စိတ်ဝိညာဥ် စမ်းသပ်မှု ~
Vol. 15 Ch. 211
" ဘောစ့် Black Earth ဒီည မဆော့ဘူးလား ..ဟုတ်ဟုတ် ရပါတယ် ရပါတယ်.. "
ညနေမှောင်ခါနီး အချိန်ကတည်းက ဟောင်ရန် ထိုင်စောင့်နေခြင်းဖြစ်သည် ။ နေ့တိုင်း အနိုင်ရနေ၍ သူ့ကိုယ်သူပင် သန်မာလာသည်ဟု ထင်နေမိ၏ ။ ယခု Black Earth က နားမည်ဟု ပြောသဖြင့် သူစိတ်ဓာတ်ကျသွားသည် ။ သို့သော်လည်း သူတက်နိုင်သည်က မရှိ ။
' ပြိုင်ဘက်တွေက ပိုသန်မာလာလို့များ ငါ့ကို ခေါ်မဆော့ချင်တော့တာလား..'
ဟောက်ရန် စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်မိ၏ ။
' သူ့ကိုယ်သူတောင် မနည်းရုံးကန်နေရရင် ငါပါလာရင် အခြေအနေပိုဆိုးကုန်မှာပေါ့.. '
သူ အသက်ပြင်းပြင်း ရှူလိုက်၏ ။
' အဆင့် ၁ မှာ ဒီလောက်အကြာကြီး နေခဲ့ရပြီးပြီပဲ.. နောင်တရစရာအကြောင်းမရှိတော့ဘူး.. '
ဟောက်ရန်သည် Black Earth မပါလျှင် တစ်ယောက်ထဲမဆော့ရဲ ။ သူ၏ အမှတ်များ လျော့နည်းသွားမည်ကို ကြောက်ပေသည် ။ သူက မိုက်ရူးရဲ ဆန်သော လူတစ်ယောက်မဟုတ် ။
' ညတိုင်းပင်ပန်းနေတာ ငါကောင်းကောင်း အနားယူရမယ်.. '
ဟောက်ရန်သည် ဂိမ်းထဲတွင် ကြက်သားမစားရတော့သည့်အတွက် အပြင်တွင် ကြက်သားစားရန် တွေး၏ ။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ကျောင်းအပြင်သို့ ပြေးထွက်သွားတော့သည် ။
နှစ်နာရီကြာပြီးနောက် ..
ဟောက်ရန်သည် ခုတင်ကို မှီထိုင်ရင်း ဖုန်းပွတ်နေ၏ ။
ကျောင်းဖိုရမ်သို့ ဝင်ကြည့်ရင်း ဆွေးနွေးနေကြသော အကြောင်းအရာကို မြင်လျှင် ထထိုင်မိသွားသည် ။
" Black Earth ဒီည ဂိမ်းမဆော့ဘူးတဲ့.."
" ဟားဟား ငါမပြောဘူးလား.. အဲ့ကောင်က အစောပိုင်းရက်တွေပဲ အဆင့်မတူတဲ့သူတွေကို အနိုင်ကျင့်ရဲတဲ့ ကောင်ပါဆို.. ခုမဆော့ရဲတော့ဘူးမလား.. "
" အပေါ်က မန့်သွားတဲ့သူက အကြားအမြင်ရနေတာလား.."
" ချီးကိုရ ..ဒါ လူတိုင်း သိနေတဲ့ ကိစ္စကွ.. "
" ဘာပဲဖြစ်ဖြစ် သူကြွားလို့ ဝသွားပြီပဲ.. "
" ထွီ.. ကလေးတွေကို အနိုင်ကျင့်ပြီး ကြွားတာ အထင်ကြီးရမှာလား.."
" သူဆက်ဆော့ရဲ ဆော့ကြည့်လေ.. ငါနဲ့ ဂိမ်းထဲတွေ့ရင် ခွေးခေါင်းဖြတ်ပစ်မယ်.."
