← Chapters

ဒီ .... ဒီဟာက ပြီးသွားပြီလား

Vol. 69 Ch. 1380

ဒီ .... ဒီဟာက ပြီးသွားပြီလား

Vol. 69 Ch. 1380

ဖန်းရှောင်ကွန်းသည် သူ့စီမှ ခုန်ပြေးသွားပြီးနောက် လက်အိတ်ကို ချွတ်လိုက်ပြီး သူ့ကို ဆွဲလိုက်သည်။

" ဘယ်လိုလဲ၊ အားယွမ် မင်း ယုံပြီလား "

အရိုက်ခံရထိုက်သော အပြုအမူဖြင့် ဖန်းရှောင်ကွန်း မေးလိုက်သည်။

ကျန်းမင်းယွမ်သည် နာကျင်နေသော ပါးပြင်ကို ပွတ်သပ်ကာ အံ့သြစွာ ကြည့်လိုက်သည်။

" မင်း လိမ်ကစားနေတာလား။ မင်းက ရုတ်တရက် ဘယ်လိုလုပ် ဒီလောက် သန်မာလာတာလဲ "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား ကျေးဇူးတင်စကားများ ပြည့်နေသော မျက်လုံးများနှင့် လှည့်ကြည့်လိုက်သည်။

" မင်းကို ငါ အကုန်ပြောပြထားတယ် မဟုတ်လား။ ငါ့ဆရာက ငါ့အတွက် အထူးလေ့ကျင့်မှုတစ်ခု စီစဉ်ပေးထားတယ်။ ဒါက အဲ့ဒီလေ့ကျင့်မှုရဲ့ အကျိုးသက်ရောက်မှုပဲ "

ကျန်းမင်းယွမ်သည် ယခင်က ဖန်းရှောင်ကွန်း၏ စကားများကို မထီမဲ့မြင် ပြုခဲ့သော်လည်း ဖန်းရှောင်ကွန်း၏ လေ့ကျင့်မှု အကျိုးသက်ရောက်မှုကို ကိုယ်တိုင်တွေ့ကြုံပြီးနောက်တွင် သူ အလွန်ထိတ်လန့်သွားပြီး ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေခဲ့သည်။

ဒါက ဘယ်လိုလေ့ကျင့်မှုမျိုးလဲ။

အဲ့တာက တကယ် ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေနိုင်တာလား။

ထိုအချိန်တွင် စင်မြင့်အောက်ရှိ တိုက်ပွဲကို ကြည့်ရှုနေသူများလည်း ထိတ်လန့်သွားကြသည်။

ပွဲမစခင်၌ သူတို့သည် ဖန်းရှောင်ကွန်းအား နိုင်မည်ဟု မထင်ခဲ့ကြပေ။

အကြောင်းမှာ သူသည် ယခင်က ကျန်းမင်းယွမ်ကို တစ်ခါမှ မနိုင်ဖူးသောကြောင့် ဖြစ်သည်။

ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာ သူက ဘယ်လိုလုပ် ဒီလောက် အကြီးအကျယ် တိုးတက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။

အားလုံးသည် ယဲ့ဖန်ကို အံ့သြစွာ ကြည့်နေကြသည်။

သူတို့သည် ဖန်းရှောင်ကွန်း၏ လျှို့ဝှက်လေ့ကျင့်မှုကို ပို၍ သိချင်လာသည်။

အဲ့တာက ဘာလဲ။

" ဆရာကြီး၊ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က ဘယ်လိုနေလဲ "

ဖန်းရှောင်ကွန်းသည် စင်ပေါ်မှ ခုန်ဆင်းလာပြီး ချီးကျူးခံရရန် ယဲ့ဖန်စီသို့ ပြေးသွားခဲ့သည်။

" အဆင်ပြေပါတယ် "

ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ပတ်ဝန်းကျင်မှလူများ ထိုစကားကို ကြားသည့်အခါ ယဲ့ဖန်သည် ကြမ်းလွန်းသည်ဟု ခံစားရသည်။

