စူးစမ်းလေ့လာရေး အာကာသယာဥ်စု
Vol. 15 Ch. 216
~
ရီသည် လင်းမို့၏ ပုံရိပ်ယောင်လောကကို မြင်နိုင်စွမ်းမရှိသော်လည်း တစ်ဆင့်ပြီးတစ်ဆင့် တဟုန်တိုးမြင့်တက်လာသော အဆင့်ကို မြင်နေရသည် ။
' အဆင့် ၂၀.. '
ရီ တည်ငြိမ်စွာ ဖြင့် စောင့်ကြည့်နေ၏ ။
ထိုအခိုက် ကျိုးချန်၏ မျက်နှာမှာ ရှုံ့မဲ့နေပြီး အဆုံးစွန်အထိ ရောက်နေမှန်း သိသာလှသည် ။
' ဒီကောင် ဒီလောက်ပဲလား..'
ရီ မျက်မှောင်ကြုပ်လိုက်၏ ။ သူ၏ ဆက်ခံသူကို မကျေမနပ်မှု များ ပိုများလာသည် ။
' ဒီဂြိုလ်ပြာလေးမှာတောင် အဆင့် ၃၀ ကျော်နိုင်တဲ့သူက အယောက် ဆယ်ဂဏန်းရှိတယ်.. အမြင့်ဆုံးရောက်ဖူးတဲ့သူက အဆင့် ၃၉ ပဲ.. '
အဆင့် ၃၉ ရောက်ဖူးသူမှာ ရှားနိုင်ငံ၏ မဟာသခင်ခန်းမကို စတင်ခဲ့သူ ဖြစ်သည် ။
' ကျိုးချန်က ဒီဂြိုလ်ပြာမှာတောင် အဆင့်မမှီရင် နဂါးငွေ့တန်းတစ်ခုလုံးဆို အမှိုက်ထက်တောင် ပိုဆိုးနေမှာ.. '
ရီ မကျေနပ် သော်လည်း ဘာမှ မတက်နိုင် ။ ဂြိုလ်ပြာတွင် ပါရမီရှင်များ နည်းပါးလှ၍ အကောင်းဆုံးသူကိုသာ ရွေးချယ်နိုင်မည်ဖြစ်သည် ။
' ပတ်ဝန်းကျင်က ကြယ်အဖွဲ့အစည်းတွေကို သွားပြီး စစ်ကြည့်ရမလား.. အဲ့လိုလည်း မဖြစ်သေးပါဘူး..'
ရီသည် တွေးကြည့်ရုံသာဖြစ်၏ ။ သူ၏ အသက်စွမ်းအားမှာ သိပ်မကျန်တော့သဖြင့် တခြားကြယ်အဖွဲ့အစည်းများကို ရှာရန်အချိန်မရှိတော့ချေ ။
ကြယ်အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုကြား ဝေးလွန်းလှသည် ။ သူ၏ စိတ်အာရုံမှာလည်း ကြယ်အဖွဲ့အစည်း တစ်ခုလုံးကို မလွှမ်းခြုံနိုင်၍ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ရှာဖွေရမည် ဖြစ်သည် ။ ကြယ်အဖွဲ့အစည်းတစ်ခု၏ အကျယ်အဝန်းက အလင်းနှစ် တစ်ရာလောက်ရှိပေသည် ။
' ထားလိုက်ပါတော့..'
