ချို့ယွင်းချက်ကို အသုံးချတာလား ~
Vol. 15 Ch. 218
ရီသည် ဂြိုလ်ပြာပေါ်တွင် နဂါးငွေ့တန်း၏ စံချိန်ကို ချိုးဖျက်နိုင်မည့်သူ ပေါ်လာမည်ဟု ထင်မထားမိ ။ တာအိုခန္ဓာပိုင်ဆိုင်ထားသည့် ကျိုးချန်လို ပါရမီရှင်မျိုးပင် နဂါးငွေ့တန်းတွင် ပေါများလှပေသည် ။ သို့သော်လည်း မယုံကြည်၍ မရတော့ ။ သူတွေးနေတုန်းပင် လင်းမို့က အဆင့် ၆၀ ကို ရောက်ရှိသွားသည် ။
' ဟူး .. နဂါးငွေ့တန်းရဲ့ စံချိန်ကို တိတ်တဆိတ် ကျော်ဖြတ်နိုင်သွားတာပဲ.. ငွေရောင်နှလုံးသားမဟာမိတ်ကလူတွေ သိရင် ဘယ်လိုနေမလဲ မသိဘူး.. '
ရှေးဦးစကြာဝဠာ က ရီ ကိုယ်တိုင် ပုံစံတူ ဖန်တီးထားခြင်းဖြစ်၍ ဂြိုလ်ပြာ၏ သီးသန့်သုံးဖြစ်သည် ။ သူကိုယ်တိုင်ပင် ရန်သူများလက်မှ ပုန်းအောင်းနေရသည်ဖြစ်ရာ ဤသတင်းကို မကြော်ညာရဲ ။
**
ချယ်ရီပန်းနိုင်ငံ..
မင်ကျင့်တစ်ယောက် ရှေးဦးစကြာဝဠာ အတွင်းမှ စိတ်ရှုပ်ထွေးဟန်ဖြင့် ထွက်လာ၏ ။
သူ့ ပတ်ဝန်းကျင်တွင် မဟာသခင်များ ဝိုင်းရံထားကြသည် ။
" မင်ကျင့်.. ဘယ်လိုလဲ.. "
" ဘယ်အဆင့်အထိ ရောက်ခဲ့လဲ နာနိုဝတ်စုံကော ရခဲ့လား.. "
" မင်း အဆင့် ၃၀ ကို ကျော်နိုင်ဖို့က မခက်ဘူးမှတ်လား.."
ချယ်ရီပန်းနိုင်ငံ၏ မဟာသခင်များက မင်ကျင့် ၏ တာအိုနှလုံးသား ခိုင်မာမှုကို သိ၍ စိတ်မပူကြသော်လည်း မင်ကျင့်၏ စိတ်ရှုပ်ထွေးနေမှုကို မြင်လျှင် အလောတကြီး မေးလိုက်ကြသည် ။
" အဆင့် ၄၈ ကို ကျော်ဖြတ်နိုင်ခဲ့တယ်.. "
မင်ကျင့်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည် ။
" နာနိုဝတ်စုံက သိပ်မကြာခင် ရောက်လာမယ်ထင်တယ်.. "
" အဆင့် ၄၈...."
" ရှီး...."
" မင်ကျင့်.. မင်း ဂြိုလ်ပြာရဲ့ အဆင့် ၁ ဖြစ်သွားပြီပေါ့.. "
" မင်း နာနိုဝတ်စုံ ဝတ်ထားရင် လုံခြုံရေး စိတ်ပူစရာမလိုတော့ဘူး.. ငါတို့ လင်းမို့ကို သတ်ပြီးရင် ရှားနိုင်ငံက လက်စားချေမှာကို အရမ်းကြီး စိုးရိမ်နေစရာမလိုတော့ဘူး.. "
မင်ကျင့်လည်း နာနိုဝတ်စုံကို လိုချင်ရင် နဂါးငွေ့တန်းပုံရိပ်ယောင်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည် ။ မဟာသခင်များက လင်းမို့ကို လုပ်ကြံပြီးလျှင် ရှားနိုင်ငံက မင်ကျင့်အား ပြန်လည်လုပ်ကြံမည်ကို စိုးရိမ်သောကြောင့်ပင် ။ သို့သော်လည်း မင်ကျင့်အကြောင်းကို သိသူမှာ လက်ချိုး၍ ရေတွက်နိုင်သဖြင့် အရမ်းကြီးတော့ မစိုးရိမ်ချေ ။
" မင်ကျင့်.. မင်းက နာနိုဝတ်စုံရခဲ့တယ်ဆိုရင် မင်းပုံစံက ဘာဖြစ်နေတာလဲ.. "
" ကျွန်တော်.. "
မင်ကျင့်က ခဏ တုံ့ဆိုင်းသွားပြီး...
