Chapters

Black Earth နဲ့ယှဥ်ရင် မင်းကဘာကောင်မှ မဟုတ်ဘူး ၂ ~

Vol. 15 Ch. 223

Black Earth နဲ့ယှဥ်ရင် မင်းကဘာကောင်မှ မဟုတ်ဘူး ၂ ~

Vol. 15 Ch. 223

လင်းမို့၏ မျက်နှာက မည်းမှောင် သွား၏ ။ ကျန်းမိသားစုတွင် ဤသို့သော် သဘောထားရှိမည်ဟု သူထင်မထားမိ ။

" မင်း ဘာစကားပြောတာလည်း .."

တစ်ဘက်လူက မယဥ်ကျေး၍ လင်းမို့လည်း ယဥ်ကျေးမနေတော့ပေ ။ သူ၏ အမေက ပြန်လာချင်၍ တောင်းပန်နေရပါသည်လော ။ မဟာသခင် မိသားစုဖြစ်၍ မောက်မာပြနေသည်လော ။ သူ သုံးဖို့ အရင်းအမြစ်များကို ကျန်းမိသားစုထံမှ မှီခိုရပါမည်လော ။

လင်းမို့ ရယ်ချင်သွား၏ ။ တနေကုန်အိပ်၍ အဆင့်တက်နိုင်သူက မည်သို့သော အရင်းအမြစ်မျိုး လိုအပ်ပါမည်နည်း ။ ကျန်းမိသားစုက ဤကဲ့သော သဘောထားမျိုး ရှိသည်ဆိုပါက ပြန်ဆက်သွယ်နေရန် မလိုအပ် ။ သူ မဟာသခင် အဆင့်သို့ ရောက်လျှင် ကျန်းမိသားစုမ မဟာသခင်ကိုယ်တိုင် သူ့အမေအား ဝေါဖြင့် လာခေါ်ပေလိမ့်မည် ။

" ငါပြောတာ နားမလည်ဘူးလား.. "

ယွင်ရှန်က မောက်မာဟန်အပြည့်ဖြင့် ...

" လင်းမို့ .. မင်းဘာလို့ မာနကြီးနေလဲ ငါသိတယ်.. "

" ဟုတ်လား.. ပြောစမ်းပါအုံး .."

လင်းမို့က လှောင်ပြောင်လိုက်သည် ။

" မင်းက မဟာသခင် ဖြစ်လာနိုင်လို့ပဲမှလား.."

ယွင်ရှန်က...

" ဒါပင်မယ့် မင်းက မဟာသခင် ဖြစ်လာနိုင်တယ့် အလားအလာ ရှိတယ့်သူပဲဆိုတာ မမေ့နဲ့.. မင်းက မဟာသခင်အဆင့် မဟုတ်သေးဘူး.. ပြီး​တော့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလဲ အားနည်းတယ်လို့ငါကြားတယ်.. မင်းမဟာသခင် အဆင့်ရောက်ဖို့ဆိုရင် ငါတို့ မိသားစုက အများကြီး အကုန်အကျ ခံပေးရမှာ.. "

ယွင်ရှန်၏ စကားက ရိုးရှင်းလှ၏ ။ အရင်းအမြစ်များ လိုချင်လျှင် ခေါင်းငုံ့၍ သူတို့၏ လက်အောက်သို့ ဝင်ရန်ပင် ။

" ဟီးဟီး..."

လင်းမို့ နားလည်သွားသည် ။ သူ့အား အိမ်သို့လာကပ်စားမည့် ဆွေမျိုးတစ်ယောက်အသွင် ဆက်ဆံနေပေသည် ။ သူက ဆွေမျိုး အချင်းချင်း အသိအမှတ်ပြုရန် လာခြင်းသာဖြစ်၏ ။

" ပြီး​တော့ မင်းကိုမင်း ရှားနိုင်ငံရဲ့ နံပါတ်တစ် ပါရမီရှင် ထင်နေတာလား.. "

ယွင်ရှန် ဆက်ပြောလိုက်သည် ။

လင်းမို့က ထူဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်မိ၏ ။ ရှားနိုင်ငံ၏ နံပါတ်တစ် ပါရမီရှင်က သူ မဟုတ်လျှင် မည်သူနည်း ။

" မင်းရဲ့ ပါရမီက Black Earth နဲ့ယှဥ်ရင် ဘာမှ မဟုတ်​တော့ဘူး.. "

