← Chapters

ဒီလို စမ်းသပ်မှုမျိုးကို မကျော်ဖြတ်နိုင်တဲ့သူ ရှိသေးတယ်လား ~

Vol. 15 Ch. 215

ဒီလို စမ်းသပ်မှုမျိုးကို မကျော်ဖြတ်နိုင်တဲ့သူ ရှိသေးတယ်လား ~

Vol. 15 Ch. 215

ရီသည် ကျိုးချန်ကို ကြည့်ရင်း မျက်မှောင်ကြုပ်လိုက်မိ၏ ။

' ခုမှ အစကို ရုံးကန်နေရပြီလား.. '

ရီ မကျေမနပ် ဖြစ်သွား၏ ။ တာအိုနှလုံးသား ခိုင်မာလျှင် အစပိုင်းအဆင့်များတွင် မည်သို့မှ ခံစားရမည်မဟုတ် ။ ဤသည်က ကျိုးချန်မည်မျှ အားနည်းနေကြောင်းပြသနေသည် ။

' ဟူး.. ကြည့်ရတာ အဆင့် ၃၀ တောင် မရောက်လောက်ဘူးထင်တယ်.. အဆင့် ၂၀ အများဆုံးပဲ.. '

အဆင့် ၃၀ ထိရောက်မှသာ မဆိုးသည့်အထဲ ထည့်နိုင်မည်ဖြစ်သည် ။ အဆင့် ၃၀ အောက်များကို အားနည်းသည်ဟု သတ်မှတ်နိုင်၏ ။

ထို့ကြောင့် ရီသည် အဆင့် ၃၀ တွင် နာနိုဝတ်စုံ ဆုအဖြစ်သတ်မှတ်ထားခြင်းဖြစ်သည် ။

' အရမ်းကြီး မျှော်လင့်လို့လည်း မရဘူးလေ..'

ရီ တွေးသည် ။

' ကျိုးချန်က ကလေးဘဝထဲက လေ့ကျင့်လာတာမှ မဟုတ်တာ .. ငါခေါ်လာပြီးတော့ ပျိုးထောင်ပေးထားတာဆိုတော့ သူ့လမ်းစဥ်မှာ ကြိုးစားရုံးကန်ရတယ် ဆိုတာမှ မရှိတာ.. အနာဂတ်မှာ သူ့ကို ပိုပြီး လေ့ကျင့်ပေးရမယ်.. '

ကျိုးချန်သာ ရီ၏ အတွေးကိုသိလျှင် ထိုင်ငိုနေမိပေမည် ။ သူ့အား ရီက တာအိုခန္ဓာပိုင်ရှင်ဟု ပြောနေသော်လည်း ကောင်းကောင်းဖြတ်သန်းခဲ့ရသည့် နေ့ဟူ၍မရှိ ။ လင်းမို့အား အမြဲရှုံးနေခဲ့သည် ။

ခဏအကြာတွင် ရီသည် မင်ကျင့်အား အံ့အားသင့်စွာ ကြည့်လိုက်မိ၏ ။

' အဆင့် ၁၀ ကျော်လာတာတောင် အေးဆေးပဲဟ.. တာအိုနှလုံးသားက ကျိုးချန်ထက် အများကြီးသာတယ်.. ဟူး.. ဆိုးတာက ပါရမီ ပါမလာတာပဲ.. '

ရီ လင်းမို့ကို ကြည့်လိုက်၏ ။

" အမ်.."

' ပုံရိပ်ယောင်လောက ထဲမှာ အဆင့် ၁၅ ထိတောင် ရောက်နေပါလား..'