" နဂါးငွေ့တန်း ပုံရိပ်ယောင်ထဲမှာ Black Earth ကို တွေ့ခဲ့လို့.. "
" Black Earth လား.. "
" သူနဲ့ တွေ့ခဲ့တယ်ပေါ့.. "
" Black Earth က အဆင့် ဘယ်လောက်ရလဲ.. သူလဲ နာနိုဝတ်စုံ ရလိုက်လား.."
Black Earth ဟု ဆိုသဖြင့် အားလုံး စိတ်ဝင်စား သွားကြ၏ ။
" သူလည်း ရမယ်ထင်တယ်.. "
မင်ကျင့်က မသေချာဟန်ဖြင့်...
" Black Earth က နဂါးငွေ့တန်းပုံရိပ်ယောင်ရဲ့ ချို့ယွင်းချက်ကို သိတာလား မသိဘူး.. သူ့ကြည့်ရတာ ပုံမှန်မဟုတ်ဘူး.. "
မင်ကျင့်က နဂါးငွေ့တန်းပုံရိပ်ယောင်အတွင်း ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ်ပြန်ရှင်းပြလိုက်၏ ။
" ဘာပဲ ဖြစ်ဖြစ် Black Earth ကို အုပ်ထိန်းသူက ခေါ်ထားတာဆိုတော့ ချို့ယွင်းချက်ရှိရင် သူသေချာပေါက် သိမှာပဲ.. အဲ့ချို့ယွင်းချက်ကို အသုံးချပြီး နာနိုဝတ်စုံ ရအောင်ယူနေတာထင်တယ်.. "
မင်ကျင့် သံသရ ဝင်နေသည်က မမှား ။ စိတ်ဝိညာဏ်ဖိအား၏ နာကျင်မှုကို မည်သူက ပြုံး၍ ခံနေနိုင်မည်နည်း ။
သူ၏ စကားကို မဟာသခင်များကြားလျှင် မျက်လုံးများ တောက်ပလာကြ၏ ။
" မင်ကျင့် မင်းတော်တယ်.. "
" Black Earth တောင် လုပ်နိုင်သေးတာ ငါတို့လဲ လုပ်နိုင်တာပေါ့.. ငါတို့ ချယ်ရီပန်း နိုင်ငံက နာနိုဝတ်စုံတွေ အများကြီး ရတော့မယ်.. "
" ငါတို့ နိုင်ငံက ပိုပြီး သန်မာလာတော့မယ်.. "
မဟာသခင်များက တွေးရင်း ပို၍ စိတ်လှုပ်ရှားလာကြ၏ ။ သူတို့၏ လက်များကို ပွတ်သပ်ရင်း နဂါးငွေ့တန်းပုံရိပ်ယောင်ကို စိန်ခေါ်ရန် တွေးနေကြသည် ။
သူတို့ နဂါးငွေ့တန်းပုံရိပ်ယောင်အတွင်းဝင်၍ လင်းမို့၏ နည်းအတိုင်းလုပ်လျှင် တစ်သက်တစ်ခါ ဝင်ခွင့်နှင့် သန်းတစ်ရာဆုံးရှုံးသွားမည်ကိုတော့ မသိကြ ။
**
အဆင့် ၉ သက်ရှိ ရီတစ်ယောက် သူ့ဘဝသူ သံသရ ဝင်မိသည်အထိ အံ့သြထိတ်လန့်နေ၏ ။
လင်းမို့သည် ပုံရိပ်ယောင်လောက အတွင်း အဆင့်များ လျင်မြန်စွာ မြင့်တက်လာခဲ့၏ ။
" 60... 70...80..."
ရပ်တန့်မည်ပုံ မပေါ်သေးပေ ။
' လင်းမို့က ပုံရိပ်ယောင်လောကထဲ ဘာတွေ ကြုံတွေ့နေရလို့လဲ.. ဘာလို့ အဆင့်မြင့်လာလေလေ သူ့မျက်နှာက ပြုံးဖြီးဖြီး ပိုဖြစ်လာတာတာလဲ.. '
ဤသည်က ရီ၏ အသိပညာကို ကျော်လွန်နေပြီ ဖြစ်သည် ။ မည်သည့်သက်ရှိမျိုးက အဆင့် ၈၀ နာကျင်မှုတွင် ပြုံးရွှင်နေနိုင်မည်နည်း ။ သူသာ လင်းမို့၏ ပုံရိပ်ယောင်လောကအတွင် ဝင်ကြည့်နိုင်လျှင် ဝင်ကြည့်မိပေမည် ။ ယခုတော့ အပြင်မှသာ စောင့်ကြည့်နေနိုင်၏ ။
" အဆင့် ၉၀.. "
ရီသည် လင်းမို့အား ပါးစပ်အဟောင်းသား ဖြင့်သာ စိုက်ကြည့်နေနိုင်တော့သည် ။
