← Chapters

ကျန်းကောပြည်နယ်က မင်းပိုင်နက်ပဲ။ လုပ်ပိုင်ခွင့်ရှိတယ်

Vol. 69 Ch. 1373

ကျန်းကောပြည်နယ်က မင်းပိုင်နက်ပဲ။ လုပ်ပိုင်ခွင့်ရှိတယ်

Vol. 69 Ch. 1373

ယဲ့ဖန် ခေါင်းခါပြီး ပြုံးပြီးနောက် လျုံဝမ်းယွမ်ကို ညွှန်ပြလိုက်သည်။

" ဒါက ငါ့ဆရာပဲ။ သူ့ကို ဆရာသခင်ကြီးလို့ ခေါ်သင့်တယ် "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် သူ၏ ဘဝင်မြင့်သော အမူအရာကို ဖယ်ပြီး ထပ်၍ ဒူးထောက်လိုက်ပြန်သည်။

" ဆရာသခင်ကြီးကို နှုတ်ခွန်းဆက်ပါတယ် "

လျုံဝမ်းယွမ်သည် ထိုမြင်ကွင်းကြောင့် ကြောင်အသွားရသည်။

အမှန်တကယ်၌ သူ၏ တပည့်အတော်အများသည် တပည့်များစွာ ပြန်မွေးထုတ်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ဆရာသခင်ဘိုးအေကြီးအဖြစ် တပည့်များစွာ ရှိလေသည်။

သို့သော် ယဲ့ဖန်၏ တပည့်ကို ရင်ဆိုင်ရသောအခါ သူ အနည်းငယ် ကြောင်အသွားရသည်။

ယဲ့ဖန်က သူ့ကို ဆရာတင်ထားတာ တစ်နှစ်လောက်ပဲ ရှိသေးတာကို သူက ပြန်ပြီး တပည့်တောင် ရှိနေပြီလား။

သို့သော် ယဲ့ဖန်၏ ခွန်အားအကြောင်း တွေးမိသည့်အခါ ထိုဖြစ်ရပ်ကို လက်ခံနိုင်လေသည်။

ယဲ့ဖန်၏ အရည်အချင်းဖြင့် တပည့်မရှိနိုင်ဟု ဆိုပါက အခြားမည်သူမျှ တပည့်ရှိနိုင်မည် မဟုတ်ပေ။

" အမြန်ထပါ၊ အမြန်ထ "

လျုံဝမ်းယွမ်သည် ဖန်းရှောင်ကွန်း ထရန် အမြန်ကူညီပေးလိုက်ကာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။

သူသည် ကျန်းကော၌ မြေးတပည့်ဖြင့် တွေ့မည်ဟု မထင်ထား၍ လက်ဆောင်ယူမလာခဲ့ပေ။

ကံကောင်းစွာဖြင့် ဖန်းရှောင်ကွန်းသည် ထိုသို့ကိစ္စများကို ဂရုမစိုက်ပေ။

ထိုအစား ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။

" ဒါက ဆရာကြီးရဲ့ မိန်းမ ဟုတ်တယ်မလား။ ဖန်းရှောင်ကွန်းက ဆရာကတော်ကို နှုတ်ခွန်းဆက်ပါတယ် "

ရှုကျင်းရှင်းသည် သူမကို 'ဆရာကတော်'ဟု ခေါ်သည်ကို ကြားလိုက်ပြီးနောက် သူမ၏ လှပသည့်မျက်နှာလေးမှာ ချက်ချင်း နီရဲသွားသည်။

" ကျွန်မကို အဲ့လိုမခေါ်ပါနဲ့။ ကျွန်မက ရှင့်ရဲ့ဆရာကတော် မဟုတ်ဘူး "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်မှ မငြင်းသလို၊ လက်လည်းမခံဘဲ အပြုံးမပျက် ရှိနေသည်ကို မြင်ပြီး ချက်ချက်း သဘောပေါက်သွားသည်။

" ဟားဟားဟား၊ ဒါက အချိန်တစ်ခု လိုသေးလို့ပါ။ နောင်လည်း စကားပြောတာကို ပြောင်းရမှာပဲဆိုတောါ အခုကတည်းက စလိုက်ကြရအောင် "

