Chapters

ဒီနေ့ အလုပ်နည်းနည်းရှုပ်နေတယ် ~

Vol. 15 Ch. 219

ဒီနေ့ အလုပ်နည်းနည်းရှုပ်နေတယ် ~

Vol. 15 Ch. 219

လင်းမို့သည် ကျန်းနန်တက္ကသိုလ်သို့ ရောက်ပြီးကတည်းက အိမ်သို့ တစ်ပတ်လျှင် တစ်ကြိမ်လောက်သာ ဖုန်းဆက်ဖြစ်သည် ။ သာမန်ကျောင်းသားများကဲ့သို့ အိမ်မှ ပိုက်ဆံမတောင်းရ၍ ဖုန်းသိပ်မဆက်ဖြစ်ချေ ။

လင်းမို့လို ပါရမီရှင်မျိုးအတွက် ငွေက အရေးမပါပေ ။ ဟောက်ရန် နှင့် လီကျားရွှမ်ကဲ့သို့ ငွေကို ရေလိုသုံးနေသည့် သူမျိုးပင် အိမ်သို့ ပြန်တောင်းရန် မလိုအပ် ။ လေ့ကျင့်ရန် အရင်းအမြစ်များက ငွေနှင့် ဝယ်၍ မရ ။ စားသောက်စားရိတ်သာ ကုန်ဆုံးလေသည် ။

" ဟလို အဖေ.. ဘာကိစ္စ ရှိလို့လဲ.. "

လင်းမို့ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်၏ ။ သူလေ့ကျင့်သည်ကို အနှောက်အယှက်ဖြစ်မည်စိုး၍ အိမ်မှ ဖုန်းဆက်လေ့မရှိပေ ။ လင်းမို့ ဆက်မှသာ ဖုန်းပြောဖြစ်ကြသည် ။

လင်းမို့သည် သူလေ့ကျင့် မနေဘဲ တနေကုန် အားလပ်သည်ဟု ပြောသော်လည်း သူ့မိဘများက မယုံကြ ။ ခိုး၍ လေ့ကျင့်နေသည်ကို သူတို့အား ဖွင့်မပြော၍ပင် ကြိမ်းမောင်းခံလိုက်ရ၏ ။ သူ ခိုးလေ့ကျင့်သည်ဟူသော သတင်းက ကျန်းနန်မြို့တွင်သာမက ဟိုင်းချန်မြို့အထိပါ ပြန့်နှံ့နေလေသည် ။

ဟိုင်းချန် အထက်တန်းကျောင်း၏ လေ့ကျင့်နည်းအဖြစ်ပင် အသုံးချခဲ့ပြီး ဆရာများက နှိမ့်ချစွာ လေ့ကျင့်နည်းဟု နာမည်ပေးခဲ့ကြသည် ။

သူမိဘများက အရေးကြီး ကိစ္စ မရှိလျှင် ဖုန်းဆက်မည် မဟုတ်သဖြင့် သူအလောတကြီး မေးလိုက်ခြင်းဖြစ်သည် ။

" ရှောင်မို့ ဘာလို့ ခုမှ ​ဖုန်းပြန်ခေါ်တာလဲ.. တစ်ညလုံး လေ့ကျင့်နေတာလား.. "

" မလေ့ကျင့်ပါဘူး.. "

လင်းမို့ အမှန်အတိုင်းပြန်ဖြေလိုက်၏ ။ နာနိုဝတ်စုံ ရရှိရန် သူတစ်ညလုံး နဂါးငွေ့တန်းပုံရိပ်ယောင်ထဲတွင် အချိန်ကုန်ဆုံးခဲ့၏ ။

" မင်းလေ့ကျင့်နေတာကို လေ့ကျင့်နေတယ်ပြောကွ.. ဒါရှက်စရာမှ မဟုတ်တာ.. ကိုယ့်အဖေကို ပြောရတာ ရှက်နေစရာမလိုဘူး.. "

အဖေလင်းက...

" မင်းရဲ့ အလေ့အကျင့်ကို ပြောင်းလဲ သင့်နေပြီ.. "

အဖေလင်း ထင်ရာစွတ်ပြော၍ လင်းမို့အား ပြန်ငြင်းခွင့်မပေးဘဲ ...