သူ ဆုံးဖြတ်လိုက်၏ ။ လင်းမို့သာ အဆင့် ၉၀ ကိုကျော်လွန်နိုင်လျှင် အမွေခံအဖြစ် သတ်မှတ်လိုက်တော့မည် ဖြစ်သည် ။ သို့သော်လည်း ထိုအတွေးက ခဏတာပင် ။
' ငါ အသက်ရှင်ဖို့ နှစ်နည်းနည်းတော့ ကျန်ပါသေးတယ်.. ဘယ်သူ ပိုပါရမီကောင်းလဲသိအောင် ဆက်စောင့်ကြည့်နေတာပဲ ပိုကောင်းပါတယ်.. '
ရီသည် အရင်က ကျိုးချန်ကိုသာ အလေးထားခဲ့သော်လည်း ယခု လင်းမို့အား အလေးအနက်ထားရတော့မည်ဖြစ်သည် ။ လင်းမို့က သူမျှော်လင့်ထားသည်ထက် သန်မာနေပေသည် ။
" အဆင့် ၉၁.. ကြည့်ရတာ ပုံရိပ်ယောင်လောက တစ်ခုလုံးကို အောင်မြင်တော့မယ် ထင်တယ်.. "
ရီ တုန်လှုပ်စွာ ဆက်ကြည့်နေ၏ ။ သူထင်ထားသည့်အတိုင်းပင် လင်းမို့က အဆင့် ၁၀၀ အထိ အောင်မြင်သွားသည် ။
" သောက်ရူး.. "
ရီ သည် ကျိန်ဆဲ၍ ရှေးဦးစကြာဝဠာ အတွင်းမှ ထွက်လာလိုက်သည် ။ ဆုလဒ်များမှာ ရှေးဦးစကြာဝဠာ ၏ စနစ်က ထုတ်ပေးမည်ဖြစ်၍ သူနှင့် မသက်ဆိုင်ပေ ။
**
လင်းမို့သည် ပုံရိပ်ယောင်လောကအတွင်းမှ ထွက်လာရ၍ မကျေနပ်သေးပေ ။
" သောက်ခွေး Ai ငါအားရအောင် မကြွားရသေးဘူးကွ.. "
လင်းမို့သည် ကျိန်ဆဲ၍ ရှေးဦးစကြာဝဠာ ထဲမှ ထွက်လာ၏ ။ ပုံရိပ်ယောင်လောကအတွင်း အဆင့် ၁၀၀ အထိနေခဲ့ရ၍ ချစ်ရသူ ၊ မိသားစုနှင့် သူငယ်ချင်းများစွာ ကျန်ခဲ့လေသည် ။
မူလ ဇာတ်လမ်းအရ အဆင့် မြင့်လာလျှင် လင်းမို့၏ ဘေးရှိသူတိုင်း ဒုက္ခရောက်ကြမည်ဖြစ်သော်လည်း သူ့တွင် ရွှေလက်ချောင်းရှိသဖြင့် အားလုံးကို ကာကွယ်၍ ရန်သူအားလုံးကို အနိုင်ယူနိုင်ခဲ့သည် ။ ပုံရိပ်ယောင်လောက၏ စကြဝဠာ တစ်ခုလုံးအား ထိန်းချုပ်ပြီးချိန်တွင် အောင်မြင်သွားပြီဟုဆိုကာ အပြင်လောကသို့ ပြန်ရောက်လာ၏ ။ လောက တစ်ခုလုံးအား ထိန်းချုပ်ပြီးချိန်တွင်မှ လုပ်ရန် ဆုံးဖြတ်ထားသော အရာများစွာကို လုပ်ရန် အချိန်မရလိုက် ။ နှမြောစရာကောင်းလှသည် ။
' ပုံရိပ်ယောင်ဆိုပင်မယ့် လူတိုင်းရှေ့မှာ ခေါင်းမော့ပြီး ကြွားပြရတာ အရသာရှိလိုက်တာ ..
လင်းမို့တွေးသည် ။ သူ ပုံရိပ်ယောင်လောကအတွင်းမှ အပြင်သို့ ပြန်ရောက်သည်နှင့် အမှတ်တရများက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့သည် ။ သူမှတ်မိသည်က လူအများရှေ့တွင် စွမ်းရည်များ ထုတ်ဖော်ပြသခဲ့ဖူးသည် ဆိုသလောက်ပင် ။ ဤသည်က စိတ်ကူးယာဥ် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသည့် ခံစားချက်မျိုးပင် ။ စာအုပ်ပြီးဆုံး သွားသည်နှင့် အပြင်လောကသို့ ပြန်ရောက်လာခဲ့၏ ။
သူ ရှေးဦးစကြာဝဠာ မှ ထွက်လာချိန်တွင် မနက်ခင်းသို့ ရောက်နေလေပြီ ။
" ဟမ်.."
သူ့ဖုန်းတွင် ခေါ်ဆိုထားသော နံပါတ်တစ်ခုကို မြင်လိုက်ရ၏ ။ သူ့အဖေ ထံမှဖြစ်သည် ။
" တစ်ခုခု ဖြစ်လို့လား.. "
ဖုန်း အမြန် ပြန်ခေါ်လိုက်သည် ။
Chapter 219
~