← Chapters

လိမ်ကစားနေတာလား

Vol. 69 Ch. 1379

လိမ်ကစားနေတာလား

Vol. 69 Ch. 1379

ဖန်းရှောင်ကွန်းနှင့် ယဲ့ဖန်တို့သည် သူ့နောက်ကို လျှောက်လာပြီး အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။

ဤကျန်းမင်းယွမ်သည် ကျန်းကောပြည်နယ် Battle Fanကလပ်မှ ကြမ်းတမ်းသူဖြစ်ပြီး သူသည် ဗိုလ်ချုပ်အဆင့်ရှိသူဖြစ်သည်။

Battle Fan ကလပ်တွင် တိုက်ပွဲများအတွင်း ထိပ်တန်း၃ယောက်နေရာရှိကာ သူ၏ ခွန်အားကို ထိန်းသိမ်းထားသည်။

သူတို့နှစ်ဦးသည် ယခင်က မကြာခဏ လက်ရည်ယှဉ်ခဲ့ကြသော်လည်း အများအားဖြင့် ဖန်းရှောင်ကွန်း ရှုံးလေသည်။

အမှန်၌ ဖန်းရှောင်ကွန်း၏ မိတ်ဆက်ခြင်း မပါလျှင်ပင် ကျန်းမင်းယွမ်သည် မပျော့ညံ့ကြောင်း ယဲ့ဖန် ပြောနိုင်သည်။

သူသည် အမှောင်အတွင်းအား၏ ကနဦးအဆင့် အင်အားနှင့် ညီမျှသည်။

Battle Fan ကလပ်၏ လက်ဝှေ့အားကစားရုံသည် စတုရန်းမီတာ တစ်ထောင်နီးပါး ကျယ်ဝန်းသည်။

အလယ်၌ လက်ဝှေ့ကွင်းတစ်ခု ရှိသည်။

သူတို့ ရောက်သည့်အခါ ကွင်းပေါ်၌ လူနှစ်ယောက် ရန်ဖြစ်နေကြသည်။

ဖန်းရှောင်ကွန်းတို့နှစ်ယောက်ကို တွေ့သည့်အခါ အမြန်ရပ်ပြီး စင်ပေါ်မှ ခုန်ဆင်းသွားသည်။

ဖန်းရှောင်ကွန်းနှင့် ကျန်းမင်းယွမ်တို့သည် သူတို့၏ အင်္ကျီများကို ချွတ်လိုက်ကြပြီး သန်မာသော ကြွက်သားများကို ပေါ်လွင်စေသည်။

ထို့နောက် လက်ဝှေ့လက်အိတ်များ ဝတ်ဆင်ကာ လက်ဝှေ့ကြိုးဝိုင်းထဲသို့ ခုန်ဆင်းကြသည်။

နှိုင်းယှဉ်ပြောရလျှင် ကျန်းမင်းယွမ်၏ ခန္ဓာကိုယ်သည် ပို၍ သန်မာသည်။

သူသည် အရပ် ၁.၉မီတာနီးပါး ရှိပြီး သန်မာသော ကြွက်သားများရှိသည်။

ဖန်းရှောင်ကွန်းသည် အသွင်အပြင်ကောင်းမွန်သော်လည်း တစ်ဖက်သူထက် အရွယ်အစားသေးငယ်သည်။

သူတို့ နှစ်ယောက်သည် လက်ဝှေ့ကြိုးဝိုင်းထဲသို့ ခုန်ဆင်းလိုက်ကြသည်။

ပရိသတ်သည် အသံတိုးတိုးလေးဖြင့် စတင်ဆွေးနွေးလေသည်။

" ဒီတိုက်ပွဲမှာ ဘယ်သူအနိုင်ရမယ်ထင်လဲ "

" မေးစရာရှိလို့လား။ ကျန်းမင်းယွမ်ပဲ ဖြစ်ရမယ်။ သူက စစ်သားဘုရင်အဆင့်တောင် ရှိတယ် "

" ဟုတ်တယ်၊ ရှောင်ကွန်းက သူတို့နှစ်ယောက်ကြားက အရင်ရန်ပွဲတွေမှာ တစ်ခါမှ မနိုင်ဖူးဘူး "

" ရှောင်ကွန်းက အထူးလေ့ကျင့်မှု ရထားတယ်လို့ မပြောခဲ့ဘူးလား။ တိုးတက်မှုတွေ ရှိလောက်တယ် မဟုတ်လား "

" သူ တိုးတက်လာပေမယ့် ကျန်းမင်းယွမ်ကလည်း မယုတ်လျော့နေဘူး "

