ကင်းမြီးကောက်ဂိုဏ်း ဖျက်သိမ်းခြင်း
Vol. 69 Ch. 1374
တန်ဝမ်ရှန်း၏ အော်သံများသည် တဖြည်းဖြည်း တိုးလာကာ ညည်းညူသံမျှသာ ရှိတော့သည်အထိ တိုးညှင်းလာသည်။
ထိုမှသာ ကင်းမြီးကောက်သည် သူ၏ လက်အောက်ငယ်သားများကို ရပ်စေခဲ့သည်။
ကင်းမြီးကောက်သည် လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
သို့သော် ယဲ့ဖန်က သူတို့ကို မကြည့်ချေ။
သူသည် ရှုကျင်းရှင်းနှင့် စကားစမြည်ပြောနေပြီး သူမကို စနောက်နေသည်။
ယဲ့လူကြီးမင်းသည် သူ၏ ရှင်းပြချက်အား မကျေနပ်သေးသည် ကင်းမြီးကောက် သိလေသည်။
" သူ့ခြေထောက်တွေကို ချိုးလိုက် "
ကင်းမြီးကောက်သည် လက်အောက်ငယ်သားတစ်ယောက်ကို ချက်ချင်း ပြောလိုက်သည်။
လက်အောက်ငယ်သားသည် ချက်ချင်းပင် ဘေ့စ်ဘောရိုက်တံကို ယူပြီး ရိုက်တော့သည်။
ဖောင်း
အုန်း
တုတ်သည် နှစ်ချက်မျှ ထိပြီးနောက် တန်ဝမ်ရှန်း၏ ခြေထောက်များသည် ပြင်းထန်စွာ ပုံပျက်သွားခဲ့သည်။
သူသည် ဤတစ်သက်လုံး ဘီးတပ်ကုလားထိုင်ဖြင့် ထိုင်ရမည်မှာ သေချာသည်။
တန်ဝမ်ရှန်း အော်ဟစ်ပြီး မူးလဲသွားတော့သည်။
ကင်းမြီးကောက်သည် ယဲ့ဖန်ကို ထပ်၍ ကြည့်လိုက်သည်။
သို့သော် ယဲ့ဖန်သည် သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။
ထို့ကြောင့် ကင်းမြီးကောက်သည် သူနှင့် မနီးမဝေး၌ ရှိနေသော ပန်သာ့လုံကိုသာ ညွှန်ပြလိုက်တော့သည်။
" သူ့ကို အသေရိုက် "
ပန်သာ့လုံသည် သေမတတ် ကြောက်လန့်နေပြီဖြစ်သည်။
လူတစ်စုမှ သူ့အား ရိုက်နှက်နေသည်ကို ကြည့်နေနိုင်သော်လည်း လွတ်မြောက်နိုင်သည့် သတ္တိမရှိတော့ပေ။
နောက်ထပ် အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ပန်သာ့လုံသည် အသိစိတ်မရှိတော့သည့်တိုင်အောင် အရိုက်ခံရသည်။
ကင်းမြီးကောက်သည် ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်သော်လည်း ယဲ့ဖန်သည် ဤနေရာတွင် ဖြစ်ပျက်နေသည်များကို မေ့သွားသကဲ့သို့ ရှုကျင်းရှင်းဖြင့်သာ ရယ်နေသည်။
တစ်ဖက်သား ဘာဆိုလိုသည်ကို သိလိုက်ရသဖြင့် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။
တန်ဝမ်ရှန်းနှင့် ပန်သာ့လုံတို့သည် အဖိုးအခကို ပေးဆပ်ပြီးဖြစ်၍ နောက်တစ်ကြိမ်မှာ သူ့အလှည့် ဖြစ်သည်။
ကင်းမြီးကောက်သည် အံကြိတ်ကာ နောက်ဆုံး၌ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
" ဒီနေ့ကစပြီး ငါ၊ ကင်းမြီးကောက်က ငါ့လက်ကို ရွှေအင်တုံနဲ့ ဆေးပြီး ဒီလောကကနေ ထွက်သွားတော့မယ်လို့ ကြေညာတယ် "
သူ ထိုသို့ ပြောပြီးသည်နှင့် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်လာတော့သည်။
" ဘာလဲ။ ငါ နားကြား မှားတာလား။ ကင်းမြီးကောက်က တကယ် အနားယူချင်နေတာလား။ ကင်းမြီးကောက်ဂိုဏ်းကို ဖျက်သိမ်းမှာတဲ့လား။ တကယ်လား "
