← Chapters

အနိုင်ပိုင်းခံရတယ်ဆိုတာ ဒါပဲ

Vol. 69 Ch. 1378

အနိုင်ပိုင်းခံရတယ်ဆိုတာ ဒါပဲ

Vol. 69 Ch. 1378

" ဘုရားရေ၊ ရှောင်ကွန်းကို အနိုင်ပိုင်းလိုက်တာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...... "

လူတိုင်းသည် ထိုအင်အားကြီး မြင်ကွင်းကြောင့် မယုံနိုင်ဖြစ်သွားရသည်။

" ဘုရားရေ၊ ရှောင်ကွန်းကို ကျော်သွားပြီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထိုအံ့ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း မယုံနိုင်စရာကောင်းသည်ဟု ခံစားကြရသည်။

သို့သော် ထိုသည်မှာ အမှန်တရားဖြစ်သည်၊

ယဲ့ဖန်၏ Hummerသည် ဖန်းရှောင်ကွန်း၏ ဂေါက်ကားကို အကွေ့နေရာ၌ ကျော်တက်သွားခဲ့သည်။

ယဲ့ဖန်သည် နောက်ထပ် 'Z' အကွေ့များတွင်လည်း အရှိန်မလျှော့ဘဲ အလွန်မြန်ဆန်သော အရှိန်ဖြင့် ဆက်၍သွားနေသည်။

ဖန်းရှောင်ကွန်းသည် ထိုကဲ့သို့ အစွမ်းထက်သော စွမ်းရည်မရှိသောကြောင့် နောက်ကျကျန်နေခဲ့တော့သည်။

ထို့ကြောင့် ကားနှစ်စီးကြား အကွာအဝေးမှာ ဆက်၌ တိုးလာခဲ့သည်။

ဖန်းရှောင်ကွန်းသည် အကွေ့မှ မောင်းထွက်လာသောအခါ သူသည် ယဲ့ဖန်၏ Hummerနှင့် မီတာငါးဆယ်အကွာတွင် ရှိနေပြီ ဖြစ်သည်။

ဘရွန်း ဘရွန်း

ဖန်းရှောင်ကွန်းသည် အရှိန်မြှင့်စက်ကို ချက်ချင်း နင်းလိုက်ရာ ဂေါက်ကားသည် ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ယဲ့ဖန်အနောက်သို့ ချက်ချင်း လိုက်လာသည်။

Hummerသည် အကွေ့နေရာအတွက် ကောင်းမွန်သော်လည်း အရှိန်နှင့် မကောင်းမွန်ပေ။

ထိုနေရာ၌ ဖန်းရှောင်ကွန်း၏ ပြုပြင်ထားသောကားထက် အဆပေါင်းများစွာ အားနည်းနေပြီး သူတို့ကြားရှိ အကွာအဝေးသည် တဖြည်းဖြည်း လျော့လာသည်။

အချိန်နည်းနည်း ပေးလိုက်ပါက ယဲ့ဖန်ကို ကျော်တက်နိုင်မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူ့ကို ထိုသို့အခွင့်အရေး ပေးရန် အစီအစဉ် မရှိချေ။

ယဲ့ဖန်သည် 'S'ပုံစံဖြင့် စတင်မောင်းနှင်ခဲ့သည်။

ဖန်းရှောင်ကွန်းသည် ကျော်ရန် အကြိမ်အနည်းငယ်ကြိုးစားသော်လည်း မအောင်မြင်ပေ။

သူ ဒေါသထွက်၍ စတီယာရင်ဘီးကို ရိုက်လိုက်သည်။

ကားနှစ်စီးသည် လမ်းပေါ်တွင် ထိပ်တိုက်ဖြစ်ပြီး အကြိမ်များစွာ တိုက်မိမတတ် ဖြစ်ခဲ့သည်။

ကလပ်မှလူများ မြင်ပြီး အားလုံးအသည်းယားနေကြသည်။

" ဒါက ဟောလိဝုဒ် ရုပ်ရှင်ကားထက် ပိုတောင် စိတ်လှုပ်ရှားစရာကောင်းသေးတယ် "

" ယဲ့လူကြီးမင်းက တော်တော်ဆိုးတာပဲ။ သူက လမ်းကို တမင်ပိတ်ပြီး ရှောင်ကွန်းကို ကျော်ခွင့်မပြုဘူး "

" ဒါက အဓိပ္ပာယ်မရှိလို့လား။ သူ့ကားရဲ့ အရှိန်က မကောင်းဘူးလေ။ ရှောင်ကွန်းရဲ့ ဂေါက်ကားကို ပိတ်ဆို့ထားတာနဲ့ သူ အနိုင်ရဖို့ အခွင့်အလမ်း ရှိတယ် "