ရီ ခေါင်းခါလိုက်သည် ။
' ဒီလို ယဥ်ကျေးမှုတစ်ခုတွေ့ဖို့ဆိုတာ ကြယ်အဖွဲ့အစည်းတစ်ရာမှာ တစ်ခုရှိဖို့ မသေချာဘူး ..လူမျိုးနွယ်ကို ရှာတွေ့ဖို့ဆိုရင် တစ်သောင်းပုံ တစ်ပုံတောင် ရှိချင်မှ ရှိမယ်.. '
နဂါးငွေ့တန်း တစ်ခုလုံးတွင် လူသားမျိုးနွယ်နေထိုင်ရာ ဂြိုလ် ၂၀၀၀၀၀ လောက်သာ ရှိပေသည် ။ နဂါးငွေ့တန်းတွင် ကြယ်အဖွဲ့အစည်းများ ဘီလီယံချီ၍ ရှိသောကြောင့် အချိုးကျကြည့်လျှင် ကြယ်အဖွဲ့အစည်း တစ်သန်းတွင် လူနေထိုင်ရာ ဂြိုလ်တစ်ခုသာ ရှိ၏ ။
ထို့အပြင် ငွေရောင်နှလုံးသားတွင် လူမျိုးနွယ်များအား စုစည်းထားချင်းကြောင့်သာ ဤမျှ များပြားနေခြင်းဖြစ်သည် ။
နေအဖွဲ့အစည်းကဲ့သို့ စွန့်ပစ်ခံဒေသတွင် တစ်သန်းပုံ တစ်ပုံပင် ရှိမည်မဟုတ် ။
ရီသည် လူသားမျိုးနွယ်ကို လိုက်ရှာလိုလျှင် ပင်လယ်ထဲတွင် အပ်ပျောက်သည် ထက်ပင် ပိုရခက်ချေမည် ။ သူ၏ အမြင်အရ နေအဖွဲ့အစည်းသို့ ရောက်လာပြီး လူသားမျိုးနွယ်ကို တွေ့ရှိခဲ့ခြင်းမှာ သူ၏ ကံကြမ္မာပင်ဖြစ်သည် ။
' ဒီသောက်တုံး ကျိုးချန်ကြောင့်သာ မဟုတ်ရင် တခြားကြယ်အဖွဲ့အစည်းကို လူသွားရှာဖို့ စဥ်းစားနေရမှာမဟုတ်ဘူး.. '
ရီ၏ အကြည့်များ ပိုမိုအေးစက်လာ၏ ။ သို့သော်လည်း သူသည် အနီးဆုံး ကြယ်အဖွဲ့အစည်းဖြစ်ပြီး အလင်းနှစ်လေးနှစ်သာဝေးသည့် အယ်ဖာစင်တောရီ တွင် ကြယ်သုံးလုံးဖြင့် ဖွဲ့စည်းထားသော ထရိုင်ဆိုလာရီဟူသည့် ယဥ်ကျေးမှုတစ်ခုရှိကြောင်းကို မသိခဲ့ ။ ထိုယဥ်ကျေးမှု၏ နည်းပညာက ဂြိုလ်ပြာထက် မြင့်မားပြီး စူးစမ်းလေ့လာရေး အာကာသယာဥ် တပ်ဖွဲ့တစ်ခုကို နေအဖွဲ့အစည်းဆီသို့ လွှတ်ထားသည်မှာ ရောက်လာဖို့ရန်ပင် နီးကပ်နေလေပြီ ။
' အဆင့် ၂၃.. '
ရီက စမ်းသပ်မှု ခံယူနေသူ သုံးယောက်အား အာရုံပြန်စိုက်လိုက်သည် ။
" အား..."
ကျိုးချန်က ရုတ်တရက် အော်ဟစ်လိုက်၏ ။ သူဆက်လက် တောင်မခံနိုင်တော့ဘဲ ပုံရိပ်ယောင်လောကအတွင်းသို့ ကျဆင်းသွားသည် ။ သူသည် အဆင့် ၂၂ သာ ရရှိခဲ့သည် ။
ပုံကိပ်ယောင်လောကမှာ ပို၍ ခက်ခဲသဖြင့် ကျိုးချန်သည် အဆင့် ၁၀ ကိုသာ အောင်မြင်ပြီး အဆင့် ၁၁ တွင် ကျရှုံးသွားသည် ။
" ဟူး...."
ကျိုးချန်သည် စမ်းသပ်မှု အားလုံးပြီးဆုံးပြီးနောက် အသက်ပြင်းပြင်းရှုလိုက်၏ ။ မျက်လုံး ဖွင့်ကြည့်လိုက်ပြီး...
