ပုံရိပ်ယောင်လောက ~
Vol. 15 Ch. 214
" မခိုင်မာဘူး.. "
လင်းမို့၏ အသံကို မင်ကျင့်တို့ ကျိုးချန်တို့ ပီပီသသ ကြားလိုက်ရ၏ ။
'အဲ့လို ဖြေလို့ရလား..'
နှစ်ယောက်လုံး လင်းမို့အား ဆွံ့အစွာ စိုက်ကြည့်နေကြသည် ။ ဤသည်က အလွယ်ကူဆုံး ပထမမေးခွန်းသာ ဖြစ်သော်လည်း Black Earth ကျရှုံးသွားလေပြီ ။
' ပထမဆုံး မေးခွန်းတောင် မဖြေနိုင်လောက်အောင် Black Earth ဦးနှောက်ထဲမှာ ဘာတွေ ဖြည့်ထားတာလဲ.. '
မင်ကျင့် က Black Earth အကြောင်း မတွေးဘဲ မနေနိုင် ။ တာအို နှလုံးသား မရှိသူက ပါရမီ မည်မျှပင် ရှိစေကာမူ သိုင်းလမ်းစဥ်တွင် ဝေးဝေးလျောက်နိုင်မည် မဟုတ်ချေ ။
' ဟမ့် မင်းက ငါနဲ့ အမွေ ယှဥ်လုချင်သေးတာလား.. '
သူ၏ ယုံကြည်ချက်များ မြင့်တက်လာပြီး မျက်လုံးများက ဝင်းဝင်းတောက်လာသည် ။ ကျိုးချန်ဆိုသည့် ချာတိတ်လေးကိုတော့ သူ၏ ပြိုင်ဘက်စာရင်းထဲ ထည့်မထားပေ ။
ကျိုးချန်အား ရီကိုယ်တိုင် ပျိုးထောင်ပေးနေမှန်းကိုတော့ သူမသိ ။
ကျိုးချန်၏ အတွေးများလည်း ရှုပ်ထွေးနေ၏ ။
' ဒီလို ကောင်မျိုးကို ငါရှုံးရတာလား..'
သူ စိတ်ဓာတ်ကျသွား၏ ။ ရီသည် သူ့အား တာအို ခန္ဓာပိုင်ရှင်ဖြစ်ပြီး နဂါးငွေ့တန်းတစ်ခုလုံး တွင်ပင် လက်ရွေးစင် အဆင့်ဟု ပြောသော်လည်း သိုင်းလမ်းစဥ် မရှိသော လူတစ်ယောက်ကိုပင် အနိုင်မယူနိုင် ။ သူ အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသနည်း ။
ကျိုးချန်နှင့် မင်ကျင့်သာ ဆွံ့အနေခြင်းမဟုတ် ။ Ai ပင် ဆွံ့အသွားသည် ။ သိုင်းလမ်းစဥ်အပေါ် ယုံကြည်မှုက သိုင်းသမားတိုင်း ရှိကြသည် ။ လင်းမို့၏ အဖြေကို တစ်ခါမှ မကြုံဘူးချေ ။
နောက်မေးခွန်း ထွက်ပေါ်လာသည် ။
" သိုင်းလမ်းစဥ်ကို လျောက်လှမ်းရတာ အန္တရာယ်အပြည့်ဘဲ.. ဘဝကို ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းရတာ ပိုမကောင်းဘူးလား.. "
လင်းမို့၏ စိတ်ထဲတွင် သိုင်းလမ်းစဥ်၏ ခက်ခဲကြမ်းတမ်းသော ပုံရိပ်နှင့် ပျော်ရွှင်နေသောဘဝ၏ပုံရိပ် ပေါ်လာသည် ။
'' ဘဝကို ပျော်ပျော်နေရမှာလား ..အဲ့တာ အရှုံးသမားတွေရဲ့ လက်သုံးစကား.. "
မင်ကျင့်က အထင်သေးစွာ ပြောလိုက်၏ ။
" သိုင်းလမ်းစဥ်ရဲ့ အဆုံးသတ်ကို ရောက်ရှိနိုင်တာက ငါ့အတွက် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းပဲ .."
ကျိုးချန်လည်း လေးနက်စွာဖြင့် ...
" ခွန်အားမရှိဘဲ ဘယ်လိုလုပ် ပျော်နိုင်မှာလဲ.. "
လင်းမို့ တစ်ယောက်သာ စဥ်းစားနေသည် ။ ပြီးနောက်...
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်.. "
"ဖူးး.."
" ဖူး.."
မင်ကျင့်နှင့် ကျိုးချန်တို့ သွေးအန်မတက် ဖြစ်သွား၏ ။
တတိယမေးခွန်း ထွက်ပေါ်လာသည် ။ Ai ၏ အသံက ကြမ်းတမ်းလာသည် ။
" မင်းသန်မာလာမယ်ဆိုရင် ဘာမဆို လုပ်နိုင်လား.. "
" လုပ်မယ်.. "
မင်ကျင့်က ချက်ချင်းပြန်ဖြေလိုက်ပြီး...
" ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင် နောက်မတွန့်ဘူး.. "
" လုပ်မယ်.. "
ကျိုးချန်လည်း ဖြေလိုက်သည် ။
" မလုပ်ဘူး.. "
လင်းမို့ အမှန်အတိုင်းသာ ဖြေလိုက်သည် ။
မင်ကျင့်က လင်းမို့အား ငတုံးတစ်ကောင်ကို မြင်နေရလို ကြည့်နေမိ၏ ။
' ဒီကောင် ငတုံးလား မသန်မာဘဲ ဘယ်လို ဆက်ရှင်သန်ရမလဲ.. ဦးနှောက်မရှိလိုက်တာ.. '
Ai ၏ အသံက ထွက်ပေါ်လာပြန်သည် ။
" မင်းတို့နှစ်ယောက် အဖြေတွေကို မင်းတို့ တကယ်ယုံကြည်လားဆိုတာ သိဖို့ စိတ်ဝိညာဏ်ဖိအား သက်ရောက်မှုခံရမယ်.. "
Ai ၏ စကားဆုံးသည်နှင့် မင်ကျင့်နှင့် ကျိုးချန် တို့ရပ်နေသော ဂြိုလ်သိမ်ပေါ်သို့ စိတ်ဝိညာဏ် ဖိအား ကျဆင်းလာသည် ။ နဂါးငွေ့တန်းပုံရိပ်ယောင်တွင် အဆင့် ၁၀၀ ရှိပြီး ဖိအား မခံနိုင်သည့်အချိန်သို့ ရောက်လျှင် ပုံရိပ်ယောင်လောကသို့ ကျဆင်းသွားရမည်ဖြစ်သည် ။
" အမ်.."
လင်းမို့သည် ဖိအားခံယူနေသော နှစ်ယောက်ကို ကြည့်ရင်း ဆွံ့အနေ၏ ။
" ငါရော.. ငါရော.. ငါကျန်သေးတယ်လေ.. "
အားလုံးအတူတူ စမ်းသပ်ခံနေသည်ကို မည်သည့်အတွက်ကြောင့် သူ့အား ဖယ်ထုတ်ထားပါသနည်း ။
" မင်းကလား.. "
Ai က လူတစ်ယောက်လိုပင် အထင်သေးသည့် အသံဖြင့်...
" ခုစမ်းသပ်တာက သိုင်းလမ်းစဥ် ခိုင်မာမှု ရှိမရှိ နဲ့ ကြိုးစားအားထုတ်ဖို့ စိတ်ဓာတ်ခိုင်မာမှု ရှိမရှိစမ်းသပ်တာလေ.. မင်းနဲ့ ဘာဆိုင်လို့လဲ.. "
" ဟမ်.."
လင်းမို့ ဤသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ ။ သူဘာဆက်လုပ်ရမည်နည်း ။
" အဲ့တာဆို ငါ့စမ်းသပ်မှုက ပြီးသွားပြီလား.."
" မပြီးသေးဘူး.. "
Ai က...
" မင်း ပုံရိပ်ယောင်လောကထဲမှာ ဆက်ဖြေရမှာ.. "
" ပုံရိပ်ယောင်လောက လား.."
လင်းမို့သည် သူ၏ အသိစိတ်ကို ပုံရိပ်ယောင်လောကအတွင်း ဆွဲခေါ်ခံနေရသည်ကို ခံစားမိ၍ အံ့အားသင့်သွား၏ ။
ထိုအခိုက် စနစ်၏ အသံက လင်းမို့၏ နားထဲတွင် ပဲ့တင်ထပ်နေသည် ။
" ပုံရိပ်ယောင်လောကမှာ မင်းအားနည်းလို့ ဖြစ်လာမယ့် နာကျင်မှုနဲ့ အကူအညီမဲ့မှုကို ခံစားကြည့်လိုက်.. "
လင်းမို့ စကားဆုံးအောင်ပင် မကြားလိုက်ရ ။ သူ၏ အသိစိတ်က အမှောင်ထုအတွင်း ကျရောက်သွားသည် ။
**
ရီသည် မင်ကျင့်အား အံ့သြစွာ စိုက်ကြည့်နေ၏ ။ မင်ကျင့်၏ တာအို နှလုံးသားက သူထင်ထားသည်ထက် ခိုင်မာနေသည် ။ ကျိုးချန်ထက်ပင် အများကြီး သာနေပေသည် ။ သို့သော်လည်း တပည့်အဖြစ်လက်ခံရန် စိတ်မဝင်စားပေ ။
' ဟူး.. သူ့မှာ ပါရမီ ရှိရင် ကောင်းသား..'