လူတိုင်း Black Earth အား ဝေဘန် နေကြ၏ ။
" ချီးပဲ.. "
ဟောက်ရန် ဒေါသထွက်သွားသည် ။ သူ၏ ကျေးဇူးရှင်အား စော်ကားနေကြသည်ကို သူမည်သို့ ငြိမ်ခံနိုင်ပါမည်နည်း ။ ကီးဘုတ် တိုက်ပွဲ စတင်လိုက်တော့၏ ။
သို့သော်လည်း မနေ့က ဟောက်ရန်၏ လက်ချက်ဖြင့် ခံခဲ့ရသူများမှာ အသင့်ပြင်၍ စောင့်နေကြသည် ။
" အိုး.. နိုင်ငံအဆင့်၁ ကြီးပါလား.. ဒီနေ့ည ဂိမ်းမဆော့ဘူးလား.. "
" သူဖက်စရာ ပေါင်ကြီးမှ မရှိတော့တာ ဆော့ရဲ့မလားဟ.. "
" အဆင့် စာရင်းထဲမှာ သောက်သုံးမကျတာ သူတစ်ကောင်ပဲရှိတယ်.. "
" အဲ့ ငပေါကောင်ကို စကားထဲတောင် ထည့်ပြောမနေကြပါနဲ့.. "
ဟောက်ရန်က Black Earth ဂိမ်းဆက်ဆော့မဆော့ကို သေချာမသိ ။ ထို့ကြောင် ဖျင်ပိတ်ငြင်းရန်ပင် အားမရှိတော့ ။ ကီးဘုတ်တိုက်ပွဲ စတင်ပြီး သိပ်မကြာမီ ဟောက်ရန် အရှုံးပေးလိုက်ရတော့၏ ။
" မင်း..မင်းတို့ကောင်တွေ စောင့်နေကြ ဘော့စ်Black Earth ဂိမ်းပြန်ဆော့မှ မင်းတို့သောက်ခွက်တွေကို ဖြတ်ရိုက်ပစ်မယ် .."
ဟောက်ရန်က ဒေါသတကြီးဆဲဆိုပြီး ဖုန်းပိတ်ထားလိုက်တော့သည် ။
**
ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်း တောင်များဝန်းရံထားသော အသည်းပုံရေကန်အလယ်ရှိ နန်းတော် ။
" ဟမ်.."
ရီသည် ရုတ်တရက် အနည်းငယ် အံ့သြသွား၏ ။
' နဂါးငွေ့တန်းပုံရိပ်ယောင်ကို လူနှစ်ယောက် တပြိုက်နက် ဝင်လာပါလားဟ.. '
ရှေးဦးစကြာဝဠာ ရှိ နဂါးငွေ့တန်း ပုံရိပ်ယောင်သည် ရီ အာရုံစိုက်မိသည့် နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည် ။ စိတ်ဝိညာဏ် စမ်းသပ်မှုတွင် ပါဝင်ပြီး ရီ သတ်မှတ်ထားသည့် အဆင့်အထိရောက်နိုင်ပါက နာနိုဝတ်စုံ တစ်ထည် ပေးအပ်မည်ဖြစ်သည် ။
ရီအတွက် အပျော် အပန်းဖြေရန် လုပ်ထားသော နေရာတစ်ခုဖြစ်သော်လည်း ဂြိုလ်ပြာရှိ သိုင်းပညာရှင်များအဖို့ အခွင့်ထူးကြီးတစ်ခုပင် ။
' အိုး.. ရှားနိုင်ငံက လင်းမို့နဲ့ ချယ်ရီပန်းနိုင်ငံက ချုံးချွမ်မင်ကျင့်ဟ.. '
ဂြိုလ်ပြာကြီးတွင် ရီ၏ အမြင်အာရုံမှ ဖုံးကွယ်နေနိုင်သည့်အရာ မရှိချေ ။
Chapter 212