Black Earth နဲ့ယှဥ်ရင် မင်းက ဘာကောင်မှ မဟုတ်ဘူး ~
Vol. 15 Ch. 222
ကျန်းယွင်ရှန်သည် ညခုနှစ်နာရီ ထိုးခံနီးလာလျှင် စိတ်မရှည်တော့ချေ ။
" ၆:၅၀ ကျော်နေပြီ.. လင်းမို့ ရောက်မလာသေးဘူး .."
ကျန်းယွင်ရှန်က လက်တွင် ဝတ်ထားသော တန်ဖိုးကြီးနာရီကို စိတ်မပါလက်မပါ ကြည့်လိုက်ပြီး...
" ချိန်းထားတာ ၇ နာရီကို ..အဲ့လင်းမို့ဆိုတဲ့ကောင်က စောလာရမယ်ဆိုတာ မသိဘူးလား မသိဘူး.. "
ကျန်းယွင်ရှန်သည် စောင့်ရတာ ကြာလာ၍ စိတ်မရှည်တော့ ။
ကျန်းယွင်ဟိုင်က ကောက်ကျစ်သော အကြည့်နှင့် ကျန်းယွင်ရှန်အား စိုက်ကြည့်နေ၏ ။
သူသည် မိသားစု အမွေကို ဆက်ခံရမည်မဟုတ်မှန်း သိသည် ။ သာမန်အခြေအနေအရ ကျန်းယွင်ရှန်သည် အကြီးဆုံးသားဖြစ်၍ မိသားစုအမွေကို ဆက်ခံရပေမည် ။ ယခု သူ၏ အခွင့်အရေး ဖြစ်ကြောင်း သိလိုက်၏ ။
ယွင်ရှန်သည် လင်းမို့မည်မျှ အရေးကြီးကြောင်း မသိသော်လည်း ယွင်ဟိုင်က သိပေသည် ။
အနာဂတ် မဟာသခင်တစ်ဦး ။ စစ်နတ်ဘုရားဖြစ်ရန် အခွင့်အလမ်းရှိသူတစ်ယောက် ။ ဤမျှ အရေးကြီးသူအား တွေ့ရန် ပုံမှန်ဆိုလျှင် ဘိုးဘေး ဖြစ်သူက ပြေးလာပေလိမ့်မည် ။
ယခု ကိစ္စကို သူတို့လက်ထဲ တည့်လိုက်သည်မှာ စမ်းသပ်မှု တစ်ခုပင်ဖြစ်သည် ။ ယွင်ရှန်က နားမလည်သော်လည်း သူနားလည်၏ ။ သို့သော် ထုတ်ပြောမည်မဟုတ် ။
' ယွင်ရှန်နဲ့ လင်းမို့ အဆင်မပြေဖြစ်ပြီးမှ ငါလှုပ်ရှားရမယ်.. '
သူ့အကြံအစီ အောင်မြင်လျှင် လင်းမို့၏ ပေါင်ကို ဖက်လိုက်၏ ကျန်းမိသားစု၏ လူငယ်ခေါင်းဆောင် ဖြစ်လာနိုင်သည် ။
ယွင်ရှန်က ယွင်ဟိုင်၏ အကြည့်ကို သတိမထားမိ ။ သူ၏ မကျေနပ်မှုများကိုသာ ဆက်ပြောနေ၏ ။
" ချီး.. အဲ့ လင်းမို့ ဆိုတဲ့ကလေးက ခုတောင်မာနကြီးနေပြီ.. သူသာ မဟာသခင်အဆင့်ရောက်ရင် ငါတို့ ကျန်းမိသားစုက ဘယ်လို ထိန်းချုပ်နိုင်တော့မလဲ.. "
' ထိန်းချုပ်မှာလား..'
ယွင်ဟိုင်က ယွင်ရှန်အား အရူးတစ်ယောက်သဖွယ် ကြည့်မိလိုက်၏ ။ မဟာသခင် တစ်ယောက်ကို ထိန်းချုပ်ရန် ကြံစီ ရဲပါသည်လော ။ ဤကလေးက မကြောက်မရွံ့ ကျားမှီး ဆွဲချင် နေလေသည် ။
သို့သော်လည်း ယွင်ဟိုင်က ထုတ်မပြောသည့်အပြင် ခေါင်းညိတ်၍ ထောက်ခံလိုက်၏ ။
ယွင်ရှန်က ဆက်ပြောသည် ။
" တကယ်ဆို သူ့အမေကကွာ ငါတို့ကျန်းမိသားစုက နှင်ထုတ်ခံထားရတာပဲ.. ငါတို့ဆီ ပြန်လာချင်ရင် လင်းမို့ဆိုတဲ့ကောင်က ရိုကျိုးနေရမယ်လေ.. "
" အကို.."
ယွင်ဟိုင်က လေသံတိုးတိုးဖြင့်...
" လင်းမို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ရှားနိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးတဲ့ ပါရမီရှင် ဖြစ်နေပြီလေ ..ဒီလောက် မာနကြီးတာ ပုံမှန်ပဲကို.. "
" ငယ်လို့ မာနကြီးတာလား.."
ယွင်ရှန်က မကျေမနပ် ဖြစ်သွားပြီး...
