုက်သည်။
အခြားအချိန်ဖြစ်ပါက သူသည် လျုံမိသားစုကို တွေ့သောအခါ ချက်ချင်း ပြန်ဆုတ်မည် ဖြစ်သည်။
သို့သော် တန်ဝမ်ရှန်းသည် ၅သန်းပေးမည်ဟု ကတိပေးထားလေသည်။
ထိုပိုက်ဆံကို လေတစ်ချက်ဖြင့် အဆုံးရှုံးမခံချင်ပေ။
သူသည် ချက်ချင်းပင် စိတ်ကိုသံမဏိကဲ့သို့ ခိုင်မာအောင်လုပ်ပြီး လျုံကျယ်ကို အော်လိုက်သည်။
" သူ့စီက ကျောက်စိမ်းဆွဲသီး ရတာနဲ့ မင်းတို့ကို ချက်ချင်း လွှတ်ပေးမယ်။ မဟုတ်ရင် လျုံမိသားစုကို မျက်နှာသာမပေးဘူးလို့ အပြစ်မတင်နဲ့ "
လျုံ Jie ဒေါသထွက်လွန်းလို့ ရယ်လိုက်သည်။
" ကောင်းပြီ။ မင်းတို့လို့ လူရမ်းကားတွေကများ ငါတို့ခေါင်းပေါ်ကို တက်ချင်နေမှတော့ ဒီနေ့ ငါ မင်းကို သင်ခန်းစာမပေးရင် ငါတို့ရဲ့ လျုံမိသားစုကို အနာဂတ်မှာ ဘယ်သူမှ အလေးအနက်ထားမှာ မဟုတ်ဘူး "
သူ စကားပြောပြီးသည်နှင့် လျုံမိသားစုမှ လူ၄၀၊၅၀တို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ပေါ်ထွက်လာသည်။
ထိုသည်ကို မြင်ပြီး ကင်းမြီးကောက်က ချက်ချင်း အော်ဟောက်လိုက်သည်။
" လျုံကျယ်၊ တခြားသူတွေက မင်းရဲ့ လျုံမိသားစုကို ကြောက်ပေမယ့် ငါ ကင်းမြီးကောက်တော့ မပါဘူး။ မင်းက သေချင်တယ်ဆိုတော့ မင်းရဲ့ဆန္ဒကို ငါက ဖြည့်ဆည်းပေးမယ် "
ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့လက်အောက်ငယ်သားများကို လက်ပြလိုက်သည်။
" တိုက်ကြ။ ဘယ်သူ့ကိုမှ အသက်မရှင်စေနဲ့ "
ရား ......
ကင်းမြီးကောက်အနောက်မှ လူများသည် သူတို့၏ လက်နက်များကို ချက်ချင်း ထုတ်ပြီး ရှေ့သို့ ပြေးရန် ပြင်လိုက်သည်။
တိုက်ပွဲကြီး ဖြစ်တော့မည်ကို မြင်လိုက်ရသဖြင့် ဘူတာရုံရှိ ခရီးသည်များအားလုံးသည် သေမတတ် ကြောက်လန့်သွားကြသည်။
သူတို့သည် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဘေးအရပ်ရပ်သို့ ပြန့်ကျဲသွားသည်။
သို့သော် ထိုအချိန်တွင် Mercedes-Benz G-Classသည် နှစ်ဖက်လုံး၏ အလယ်သို့ ရုတ်တရက် ရောက်လာပြီး အလွန်ပြောင်မြောက်စွာ တိုက်ပွဲကို တားခဲ့သည်။
ချက်ချင်းပင် ကားတံခါး ပွင့်လာပြီးနောက် သားရေဂျာကင်နှင့် ဘောင်းဘီတိုဝတ်ထားသည့် အမျိုးသားတစ်ဦး ခုန်ထွက်လာခဲ့သည်။
" အား၊ ဒီနေရာက တော်တော်လေး အသက်ဝင်နေတာပဲ။ ပြိုင်နေကြတာဆို ငါ့လည်း ခေါ်ကြပါဦး "
ယဲ့ဖန်သည် ထိုလူကို မြင်သောအခါ ပြုံးပြီး ခေါင်းခါလိုက်သည်။
ထိုလူမှာ သာမန်လူ မဟုတ်ချေ။
သူ၏ အဖိုးတန်တပည့်ဖြစ်သူ ကျန်းကော၏ ဖန်းရှောင်ကွန်း ဖြစ်သည်။
ဖန်းရှောင်ကွန်းကို မြင်လိုက်သည်နှင့် ကင်းမြီးကောက် တုန်လှုပ်သွားသည်။
" ဆရာကြီးကွန်းလား "
ထိုစကားကို ရေရွတ်ပြီး သူ့အသံမှာ တုန်လှုပ်နေသည်။
