← Chapters

ဒီကလေးက မင်းဆရာလို့ ပြောလိုက်တာလား

Vol. 69 Ch. 1375

ဒီကလေးက မင်းဆရာလို့ ပြောလိုက်တာလား

Vol. 69 Ch. 1375

အနက်ရောင်ဝတ်ရုံဖြင့် လူ၏ မည်းဆံနက်တို့မှာ အလင်းတန်းတစ်ခု တောက်လောင်သွားသည်။

" ဒီရတနာတွေကို နှစ် ၂၀၀၀လောက် ပိတ်သိမ်းထားတာ။ အခု တကယ် ပွင့်တော့မှာလား။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ "

ထိုလူအိုကြီးသည် သူ့လက်ထဲမှ ဓားဖြင့် ကစားနေသည်။

တခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

" ဇီးပန်းပွင့်စခန်းက အားလုံးကို ထွက်ခွာခိုင်းပြီး မြစ်ရဲ့ လက်ဝဲဘက်ခြမ်းကနေ အမိန့်စာကို စောင့်ခိုင်းလိုက်။ ဒါပေမယ့် အလောတကြီး မလုပ်စေနဲ့။ ဒီကလေး လျှို့ဝှက်ရတနာ ဖွင့်တာကို စောင့်ပြီးမှ လှုပ်ရှားခိုင်းလိုက် "

အနက်ရောင်ဝတ်ရုံဖြင့် လူသည် ချက်ချင်းပင် လက်သီးဆုပ်အရိုအသေပေးပြီးနောက် အမိန့်ကို နာခံလိုက်သည်။

သို့သော် ထိုလူအိုကြီး၏ စီမံချက်များမှာ မပြီးသေးသည်ကို သိသဖြင့် ထွက်မသွားသေးပေ။

သေချာစွာပင် ထိုလူအိုကြီးသည် တခဏ တွေးပြီးနောက် လှောင်ပြုံးတစ်ခုပြုံးလိုက်သည်။

" ဇီးပန်းပွင့်စခန်းက လူတွေ ကျန်းကောကို ရောက်ဖို့ အချိန်နည်းနည်း ယူရမယ်။ အဲ့တော့ ယဲ့ဆိုတဲ့ကောင်အတွက် အချိန်ဆွဲတဲ့ အနေနဲ့ ပြဿနာနည်းနည်း ဖန်တီးထားလိုက်။ ဒီကလေးရဲ့ လမ်းကြောင်းက အရမ်းချော့မွေ့နေတော့ သူ့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ "

အနက်ရောင်ဝတ်ရုံဖြင့် လူသည် ဤတစ်ကြိမ် အမိန့်ကို နာခံပြီးနောက် ဆက်မနေတော့ဘဲ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။

ဆံဖြူအဘိုးကြီးသည် ရုပ်တုကို ဆက်၍ ထွင်းထုနေသည်။

ဤကိစ္စထက် မည်သည်ကမှ အရေးမပါသလို ထိုပန်းပုကိုသာ အာရုံစိုက်နေသည်။

..........................

ကလပ်သို့ သွားရာလမ်းခရီးတွင် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ရှင်းပြမိတ်ဆက်သည်။

သူ၏ ကလပ်ကို Battle Fanကလပ်ဟု ခေါ်လေသည်။

ထိုနေရာသည် ရဲရင့်သူများအတွက်သာ ဖွင့်ထားသည့် အမာခံကလပ်ဖြစ်သည်။

သေနတ်ပစ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လက်ဝှေ့ထိုးပွဲ၊ နိုင်ငံဖြတ်ကျော်၊ မြင်းစီးပြိုင်ပွဲများ ရှိသည်။

ယဲ့ဖန်သည် ထိုမိတ်ဆက်ချက်ကို ကြားပြီးနောက်တွင် ထိုကလပ်သည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု သူ ခံစားရပြီး ဖြစ်လာမည်များကို စောင့်မျှော်နေတော့သည်။

Battle Fanကလပ်သို့ သွားရာလမ်းတွင် ဖုမာကျန်းဝူထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

ကျန်းကော၌ အစီအစဉ်များ လုပ်ထားပြီး ဖြစ်သည့်အပြင် သူ့ကို သတင်းပို့စရာ တစ်ခုရှိနေသည်ဟု သူမက ပြောလေသည်။

ယဲ့ဖန်သည် သူမကို Battle Fanကလပ်၏ လိပ်စာကို ပြောပြလိုက်ပြီး သူမကို လိုက်လာခိုင်းလိုက်သည်။

ယဲ့ဖန်နှင့် ဖန်းရှောင်ကွန်းတို့သည် Battle Fanကလပ်သို့ ရောက်လာသောအခါ တံခါးဝ၌ စောင့်နေသော လူများစွာရှိနေပြီ ဖြစ်သည်။

