မီးလောင်သည်ကို ထိုင်ကြည့်နေကြသူများ ~
Vol. 15 Ch. 225
ကျန်းနန် ဟိုတယ်နှင့် မနီးမဝေးတွင် စားသောက်ဆိုင်ကောင်းတစ်ခု ရှိပေသည် ။
လင်းမို့နှင့် ဟောက်ရန်သည် ဝိုင်ဖြူပုလင်းအနည်းငယ်နှင့် အိမ်ချက်ဟင်းများကို မှာယူ၍ စတင် စားသောက်လိုက်ကြသည် ။
ပုလင်းအနည်းငယ်သောက်ပြီးနောက် ဟောက်ရန်က ရေချိန်ကိုက်သွားပြီး ပါးစပ်ထဲ ရှိရာ လျောက်ပြောတော့သည် ။
" အကိုမို့.. ညီအကိုအရင်းဆိုလို့ ပြေးကြည့်ရင် မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲ ရှိတယ်.. "
ဟောက်ရန်က လင်းမို့၏ ပုခုံးကို ပုတ်လိုက်ပြီး...
" ငါနဲ့ အတူတူ လာသောက်ပေးဖို့အတွက် မင်းဒီည ခိုးမလေ့ကျင့် ရတော့ဘူး.. "
" ငါ.. "
လင်းမို့ ဆွံ့အ သွား၏ ။
" အကိုမို့.. မင်း..ပြောစရာမလိုဘူး.. ငါနားလည်ဒယ်.."
ဟောက်ရန်က ဖြတ်ပြောလိုက်ပြီး...
" တကယ်ဆို မင်းနဲ့ငါ အတူတူ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တဲ့ ကျောင်းတုန်းကနေ့တွေကိုတောင် သတိရတယ်.. ခု ငါတို့ကြားက ကွာဟချက်က ကြီးလွန်းတော့ အတူတူ လေ့ကျင့်ချင်ရင်တောင် လေ့ကျင့်လို့မရတော့ဘူး.. အေ့..ဒါပင်မယ့်...ငါတို့ အဆင့်တွေ မတူတော့ရင်တောင် တစ်သက်လုံး ညီအကို ဖြစ်နိုင်သေးတယ် .."
ဟောက်ရန်သည် သူတက္ကသိုလ်သို့ ရောက်စဥ်ကတည်းက ဓားကြီးလောကတွင်သာ မွေ့လျော်နေ၍ ကွာခြားချက် ပိုကြီးမားလာကြောင်းကိုတော့နားမလည်ပေ ။ သူ လေ့ကျင့်သည့်အချိန်က မရှိသလောက်ပင် ဖြစ်နေ၏ ။
လင်းမို့လည်း အနည်းငယ် ထိမိသွားပြီး...
" ကမ်ပေ့.. တစ်သက်လုံး ညီအကိုတွေကွ.."
" အဲ့ လီကျားရွှမ်ဆိုတဲ့.. ခွေးသတောင်းစား ဘာမှမကောင်းဘူး.. "
ဟောက်ရန်က ကျိန်ဆဲလိုက်ပြီး...
" ငါ..တို့..ညီအကိုတွေ ဆုံနေတာကိုကွာ မိန်းမကိစ္စကြောင့် မလာဘူးဆိုတာ ဖြစ်သင့်လား.. အေ့.. မဟုတ်ဘူး..ငါ သူ့ကို ဖုန်းဆက်ပြီး ရအောင်ခေါ်ရမယ် .."
ဟောက်ရန်က ဒေါသထွက်လာပြီး ဖုန်းဆက်လိုက်ပြန်၏ ။ ဖုန်းဝင်သွားသော်လည်း ကိုင်မည့်သူ မရှိ ။ လီကျားရွှမ် အလုပ်များနေပုံရသည် ။
" သောက်ခွေးကောင်.."