ပါရမီ နည်းသူတို့မှာ အဆင့်မြင့်လာလျှင် ကန့်သတ်ချက်များ ပိုများလာမည်ဖြစ်သည် ။ တာအို နှလုံးသား ခိုင်မာ၍ အကန့်အသတ်များကို ကျော်လွန်နိုင်မည်ထားအုံး အကြိမ်မည်မျှ ကျော်လွန်နိုင်ပါမည်နည်း ။
ကျိုးချန်သည် မင်ကျင့်လောက် တာအိုနှလုံးသား မခိုင်မာသေးသော်လည်း အဆင့် ၃ သက်ရှိ အထက်အဆင့်အထိ တစ်ဆို့မှုကို ခံရမည်မဟုတ် ။ အဆင့်တက်ရန် လွယ်ကူလှပေသည် ။
သိုင်းပညာလမ်းစဥ်တွင် မင်ကျင့်အတွက် အတားအဆီးများလှသော်လည်း ကျိုးချန်အတွက် လွယ်ကူချောမွေ့နေပေသည် ။
ရီသည် လင်းမို့အား များစွာမျှော်မှန်း ထားခဲ့သော်လည်း ယခုလို ဖြစ်လာမည်ဟု မထင်ထားခဲ့ ။ အမှတ်ပေါလွန်းနေ၍ လာကစားနေသည်လော ။
လင်းမို့၏ တာအိုနှလုံးသားဖြင့် ဆိုလျှင် ပုံရိပ်ယောင်လောကတွင် ကြာကြာ ခံနိုင်မည် မဟုတ်ချေ ။
စိတ်ဓာတ်ကြံ့ခိုင်မှု စမ်းသပ်ခြင်းနှင့် ပုံရိပ်ယောင်လောက နှစ်ခုစလုံးတွင် အဆင့် ၁၀၀ စီရှိပြီး ပုံရိပ်ယောင်လောက က နှစ်ဆပို၍ ခက်ခဲသည် ။
စိတ်ဓာတ်ကြံ့ခိုင်မှုတွင် ကျဆုံးပါက ပုံရိပ်ယောင်လောက အတွင်းသို့ ကျရောက်သွားမည်ဖြစ်ပြီး နှစ်ခုစလုံးပေါင်း၍ အကဲဖြတ်မည်ဖြစ်သည် ။
လူတစ်ဦးသည် စိတ်ဓာတ်ကြံ့ခိုင်မှုတွင် အဆင့် ၃၀ ရပြီး ပုံရိပ်ယောင်တွင် အဆင့် ၁၀ ရပါက နောက်ဆုံးစမ်းသပ်မှု ရလဒ်သည် အဆင့် ၃၀ ရမည်ဖြစ်သည် ။
လင်းမို့က ပို၍ ပင် အခြေအနေဆိုးနေ၏ ။ စိတ်ဓာတ်ကြံခိုင်မှုတွင် အဆင့် ၀ သာ ရထား၍ ပုံရိပ်ယောင်လောက၏ အဆင့်ကိုသာ အတည်ယူရတော့မည်ဖြစ်သည် ။
" ဟီးဟီး.. ဒီကလေး ဘယ်အဆင့်ထိ ရောက်မလဲ.. "
ရီက ရယ်လိုက်သည် ။ နဂါးငွေ့တန်းအတွင်းရှိ ထိပ်တန်းပါရမီရှင်များသည် စိတ်ဓာတ်ကြံ့ခိုင်မှု အဆင့် ၁၀၀ အထိ ရောက်နိုင်သော်လည်း ပုံရိပ်ယောင် လောကတွင် အဆင့် ၆၀ ကို ကျော်လွန်နိုင်သူ မရှိ ။
' လင်းမို့က နာနိုဝတ်စုံ လိုချင်ရင် အဆင့် ၃၀ ထိရောက်ရမယ်ဆိုတော့ ရနိုင်မယ် မထင်တော့ဘူး.. '
ရီသည် စည်းကမ်းများ ချိုးဖောက်၍ လင်းမို့အား ဆုပေးနိုင်သော်လည်း မည်သည့်အတွက်ကြောင့် လုပ်ပေးရမည်နည်း ။ လင်းမို့သည် မထိုက်တန်ပေ ။
' အရင်က သူ့ရဲ့ တိုးတက်နှုန်းကို ကြည့်ပြီး ကျိုးချန်ကို ရွေးမိတာ မှားပြီထင်နေတာ ..'
ရီက ဂုဏ်ယူစွာ သက်ပြင်းချလိုက်သည် ။
' ကြည့်ရတာ ငါ့အမြင်က ကောင်းနေသေးတာပဲ.. လင်းမို့က အမှိုက်သာသာပဲ သိုင်းလမ်းစဥ်မှာ ဆက်လျောက်ဖို့ လွယ်မှာ မဟုတ်ဘူး.. '
Chapter 215
~