" စတော့မယ် "

ပရိတ်သတ်များ စကားစမြည်ပြောနေကြစဉ် ကြိုးဝိုင်းထဲ၌ ရန်ပွဲစလေတော့သည်။

တရားဝင်ပွဲ မဟုတ်သောကြောင့် ဤပွဲအတွက် ဒိုင်လူကြီး မရှိပေ။

ဖန်းရှောင်ကွန်း၏ ကိုယ်လုံးကိုယ်ပေါက်သည် သူ့ပြိုင်ဘက်ထက် အားနည်းသောကြောင့် လျင်မြန်သော လမ်းကြောင်းကို လိုက်ကာ ကျန်းမင်းယွမ်ကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

တစ်ဖက်တွင် ကျန်းမင်းယွမ်သည် ခွန်အားကြီးသည့် အမျိုးအစားဖြစ်သည်။

လက်သီးချက်တိုင်းသည် ပြင်းထန်ပြီး လေးလံသည်။

လက်သီးချက်ကို ထိလိုက်သည်နှင့် ချက်ချင်းပင် အဆုံးသတ်သွားနိုင်ဖွယ်ရှိသည်။

သူတို့နှစ်ဦးသည် အနည်းငယ် အကွက်များဖလှယ်ခဲ့ကြသော်လည်း အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး ထိခိုက်မှု ကြီးကြီးမားမား မဖြစ်စေခဲ့ပေ။

" မင်းငါ့ကို ထိပ်တိုက် မတိုက်နိုင်ဘူးလား။ ဘာလို့ ပြေးနေတာလဲ "

ကျန်းမင်းယွမ်သည် တစ်ဖက်သူ၏ အရှက်မရှိသော ကစားဟန်ကြောင့် ဒေါသထွက်လာသည်။

" ငါ့ကို အရူးထင်နေလား။ မင်းက ဒီလောက် အားသန်တာ။ လူမိုက်ကပဲ မင်းကို ထိပ်တိုက်ရင်ဆိုင်မှာ "

ဖန်းရှောင်ကွန်းသည် လုံးဝ လက်မလွတ်ဘဲ တစ်ဖက်လူအား ကိုင်တွယ်ရန် သူ၏ လျင်မြန်မှုနှင့် အရှိန်အဟုန်ကို ဆက်လက်အသုံးပြုခဲ့သည်။

သူတို့နှစ်ယောက် နောက်ထပ် အချီအနည်းငယ် ထိပ်တိုက်တွေ့ကြသည်။

ကျန်းမင်းယွမ်သည် စိတ်ရှည်မှု ပျောက်ဆုံးသွားပုံရပြီး အရူးအမူး တိုက်ခိုက်လာသည်။

ဖန်းရှောင်ကွန်းသည် ပါးနပ်သည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

ဤသည်မှာ သူ လိုချင်သည့် သက်ရောက်မှု ဖြစ်သည်။

ကျန်းမင်းယွမ်သည် စိတ်လောနေသောကြောင့် ဖြစ်နိုင်၍ သူ့အနောက်၌ ချို့ယွင်းချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ဖန်းရှောင်ကွန်းသည် ထိုဟာကွက်ကို ချက်ချင်း ဖမ်းမိခဲ့သည်။

ဖန်းရှောင်ကွန်းသည် သူ့အနောက်ကို ရောက်လာပြီး ပေါင်ကို ကန်လိုက်သည်။

သို့သော်လည်း ကျန်းမင်းယွမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

သူသည် ဖန်းရှောင်ကွန်းကို နှောင့်ယှက်ရန် ထိုဟာကွက်ကို တမင်တကာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဒီကောင် အရူးပဲ။

ဖန်းရှောင်ကွန်း ကန်သွင်းလိုက်ချိန် သူသည် သူ့ညာလက်ကို ရုတ်တရက် နောက်ပြန်ဆုတ်ပြီး ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်ကာ မြှောက်လိုက်သည်။

အကယ်၍ ယခင်က ဖန်းရှောင်ကွန်းဖြစ်ပါက သူသည် ဟန်ချက်ပျက်ပြီး မြေကြီးပေါ်သို့ လဲကျသွားနိုင်သည်။

သို့သော် ယနေ့ ဖန်းရှောင်ကွန်း၏ တုံ့ပြန်မှုအရှိန်သည် အလွန်မြန်ဆန်သည်။

သူ၏ ခြေထောက်တစ်ဖက်မှာ ဆုပ်ကိုင်ခံရချိန် ကျန်တစ်ဖက်သည် မြောက်လာပြီး ကျန်းမင်းယွမ်၏ ပါးပြင်ကို ကန်လိုက်သည်။