ရှုကျင်းရှင်း၏ မျက်နှာသည် ပို၍ပင် နီရဲလာသည်။

သူမဘေးနားရှိ ယဲ့ဖန်ကို အမြန်တွန်းလိုက်သည်။

" မြန်မြန်ရှင်းပြလိုက်လေ။ သူ့ကို လျှောက်မအော်ခိုင်းနဲ့။ ဘယ်သူက သူ့ဆရာကတော်မလို့လဲ "

ယဲ့ဖန်သည် အားကိုးရာမဲ့သော အမူအရာကို ထုတ်ပြလိုက်သည်။

" သူ့ပါးစပ်က သူ့ပေါ်မှာလေ။ ကိုယ်က ဘာလုပ်နိုင်မှာလဲ။ မင်းကို ဆရာကတော်လို့ ခေါ်ရုံနဲ့ သူ့ပါးစပ်ကို ပိတ်လို့မရဘူး မဟုတ်လား "

ရှုကျင်းရှင်း ဒေါသအလွန်ထွက်ပြီး ယဲ့ဖန်၏ ခြေသလုံးကြွက်သားကို ကန်လိုက်သည်။

ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို ချက်ချင်း ကြည့်လိုက်သည်။

" မင်းရဲ့ဆရာကို တစ်ယောက်ယောက်က ရိုက်နေတယ်။ မင်းလို တပည့်တစ်ယောက်က ဘာလုပ်သင့်လဲ "

ဖန်းရှောင်ကွန်းသည် ကြောင်အစွာ ချောင်းဆိုးလာသည်။

" တခြားသူဖြစ်ခဲ့ရင် ဆရာကြီးအတွက် သေချာပေါက် လက်စားချေမှာပါ။ ဒါပေမဲ့ ဆရာကတော်ဆိုတော့ ဆရာပဲ သည်းခံလိုက်ပါ။ ဆရာတောင် ဘာမှမလုပ်ရဲတာ ကျွန်တော်က ဘယ်လိုလုပ် သူများကိစ္စမှာ ဝင်ပါနိုင်မှာလဲ "

ရှုကျင်းရှင်းသည် သူမကို 'ဆရာကတော်'ဟု ခေါ်သံကြားတိုင်း ပြေးပုန်းရန် နေရာရှာလိုက်ချင်သည်။

သူမကို ပို၍ ဒေါသထွက်စေခဲ့သည်မှာ ယဲ့ဖန်သည် ထိုအခေါ်ကို အမှန်တကယ် သဘောတူနေခြင်း ဖြစ်သည်။

ယဲ့ဖန်သည် သူ၏တပည့် အရှေ့မှာသာ မဟုတ်ပါက သူမ သူ့ကို ဤသို့အလွယ်တကူ လွှတ်မပေးမည်မှာ သေချာလေသည်။

သူတို့သည် ခဏတာ စကားပြောပြီး ရယ်နေကြသည်။

ထို့နောက် ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် လေးနက်လာသည်။

" ဆရာ၊ ဒီလူတွေကို ဘယ်လိုဖြေရှင်းရမလဲ "

ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။

"ကျန်းကောက မင်းရဲ့နယ်မြေပဲ။ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ် "

ဖန်းရှောင်ကွန်း ခေါင်းညိတ်ပြပြီး ကင်းမြီးကောက်စီသို့ လျှောက်သွားလိုက်သည်။

ကင်းမြီးကောက်သည် သူတို့စီသို့ ဖန်းရှောင်ကွန်း လျှောက်လာနေသည်ကို မြင်သောအခါ သူသည် မြေပြင်သို့ ခေါင်းကို ရိုက်မိသည်အထိ အရိုအသေပေးကာ တောင်းပန်သည်။

" သခင်လေးကွန်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ သခင်လေးကွန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို အလွှတ်ပေးပါ "

ဖန်းရှောင်ကွန်းသည် လမ်းလျှောက်လာပြီး သူ့ကို ကန်လိုက်သည်။

ထို့နောက် သူ့ကို ရူးသွပ်စွာ ဆက်တိုက် ကန်နေခဲ့သည်။

" အား ...... "