သူ အမှန်တကယ် ကြောက်နေသည်မှာ ထင်ရှားလေသည်။
သူ့လက်အောက်ငယ်သားများသည် သူတို့သူဌေး၏ အမူအရာကို မြင်သောအခါ သူတို့အားလုံး ရပ်တန့်သွားကြသည်။
အနီးနားရှိ ခရီးသည်များသည်လည်း ဖန်းရှောင်ကွန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဒီလူငယ်လေး ဘာလုပ်ချင်သည်ကို သူတို့မသိကြပေ။
ကင်းမြီးကောက်၏ အမူအရာကို ကြည့်ရသည်အရ သူသည် ထိုလူငယ်ကို အလွန်ကြောက်နေပုံရသည်။
ဖန်းရှောင်ကွန်းသည် ကင်းမြီးကောက်ကို တစ်ချက်ကြည့်လိုက်သည်။
" မဆိုးဘူး၊ ကင်းမြီးကောက်။ မင်း အခု အခြေအနေကောင်းနေပြီလား။ ဒီမှာ လူသတ်မှာ ဒီလောက် လူအများကြီးကို ခေါ်လာတာလား။ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ "
ကင်းမြီးကောက်သည် ထိတ်လန့်သွားပြီး အပြုံးဖြင့် အမြန်လမ်းလျှောက်သွားသည်။
" ဆရာကြီးကွန်း၊ စိတ်အေးအေးထားပါ။ ကျွန်တော့်ကို လူတစ်ယောက်က အလုပ်အပ်ထားတယ်။ သခင်လေးကွန်းက ကျွန်တော့်ကို မျက်ကွယ်ပြုပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ကိစ္စတွေပြီးရင် သခင်လေးကို ၃သန်း ပေးပါ့မယ် "
ကင်းမြီးကောက်သည် ထိုသို့ ပြောပြီးသည့်အခါ နှလုံးထဲမှ သွေးများ ယိုစီးကျလာသလို ခံစားရသည်။
အကျပ်ကိုင်ပြီး လာဘ်ပေးလာဘ်ယူလုပ်ကာ သူသည် တန်ဝမ်ရှန်းထံမှ ယွမ် ၅သန်းသာ ရခဲ့သော်လည်း ယခုအခါ တစ်ဝက်ကျော်ကို ပြန်လည်ပေးဆောင်နေရပြီ ဖြစ်သည်။
သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူ ဘာမျှ မတတ်နိုင်ပေ။
သူ့ရှေ့မှ လူငယ်လေးသည် တန်ခိုးကြီးလွန်းသည့် နောက်ခံရှိလေသည်။
သူသည် တစ်ဖက်သားကို ကောင်းသော ဖြေရှင်းချက် မပေးနိုင်ပါက ထို၅သန်းကိုပင် ရနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ဤခြေထောက်ကို အောင်မြင်စွာ တွယ်ကပ်နိုင်ပါက အနာဂတ်တွင် ကျန်းကောတစ်ခုလုံး၌ သူ အလိုရှိသည့်အတိုင်း လုပ်နိုင်မည် ဖြစ်သည်။
ဖန်းရှောင်ကွန်းသည် ခေါင်းငုံ့ပြီး စီးကရက်ကို မီးညှိပြီးနောက် သူ့မျက်နှာပေါ် မှုတ်ထုတ်လိုက်သည်။
" ၃ သန်းလား။ အဲ့ပိုက်ဆံက တကယ်များတာပဲ။ ဒီသဘောတူညီချက်ကနေ မင်းပိုက်ဆံအများကြီး ရထားပုံရတယ် "
ကင်းမြီးကောက် ဆက်ပြီးပြုံးလေသည်။
" ကျွန်တော် အများကြီး မရှာနိုင်ပါဘူး။ ဒါတွေအားလုံးက သခင်လေးကွန်းရဲ့ ကျေးဇူးကြောင့်ပါ "
ဖန်းရှောင်ကွန်းသည် ချက်ချင်း နှာမှုတ်လိုက်သည်။
" ငါ မင်းကို မေးချင်တာရှိတယ် "
ကင်းမြီးကောက် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
" ကျေးဇူးပြုပြီး မေးပါ "
ဖန်းရှောင်ကွန်း သူ့ကို စိုက်ကြည့်နေသည်။
" ငါ မေးချင်တာ ဒီ၃သန်းက မင်းအသက်ကို ဝယ်နိုင်လား "