" သူက လူသိရှင်ကြား ကြေညာလိုက်မှတော့ အဲ့တာက မှန်လောက်တယ် မဟုတ်လား "
" အမလေး ဘုရားရေ၊ ကင်းမြီးကောက်ဂိုဏ်းက ကျန်းကောရထားဘူတာမှာ အကြီးဆုံးဂိုဏ်းပဲ။ အမြတ်ဘယ်လောက်တောင်ရတဲ့လုပ်ငန်းမလို့လဲ။ ဒီအတိုင်း ဖျက်သိမ်းလိုက်တော့မှာလား "
" သူ့မှာ ရွေးချယ်စရာ မရှိဘူး။ ယဲ့လူကြီးမင်းကို ပြဿနာရှာထားတော့ ဒီနေ့ ကျေနပ်လောက်တဲ့ ရှင်းပြချက် မပေးတိုင်ရင် မနက်ဖြန် သူ အသက်မရှင်နိုင်တော့မှာကို စိုးရိမ်ရတယ် "
" ဒီလူငယ်လေးက အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူက ဘာမှပြန်မပြောပဲနဲ့တောင် ကင်းမြီးကောက်ဂိုဏ်းကို ဖျက်သိမ်းဖို့ လုပ်နိုင်တာလား "
" ရှူး၊ မင်းရဲ့အသံကို လျှော့လိုက်။ ငါတို့ ဒီလောက်အဆင့်ရှိတဲ့သူကို စော်ကားဖို့ မတတ်နိုင်ဘူး "
အားလုံးသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
တစ်ဖက်တွင် သူတို့သည် ကင်းမြီးကောက်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြတ်သားမှုတို့ကြောင့် အံ့သြသွားကြသည်။
တစ်ဖက်တွင် သူတို့သည် ယဲ့ဖန်၏ ကြီးမားသော အင်အားကို အံ့အားသင့်နေကြသည်။
အမှန်တကယ်တွင် ယခုအချိန်ထိ ယဲ့ဖန်သည် ကင်းမြီးကောက်အား မည်သို့ အပြစ်ပေးမည်ကို မပြောသေးချေ။
သို့သော် ကင်းမြီးကောက်သည် ရှင်းလင်းချက်ကို ပေးခဲ့သည်။
ထို့အပြင် ပေးဆပ်သည့် အဖိုးအခမှာ အလွန်ကြီးမားလေသည်။
ကင်းမြီးကောက်ဂိုဏ်းမရှိပါက သူသည် ဘာမှရှိတော့မည် မဟုတ်ပေ။
ထို့အပြင် သူသည် ဤနှစ်များအတွင်း ရန်သူများစွာကို စော်ကားခဲ့သည်။
နောင်အချိန်များတွင် သူသည် သူ၏ ရန်သူများမှ လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။
သို့သော် သူသည် အခြားရွေးချယ်စရာ မရှိပေ။
တစ်ဖက်လူအား ကျေနပ်လောက်သည့် ရှင်းပြချက်မျိုး မပေးနိုင်ပါက သူ သေရပေမည်။
အနာဂတ်ကို စောင့်ဆိုင်းနေရန်ပင် မလိုအပ်ချေ။
ယနေ့ပင် သေရမည်မှာ သေချာသည်။
သူ၏ ဆုံးဖြတ်ချက်ကို လက်အောက်ငယ်သားများ ကြားသောအခါ အားလုံးက သူ့ကို ဖြောင်းဖျပြောဆိုကြသည်။
" သူဌေး မလုပ်ပါနဲ့။ ကင်းမြီးကောက်ဂိုဏ်းကို ဖျက်သိမ်းလိုက်ရင် ကျွန်တော်တို့ ညီအစ်ကိုတွေ ဘာဖြစ်သွားမလဲ "
" ဟုတ်တယ်၊ သူဌေး၊ ကျွန်တော်တို့ ကင်းမြီးကောက်ဂိုဏ်းမှာ လူရာနဲ့ချီပြီး ရှိတယ်။ အနာဂတ်ကျ ဘယ်လိုရှင်သန်ကြမှာလဲ "
" သူဌေး၊ ဒီတစ်ခါတော့ ကျွန်တော်တို့ကို ခွင့်လွတ်ပေးဖို့ ယဲ့လူကြီးမင်းကို တောင်းဆိုပေးပါ "
" သူဌေး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ "
" မင်းတို့ စောက်ပါးစပ်ကို ပိတ်ထားကြစမ်း "
ကင်းမြီးကောက်သည် ရုတ်တရက် လှည့်ပြီး သူတို့ကို ပြင်းထန်စွာ စိုက်ကြည့်သည်။
" ငါ ဆုံးဖြတ်ပြီးသား။ နောက်တစ်ခါ မဟုတ်တဲ့ စကားတွေ ထပ်ပြောရဲသေးရင် ပြောတဲ့သူကို ငါကိုယ်တိုင် သတ်မယ် "