ကင်းမြီးကောက်သည် သူ့ခေါင်းကို ဖက်ပြီး အော်ဟစ်နေသော်လည်း ပြန်၍ မတိုက်ခိုက်ရဲပေ။

ဖန်းရှောင်ကွန်းသည် ကင်းမြီးကောက်ကို ကန်ပြီးနောက်တွင်လည်း ဒေါသထွက်နေသေးသည်။

သူ့ဘေးရှိ လူဆီမှ သံတုတ်ကို ယူပြီး ကင်းမြီးကောက်ကို ရိုက်လိုက်ပြန်သည်။

" အား ..... "

ကင်းမြီးကောက်၏ အသံသည် ပို၍ ကျယ်လောင်လာပြီး လူတိုင်း၏ ဦးရေပြားကို ကျင်လာစေသည်။

" အမလေး ဘုရားရေ၊ ယဲ့လူကြီးမင်းရဲ့ တပည့်က ရက်စက်လွန်းတယ် မဟုတ်လား။ သူ့ကို သေအောင် ရိုက်တော့မှာလား "

မိုရှောင်းယွီ၏ အချစ်ဆုံးသူငယ်ချင်းမှ အော်ပြောလိုက်သည်။

" သူ့ကို အရိုက်မခံသင့်ဘူးလို့ ထင်လို့လား "

မိုရှောင်ယွီက သူမသူငယ်ချင်းကို လှည့်ကြည့်လိုက်သည်။

" အရိုက်ခံသင့်ပါတယ်။ ဒါပေမယ့်လည်း ရက်စက်လွန်းတယ်လို့ ထင်လို့ "

သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် သွေးများအလွန်ထွက်သည်အထိ အရိုက်ခံ‌နေရသော ကင်းမြီးကောက်ကို ကြည့်ကာ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

" ဒါပေမယ့် ဒီကင်းမြီးကောက်ကသာ အနိုင်ရမယ်ဆိုက သူက ယဲ့လူကြီးမင်းတို့ကို ဒီထက်ပိုပြီး အနိုင်ယူလိမ့်မယ်လို့ ငါ ထင်တယ် "

သို့သော် မိုရှောင်းယွီသည် ကွဲပြားသော သဘောထားရှိ‌နေသည်။

" ဘာလို့လဲ "

သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် နားမလည်ဖြစ်နေသည်။

" ယဲ့လူကြီးမင်းရဲ့ တပည့်က ရက်စက်ပေမဲ့ သူ့အသက်ကို သတ်ဖို့ မရည်ရွယ်ဘူးလေ "

မိုရှောင်းယွီက ရှင်းပြသည်။

သူမ၏ အချစ်ဆုံးသူငယ်ချင်းလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။

ဖန်းရှောင်ကွန်းသည် ကင်းမြီးကောက်၏ အသက်ကို လိုချင်ပါက သူသည် သူ့ကို ရိုက်လိမ့်မည် မဟုတ်ပေ။

သူသည် ဤသို့ လှုပ်ရှားနေပြီဖြစ်၍ သူ့အသက်ကို သတ်ရန် မရည်ရွယ်ဘူးဟု ဆိုလိုလေသည်။

သူတို့နှစ်ယောက်တင်မကပေ။

ထိုအချိန်တွင် ဘူတာရုံထဲရှိ ခရီးသည်များအားလုံးလည်း ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ကင်းမြီးကောက်သည် ပြင်းထန်စွာ အရိုက်ခံရသဖြင့် ရုပ်ကိုပင် မမြင်နိုင်တော့ပေ။

မြေပြင်တစ်ပြင်လုံး၌လည်း သွေးများ ပေကျံနေသည်။

အစပိုင်း၌ ကင်းမြီးကောက်သည် ကျယ်လောင်စွာ အော်ဟစ်နေခဲ့ကြလည်း နောက်ပိုင်းတွင် အော်သံမှာ အားနည်းလာပြီး မကြားရသလောက်ပင် ဖြစ်လာသည်။