ကျန်းမင်းယွမ်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်ဆုတ်ရန် သူ့လက်ကို အမြန်လွှတ်လိုက်သည်။

ဖန်းရှောင်ကွန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မရပ်ဘဲ ခြေထောက်ကို လွှဲလိုက်သည်။

ကျန်းမင်းယွမ်သည် လဲမကျသော်လည်း အကြိမ်အနည်းငယ် တုန်လှုပ်သွားပြီး နောက်ဆုံး၌ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

" မဆိုးဘူး ကွန်းဇီ။ မင်းအတွက် မင်းဆရာစီစဉ်ပေးတဲ့ အထူးလေ့ကျင့်မှုက တကယ်ကို တစ်ခုခုပဲ "

ကျန်းမင်းယွမ်သည် ဖန်းရှောင်ကွန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဖန်းရှောင်ကွန်း၏ အင်အားသည် အမှန်တကယ် တိုးလာခဲ့သည်။

ဖန်းရှောင်ကွန်း ဂုဏ်ယူစွာ ခုန်ဆင်းလိုက်သည်။

" ငါ မင်းကို မျက်နှာသာပေးပြီး ငါ့ရဲ့ ခွန်အားကို အပြည့်အ၀ မသုံးထားဘူး။ မင်း မျက်နှာမပျက်အောင် အမြန်ဆုံး အရှုံးပေးဖို့ အကြံပေးတယ် "

ကျန်းမင်းယွမ် ချက်ချင်း ရယ်မောလိုက်သည်။

" မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ။ ငါ သတိလက်လွတ်ဖြစ်သွားလို့။ဂအခု ပြန်စမယ် "

ထိုစကားကို ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ဆက်၍ ပြေးလာခဲ့သည်။

အားလုံးသည် ဖန်းရှောင်ကွန်းကို ကြောင်အစွာ ကြည့်နေကြသည်။

" ရှောင်ကွန်းရဲ့ ကြံ့ခိုင်မှုက တော်တော်လေး တိုးတက်လာပုံရတယ်။ အရင်တုန်းကဆိုရင် အခုဆို ရှုံးသွားပြီ မဟုတ်လား "

" ရက်အနည်းငယ်ပဲ ရှိသေးတာကို သူ့ရဲ့ခွန်အားက တကယ်ကြီး တိုးလာတာလား။ ဒါက မယုံနိုင်စရာပဲ မဟုတ်လား "

" ယဲ့လူကြီးမင်းက သူ့အတွက် စီစဉ်ပေးတဲ့ အထူးလေ့ကျင့်မှုက တကယ်ထိရောက်မှု ရှိတာလား။ ငါလည်း လေ့ကျင့်ချင်တယ် "

" အိပ်မက်မက်နေတာကို ရပ်လိုက်။ ဒါက ဆရာတပည့်ပဲရတဲ့ ပညာပဲ။ မင်းက သူ့တပည့်မဟုတ်ဘူး။ မင်းကို ဘာလို့ ပါဝင်ခွင့်ပေးရမှာလဲ "

" ဟုတ်တယ် "

လူတိုင်း စကားစမြည်ပြောနေကြစဉ် စင်မြင့်ပေါ်ရှိ လူနှစ်ဦးသည် နောက်ထပ် လှုပ်ရှားမှု အနည်းငယ် ဖလှယ်ခဲ့ကြကာ အောင်နိုင်သူ မရှိခဲ့သေးပေ။

ကျန်းမင်းယွမ်သည် ပို၍ တိုက်ခိုက်လေလေ၊ ပို၍ ထိတ်လန့်သွားလေလေဖြစ်သည်။

ဖန်းရှောင်ကွန်း၏ တိုးတက်မှုသည် အလွန်ကောင်းမွန်လှသည်။

သူတို့ တစ်ယောက်နှင့်တစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြသည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း ဖန်းရှောင်ကွန်းသည် နေရာတစ်ခုထိ ထိုးတက်လာသည်။

ဒီအထူးလေ့ကျင့်ရေးက တကယ်ထိရောက်တာလား။

ကျန်းမင်းယွမ်သည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ရှုံးမည်ဟု မထင်ခဲ့ပေ။

သူတို့နှစ်ယောက်ကြားမှ ကွာဟချက်သည် အလွန်ကြီးလာသည်။

" ကွန်းဇီ၊ ငါ သေချာတိုက်တော့မှာ။ သတိထား "