ဟောက်ရန်က ပို၍ ဒေါသထွက်လာ၏ ။
" သူ့ကို ထားလိုက်ပါ.. ငါတို့ပဲ ဆက်သောက်မယ်.. "
လင်းမို့က ခေါင်းယမ်းလိုက်၏ ။ သူနှင့် လီကျားရွှမ်သည် သိပ်မရင်းနှီးချေ ။ ဟောက်ရန် နှင့် လီကျားရွှမ်တို့သာ အတူတူ ကစားဖော်ကစားဖက်များ ဖြစ်ကြသည် ။
" သောက်သစ္စာမရှိတဲ့ကောင်.. "
ဟောက်ရန်က ထက်မံ ကျိန်ဆဲလိုက်ပြန်သည် ။
" မင်းအဖမ်းခံရလို့ကတော့ ငါ့ကို ဖုန်းလာမဆက်နဲ့.. "
ဟောက်ရန်က ဝိုင်ခွက်အနည်းငယ် ဒေါသတကြီးသောက်လိုက်ပြီး...
" တာနဲ့..အကိုမို့.. မနက်ဖြန် ဖုန်ကျစ်ဝေနဲ့ စိန်ခေါ်ပွဲ ချရမှာမလား.. "
" အင်း.."
လင်းမို့က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏ ။ သူ၏ ခွန်အားက ဖုန်ကျစ်ဝေထက် အများကြီး သန်မာသဖြင့် ဖိအားမရှိချေ ။
သို့သော်လည်း ဟောက်ရန်က ထိုသို့မထင် ။ အစီအစဥ်တစ်ခုကို စဥ်းစားပြီး သူ၏ မျက်လုံးများ တောက်ပလာ၏ ။
" အကိုမို့... ငါ့မှာ အကြံတစ်ခုရှိတယ်.. ဖုန်ကျစ်ဝေကို ဓားကြီးကစားဖို့ သွားခေါ်လိုက်မယ် ပြီးရင် ရဲတိုင်လိုက်ရင် အဲ့ကောင် အဖမ်းခံလိုက်ရမှာ.. အဲ့တာဆို မင်းမနက်ဖြန်ကျရင် တိုက်ခိုက်စရာမလိုဘဲ အနိုင်ရသွားမယ်.. "
ဟောက်ရန်က စကားပြောရင်း တက်ကြွလာ၏ ။ သူ့ကိုယ်သူ ညဏ်ကောင်းသည်ဟု မှတ်ယူလိုက်သည် ။
" ဒါက နဲနဲ ညစ်ပတ်သလို ထင်ရပင်မယ့် အနိုင်ရဖို့ဆိုရင် ဘာဖြစ်လဲ .. အကိုမို့ ဘယ်လိုထင်လဲ .."
ဟောက်ရန်က ဂုဏ်ယူဟန်ဖြင့်...
" မင်း ခေါင်းသာ ညိတ်လိုက်.. ငါအားလုံး စီစဥ်လိုက်မယ်.. "
" မလိုပါဘူးဟ.."
လင်းမို့ ဆွံ့အ သွား၏ ။ ဖုန်ကျစ်ဝေအား အနိုင်ရရန် လွယ်ကူလှသည် ။ မည်သည့်အတွက်ကြောင့် အကြံထုတ်နေရမည်နည်း ။
" ပြီးရော.."
ဟောက်ရန်၏ အမူအရာက အနိုင်ရမည့်အခွင့်အရေးကို လက်လွတ်ခံလိုက်၍ ဝမ်းနည်းသည့်ပုံပေါက်သွား၏ ။
ထိုအခိုက်...
" ဟမ်..."
အရက်မူးနေသော ဟောက်ရန်က ပြတင်းပေါက်မှ တဆင့် ပြေးလွှားနေကြသော ယူနီဖောင်းဝတ် သိုင်းပညာရှင် အုပ်လိုက်ကြီးကို မြင်လိုက်ရသည် ။
" ဟိုမှာ ဝိုမှာ.. မှူခင်းနှိမ်နင်းရေး ရဲတွေ.."