" ငါ့အဆင့်က သိပ်မကောင်းပင်မယ့် အနိမ့်ဆုံးမဟုတ်တာ တော်သေးတယ်.. '
သူ၏ တာအို နှလုံးသားမှာ အားနည်းသော်လည်း Black Earth တွင် တာအိုနှလုံးသားဟူ၍ပင် မရှိ ။
' ငါက အောက်ဆုံးမဟုတ်တော့ ဆရာက ငါ့ကို မဆဲလောက်ဘူးမှလား.. '
ကျိုးချန်တွေးပြီး ကျန်နှစ်ယောက်ကို လှည့်ကြည့်လိုက်သည် ။
သူဆွံ့အ သွား၏ ။ မင်ကျင့်မှာ သူမျှော်လင့်ထားသလို စမ်းသပ်ဆဲ ဖြစ်သော်လည်း Black Earth မှာ မည်သည့်အတွက်ကြောင့် စမ်းသပ်ဆဲ ဖြစ်နေရပါသနည်း ။
' ဘာလို့လဲ.. '
ကျိုးချန် မတုန့်ပြန် နိုင်ခင် ပတ်ဝန်းကျင်တစ်ခုလုံး မှုန်ဝါးသွားပြီး ရှေးဦးစကြာဝဠာ အတွင်းမှ ဆွဲထုတ်ခံလိုက်ရသည် ။ သူ့တွင် နောက်ဆုံး အတွေးတစ်ခု သာ ရှိတော့သည် ။
' ငါ့ အဆင့်က နောက်ဆုံးလား..'
ရီ ကျိုးချန်အား ကန်ထုတ်လိုက်သည့် အချိန်တွင် လင်းမို့နှင့် မင်ကျင့်တို့ အဆင့် ၃၁ သို့ ရောက်ရှိနေပြီဖြစ်သည် ။
ရီသည် မင်ကျင့်၏ စွမ်းရည်အပေါ် မအံ့သြသော်လည်း လင်းမို့အား ကြည့်ရင်း ဆွံ့အနေ၏ ။
' ဒီကောင် ဘာကောင်လဲ.. '
လင်းမို့အား ဘီလူးတစ်ကောင်ကို မြင်ရသလို စိုက်ကြည့်နေသည် ။
' ပုံရိပ်ယောင် အဆင့် ၃၀ က ဖိအား အဆင့် ၆၀ ထက်တောင် ပိုခက်တာကို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. '
ရီ သည် မယုံကြည်နိုင် ဖြစ်နေ၏ ။ နဂါးငွေ့တန်း တစ်ခုလုံးတွင်ပင် ရှားပါးလေသည် ။
' ဒီကောင်က သိုင်းလမ်းစဥ်ကို မယုံကြည်ဘူး ပြောသေးတာလား..'
သူ မည်သို့ စဥ်းစားရမည်မသိ ။ ဤသည်က မခိုင်မာဘူးလော ။ သံမဏိထက်ပင် ခိုင်မာနေချေသေးသည် ။
' တိတ်တိတ်လေးကြိုးစားတက်တဲ့ ခွေးမျိုး.. ' (စာခိုးကျတ်တဲ့ကောင်မျိုး..)
ရီ ကျိန်ဆဲလိုက်၏ ။
' ဒီကောင်က ဒီအဆင့်ရောက်နေတာတောင် ဝန်ခံမှာ မဟုတ်ဘူး.. '
ရီပို၍ ထိတ်လန့်ရသည်မှာ လင်းမို့သည် အဆင့် ၃၁ တွင် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေရမည့်အစား ကျေနပ်ဟန်ဖြင့် ပြုံးဖြီးနေ၏ ။
' နာကျင်တာကို ပျော်နေတာလား..'
ရီ သည် မယုံကြည်နိုင်လောက်သည့် မြင်ကွင်းကို ရှာတွေ့ခဲ့လေပြီ ။ သူ ကဲ့သို့ ကျွမ်းကျင်သူ တစ်ယောက်ပင် နာကျင်နေချိန်တွင် ပြုံးပျော်နေနိုင်မည်မဟုတ် ။
' လင်းမို့ ဘယ်အဆင့်ထိ ရောက်မလဲ မသိဘူး.. '
ထိုအချိန် ပုံရိပ်ယောင်လောကတွင်...
လင်းမို့သည် မိုးကောင်းကင် တိုက်ကြီး၏ အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်နေပြီး နတ်ဘုရားဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည် ။
Chapter 217
~