ကျန်းမင်းယွမ်သည် အပြင်းအထန် မ တိုက်ခိုက်မီ တစ်ဖက်ကို သတိပေးရန်လည်း မမေ့ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်း ဖန်းရှောင်ကွန်းသည် မခံမရပ်နိုင်ဖြစ်ကာ ချောင်ပိတ်ခံရသည်။

ကျန်းမင်းယွမ်၏ မျက်နှာ၌ ရွှင်မြူးသော အမူအရာ ပေါ်လာသည်။

ဖန်းရှောင်ကွန်း၏ အကြီးမားဆုံးအားသာချက်မှာ သူ၏သွက်လက်မှု ဖြစ်သည်။

ကျန်းမင်းယွမ်သည် သူ့ပြိုင်ဘက်ကို ထောင့်တစ်နေရာ၌ ပိတ်ထားနိုင်သရွေ့ ဖန်းရှောင်ကွန်း၏ အကြီးမားဆုံးအားသာချက်ကို ဆုံးရှုံးရပေလိမ့်မည်။

အဲ့တာဆို သူနိုင်မှာ မဟုတ်လား။

ကွင်းထဲက အခြေအနေများသည် ကျန်းမင်းယွမ်၏ အစီအစဉ်အတိုင်း တဖြည်းဖြည်း ဖြစ်လာသည်။

ဖန်းရှောင်ကွန်းသည် နောက်ဆုံး၌ ထောင့်တစ်နေရာသို့ တွန်းပို့ခံရသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ဖန်းရှောင်ကွန်းသည် သူ၏ လက်သီးချက်အားလုံးကို ရှောင်လိုက်သည်။

ထိုသို့ တုံ့ပြန်မှုအရှိန်သည် သာမန်အားဖြင့် မူမမှန်ချေ။

ကျန်းမင်းယွမ်သည် ထိတ်လန့်သွားပြီး ချက်ချင်းပင် သူ၏ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်သည်။

ဝှီး

ဝှီး

ပြင်းထန်သော လက်သီးအချို့ကို အဆက်မပြတ် ပစ်သွင်းသော်လည်း ဖန်းရှောင်ကွန်းမှ အားလုံးကို ရှောင်တိမ်းသွားသည်။

ဖန်းရှောင်ကွန်း၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။

" အားယွမ်၊ အဲ့တာကို အဆုံးသတ်ဖို့ အချိန်တန်ပြီ "

သူသည် စကားပြောပြီးသည်နှင့် ကျန်းမင်းယွမ်၏ လက်ကို အမိအရ ဆုပ်ကိုင်လိုက်ပြီး ရင်ဘတ်အောက်ကို လက်သီးဖြင့်ထိုးလိုက်သည်။

ကျန်းမင်းယွမ်သည် သူ့ခန္ဓာကိုယ်ကို စောင်းလိုက်ပြီး ပြန်လည်တည်ငြိမ်အောင် လုပ်တော့မည် ဖြစ်သည်။

သို့သော် ဖန်းရှောင်ကွန်းသည် သူ့ကို အခွင့်အရေးမပေးဘဲ ဆက်၍ တိုက်စစ်ဆင်ခဲ့သည်။

ဖောင်း ဖောင်း ဖောင်း

ဆက်တိုက် ပြင်းထန်သော ထိုးနှက်ချက်အနည်းငယ်ကြောင့် ကျန်းမင်းယွမ်သည် ချက်ချင်းပင် ကြယ်များ မြင်သွားရသည်။

သို့သော် ဖန်းရှောင်ကွန်းသည် လုံးဝအသာစီးရသွားပြီး ကျန်းမင်းယွမ်အနောက်သို့ ဆက်လိုက်လာခဲ့သည်။

အုန်း

နောက်ဆုံး၌ ဖန်းရှောင်ကွန်းသည် ကျန်းမင်းယွမ်ကို ဝမ်းဗိုက်သို့ ကန်လိုက်သည်။

ကျန်းမင်းယွမ် လဲကျသွားသည်။

" ရပ်၊ ရပ်၊ ရပ်လိုက်။ ငါ ရှုံးတာကို ဝန်ခံတယ် "

ကျန်းမင်းယွမ်သည် တစ်ဖက်သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်စေရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း နောက်ဆုံး၌ မအောင်မြင်ခဲ့ပေ။

အလှည့်အပြောင်းလုပ်ရန် သူ အစွမ်းအစမရှိသည်ကို သူ သိလိုက်သည်။

သူ ဆက်လက်ခုခံနေပါက အထိုးခံရရုံသာ ရှိ၍ ကျန်းမင်းယွမ် အရှုံးပေးလိုက်သည်။

All Chapters