ဟောက်ရန် အမူးနဲနဲပြေသွား၏ ။ ရဲများက သူနှင့် လီကျားရွှမ်တို့ ချိန်းထားသည့်ဟိုတယ်ကို ပြေးနေခြင်းဖြစ်ကြောင်း သတိထားမိသွားသည် ။
" ကံမကောင်းတဲ့ လီကျားရွှမ်တော့ ထပ်အဖမ်းခံရအုံးမယ်.."
ဟောက်ရန်က ဝမ်းသာအားရ ဖြစ်သွားပြီး...
" အကိုမို့နဲ့ သောက်ဖို့ ခေါ်တုန်းကမလာဘူး အာမခံပေးဖို့ ချီးမ ငါ့ကို ဖုန်းမခေါ်နဲ့.. "
" ဟားဟားဟား..."
လင်းမို့လည်း ရယ်လိုက်သည် ။ လီကျားရွှမ် အဖမ်းခံရသည်က ဘယ်နှခါမှန်းပင်မသိတော့ ။
" အကိုမို့ အဲ့ကောင်ကို ခေါက်ထားလိုက်.. သောက်သောက်.. ချီးယား..."
ဟောက်ရန်က ခွက်ပြန်ချ၍...
" အခုဖုန်းပိတ်ထားတော့မယ်.. အဲ့ကောင် ဆက်ချင်ရင်တောင် ဆက်လို့ရမှာ မဟုတ်တော့ဘူး..ဟီးဟီးဟီး.."
လီကျားရွှမ် ဒုက္ခရောက်နေသည်ကို ဟောက်ရန်က အူမြူးနေ၏ ။
" ဟမ့်.. မင်းကို ငါခေါ်တုန်းက မလာဘဲ ခုတော့ မှတ်ပလား.. ဒါနဲ့ ဒီတိုင်း ပိတ်ထားလို့တော့မဖြစ်ဘူး.. မဟုတ်ရင် ပြန်တွေ့တဲ့အခါ အဆဲခံနေရမယ် ..အကိုမို့နဲ့ အတူသောက်ရင်း ဖုန်းအားကုန်သွားတယ်လို့ ပိုစ့်တင်ထားမှ.. "
ဟောက်ရန်က ဂုဏ်ယူစွာဖြင့် ရေရွတ်လိုက်၏ ။ သူက အရက်ဝိုင်းကို ဓာတ်ပုံရိုက်၍ စာရေးပြီး အကောင့်တွင် တင်လိုက်သည် ။
" ဒီည အကိုမို့နဲ့ တွေ့ပြီး အတူမသောက်ရတာကြာလို့ သောက်နေတယ်.. ငါ့ဖုန်းအားကုန်သွားလို့ ဖုန်းဆက်စရာရှိရင် မနက်မှဆက်ပါ.. "
ပိုစ့်တင်ပြီးသည်နှင့် ဟောက်ရန်က ဖုန်းပိတ်ထားလိုက်၏ ။ တစ်ချိန်တည်းမှာပင်...
" အကိုမို့.. ဒီည ဖုန်းဆက်စရာ ရှိသေးလား.. မရှိရင် ဖုန်းပိတ်ထားလိုက်တော့ ..."
" အေးပါအေးပါ.."
လင်းမို့ ခေါင်းခါပြီး ပြုံးလိုက်မိ၏ ။ ဟောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးလိုက်သည် ။
" မီးလောင်နေတာကို ထိုင်ကြည့်ရမှာပဲ.. လီကျားရွှမ်အဖမ်းခံရမှာကို ကြည့်ရအုံးမယ်.. "
**
ဆယ်မိနစ်ခန့်ကြာလျှင်...
လီကျားရွှမ် အခန်းထဲတွင် အချိန်ကောင်း ရောက်နေသည့်အခိုက် တံခါး ကန်ဖွင့် ခံလိုက်ရ၏ ။
" ဒါ.. "
လီကျားရွှမ် အံ့သြသွားသော်လည်း အတွေ့အကြုံ ပြည့်ဝနေပြီ ဖြစ်သည် ။ နံရံတွင် ကပ်ရပ်၍ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ...