ယွင်ရှန်က ပြောလိုက်သည် ။

လင်းမို့၏ အကြည့်က ပို၍ ထူးဆန်းလာ၏ ။ သူ နှင့် Black Earth က အတူတူသာဖြစ်ရာ မည်သို့ နှိုင်းယှဥ်ရမည်နည်း ။

ယွင်ရှန်သည် လင်းမို့၏ ထူးဆန်းသည့် အကြည့်ကို မြင်ပြီး သူ့စကားကို နားယောင်သွားသည်ဟု ထင်မှတ်ကာ ဆက်ဖောတော့သည် ။

" အမှန်အတိုင်းပြောရရင် ငါနဲ့ Black Earth ဆိုတာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ.. Black Earth တောင် ငါတို့ ကျန်းမိသားစုရှေ့မှာ မာနမကြီးဘူး.. "

ယွင်ရှန်၏ စကားက Black Earth ပင် ကျန်းမိသားစုရှေ့တွင် ယဥ်ကျေးရ၍ သူ့ရှေ့တွင် မာနကြီးပြမနေနှင့်ဟု ဆိုချင်ပုံရသည် ။

သို့သော်လည်း လင်းမို့ ဘာမှ ပြန်မပြောနိုင်တော့ ။ ဆွံ့အနေ၏ ။ သူ့တွင် ဤသို့သော သူငယ်ချင်းမျိုး မည်သည့်အချိန်က ရခဲ့ပါသနည်း ။ သူပင်မသိလိုက် ။

ကျန်းမိသားစု၏ မျိုးဆက်များက ကျပ်ပြည့်ပုံပင်မရ ။

လင်းမို့ အရူးများနှင့် စကားမပြောချင်၍ လှည့်ထွက်လာလိုက်သည် ။

" ဟေး..မင်းဘယ်သွားမလို့လဲ.. "

ယွင်ရှန်က မကျေမနပ် ဖြစ်သွားသည် ။

" မင်း အဲ့တံခါးက ထွက်သွားပြီးရင် ငါတို့မိသားစုထဲ ဝင်ဖို့ ကိစ္စကို မေ့ထားလိုက်​တော့.."

" ပြသနာမရှိဘူး..."

လင်းမို့ ထွက်လာခဲ့လိုက်၏ ။

**

လင်းမို့ အပြင်သို့ ရောက်သည်နှင့် ခေါင်းယမ်းလိုက်မိသည် ။ ကျန်းမိသားစု၌ ဤတစ်ယောက်သာ ကျပ်မပြည့်သည်လော ။ ကျန်းမိသားစုတစ်ခုလုံး ကျပ်မပြည့်သည်လော ။ သူဝေခွဲမရ ။

လင်းမို့ ကျောင်းသို့ပြန်ရန် ပြင်လိုက်စဥ်...

" ဟေး လင်းမို့.. စောင့်ပါအုံးဟ.. "

လင်းမို့ လှည့်ကြည့်လိုက်ရာ စိုးရိမ်တကြီး ပြေးလာနေသော ယွင်ဟိုင်ကို တွေ့လိုက်ရသည် ။

" အော်မင်းပဲ.. "

လင်းမို့သည် တဘက်လူက ဘာပြောမည်မှန်း သိချင်၍ ပြုံးပြလိုက်သည် ။ ဟိုတယ်ပေါ်တွင် ယွင်ဟိုင်က စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ ။

" လင်းမို့.. "

ယွင်ဟိုင်က တောင်းပန်လိုသည့် အမူအရာဖြင့်...

" အကို့ကို စိတ်မဆိုးပါနဲ့.. အိမ်မှာ အဘိုးနဲ့ အဖေက အလိုလိုက်ထားတော့ စကားပြောတာ ထောင့်မကျိုးဘူး..သူပြောတာကို စိတ်ထဲ မထားပါနဲ့.. "

" အော်.. "

လင်းမို့က အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်လိုက်၏ ။ မိသားစုအတွင်း တည့်ပုံမရပေ ။ ယွင်ရှန်နှင့် မတူဘဲ ယွင်ဟိုင်က ညဏ်ကောင်းပုံရ၏ ။ သို့သော်လည်း မိသားစု ပြသနာများနှင့် သူ မပက်သက်ချင်ပေ ။

Chapter 224

~