ထိုလူများ အားလုံးသည် အမျိုးသားများဖြစ်ကြပြီး မိန်းကလေး ၁ယောက်၊ ၂နှစ်ယောက်လည်း ရှိလေသည်။

သူတို့အားလုံးသည် ယောက်ျားလေးများထက် ပိုရက်စက်ပုံပေါ်လေသည်။

ဤလူများသည် ပုတ်သင်ညိုအင်္ကျီများ၊ စစ်စိမ်းရောင်အင်္ကျီများ ဝတ်ထားခြင်း သို့မဟုတ် လုံးဝ အင်္ကျီမပါကြချေ။

သူတို့စီမှ ဟော်မုန်းအနံ့များနှင့် ပြည့်နေသည်။

ယဲ့ဖန်တို့နှစ်ယောက် ကားပေါ်မှ ဆင်းလာသည်ကို မြင်ပြီး ထိုလူအုပ်က ချက်ချင်း ဝိုင်းရံလိုက်ကြသည်။

" ရှောင်ကွန်း၊ မင်းရဲ့ဆရာကို သွားကြိုတာ မဟုတ်လား။ သူ ဘယ်မှာလဲ "

" ဟုတ်တယ်။ မင်းရဲ့ဆရာက ဘယ်လိုပုံစံလဲဆိုတာကို ငါတို့လည်း မြင်ချင်တယ်။ မင်းရဲ့ဆရာကို ဘာလို့ မခေါ်ဘဲ ဒီကလေးကိုပဲ ခေါ်ခဲ့တာလဲ "

" မင်းရဲ့ဆရာကို ငါ အမြဲတမ်း တွေ့ချင်နေခဲ့တာ။ သူက ဘယ်လို မသေမျိုးမလို့ မင်းက အရမ်းသဘောကျနေတာလဲ။ ကြည့်ရတာ ငါတို့နဲ့ တွေ့ဖို့ မလွယ်ဘူးထင်တယ် "

" ဒီကောင်က ကြွားလုံးထုတ်နေတာလို့ ငါ ထင်တယ်။ ဒီကမ္ဘာမှာ အဲ့လောက် အစွမ်းထက်တဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ "

လူတိုင်းသည် ဖန်းရှောင်ကွန်းဖြင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြပြီး သူ့အား စနောက်နေသည်ကို တွေ့နိုင်သည်။

ဖန်းရှောင်ကွန်း သူတို့ကို စိုက်ကြည့်နေသည်။

" လျှောက်ပြောနေတာတွေ ရပ်လိုက်။ ဘယ်သူက ကြွားလုံးထုတ်နေလို့လဲ "

သူ စကားပြောနေစဉ်တွင် သူသည် ယဲ့ဖန်ကို လေးစားစွာ ညွှန်ပြသည်။

" ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်။ ဒါက ငါ့ဆရာ ယဲ့ဖန်လူကြီးမင်းပဲ "

အားလုံးသည် ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

သူတို့အားလုံး ထိတ်လန့်သွားကြသည်။

" ဖန်းရှောင်ကွန်း၊ မင်း ငါတို့ကို နောက်နေတာလား။ ဒီကလေးက မင်းရဲ့ဆရာလို့ ပြောနေတာလား။ ဟားဟားဟား ...... "

" မင်း အရင်က အရမ်းကြွားလုံးထုတ်ထားပြီး အခု ဘာမှလုပ်မရတော့တာနဲ့ ကြုံရာကျပန်း ဒီကောင်လေးကို ခေါ်လာတာလား "

" ဒီကောင်လေးက မင်းထက်တောင် နည်းနည်းငယ်ပုံရတယ်။ သူက မင်းရဲ့ဆရာလို့ ပြောနေတာလား။ ငါ့ကိုနောက်နေတာလား "

" ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပါဦး။ သူက ငါ့ကို လက်သီးနဲ့တောင် ထိုးနိုင်ပါ့မလား "

ဖန်းရှောင်ကွန်းသည် သူ့သူငယ်ချင်းများမှ ယဲ့ဖန်အပေါ်ရိုင်းစိုင်းနေသည်အား ကြားလိုက်ပြီး သူ့အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့သည်။

" မင်းတို့ရဲ့ စကားတွေကို သတိထား။ ငါ့ဆရာကို နောက်တစ်ခါ ရိုင်းရိုင်းစိုင်းစိုင်းပြောရင် ငါနဲ့ အရင်ဆုံးရှင်းရမယ် "

ဖန်းရှောင်ကွန်းသည် နောက်ပြောင်နေပုံမပေါ်သည်ကို လူတိုင်း မြင်လိုက်ကြပြီး လျင်မြန်စွာ ပြုံးလျက် ယဲ့ဖန်ကို အံ့ဩစွာကြည့်ကြသည်။