" ဒါ ကျွန်တော့ရဲ့ ပထမဆုံး အကြိမ်ပါဗျာ.. "
" ထွီ.. မင်းက ငါတို့တောင် ဘာမှ မပြောရသေးဘူး အဖမ်းခံဖို့ ပြင်ပြီးနေပြီး ပထမဆုံးအကြိမ် ဖြစ်နိုင်မလားကွ... "
အဖွဲ့ခေါင်းဆောင်က ကြိမ်းမောင်းလိုက်ပြီး...
" ငါ မင်းမျက်နှာကို ရင်းရင်းနှီးနှီး မြင်ဖူးပါတယ်.. ခဏခဏ အဖမ်းခံရတဲ့ လီကျားရွှမ် မှတ်လား.."
" ......"
လီကျားရွှမ် ဆွံ့အသွားသည် ။ နာမည်ပင် မှတ်မိနေပေရာ သူမည်သို့ ငြင်း၍ရနိုင်ပါတော့မည်နည်း ။
" ခဏနေအုံး ကျွန်တော် ဖုန်းဆက်အုံးမယ်.. "
ရဲများက မတားပေ ။ လီကျားရွှမ်အား အာမခံပေးမည့်သူ ပေါ်လာမည်မှန်း သူတို့ သိထား၏ ။
လီကျားရွှမ်က ဟောက်ရန်ထံသို့ ဖုန်းဆက်လိုက်ရာ...
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်..."
လျီကျားရွှမ် စိုးရိမ်သွားသည် ။
' ဘာလို့ ခုချိန်မှ စက်ပိတ်ထားရတာလဲ..'
ဖုန်းနံပါတ်ရှာရင်း ဟောက်ရန် တင်ထားသည့်ပိုစ့်ကို မြင်မှ နားလည်သွား၏ ။
' အားကုန်တာလား..အရက်ဆိုင်မှာ အားသွင်းလို့ ရတယ်မဟုတ်ဘူးလား.. စက်ပိတ်စရာ လိုလို့လား..'
လင်းမို့၏ ဖုန်းနံပါတ်ကိုသာ သဲကြီးမဲကြီးရှာ၍ ဆက်လိုက်သည် ။
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်.. "
' သောက်ခွေးကောင်တွေ.. '
လီကျားရွှမ် မတုံး ။ တမင်စက်ပိတ်ထားမှန်း သိလိုက်၏ ။
**
ကျန်းနန်ဟိုတယ်တွင်...
လင်းမို့ ထွက်သွားပြီးနောက် ယွင်ရှန်နှင့် ယွင်ဟိုင်တို့ ဆွေးနွေးနေကြ၏ ။
မိသားစုမှ တာဝန်ပေးလိုက်သည်က လင်းမို့အား မိတ်ဖွဲ့ရန် ဖြစ်သော်လည်း လင်းမို့ပြန်ထွက်သွား၍ မိသားစုထံသို့ ပြန်၍ သတင်းပို့ရန် ဆုံးဖြတ်လိုက်ကြသည် ။
ကျန်းယွင်ရှန် က သူ့အဖေထံသို့ ဖုန်းခေါ်လိုက်၏ ။
ကျန်းယွင်ရှန်၏ အဖေဖြစ်သူ ကျန်းကျဲ သည် ကျန်းမိသားစုအား စီမံခန့်ခွဲနေခြင်းဖြစ်သည် ။ မဟာသခင်အဆင့်က နေ့တိုင်းလေ့ကျင့်နေသည်က များ၍ မိသားစုကိစ္စအဝဝကို ကျန်းကျဲ ထံသို့ လွဲပြောင်းထား၏ ။
" မင်းဘာပြောတယ်.. "
ကျန်းကျဲသည် သားဖြစ်သူ၏ စကားကို ကြားလျှင် ထိတ်လန့်သွား၏ ။
" မအောင်မြင်ဘူးလို့ ပြောလိုက်တာလား.."