" ငါကရော မငယ်လို့လား.. မြို့တော်မှာဆိုရင် ဘယ်သူက ငါ့ထက် ပိုပြီး မာနကြီးနိုင်လို့လဲ.. လင်းမို့ဆိုတဲ့ကောင် ရောက်လာရင် သူ့နေရာသူသိအောင် သင်ပေးလိုက်မယ်.. "
**
ယွင်ရှန်နှင့် ယွန်ဟိုင်တို့ စကားပြောနေကြစဥ် လင်းမို့လည်း ကျန်းနန် ဟိုတယ်သို့ ရောက်လာ၏ ။
' တရားဝင် တွေ့ဆုံပွဲလို့ ပြောလို့ရတာပဲ..'
လင်းမို့ ကျန်းနန်ဟိုတယ်အကြောင်း ကြားဖူး၏ ။ အရေးကြီးသော ဧည့်သည်များကို ဧည့်ခံသည့် နေရာဖြစ်သလို နိုင်ငံခြားသားများ တည်းခိုရာနေရာလည်း ဖြစ်သည် ။
' ဒီလို နေရာမှာ ဧည့်ခံတယ်ဆိုတော့ ကျန်းမိသားစုက သိပ်တော့မဆိုးပါဘူး.. လေးစားတက်သားပဲ.. '
လင်းမို့သည် သူ့အမေ၏ မိသားစုမှ အလေးထား၍ ဆက်ဆံသဖြင့် သဘောအနည်းကျသွား၏ ။
' ဒါပင်မယ့် တရားဝင်တွေ့ဆုံပွဲ ဆိုရင်လဲ တစ်ယောက်ယောက် ငါ့ကို လာမကြိုသင့်ဘူးလား.. ခုတော့ လိုက်ရှာရတော့မယ်.. '
လင်းမို့၏ အမြင်အရ တရားဝင် တွေ့ဆုံပွဲမျိုး ပြုလုပ်သည်ဖြစ်၍ အသေအချာ စီစဥ်သင့်ပေသည် ။ ယခုတော့ တဝက်တပျက် တရားဝင် တွေ့ဆုံပွဲမျိုး ဖြစ်နေ၏ ။
သို့သော်လည်း စိတ်ထဲ တည့်မထားပေ ။ သူ၏ ဦးလေးဖြစ်သူက သူ့အား အပြင်လူဟု မယူဆ၍ လာမကြိုခြင်းလည်း ဖြစ်နိုင်ပေသည် ။
လင်းမို့မသိသည်မှာ ကျန်းနန်ဟိုတယ်ကို ငှားရမ်းထားသူမှာ သူ၏ ဦးလေးဖြစ်သော်လည်း ပွဲစီစဥ်သည့် သူမှာ ဝမ်းကွဲအကိုသာဖြစ်သည် ။
လင်းမို့လည်း ဆက်မစဥ်းစားတော့ဘဲ ဧည့်ကြိုကောင်တာတွင်မေး၍ တတိယထပ်သို့ တက်သွားလိုက်သည် ။
တတိယထပ်သို့ သူရောက်သည်နှင့် ပုံစံတူသောလူငယ်နှစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရ၏ ။
" မင်းတို့က ကျန်းယွင်ရှန် နဲ့ ကျန်ယွင်ဟိုင်ထင်တယ်.. "
လင်းမို့က ဖော်ရွှေစွာပြုံး၍ ရှေ့သို့ ဆက်လျောက်လာခဲ့သည် ။
" လင်းမို့.. မင်းနောက်ကျနေပြီ.. "
ယွင်ရှန်က အေးစက်စက်အမူအရာဖြင့် ထရပ်လိုက်သည် ။
' နောက်ကျလား..'
လင်းမို့က ဖုန်းထုတ်ကြည့်လိုက်ရာ ခုနှစ်နာရီအတိ သာ ရှိနေသေးသည် ။ သူ နောက်မကျ ။
" ချိန်းထားတာက ၇ နာရီ မဟုတ်ဘူးလား.."
" ငါ့နာရီမှာ ၇ နာရီကျော်နေပြီ.. "
ယွင်ရှန်က လက်ကောက်ဝတ်ရှိ တန်ဖိုးကြီးနာရီကို မြှောက်ပြလိုက်၏ ။ သူတမင်တကာ နှစ်မိနစ် အချိန်တိုးထားခြင်းဖြစ်သည် ။
" ဟားဟားဟား.."
လင်းမို့က ရှက်ရယ် ရယ်လိုက်သည် ။ ဝမ်းကွဲများဖြစ်သဖြင့် ဤသည်က ပြသနာဟု သူမထင် ။ သို့သော်လည်း သူအံ့အားသင့်သွား၏ ။ ကျန်းယွင်ရှန်က သူ့အား မျက်နှာသာ မပေး ။
" လင်းမို့ ..မင်းနားလည်ထားရမှာက ကျန်းမိသားစုကို ပြန်လာချင်လို့ တောင်းပန်တာက မင်းအမေနော် ငါတို့ အတင်းခေါ်နေတာ မဟုတ်ဘူး.. "
ယွင်ရှန်က နှာခေါင်းရှုံ့လိုက်ပြီး...
" မင်းအမေက ညဏ်တော့ တော်တော်ကောင်းတယ်.. ငါတို့မိသားစုက အရင်းအမြစ်တွေကို မှီခိုပြီး မင်းကို ထောက်ပံ့ချင်နေတာ.. "
Chapter 223
~