ကင်းမြီးကောက် မည်မျှ စိတ်ပိုင်းဖြတ်ထားသည်ကို ကြည့်ပြီး သူ့လက်အောက်ငယ်သားများ ဘာမှ မပြောရဲကြတော့ပေ။
ကင်းမြီးကောက်သည် ယဲ့ဖန်ကို ပြန်ကြည့်ပြီး သူ့တုံ့ပြန်မှုကို စောင့်နေသည်။
ယဲ့ဖန်သည် ကင်းမြီးကောက်ကို တစ်ချက်ကြည့်ပြီးနောက် ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။
" ကိုယ်တို့ သူ့ကို ခွင့်လွှတ်သင့်တယ်လို့ မင်းထင်လား "
ရှုကျင်းရှင်းလည်း ထိတ်လန့်သွားသည်။
သူမသည် ဤကင်းမြီးကောက်အကြောင်း မသိသော်လည်း သူသည် ကျန်းကော ရထားဘူတာနားတစ်ဝိုက် သြဇာကြီးမားသူဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်ကြောင်း သူမ ပြောနိုင်လေသည်။
ယခုအခါ ယဲ့ဖန်၏ ဒေါသကို ဖြေဖျောက်ရန်အတွက် သူသည် သူ၏ ဂိုဏ်းကို ဖျက်သိမ်းရန် ဆန္ဒရှိနေသည်။
ဒါကို လူသန်ကြီးက လူ့လက်ဖြတ်တယ်လို့ သတ်မှတ်လို့ရတယ် မဟုတ်လား။
" သူလည်း ပေးဆပ်ထားတာဆိုတော့ လွှတ်ပေးလိုက်သင့်တယ် ထင်တယ် "
သူမ စဉ်းစားပြီး နောက်ဆုံး၌ သူမ၏ ထင်မြင်ချက်ကို ထုတ်ဖော်ခဲ့သည်။
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" မင်းက ဒီလိုပြောမှတော့ မေ့ထားလိုက်ပါ "
ကင်းမြီးကောက်သည် ထိုစကားကို ကြားလိုက်သောအခါ သူ၏ စိတ်ထဲမှ စိုးရိမ်သောကသည် နောက်ဆုံး၌ ငြိမ်သက်သွားသည်။
သူ့ကျောတစ်ပြင်လုံး၌ ချွေးအေးများနှင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။
ထိုယဲ့လူကြီးမင်းသည် အလွန်ကြောက်စရာကောင်းသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ တစ်ဖက်လူသည် အလွန်ငယ်သေးသည်။
သူ၏အနာဂတ်သည် အကန့်အသတ်မရှိပေ။
" ယဲ့လူကြီးမင်း၊ သခင်လေးကွန်း၊ ကျွန်တော် အရင်သွားလိုက်ပါဦးမယ် "
သူသည် ထိုနေရာ၌ အကြာကြီး မနေရဲတော့ပေ။
သူသည် ယဲ့ဖန်နှင့် ဖန်းရှောင်ကွန်းကို အမြန်နှုတ်ဆက်ပြီးနောက် သူ၏ လက်အောက်ငယ်သားများနှင့်အတူ ထွက်ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကြီးသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ခရီးသည်များသည် ရင်ခုန်စရာကောင်းသော မြင်ကွင်းကို အသံတိုးတိုးဖြင့် ဆက်၍ ဆွေးနွေးနေကြဆဲ ဖြစ်သည်။
ထိုအရာသည် သူတို့ဘဝတစ်လျှောက်လုံး ကြွားလုံးထုတ်ရန် လုံလောက်ပေသည်။
ထို့နောက် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ဘက်သို့ ပြန်သွားခဲ့သည်။
" ဆရာ၊ ကျွန်တော်တို့ကလပ်ကို သွားရအောင်။ ကျွန်တော့်သူငယ်ချင်းကို ပွဲစီစဉ်ခိုင်းထားတယ်။ ဒီနေ့ မူးရအောင် "
ယဲ့ဖန်သည် မည်သည့်ကန့်ကွက်မှုမျှ မရှိပေ။
သူသည် ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်ကို လှည့်ကြည့်လိုက်သည်။
သူတို့ ဘာပြောချင်သည်ကို ယဲ့ဖန် ကြားချင်လေသည်။