ကင်းမြီးကောက်သည် ဖန်းရှောင်ကွန်း၏ အေးစက်သော အကြည့်နှင့် ဆုံပြီး သူ့အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
" ဟားဟားဟား၊ သခင်လေးကွန်းက ကျွန်တော့်ကို နောက်နေတာလား "
သူ ရယ်နေသော်လည်း ဖန်းရှောင်ကွန်း၏ အမူအရာမှာ ပို၍အေးစက်လာသည်။
" မင်းကို ဘယ်သူက နောက်ပြောင်နေလို့လဲ။ မင်းသတ်ချင်တဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလား "
ကင်းမြီးကောက်သည် ယဲ့ဖန်ကို ကြည့်ပြီးနောက် ဖန်းရှောင်ကွန်းကို ပြန်လှည့်ကြည့်လိုက်သည်။
" ဘယ်သူလဲ။ သူက တခြားပြည်နယ်က နာမည်မရှိတဲ့ ကောင်ကလေးပဲ မဟုတ်လား ....... "
သူ့စကား မပြီးခင်မှာပင် ဖန်းရှောင်ကွန်းမှ သူ့ကို ပါးရိုက်လိုက်သည်။
အမှန်တကယ်တွင် ကင်းမြီးကောက်၏ တုံ့ပြန်မှု အရှိန်ဖြင့် ထိုရိုက်ချက်ကို ရှောင်တိမ်းနိုင်သည်။
သို့သော် မရှောင်တိမ်းရဲ၍ ပါးရိုက်ချက်ကို ခံလိုက်သည်။
ဖြောင်း
သူ့မျက်နှာကို အရိုက်ခံလိုက်ရ၍ နာကျင်လွန်းကာ သွားများပင် အနည်းငယ် ချောင်သွားသည်။
သို့သော် သူ့မျက်နှာကို မပွတ်ရဲပေ။
ရိုသေစွာဖြင့် အမြန် မေးလိုက်သည်။
" သခင်လေးကွန်း၊ ကျွန်တော် တစ်ခုခုများ မှားသွားလို့လား "
ဖန်းရှောင်ကွန်းသည် သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
" ဒါဆို မင်းကို အခုပြောပြပေးမယ်။ မင်းသတ်ချင်တဲ့လူက ငါ့ဆရာပဲ "
ထိုသို့ပြောပြီးနောက် ကင်းမြီးကောက်ကို စိတ်ထဲမထားတော့ပေ။
ဖန်းရှောင်ကွန်းသည် လှည့်ပြီး ယဲ့ဖန်စီသို့ လျှောက်သွားသည်။
ထိုစကားကို ကြားပြီးနောက် ကင်းမြီးကောက်၏ ခြေထောက်များသည် ချက်ချင်းပင် အားနည်းသွားပြီး မြေပေါ်သို့ လဲကျသွားသည်။
သူသတ်ချင်တဲ့ လူငယ်လေးက တကယ်ပဲ ဖန်းရှောင်ကွန်းရဲ့ ဆရာလား။
ဒါက ဘယ်လိုဟာသမျိုးလဲ။
အဲ့ဒီကလေးက အသက်ဘယ်လောက်ရှိပြီမလို့လဲ။
ဖန်းရှောင်ကွန်းကို ဘာသင်ပေးနိုင်မှာလဲ။
ဖန်းရှောင်ကွန်းသည် ချမ်းသာသောမိသားစုမှ မာနကြီးပြီး ဆိုးရွားသော သခင်လေးတစ်ယောက်ဖြစ်သည်။
သူ့ထက်ငယ်တဲ့သူကို သူ့ဆရာအဖြစ် ဘာလို့ အသိအမှတ်ပြုထားတာလဲ။
ထိုမေးခွန်းများကို သူ နားမလည်နိုင် ဖြစ်နေသည်။
သို့သော် သူသည် တစ်ချက်ကိုတော့ ကောင်းစွာ သိလေသည်။
သူသည် အဆုံးသတ်သွားပြီ ဖြစ်သည်။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ဘာကြောင့် ဆရာအဖြစ် အသိအမှတ်ပြုထားသည်ကို မသိသော်လည်း ယဲ့ဖန်သည် သူ၏ဆရာဖြစ်ကြောင်း ဖန်းရှောင်ကွန်းမှ ဝန်ခံထားပြီးဖြစ်၍ ဤအရာသည် အမှန်ပင် ဖြစ်လောက်သည်။
ကြောက်ရွံ့မှုတစ်ခုသည် သူ့နှလုံးသား၏ အောက်ခြေမှ ထွက်ပေါ်လာသည်။
တခဏချင်းမှာပင် မရေမတွက်နိုင်သည့် အဖြေများ သူ့စိတ်ထဲ၌ ပေါ်လာသော်လည်း နောက်ဆုံး၌ အားလုံးကို ငြင်းပယ်လိုက်သည်။