ဒီလူငယ်လေးက တကယ်ပဲ သူ့ဆရာဖြစ်နိုင်ပါ့မလား။

သူက အရမ်းငယ်သေးတယ် မဟုတ်ဘူးလား။

ယဲ့ဖန်သည် လေထုမှာ အနည်းငယ် အဆင်မပြေဖြစ်နေသည်ကို မြင်လိုက်ရသည်။

အားလုံးကို နှုတ်ဆက်ရန် ချက်ချင်း ထွက်လာခဲ့သည်။

" အားလုံးပဲ မင်္ဂလာပါ။ နာမည် ယဲ့ဖန်ပါ။ ရှောင်ကွန်းရဲ့ ဆရာဆိုတဲ့စကားကို နားမထောင်ကြပါနဲ့။ အာလုံးပဲ သူငယ်ချင်းတွေ ဖြစ်နိုင်ပါတယ် "

ယဲ့ဖန်မှ မကြီးကျယ်သည်ကို မြင်လိုက်ရပြီး လေထုမှာ သဟဇာတဖြစ်သွားသည်။

အမှန်၌ အားလုံးသည် လူငယ်များ ဖြစ်ကြပြီး အသက်အကြီးဆုံးမှာ သုံးဆယ်လောက်သာ ရှိသည်။

ယဲ့ဖန်သည် ဤနေရာတွင် အငယ်ဆုံးဖြစ်သည်။

လူတိုင်း မကြာမီမှာပင် စတင်၍ စကားစမြည် ပြောဆိုကြတော့သည်။

ထိုအချိန်တွင် Hummerကားသည် ရုတ်တရက် အရှိန်ဖြင့်မောင်းလာသည်။

အားလုံးသည် သူတို့၏ ဆွေးနွေးမှုများကို ရပ်လိုက်ပြီး စူးစမ်းစွာ ကြည့်လိုက်ကြသည်။

ဘယ်သူ ရောက်လာမှန်း မသိကြပေ။

ထို့နောက် ကားတံခါးပွင့်လာပြီး မယုံနိုင်လောက်အောင် လှပသော မိန်းကလေးတစ်ဦး ကားပေါ်မှ ခုန်ဆင်းလာသည်။

ဖုမာကျန်းဝူကို ရက်အတော်ကြာ မတွေ့ခဲ့ရပေ။

သူမသည် ဤကလပ်သို့ မလာမီ မည်သို့ကလပ်ဖြစ်သည်ကို စစ်ဆေးလိုက်ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် သူမသည် ပုတ်သင်ညိုကွက် စစ်စိမ်း ယူနီဖောင်းကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။

ဤမိန်းမလှလေးသည် စစ်စိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ပြီးနောက် သူမ၏တစ်ကိုယ်လုံး၌ သူရဲကောင်းဆန်သည့် ပုံရိပ်ကို ထုတ်လွှတ်နေသည်ဟု ဆိုရပေမည်။

ယဲ့ဖန်သည် သူမကို ကားထဲဆွဲသွင်းပြီး ဖျက်ဆီးပစ်ချင်မိသည်။

" သခင်ကြီး "

ဖုမာကျန်းဝူသည် ရက်ပေါင်းများစွာ မတွေ့ရသော ယဲ့ဖန်ကို တွေ့လိုက်သည်။

သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

" အိုး "

လူအုပ်ကြီးသည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

" ဘုရားရေ၊ မိန်းမလှလေးတစ်ယောက် လာတာလား။ သူမက အရမ်းလှတာပဲ "

" အမလေး၊ ရှောင်ကွန်းရဲ့ဆရာက တကယ်ကို တစ်ခုခုပဲ။ သူ့ရဲ့ တခြားအရည်အချင်းတွေကို ငါ မသိပေမယ့် မိန်းမလှလေးတွေကို ဆွဲဆောင်နိုင်နှုန်းကတော့ တော်တော်သန်မာလောက်တယ် "

" ဒီမိန်းကလေးက အရမ်းလှနေတာ မဟုတ်ဘူးလား။ အထူးသဖြင့် သူမက စစ်စိမ်းယူနီဖောင်းကို ၀တ်ထားရင်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေတာ "

" လခွမ်း၊ နောက်ဆုံးတော့ ငါတို့ကလပ်မှာ မိန်းကလေးတစ်ယောက် ရှိလာပြီ။ ကန္တာရထဲမှာ ပန်းတွေပွင့်နေပြီပဲ "

" ဝမ်အာ့သန်းနင် ဘာတွေပြောနေတာလဲ။ ငါက မိန်းမ မဟုတ်ဘူးလား "

" ဟားဟား၊ ပန်းပွင့်ပါတာကလွဲရင် မင်းရဲ့ဘယ်နားက မိန်းမနဲ့တူလို့လဲ။ ငါ့ကို ပြောစမ်းပါဦး "