လျုံဝမ်းယွမ်သည် ပထမဆုံး စကားပြောလာသည်။
" မင်းတို့ လူငယ်တွေ စုဝေးတာ ငါ မပါချင်ဘူး။ အိမ်မပြန်တာ နှစ်တွေကြာလှပြီဆိုတော့ ငါ အရင်ပြန်လိုက်မယ် "
" ဦးလေးလျုံက ကျွန်မတို့မိသားစုမှာ နှစ်ပေါင်းများစွာ အစွမ်းကုန် အလုပ်လုပ်ပေးခဲ့တာဆိုတော့ ကျန်းကောကို ရောက်လာတုန်း လျုံမိသားစုစီ အလည်သွားသင့်တယ် "
ရှုကျင်းရှင်း ပြောလေသည်။
ယဲ့ဖန်သည် သူတို့ပြောသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။
ထို့ကြောင့် သူတို့ကို အတင်းမတိုက်တွန်းပေ။
သူတို့သုံးယောက် ချက်ချင်း လမ်းခွဲလိုက်ကြသည်။
ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့သည် လျုံမိသားစုထံ ပြန်သွားခဲ့ကြသည်။
ယဲ့ဖန်သည် သူ့တပည့် ဖန်းရှောင်ကွန်းနှင့်အတူ ကလပ်ကို လိုက်သွားသည်။
ဘူတာရုံရှေ့ ရင်ပြင်သည် ချက်ချင်းပင် လွတ်သွားတော့သည်။
ပန်သာ့လုံ၊ တန်ဝမ်ရှန်းနှင့် အခြားသူများသည် လူနာတင်ယာဉ်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြပြီး မြေပြင်ပေါ်၌ ငိုကြွေးနေကြသည်။
မိုရှောင်းယွီသည် ယဲ့ဖန်ကား ထွက်ခွာသွားသည်ကို ကြည့်လိုက်သည်။
သူမ၏ နှလုံးသားသည် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
ဒါက သူတို့ရဲ့ ကံကြမ္မာနိဂုံး ဖြစ်နေမလား။
ရထားပေါ်၌ သူတို့၏ တွေ့ဆုံမှုသည် ဘဝတစ်ကွေ့ တွေ့ဆုံမှု ဖြစ်နိုင်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် သူတို့၏ သက်ဆိုင်ရာကမ္ဘာကို ပြန်သွားရမည်ဖြစ်ပြီး ဘယ်တော့မှ တွေ့ဆုံကြမည် မဟုတ်ပေ။
..........................................
အရှေ့ပင်လယ်ရှိ အမည်မသိကျွန်းတစ်ကျွန်းပေါ်တွင်။
" ညှင်း၁၀၊ ညှင်း၆ပွင့် သေဆုံးရတဲ့အကြောင်းရင်းကို အတည်ပြုပြီးပါပြီ။ အဲ့တာ ယဲ့ဖန် လုပ်တာပါ "
အနက်ရောင်ဝတ်ရုံဖြင့်လူသည် ကျောက်ရုပ် ပန်းပုထုနေသည့် အဘိုးအိုထံသို့ လျှောက်သွားပြီး ဦးညွှတ်တင်ပြသည်။
အဘိုးအို၏ ပန်းပုထုလုပ်နေမှုသည် ရပ်တန့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
" နောက်ဆုံးကျ သူ့ရဲ့ ကံကပေးတဲ့ ရန်သူကို အနိုင်မယူနိုင်လိုက်ဘူးဘဲ "
အနက်ရောင် ဝတ်ရုံဝတ်ထားသူက ဆက်မေးသည်။
" ကျွန်တော်တို့ ညှင်း၆ပွင့်အတွက် လက်စားချေပေးသင့်လား "
အဘိုးအိုသည် ပန်းပုဆက်ထုနေခဲ့သည်။
" ယဲ့ဖန်၊ အခုဘယ်မှာလဲ "
" သူ တရုတ်ပြည်ကို ပြန်ရောက်ပြီး Yang Chengမှာ ရက် နည်းနည်းနေပြီးတော့ အခု ကျန်းကောကို သွားနေပါတယ် "
အနက်ရောင် ဝတ်ရုံဝတ်ထားသူက ချက်ချင်း သတင်းပို့သည်။
" ကျန်းကောလား "
ဆံပင်ဖြူဖြင့် အဘိုးအိုသည် ချက်ချင်း ထရပ်ကာ သူ့မျက်လုံးများမှာ တောက်ပလာသည်။
" သူ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို ဖွင့်တော့မယ် ထင်တယ် "