" ဒါက တကယ် နည်းစနစ်ကျတဲ့ ပညာပဲ "

" ရှောင်ကွန်း မင်းလုပ်နိုင်တယ် ..... "

လူတိုင်းသည် ဖန်းရှောင်ကွန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သူတို့သည် သဘာဝအတိုင်း ဖန်းရှောင်ကွန်းဘက် လိုက်ကြသည်။

သို့သော် ပြိုင်ပွဲ၏ ရလဒ်သည် ဖြစ်ချင်တိုင်း ဖြစ်မလာပေ။

ဂိမ်း၏ နောက်ဆုံးတစ်ဝက်တွင် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား ကျော်တက်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။

အဆုံး၌ သူသည် ယဲ့ဖန်၏ ကားနောက်တွင်သာ လိုက်လာရပြီး အဆုံးစည်းသို့ရောက်ရှိလာခဲ့သည်။

ကျွီ

ကလပ်ရှေ့၌ ကားနှစ်စီးလုံး ရပ်သွားသည်။

လူအုပ်ကြီးက မပျော်ရွှင်နေခဲ့သလို သူတို့ကို ကြိုဆိုရန်လည်း ရှေ့မတိုးခဲ့ပေ။

ထိုအစား သူတို့သည် Hummerကားကို စိုက်ကြည့်နေကြသည်။

ယဲ့ဖန်သည် ဖန်းရှောင်ကွန်း၏ မွမ်းမံထားသော ဂေါက်ကားကို Hummerဖြင့် အနိုင်ယူနိုင်သည်ကို သူတို့ မယုံကြည်နိုင်ကြသေးပေ။

ကိုယ်ခံပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုလိုဖြစ်သည်။

တစ်ယောက်သည် နတ်လက်နက်ကို ကိုင်ထားပြီး နောက်တစ်ယောက်သည် သစ်ရွက်ကို ကိုင်ထားသည်။

သို့သော် နောက်ဆုံးရလဒ်အရ သစ်ရွက်ကိုင်ထားသောသူသည် အနိုင်ရခဲ့သည်။

သူတို့နှစ်ယောက်ကြားမှ ကွာဟချက် ဘယ်လောက်ကြီးသည်ဆိုတာကို တွေးကြည့်နိုင်သည်။

ဘာက အပြတ်သတ်နိုင်တာလဲ။

ဒါပဲ။

လေထုသည် သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားသည်။

Hummer၏ ရှေ့ခရီးသည်ထိုင်ခုံ တံခါးသည် ဦးစွာ တွန်းဖွင့်လိုက်သည်။

ဖုမာကျန်းဝူသည် ကားပေါ်မှ ခုန်ဆင်းပြီး လမ်းဘေးသို့ လျင်မြန်စွာ ပြေးသွားကာ အန်နေသည်။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

" ယဲ့လူကြီးမင်း မောင်းတာက မြန်လွန်းတော့ ကောင်မလေးက ကားမူးနေပြီ "

" ဟုတ်တယ် သနားစရာကောင်းလိုက်တာ "

ယဲ့ဖန် တံခါးကို တွန်းဖွင့်ပြီး ကားပေါ်မှ ဆင်းလာသောအခါ ဖန်းရှောင်ကွန်းလည်း စိတ်ပျက်လက်ပျက်ဖြင့် ကားထဲမှ ထွက်လာခဲ့သည်။

" ဟူး၊ ဒီတလောအတွင်းမှာ ကျွန်တော့်ရဲ့အရည်အချင်းတွေ အများကြီး တိုးတက်လာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဆရာ့ကြား ကွာဟချက်က ဒီလောက်ကြီးမယ်လို့ မမျှော်လင့်ထားဘူး "

သူသည် ကြီးမားသော ထိုးနှက်မှုကို ခံစားခဲ့ရသည်မှာ ထင်ရှားသည်။

သူသည် ယဲ့ဖန် ရှေ့သို့ စိတ်ပျက်လက်ပျက် လျှောက်လာသည်။

ယဲ့ဖန် သူ့ပုခုံးကို ထိုးလိုက်သည်။

" တပည့်တစ်ယောက်က ဆရာကို ရှုံးတာ ပုံမှန်ပဲ မဟုတ်ဘူးလား "

ဖန်းရှောင်ကွန်းသည် Hummerကို ညွှန်ပြလိုက်သည်။

" ဒါပေမယ့် ဒီလောက် ဆိုးဆိုးရွားရွား ရှုံးဖို့တော့ မမျှော်လင့်ထားဘူး "