" ချီး၊ နင်က သေချင်နေတာပဲ "

" အင်း ကူညီကြပါဦး ..... "

ထိုလူများသာမက ဖန်းရှောင်ကွန်းပင် မတတ်နိုင်ဘဲ ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။

" ဆရာ၊ တကယ်လေးစားတယ် "

ယခင်က သူသည် ကိုယ်ခံပညာနှင့် ကားပြိုင်ပွဲများတွင်သာ ယဲ့ဖန်၏ အစွမ်းသတ္တိကို အားကျခဲ့သည်။

သို့သော် ယခုအချိန် သူ့ဆရာ၏ မိန်းကလေးများအား ဖမ်းစားနိုင်သည့် စွမ်းရည်ကို ပို၍ သဘောကျသွားသည်။

သူတို့ ပထမဆုံး ကားပြိုင်မောင်းသည့်အချိန်ကို သတိရမိသည်၊

ထိုအချိန်တွင် ယဲ့ဖန်၏ ကားထဲ၌ အလှလေးတစ်ယောက် ထိုင်နေခဲ့သည်။

သူမကို လင်းကျွင်းကျွင်းဟု ခေါ်လေသည်။

သို့သော် ညဘက် ဟိုင်ထန်းပင်လယ်အော်၌ ကားပြိုင်ကြသောအခါ ကားထဲမှ မိန်းကလေးမှာ ကျူးရှောင်ကျောင်း ဖြစ်သည်။

ယခုအခါ သူသည် ယဲ့ဖန်အား ကြိုရန် ဘူတာရုံသို့ သွားသောအခါ သူ့သခင်၏ အနား၌ မယုံနိုင်လောက်အောင် လှပသော မိန်းကလေးတစ်ယောက် ဖြစ်နေသည်။

ယခုအခါ ဆရာကတော် ထွက်သွားပြီးနောက် မိန်းမလှလေးနောက်တစ်ယောက် ရောက်လာပြန်သည်။

သူက အချိန်စီမံခန့်ခွဲမှုရဲ့ သခင်ကြီးပဲ။

ထို့အပြင် ဤအလှလေး ၄ယောက်သည် ကမ္ဘာပေါ်ရှိ ပြိုင်ဘက်ကင်း အလှလေးများဖြစ်ကြပြီး တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်စတိုင်များ ရှိကြသည်။

သူတို့သည် ငွေပေး၍ ပရောပရည် လုပ်လို့ရသည့် အပေါစားမိန်းမများ မဟုတ်သည်မှာ သေချာသည်။

ဤသည်မှာ သူသိသည့် အကန့်အသတ်ဖြစ်သည်။

သူ မသိသေးသည့် မိန်းကလေး အများကြီးရှိကောင်းရှိနိုင်သည်။

သူသည် ယဲ့ဖန်ထံမှ ကိုယ်ခံပညာ သို့မဟုတ် ကားပြိုင်မောင်းခြင်းကို ရုတ်တရက် မသင်ယူလိုတော့ဘဲ မိန်းကလေးများ၏ နှလုံးသားကို မည်သို့ ရယူရမည်ကို သင်ယူချင်လာသည်။

ဖုမာကျန်းဝူသည် အစပိုင်းတွင် တုန်လှုပ်သွားသည်။

သူမအနား၌ ဘယ်သူမှ မရှိသလိုမျိုး ယဲ့ဖန်၏ ရင်ခွင်ထဲကို ပြေးဝင်သွားသည်။

ထိုအချိန်မှာ သူ့ဘေး၌ ရပ်နေသည့်သူ အများကြီးရှိသေးသည်ဆိုတာ သူမ သိလိုက်ရသည်။

သူမသည် သူမသခင်၏ ပွေ့ဖက်မှုမှ အလျင်အမြန် လွတ်ထွက်သွားပြီး သူမ၏ မျက်နှာလေးမှာ နီမြန်းလာသည်။

" မင်္ဂလာပါ ဆရာကတော်လေး "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး အော်ခေါ်လိုက်သည်။

ထိုသည်က ဖုမာကျန်းဝူကို ရှက်သွားစေခဲ့သည်။

" ဆရာကတော်လေးက ဘာလဲ .... ကျွန်မ .... ကျွန်မ မဟုတ်ပါဘူး "

" ဟားဟား၊ အချိန်တစ်ခုပဲ လိုတော့တာပါ "

ဖန်းရှောင်ကွန်းသည် ပြောပြီးသည်နှင့် သူသည် ရုတ်တရက် ဖုမာကျန်းဝူကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည် ။

" ဆရာကတော်လေးရဲ့ လေယူလေသိမ်းကို ကြည့်ရတာ တရုတ် မဟုတ်ဘူးထင်တယ် "

All Chapters