ပုံရိပ်ယောင်လောက၏ အဆင့် ၁၅ က စိတ်ဓာတ်ကြံ့ခိုင်မှု စမ်းသပ်ခြင်း အဆင့် ၃၀ နှင့် တူညီသည် ။

' ပုံရိပ်ယောင်လောက က စိတ်ဝိညာဏ်ဖိအားထက် ပိုခက်တာကို ဒီအဆင့်တောင် ရောက်နေပြီ.. ဖြစ်နိုင်တာက သူ့တာအိုနှလုံးသားက ခိုင်မာပင်မယ့် သူ့ကိုယ်သူ လက်မခံနိုင်တာများလား.. '

ရီ တွေးသည် ။ ကြိုးစားအားထုတ်သလောက် ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျသော ခွေးကောင်များ ရှိလေသည် ။ ။ အဆင့် ၁ ရသော်လည်း အမှတ်ပြည့်မရ၍ မကျေမနပ် ဖြစ်နေသော ကျောင်းသားများကဲ့သို့ပင် ။ အမြဲ ငါကြိုးစားတာ မလုံလောက်ဟု တွေးနေကြ၏ ။

လင်းမို့က ထိုသို့သော လူစားမျိုးသာ ဖြစ်ရမည် ။

ရီ ရယ်လိုက်မိ၏ ။

' စိတ်ဝင်စားစရာပဲ .. သူ စိတ်ဓာတ်ကြံခိုင်မှုစမ်းသပ်ခြင်းမှာ ပါရင် အဆင့် ၃၀ ရောက်နေပြီ.. ခုလို ဖျင်ယားတော့ ပုံရိပ်ယောင်လောကထဲ ဖြေနေရပြီ.. ပုံရိပ်ယောင်လောကထဲ အဆင့် ၃၀ ထိရောက်ဖို့ဆိုရင် အပြင်မှာ အဆင့် ၆၀ ရောက်ဖို့ထက်တောင် ခက်သေးတယ် ..'

ရီသည် လင်းမို့ အဆင့် ၃၀ ထိရောက်နိုင်မည်ဟု မယုံကြည်သေးပေ ။ သို့သော်လည်း ပုံရိပ်ယောင်လောကအတွင်းသို့ လိုက်မဝင်နိုင်၍ မည်သို့ ဖြစ်နေသည်ကို သူ မသိ ။

**

လင်းမို့သည် သူ၏ အသိစိတ် အမှောင်ထုအတွင်း ဆွဲယူခံလိုက်ရသောကြောင့် ကြောက်လန့်သွားသော်လည်း ပုံရိပ်ယောင်လောကတွင် အချိန်အနည်းငယ် ဖြတ်သန်းပြီးနောက် အထင်သေးသွားခဲ့၏ ။

' ဒါက ပုံရိပ်ယောင်လောကဆိုတာလား.. ဒါကို မကျော်ဖြတ်နိုင်တဲ့သူ ရှိသေးတာလား..'

ပုံရိပ်ယောင်လောက၏ ဖြတ်သန်းရပုံခြင်း တစ်ယောက်နှင့် တစ်ယောက်မတူကြောင်း သူ မသိ ။ လူတိုင်းရှိ နှလုံးသား ပုံရိပ်ကို ဦးတည်၍ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာခြင်းပင် ။

လင်းမို့သည် ပုံရိပ်ယောင်လောကတွင် မိုးကောင်းကင် တိုက်ကြီးရှိ မိသားစုငယ် တစ်ခု၏ သခင်လေး ချူးရီ အဖြစ် ကူးပြောင်းသွားခဲ့၏ ။

' အသုံးမကျတဲ့ကောင်အဖြစ် ကူးပြောင်းလာပြီးတော့ အားနည်းလို့ ဖြစ်လာမယ့် ဘေးဒုက္ခတွေကို ခံစားရမယ်ထင်တယ်.. တောင့်မခံနိုင်တဲ့ အခါ ရှုံးသွားမှာပဲ.. '

လင်းမို့တွေးသည် ။ သာမန် ဇာတ်လမ်းအရ ချူးရီသည် မကျင့်ကြံနိုင်သဖြင့် တစ်မိသားစုလုံး၏ လှောင်ပြောင်ခြင်းကို ခံနေရသော သခင်လေးတစ်ယောက်ပင် ။ သူသည် သစ္စာဖောက်များ ၊ မိသားစု ပြိုကွဲမှု နှင့် ကြုံ့တွေ့ရမည် ဖြစ်ပြီး နာကျင်စွာ သေဆုံး၍ စာမေးပွဲ ကျရှုံးမည်ဖြစ်သည် ။