ထိုမှသာ ဖန်းရှောင်ကွန်းသည် ကင်းမြီးကောက်အား ရိုက်နှက်နေခြင်းကို ရပ်တန့်လိုက်သည်။

သူ့ကို အေးစက်စွာ ကြည့်နေသည်။

" မင်းလား ငါ့ဆရာကို ဒုက္ခပေးရဲတာလား။ မင်းက သိပ်သတ္တိရှိနေတယ် မဟုတ်လား "

ကင်းမြီးကောက်မှ အသံပျော့ညံ့စွာ ပြောသည်။

" သခင်လေးကွန်း ..... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်ကို အခွင့်အရေး ပေးပါ ..... ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး ..... "

ဖန်းရှောင်ကွန်းသည် တုတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

" တွားသွားလာ "

ကင်းမြီးကောက်သည် အညိုအမဲစွဲအောင် အရိုက်ခံထားရသော်လည်း သူကိုယ်တိုင် ထပြီး တွားသွားလာသည်။

သူသည် အတင်းပြုံးပြီး ပြောလေသည်။

" သခင်လေးကွန်း ..... "

ဖန်းရှောင်ကွန်းသည် ထိုင်ချလိုက်ပြီး ဆံပင်ကို စောင့်ဆွဲလိုက်သည်။

" သေချင်လား အသက်ရှင်ချင်လား "

ကင်းမြီးကောက်သည် အမြန်ပြန်ဖြေလေသည်။

" ကျွန်တော် အသက်ရှင်ချင်ပါတယ် "

ဖန်းရှောင်ကွန်းသည် သူ့ကို လွှတ်ပေးလိုက်သည်။

" ဒါဆို မင်းငါ့ဆရာကို ရှင်းပြရမယ်။ ငါ့ဆရာ ကျေနပ်ရင် မင်း ဒီနေ့ အသက်ရှင်နိုင်တယ်။ ငါ့ဆရာက မကျေနပ်ရင်တော့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး "

ကင်းမြီးကောက်သည် သူ့၌ ဤအခွင့်အရေးတစ်ခုသာ ရှိသည်ကို သိလေသည်။

သူ့ဦးနှောက်ကို လျင်မြန်စွာ လည်ပတတ်လိုက်သည်။

အဆုံး၌ သူသည် အံကြိတ်လျက် ခက်ခဲစွာဖြင့် မတ်တပ်ရပ်ပြီး တန်ဝမ်ရှန်းစီသို့ လျှောက်သွားခဲ့သည်။

ကင်းမြီးကောက်၏ လက်အောက်ငယ်သားများသည် တန်ဝမ်ရှန်းသည် တရားခံဖြစ်သည်ကို သိထားသောကြောင့် သူတို့သည် တန်ဝမ်ရှန်း ထွက်ပြေးမည်ကို ဝိုင်း၍ တားဆီးခဲ့ကြသည်။

တန်ဝမ်ရှန်းသည် သူ့ဆီသို့ ကင်းမြီးကောက် လျှောက်လာသည်ကို မြင်ပြီး အမြန်ပြုံးလိုက်သည်။

" အစ်ကိုကြီး ကင်းမြီးကောက် .… ငါ လုပ်စရာလေး ရှိသေးလို့ အရင်သွားလိုက်ဦးမယ် "

ထိုစကားကို ပြောပြီးနောက် သူသည် ပြေးတော့မည် ဖြစ်သည်။

သို့သော် ကင်းမြီးကောက်၏ လက်အောက်ငယ်သားများသည် ဘေးပတ်လည်တွင် ရှိနေသောကြောင့် သူသည် လုံးဝ မလွတ်မြောက်နိုင်ပေ။

ကင်းမြီးကောက် ရုတ်တရက် ရယ်မောလိုက်သည်။

သူ့မျက်နှာသည် မမှတ်မိနိုင်လောက်အောင်အထိ ရိုက်နှက်ခံထားရသည်။

ယခု ထိုသို့ ထပ်ရယ်လိုက်သည့်အခါ ပိုလို့ပင် ရက်စက်သည့်ပုံပေါ်လေသည်။

" မင်းငါ့ကို ဒီလိုဖြစ်အောင် လုပ်ပြီး ဒီအတိုင်း ထားခဲ့ချင်တာလား "