" မင်းကို ပြောစရာရှိလို့.. မင်းအမေက ကျင့်ဒူမြို့က ကျန်းမိသားစုကဆိုတာ အဖေပြောဖူးတာ မှတ်မိတယ်မှလား.. "

" ဟုတ် မှတ်မိပါတယ်.. "

လင်းမို့ ခေါင်းညိတ်လိုက်၏ ။

ကျန်းမိသားစုသည် ကျင့်ဒူမြို့၏ ထိပ်တန်းမိသားစု တစ်ခုပင် ။ လင်းမို့၏ မိခင်ဖြစ်သူ ကျန်းချမ်၏ ဦးလေးမှာ မဟာသခင် ခန်းမတွင်ပင် အဆင့်မနိမ့်သော မဟာသခင်အဆင့် ကျွမ်းကျင်သူဖြစ်သည် ။

ဖေဖေလင်းနှင့် မေမေလင်းတို့တွင် စိတ်ကူးယာဥ် အချစ်ဇာတ်လမ်းတစ်ခု ရှိခဲ့ကြပြီး ကျန်းမိသားစုမှ သဘောမတူ၍ မေမေလင်းက မိသားစုနှင့် အဆက်ဖြတ်ကာ ဖေဖေလင်းနောက်သို့ လိုက်လာခဲ့သည် ။ ကျန်းမိသားစုက သူမအား မိသားစု စာရင်းမှ ထုတ်ပယ်ပစ်ခဲ့၏ ။

" မနေ့ညတုန်းက ကျန်းမိသားစုက မင်းအမေကို ဖုန်းဆက်တယ်.. "

ဖေဖေလင်းက...

" မင်းအမေကို ကျန်းမိသားစုဆီ ပြန်ခေါ်ချင်လို့တဲ့.. "

လင်းမို့ နားလည်သွား၏ ။ သူ၏ အမေဖြစ်သူမှာ အချစ်ကို ရွေးချယ်ခဲ့သော်လည်း ကျန်းမိသားစုမှ နှင်ထုတ်ခံရသည်ကို နာကျင်နေမည်မှာ သေချာ၏ ။ သူမ ကျန်းမိသားစုဝင် ဖြစ်ချင်မှန်း လင်းမို့ အရင်တည်းက သိပေသည် ။

လင်းမို့သည် သူ မဟာသခင် အဆင့်ရောက်မှ သူ့အမေအား ကျန်းမိသားစုအား ဂုဏ်ယူစွာ ပြန်ခွင့်ပေးရန် စဥ်းစားထားသော်လည်း ကျန်းမိသားစုက အရင်ပြောလာမည်ဟု ထင်မထားပေ ။

လင်းမို့သည် သူ၏ ပါရမီကြောင့် ပြန်ခေါ်ချင်မှန်း သိပေသည် ။ အနာဂတ် သိုင်းမဟာသခင် လောင်းအား လက်မခံချင်မည့် မိသားစုရှိမည်မဟုတ် ။

ထို့အပြင် တက္ကသိုလ်တွင် သူပြသခဲ့သည် စွမ်းရည်များကြောင့် စစ်နတ်ဘုရား ဖြစ်လာမည့် သူဟုပင် ထင်ကြေးများ ပေးနေကြသည် ။

ထိုကြောင့် ကျန်းမိသားစုက ပြန်ပေါင်းထုတ်နိုင်ရန် ကြိုးပမ်းလာခြင်းပင် ။

" မင်းလည်း တွေးဖူးတယ်မှလား.. "

ဖေဖေလင်းက အခြေအနေများကို ရှင်းပြလိုက်ပြီး...

" မင်းအမေက ကျန်းမိသားစု ဆီကို ပြန်သွားချင်တာ ထုတ်မပြောဘဲ နေတာ ကြာလှပြီ.

" သားသိပါတယ်.. "

လင်းမို့က...

" သား ဘာလုပ်ရမှာလဲ .."

" ကျန်းမိသားစုက မင်းနဲ့တွေ့ပြီး စကားပြောချင်နေတာ.. "

ဖေဖေလင်းက...

" ကျန်းနန် မြို့မှာပဲ ဒီနေ့ည တွေ့မယ်တဲ့.. "

" ဟုတ် သားသွားတွေ့လိုက်မယ် .."

လင်းမို့က သဘောတူလိုက်သည် ။ ဖုန်းမချခင် အချိန်အထိ သားအဖနှစ်ယောက် အချိန်အတော်ကြာ အလာပ သလာပ များ ပြောလိုက်ကြသည် ။

Chapter 220

~