Black Earth နဲ့ယှဥ်ရင် မင်းကဘာကောင်မှ မဟုတ်ဘူး ၃ ~
Vol. 15 Ch. 224
လင်းမို့သည် ပိုမို သန်မာလာသည်နှင့်အမျှ သိုင်းလောကနှင့် ဂြိုလ်ပြာအကြောင်းကို ပိုမိုနားလည်လာခဲ့သည် ။ သူနှင့် ယွင်ဟိုင်က အမြင်ချင်း မတူနိုင်တော့ပေ ။
သူ့အား အသုံးချချင်လျှင် လက်ခံမည် မဟုတ် ။
" မင်းတို့ ဘာတွေ စဥ်းစားနေလဲ ဘာတွေ လုပ်နေလဲ ဆိုတာကို ငါစိတ်မဝင်စားဘူး.. "
လင်းမို့က ကျန်းယွင်ဟိုင်ကို စိုက်ကြည့်၍...
" ငါ့ကို တော့ ပြသနာထဲ လာဆွဲမခေါ်နဲ့.. "
လင်းမို့သည် ယွင်ဟိုင် ကြောင့် စိတ်အနှောက်အယှက် မဖြစ်လို၍ သတိပေးပြီး လှည့်ထွက်လာခဲ့၏ ။
" အေးပါ..အေးပါ.."
ယွင်ဟိုင်သည် သူ့အတွေးများအား လင်းမို့သိနေသည်ကိုမြင်လျှင် ခေါင်းတဆက်ဆက်ညိတ်၍ ကတိပေးလိုက်၏ ။ ပါရမီရှင်များအား ငတုံးဟု ပြောကြသူများကို သူရိုက်ပစ်လိုက်ချင်သည် ။ လင်းမို့ရှေ့တွင် ဘာမှ လုပ်ချိန်ပင် မရလိုက် အကုန်သိနေ၏ ။
**
လင်းမို့က ယွင်ဟိုင်အား ပြောဆိုပြီး မီတာ နှစ်ရာလောက် ဆက်လျောက်လာပြီးနောက် အသိတစ်ယောက်နှင့် တွေ့လိုက်ရသည် ။
" အကိုမို့ ဘယ်လဲ.. "
" ဟောက်ရန်.. "
လင်းမို့သည် ဟောင်ရန်နှင့် တည့်တည့်တိုးနေ၍ မမြင်ချင်ယောင်ဆောင်၍ မရတော့ပေ ။
" မင်းကရော ဒီမှာ ဘာကိစ္စလဲ.. "
" ဟီးဟီးဟီး.. "
ဟောက်ရန်က ရှက်ရွံ့ဟန်ဖြင့် ရယ်လိုက်၏ ။ ဤနေရာတွင် မည်သည့်ကိစ္စရှိမည်နည်း ။ ဓားကြီးကစားရန်သာ လာရမည့်နေရာဖြစ်သည် ။ သူ ညဘက် ဂိမ်းထဲတွင် ကြိုးစားရန် တွေးထားသော်လည်း Black Earth က နားမည်ဟု ပြောထားသဖြင့် အပြင်တွင်သာ ကြက်သားစားရန် တက်နိုင်တော့သည် ။ လင်းမို့နှင့် တွေ့မည်ဟု သူထင်မထားပေ ။
"မင်း.. "
လင်းမို့သည် ဟောက်ရန် ပြုံးစိစိလုပ်နေသည်ကို မြင်လျှင် သဘောပေါက်သွား၏ ။ သူ ကျန်းမိသားစုနှင့် တွေ့ရမည်ဖြစ်သဖြင့် ဟောက်ရန် ဂိမ်းထဲတွင် စောင့်နေမည်ကိုစိုးသောကြောင့် မစောင့်ရန် မက်ဆေ့ ပို့ထားလိုက်၏ ။ ဤကလေးက ချက်ချင်းပင် ဓားကြီးကစားရန် အပြင်သို့ ရောက်လာသည် ။ ဟောက်ရန်အား အချိန်ခန့်ခွဲမှု၌ ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်၍ ရနိုင်ပေသည် ။
" ဟောက်ရန်.. ငါသွားတော့မယ် .."
လင်းမို့သည် အတင်းဆွဲခေါ်ခံရမည်စိုးသဖြင့် ပြေးရန်ကြံ၏ ။
" အယ် ..ဘာလို့ သွားမှာလဲ.. ရောက်နေမှတော့ မထူးတော့ဘူးလေ..အတူတူ ကစားရအောင် လီကျားရွှမ်လည်း ရှိတယ်.. "
ဟောက်ရန်က ဆွဲထားသည် ။
လင်းမို့က...
" ငါက အဲ့လိုကောင်လား.."
" စတာပါ အကိုမို့ကလည်း.. ငါလည်း ခါးတွေနာလှပြီ ဒီနေ့ မကစားရင် ကောင်းမလား စဥ်းစားနေတာ.. အရက်ပဲ သောက်ကြမယ် ဘယ်လိုလဲ.. "
" အင်း အဆင်ပြေတယ်.. "
လင်းမို့ သဘောတူလိုက်၏ ။ တစ်ညတာ တက်ကြွအညွှန်းကိန်း မရသည်က ပြသနာမရှိပေ ။ နေ့အချိန်သည်သာ အရေးကြီးသည် ။ ညီအကိုများ အရက်အတူမသောက်ရသည်မှာ ကြာလှလေပြီ ။
" အဲ့တာဆို အကိုလီကို ခေါ်လိုက်အုံးမယ်.. "
ဟောက်ရန်က ဖုန်းထုတ်ဆက်လိုက်၏ ။ သို့သော်လည်း သူသာလျှင် ကြိမ်းမောင်းခံလိုက်ရသည် ။
" ဒီမှာ ပိုက်ဆံရှင်းထားပြီးသားဟ.. မင်းငါ့ကို ဘာလို့ လာခေါ်နေတာလဲ.. ဒီမှာ လေးယောက်တောင် ခေါ်ထားတာ.. ငါထွက်လာရင် အလကားဖြစ်သွားမှာပေါ့..ငါမလာဘူး.."
" တီတီတီတီ..."
" အဟွတ်.."
ဟောက်ရန် ရှက်ရွံ့ သွားပြီး မည်သို့ ပြောရမည်မသိ ဖြစ်သွားသည် ။
" အကိုမို့ ...ဒါ..."
" ထားလိုက်တော့ ..ငါတို့ နှစ်ယောက်ပဲ သွားမယ်.. "
လင်းမို့က ခေါင်းယမ်း၍ ပြောလိုက်သည် ။
Chapter 225
~