သို့သော်လည်း လင်းမို့က မည်သူနည်း ။ အိပ်ရင်း အဆင့်တက်နိုင်သော ရွှေလက်ချောင်းပိုင်ရှင်ဖြစ်သည် ။ ဇာတ်လမ်းက Ai စီစဥ်သည့် ပုံစံမျိုး ဖြစ်မလာတော့ချေ ။

စိတ်ဓာတ်ကျ၍ သေဆုံးရမည့်အစား သခင်လေးပါးရိုက် ဇာတ်လမ်း ဖြစ်လာခဲ့၏ ။ ကြေကွဲဖွယ် ဇာတ်ကြောင်းနှင့် သခင်လေးပါးရိုက် ဇာတ်ဆောင် ။

လင်းမို့သည် သူ့ကိုယ်သူ ဇာတ်ကြောင်း၏ အဓိက ဇာတ်ဆောင် ဖြစ်လာကြောင်း သိပြီးနောက် ကျေနပ်သွား၏ ။

အဆင့် ၁၅ သို့ ရောက်သောအခါ မိသားစု၏ ဆရာငယ်လေးဖြစ်လာပြီး ထိပ်တန်းဂိုဏ်းတစ်ခုတွင် ပါဝင်၍ ဂိုဏ်းပေါင်းစုံမှ ပါရမီရှင်များကို အနိုင်ယူနေသည် ။

' ဒီလောက်လွယ်တာ မအောင်တဲ့သူ ရှိသေးတာလား..ဒါမှမဟုတ်...'

လင်းမို့ တွေးနေရင်း ထိတ်လန့်သွား၏ ။ ဇာတ်လမ်းက သူထင်ထားသလို မဟုတ်သည်လော ။

' ငါ့ကို အရင်ပျော်အောင်ထားပြီးမှ နောက်ကျော ဓားနဲ့ထိုးမှာလား.. '

လင်းမို့ ဇောချွေးများပင် ပြန်လာတော့သည် ။ သူ၏ ပတ်ဝန်းကျင်တွင် နတ်သမီးလေးများ ဝန်းရံနေ၍ သူကျေနပ်နေမိ၏ ။ သူချောက်နက်ထဲကျရန် လက်တလုံးခန့်သာ လိုတော့ပေသည် ။

' ငါ့ကိုငါ ထိန်းရမယ်.. အကိုမို့ကို ဒီလို လာစမ်းလို့ရမလား.. '

ထိုအချိန်မှ စ၍ လင်းမို့သည် ထိပ်တန်းပါရမီရှင်များကို အနိုင်ယူသကဲ့သို့ အနားသို့ကပ်လာသော နတ်သမီးလေးများကိုပါ အဖေအမေ မမှတ်မိသည်အထိ ရိုက်နှက်ပစ်တော့၏ ။ ဤနည်းဖြင့် ပုံရိပ်ယောင်လောကတွင် နောက်ကျောဓားဖြင့် အထိုးခံရမည်ကို စိုးရိမ်နေရန် မလိုတော့ ။

' ငါလေး ညဏ်ကောင်းလိုက်တာ.. '

လင်းမို့သည် တိုက်ပွဲကွင်းပြင် အတွင်း သူ့အား ပရောပရီလုပ်နေသော ဂိုဏ်း၏ သူတော်စင်မလေးကို ကန်ထုတ်ရင်း တွေးလိုက်မိသည် ။

' ဒီလောက်နဲ့ ငါ့ကို လှည့်စားချင်နေတာလား..'

လင်းမို့ သူ့ကိုယ်သူ ဂုဏ်ယူမိလိုက်၏ ။

စင်အောက်ရှိ လူအုပ်ကြားထဲတွင် ချူးရီ၏ အဖေဖြစ်သူက သူ့သားအား ဂုဏ်ယူစွာဖြင့် ကြည့်နေ၏ ။

' ငါ့သားက ဧကရာဇ် တစ်ပါး ဖြစ်လာမယ့် သူပဲ..'

Chapter 216

~

All Chapters