တန်ဝမ်ရှန်း တုန်လှုပ်သွားပြီး သူ့ကို နားချရန် ကြိုးစားသည်။

" အစ်ကိုကြီး ကင်းမြီးကောက်၊ အဲ့ဒီကောင်လေး .... မဟုတ် ယဲ့လူကြီးမင်းက အရမ်းအစွမ်းထက်မှန်း ကျွန်တော်လည်း မသိခဲ့ပါဘူး။ အဲ့တာကြောင့် အစ်ကိုကြီးကို ယွမ် ၅သန်းလုံး ပေးပါ့မယ်။ ဒီတစ်ခါတော့ ခွင့်လွတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ကင်းမြီးကောက်သည် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" တန်ဝမ်ရှန်း၊ မင်း ငါနဲ့ လာကစားနေတာလား။ ဒါမှမဟုတ် မင်း တကယ်ပဲ မိုက်မဲတာလား။ ဒါက ငွေကိစ္စ မဟုတ်တော့ဘူး။ ငါ ဒီနေ့ မင်းကို မပေးဆပ်ခိုင်းရင် ငါ သေလိမ့်မယ်။ အဲ့တာကြောင့် ငါ အသက်ရှင်ဖို့အတွက် မင်း ဒုက္ခခံရမယ် "

ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။

" သူ့ကိုရိုက်ကြ "

ကင်းမြီးကောင် စကားပြောပြီးသည်နှင့် သူ၏ လက်အောက်ငယ်သားများသည် ချက်ချင်း အလျင်အမြန်ပြေးလာပြီး တန်ဝမ်ရှန်းကို သူတို့၏ တုတ်များဖြင့် ရိုက်နှက်ကြတော့သည်။

" အား ..... ကယ်ကြပါဦး "

တန်ဝမ်ရှန်းသည် အကြိမ်ကြိမ် အော်ဟစ်နေခဲ့၍ ပတ်ဝန်းကျင်ရှိ ခရီးသည်များမှာ ကြောက်ရွံ့သွားခဲ့ကြသည်။

" အရမ်းကောင်းတယ်၊ ဒီလူယုတ်မာက နောက်ဆုံးတော့ သူနဲ့တန်တဲ့ လက်စားချေတာကို ခံရပြီ။ အရမ်းမိုက်တာပဲ "

မိုရှောင်းယွီ၏ အချစ်ဆုံးသူငယ်ချင်းသည် ချက်ချင်း ကျေနပ်စွာ ပြောလိုက်သည်။

မိုရှောင်းယွီသည် ဘာမှ မပြောသော်လည်း သူမ တိတ်တဆိတ် ကျေနပ်သွားသည်။

ကျောက်စိမ်းဆွဲသီးကို ရရန်အတွက် ထိုလူသည် သူမ၏ စာနာစိတ်ကို အသုံးချကာ လိမ်လည် လှည့်ဖျားခဲ့သည်။

ဤသည်မှာ စက်ဆုပ်ရွံရှာစရာ ကောင်းလွန်းလှသည်။

တစ်ချိန်တည်းမှာပင် သူမသည် ယဲ့ဖန်ကို လျှို့ဝှက်စွာ အကဲခတ်နေမိသည်။

ယဲ့ဖန်သည် တန်ဝမ်ရှန်းကို လျစ်လျူရှုထားပြီး သူ့ဘေးနားမှ မိန်းမလှလေးဖြင့် ရယ်မောနေခဲ့သည်။

ထိုသည်က သူမ နှလုံးသားကို ဆူပွက်စေသည်။

ယဲ့လူကြီးမင်းသည် ဤမျှ ထူးချွန်သော လူတစ်ယောက် ဖြစ်သည်။

သူနဲ့ တွေ့တာ နောက်ကျသွားတာ နှမြောစရာပဲ။

အစောကတည်းက သူမတို့ တစ်ယောက်နှင့်တစ်ယောက် သိခဲ့မည်ဆိုလျှင်။

All Chapters