ယဲ့ဖန် နောက်ထပ် ဘာပြောရမည်ကို မသိပေ။

သူ့ပုခုံး လက်ပေါ်တင်ကာ ပြုံးပြီး နှစ်သိမ့်နိုင်ခဲ့သည်။

" အဆင်ပြေပါတယ်။ ဆက်လေ့ကျင့်ထား။ မင်းမှာ အခွင့်အရေး ရှိလာမှာပါ "

ထိုအချိန်၌ ဖုမာကျန်းဝူသည် အန်ပြီးနောက် ပြန်လာခဲ့ပြီး ယဲ့ဖန်အား ဒေါသဖြင့်ကြည့်ကာ သူမ၏ မျက်နှာသည် နီမြန်းနေသည်။

" မင်း အသုံးမကျတာ မဟုတ်ဘူးလာယ။ ကားပေါ်ထိုင်ရုံနဲ့ အန်ရလား "

ယဲ့ဖန် ချက်ချင်း လှောင်ပြောင်လိုက်သည်။

ဖုမာကျန်းဝူသည် သူ့ကို စိုက်ကြည့်နေသော်လည်း သူမ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သခင်ကြီးသည် ထိုသို့ ဖြစ်နေစဉ် ဤမျှ လျင်မြန်သော အရှိန်ဖြင့် အနိုင်ယူနိုင်လေသည်။

သူ၏ ပြိုင်ကားနည်းစနစ်များသည် အလွန်အစွမ်းထက်လှသည်။

ထိုအချိန်တွင် ကလပ်၏ အဖွဲ့ဝင်များသည်လည်း ဝိုင်းဖွဲ့ကာ ယဲ့ဖန်ကို ချီးကျူးလာသည်။

" ယဲ့လူကြီးမင်းက တကယ်ကို အံ့သြစရာပဲ။ ဒါ ငါမြင်ဖူးသမျှထဲ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲ ဖြစ်နိုင်တယ် "

" ဟုတ်တယ်၊ ဟုတ်တယ်။ အရင်က ရှောင်ကွန်းက ငါတို့ရှေ့မှာ ပြောတုန်းက ငါတို့က သူ ကြွားတာလို့ ထင်နေခဲ့တာ။ ဒီနေ့ ကြည့်လိုက်တော့ ရှောင်ကွန်း ပြောထားတာထက်တောင် ပိုမိုက်သေးတယ် "

" မင်းရဲ့ကျွမ်းကျင်မှုတွေနဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်မယ်ဆိုရင်တောင် ကမ္ဘာ့ချန်ပီယံဆုကို ရနိုင်တယ် "

" ယဲ့လူကြီးမင်း၊ တပည့် လက်ခံတုန်းလား။ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် တပည့်ဖြစ်ရဖို့ ကျေကျေနပ်နပ်ကြီး ...... "

ယဲ့ဖန် စကားမပြောမီတွင် ဖန်းရှောင်ကွန်းသည် စိတ်မချမ်းသာ ဖြစ်နေပြီဖြစ်သည်။

" ထွက်သွား၊ ထွက်သွား၊ မင်းတို့ရဲ့ အရည်အချင်းနဲ့များ ငါ့ဆရာရဲ့ တပည့်ဖြစ်ချင်သေးတာလား။ ငါ့ဆရာက အမှိုက်စုဆောင်းသူလို့ ထင်နေတာလား "

လူအများသည် ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်ကြသည်။

" ရှောင်ကွန်း၊ ဒါ မင်းအပြစ်ပဲ။ မင်းမှာ ဒီလောက်တော်တဲ့ ဆရာရှိပေမယ့် မင်းက သူ့ကို ငါတို့ ဆရာကျ မဖြစ်စေချင်ဘူး "

" ဟုတ်တယ်။ မင်းကျ ယဲ့လူကြီးမင်းကို မင်းရဲ့ ဆရာအဖြစ် အသိအမှတ်ပြုပြီး။ ငါတို့ကျ ဘာလို့ မရတာလဲ "

" ယဲ့လူကြီးမင်းက ဘာမှ မပြောရသေးဘူး။ မင်းကဘဘာလို့ အရင်ထွက်လာတာလဲ "

" ယဲ့လူကြီးမင်းကို ဆရာအဖြစ် အသိအမှတ်ပြုရင်တောင် မင်းက ငါတို့ရဲ့ အကြီးတန်းအစ်ကိုပဲလေ။ ဘာကို ကြောက်နေတာလဲ "

ဖန်းရှောင်ကွန်းကို ချက်ချင်း လူတိုင်းက တိုက်ခိုက်ကြတော့သည်။

အဆုံး၌ ယဲ့ဖန်က သူ့ကို ကူညီခဲ့သည်။

" အထင်ကြီးပြီး တွေးပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ တပည့်ထပ်ထားဖို့ အစီအစဉ်မရှိသေးပါဘူး။ တောင်းပန်ပါတယ် "