ဖန်းရှောင်ကွန်း၏ နောက်ခံသည် အလွန်ကောင်းမွန်သည်။
ဖြေရှင်းရန် နည်းလမ်းမရှိဘဲ တစ်ဖက်သူ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
တန်ဝမ်ရှန်း၊ ပန်သာ့လုံနှင့် ကင်းမြီးကောက်တို့၏ လက်အောက်ခံများသည် သေမတတ် ကြောက်လန့်နေကြသည်။
ဖန်းရှောင်ကွန်း၏ နောက်ခံသမိုင်းကြောင်းကို သူတို့ မသိကြသော်လည်း ယခုအခါ ကင်းမြီးကောက်ပင် ကြောက်လန့်နေရ၍ သူတို့သည် အသတ်ခံရရန်စောင့်ဆိုင်းနေသော သိုးများကဲ့သို့ ဖြစ်နေသည်။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်စီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
သူသည် ရုတ်တရက် ဒူးထောက်လိုက်သည်။
" တပည့် ဖန်းရှောင်ကွန်းက နောက်ကျမှရောက်လာပြီး ဆရာ့ကို ထိတ်လန့်စေတဲ့အတွက် ကျွန်တော် သေထိုက်ပါတယ် "
ထိုစကားကို ပြောပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ယခု ယဲ့ဖန်ကို ရင်ဆိုင်နေသည့် ဖန်းရှောင်ကွန်းသည် ယခင်က မောက်မာသော ဖန်းရှောင်ကွန်းနှင့် လုံးဝမတူချေ။
ကင်းမြီးကောက်အား အလွယ်တကူ ဒူးထောက်စေနိုင်သော ဖန်းရှောင်ကွန်းသည် သူ့ထက်ငယ်သော လူငယ်တစ်ဦးအား အလွန်ရိုသေစွာ နှိမ့်ချဆက်ဆံနေသည်။
လျုံဝမ်းယွမ်နှင့် ရှုကျင်းရှင်းတို့ပင် အံ့အားသင့်သွားခဲ့ကြသည်။
ယဲ့ဖန်သည် မည်သည့်အချိန်က တပည့်တစ်ဦး ရလာသည်ကို သူတို့ မသိခဲ့ကြပေ။
ထို့အပြင် ထိုတပည့်သည် နောက်ခံအကြီးကြီး ရှိပုံရသည်။
ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို အပြုံးမပျက်ဖြင့် ထရန် ကူညီပေးလိုက်သည်။
" မင်း အချိန်မှန်ရောက်လာတာပဲ။ မင်းသာ နည်းနည်းနောက်ကျရင် မင်းဆရာရဲ့အလောင်းကို ကောက်ရတော့မလို့ "
ဖန်းရှောင်ကွန်း ရယ်လိုက်သည်။
" ဆရာကြီးက နှိမ့်ချလွန်းနေပါပြီ။ နောက်ထပ် လူအယောက်၂၀၀လောက်တောင် ဆရာက တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ် မဟုတ်လား "
သူ့စကားကို ကြားသည့်အခါ ပတ်ဝန်းကျင်မှ လူများသည် ဖန်းရှောင်ကွန်း ကြွားဝါပြောသည်ဟု ထင်ခဲ့ကြသည်။
လူတစ်ယောက် ဘယ်လောက်ပဲ သန်မာနေပါစေ လူရာချီကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။
ဒါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလား။
သို့သော် ဖန်းရှောင်ကွန်းသည်သာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ကြောင်း ကောင်းစွာသိသည်။
သူ့ဆရာ၏ ခွန်အားဖြင့် တကယ်ပင် ရက်စက်လိုပါက ဤရာချီသော လူရမ်းကားများကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။
သူသည် အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်သည်။