" အဖေ.. အဲ့တာ မာနကြီးလွန်းတဲ့ လင်းမို့ကြောင့်ပဲ.. "
ယွင်ရှန် တုန်လှုပ်သွားပြီး...
" အချိန်သတ်မှတ်ထားပင်မယ့် သူက နောက်ကျမှ ရောက်လာတယ်.. သားတို့ ကျန်းမိသားစုကို အထင်သေးနေတာ အသိသာကြီး.. "
" သူ ဘယ်နှမိနစ် နောက်ကျတာလဲ.. "
ကျန်းကျဲ မေးလိုက်၏ ။
" ငါးမိနစ်.. "
ယွင်ရှန်က အချိန်ပို ပြောလိုက်သည် ။
" ဒီကိစ္စကြောင့် ပြသနာ ဖြစ်ရတာလား.."
ကျန်းကျဲ ဒေါသထွက်သွားပြီး...
" လင်းမို့ရဲ့ ပါရမီကို မင်းသိလား.. လင်းမို့က ငါတို့မိသားစုအတွက် ဘယ်လောက်ထိ အရေးပါလဲ မင်းသိလား..ခွေးမသား.. ပြန်ဆက်သွယ်နိုင်အောင် အမြန်ဆုံးလုပ်.. မင်းအဖိုးသိရင် ခုချက်ချင်း လိုက်လာလိမ့်မယ် .."
" အမ်.."
ယွင်ရှန် အံ့အားသင့်သွား၏ ။ ဤမျှအထိ လိုအပ်ပါသည်လော ။ တက္ကသိုလ်ကျောင်းသားအတွက် မဟာသခင်အဆင့်က ကိုယ်တိုင်လာတွေ့ရမည်လော ။
" သူက ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ.. အဘိုးကိုယ်တိုင်လာစရာ လိုလို့လား.."
" မင်း..သောက်သုံးမကျတဲ့ကောင်.. "
ကျန်းကျဲက ဒေါသတကြီး ဆဲလိုက်၏ ။
" လင်းမို့ ပါရမီက ဘယ်လောက်ကြီးကျယ်လဲ မင်းလို သောက်အမှိုက်က ဘာသိမှာလဲ.. မင်းအဘိုးလာရင်.. လင်းမို့ကို တောင်းပန်ပြီး မင်းကို အရေခွံစုတ်လိမ့်မယ်.. "
" အ..အ.."
ယွင်ရှန် ထိတ်လန့်မှုကြောင့် တုန်ရီသွား၏ ။ အဘိုးဖြစ်သူ မည်မျှ လက်သံပြောင်မှန်း သူခံစားဖူးပေသည် ။
" အ..အဖေ.. အဘိုးကို မပြောနဲ့အုံး.. "
ယွင်ရှန်က စိုးရိမ်တကြီး...
" သားလုပ်ရမှာကို သိပါပြီ.. သားအခု လင်းမို့ကို ဖုန်းဆက်ပြီး ကျေနပ်တဲ့အထိ တောင်းပန်လိုက်မယ်.. "
ယွင်ရှန်သည် ကျန်းကျဲ ဖုန်းချလိုက်သည်နှင့် လင်းမို့ထံသို့ ဖုန်းဆက်လိုက်သော်လည်း စက်ပိတ်ထားသည်ကို သိလိုက်ရ၏ ။
" ငါတို့ ဘာဆက်လုပ်ကြမလဲ.. "
ယွင်ရှန် စိတ်ရှုပ်ထွေးသွားသည် ။
" လင်းမို့က အလုပ်ရှုပ်နေတာလား ဖုန်းအားကုန်နေတာလားမှ မသိတာ.. "
ယွင်ဟိုင်က ခန့်မှန်းလိုက်ပြီး...
" ဒီလိုလုပ်ရင်ကော.. ငါတို့ မနက်ဖြန်ကျ ကျန်းနန်တက္ကသိုလ်ကို သွားပြီး လင်းမို့ကို သွားရှာကြမယ်လေ.."