လူတိုင်းသည် သူ့စကားကို ကြားသောအခါတွင် ဆရာအဖြစ် အသိအမှတ်ပြုရန် စိတ်ကူးကို စွန့်လွှတ်လိုက်သော်လည်း ယှဉ်ပြိုင်မှုကို နှစ်သက်နေကြဆဲ ဖြစ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် ထရပ်ကာ ယဲ့ဖန်ကို လက်သီးဖြင့် ထိုးလိုက်သည်။

" ယဲ့လူကြီးမင်း၊ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းသန်မာတယ်လို့ ရှောင်ကွန်းစီက ကြားထားတယ်။ ငါ့ကို အကွက်နည်းနည်း သင်ပေးနိုင်မလားလို့ တွေးမိတယ် "

ယဲ့ဖန်သည် ခဏတာ အံ့ဩပြီးနောက် ဖန်းရှောင်ကွန်းကို လှည့်ကြည့်လိုက်သည်။

ဖန်းရှောင်ကွန်းသည် ထိုလူကို မကျေမနပ် ချက်ချင်း စိုက်ကြည့်လေသည်။

" ကျန်းမင်းယွမ်၊ မင်း ဘာဖြစ်နေတာလဲ။ ငါ့ဆရာကို မင်းက စိန်ခေါ်နေတာလား "

ကျန်းမင်းယွမ်ဟုခေါ်သော ထိုလူသည် သူ့စကားကို မကြောက်သွားပေ။

ထိုအစား သူသည် ရှေ့သို့ နှစ်လှမ်းတိုးလာသည်။

" အထင်မလွဲပါနဲ့။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်ကို တွေ့တော့ ငါ့ရဲ့ အရည်အချင်းကို အသုံးချပြီး ယဲ့လူကြီးမင်းနဲ့ ပညာဖလှယ်ချင်တာပါ "

ဖန်းရှောင်ကွန်းသည် သူ့လက်သီးများကို ပွတ်သပ်လိုက်သည်။

" ဒါဆို မင်းကို ငါ နည်းနည်းလေး အဖော်ပြုပေးမယ်။ မင်းငါ့ကို အနိုင်ယူနိုင်တာနဲ့ ငါ့ဆရာကို စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ် "

ကျန်းမင်းယွမ် သူ့ကို စိုက်ကြည့်နေသည်။

" ကွန်းဇီ၊ ငါတို့အရင်က မတိုက်ဖူးတာလည်း မဟုတ်ဘူး။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး "

ဖန်းရှောင်ကွန်းသည် သူ့အား နှိမ့်ချနေသည်ကို မြင်သောအခါ ပြုံးလိုက်သည်။

" အဲ့တာက အတိတ်မှာ ဖြစ်ခဲ့တာပဲ။ ငါ့ဆရာက ငါ့အတွက် အထူးလေ့ကျင့်မှုတစ်ခု စီစဉ်ပေးထားတယ်ဆိုတာ မသိဘူးလား။ ငါတို့ အခု ပညာဖလှယ်ရင် ပြောဖို့ခက်တယ် "

ကျန်းမင်းယွမ် ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

" အထူးလေ့ကျင့်မှုတစ်ခုက ဘယ်လောက်တိုးတက်နိုင်မှာလဲ။ မင်း အချိန်ဖြုန်းနေတာရပ်ပြီး မင်းရဲ့ဆရာကို စိန်ခေါ်ခွင့်ပေးလိုက် "

ဖန်းရှောင်ကွန်း စိတ်မရှည်တော့ပေ။

" အပိုတွေ ရပ်လိုက်။ မင်းငါ့ကို အရင် တိုက်ရဲရဲ့လား ဖြေလိုက် "

ကျန်းမင်းယွမ်သည် သူ့စီ ချဉ်းကပ်လာသည်ကို တွေ့လိုက်သောအခါ ကူကယ်ရာမဲ့ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပြီ၊ မင်းကို ငါ အရင်ရှင်းမယ်။ ပြီးရင် မင်းရဲ့ဆရာကို ငါတိုက်မယ် "

ဖန်းရှောင်ကွန်းသည် ကလပ်ဘက်ကို ခေါင်းလှည့်ပြသည်။

" လက်ဝှေ့အားကစားရုံဘက်ကို သွားရအောင် "

ကျန်းမင်းယွမ်သည် တခြားဘာမှ မပြောဘဲ ကလပ်ဆီသို့ လျှောက်သွားခဲ့သည်။

တခြားသူများကလည်း ပြပွဲကို ကြည့်ချင်၍ အပြေးသွားကြသည်။

All Chapters