ဖန်းရှောင်ကွန်းသည် ကျန်းမင်းယွမ်ပင်လျှင် သူနှင့် မယှဉ်နိုင်သည်အထိ အချိန်တိုအတွင်း၌ ကြီးမားသောတိုးတက်မှုကို ရရှိခဲ့သည်။

ဒါကို အဆင်ပြေတယ်လို့ ပြောတာလား။

ဒါက အရမ်းလွန်တယ် မဟုတ်လား။

ဖန်းရှောင်ကွန်းသည် သူလိုချင်သည့် ချီးကျူးမှုကို မရရှိခဲ့သော်လည်း မကျေနပ်ခြင်း မဖြစ်ခဲ့ပေ၊

သူသည် ယဲ့ဖန်ကို လေးစားစွာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

" ဆရာကြီး အကြံလေး တစ်ခုလောက်တောင်းချင်လို့ပါ "

ပြိုင်ဆိုင်မှုသည် ပြီးဆုံးသွားပြီဟု လူတိုင်း ထင်ခဲ့ကြသည်။

ဆရာနဲ့ တပည့်ကြားက နောက်ထပ်တစ်ပွဲ ဖြစ်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။

" မင်းငါ့ကို စိန်ခေါ်ချင်တာ သေချာလား "

ဖန်းရှောင်ကွန်းသည် ခိုင်မာစွာ ခေါင်းညိတ်သည်။

" ကျွန်တော်နဲ့ ဆရာကြီးကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာ ကြည့်ချင်လို့ပါ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" ရှောင်ကွန်း၊ မင်းက မာနကြီးလွန်းနေတာလို့ ထင်တယ် "

ဖန်းရှောင်ကွန်းသည် မတုန်မလှုပ် ဖြစ်နေဆဲဖြစ်ပြီး သူ့ကို ဆက်လက် စိန်ခေါ်ခဲ့သည်။

" ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပေးပါဦး ဆရာကြီး "

ယဲ့ဖန်သည် ဖန်းရှောင်ကွန်း အခိုင်အမာပြောနေသည်ကို မြင်လိုက်ရပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

" ကောင်းပြီ၊ ဒါဆို ငါမင်းကို အကွက်တစ်ခုသင်ပေးမယ် "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

" ဆရာကြီး၊ ကြိုးဝိုင်းထဲကို ဝင်ပါ "

သို့သော် ယဲ့ဖန်က မလှုပ်ချေ။

" မလိုပါဘူး ဒီမှာပဲနေမယ် "

ဖန်းရှောင်ကွန်း ဘာမှ ဆက်မပြောတော့ပေ။

သူသည် လက်ဝှေ့လက်အိတ်ကို ဝတ်ဆင်ပြီး သူ၏ဆရာအတွက်လည်း လက်အိတ်ဝတ်ရန် ပြင်ဆင်ပေးလိုက်သည်။

သို့သော် ယဲ့ဖန်က သူ့ကို ငြင်းပယ်လိုက်သည်။

ထိုလုပ်ရပ်မှာ မောက်မာလွန်းသည်ဟု လူတိုင်း ခံစားမိသည်။

သူ့တပည့်နဲ့ ပညာစမ်းရင်တောင် ဒီလိုမျိုး လျှော့မတွက်သင့်ဘူး။

မာနကြီးလို့ ပညာရှင် ဘယ်နှစ်ယောက် သေရပြီးပြီလဲ။

သို့သော် ဖန်းရှောင်ကွန်းသည် ဘာမှပြန်မပြောပေ။

သူတို့နှစ်ယောက် လူအများက နေရာလွတ်ရအောင် ဖယ်ပေးကြသည်။

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အနားမှ သုံးမီတာအကွာ ဆုတ်သွားပြီး လက်သီးဆုပ်လိုက်သည်။

" ဆရာကြီး၊ အမှားတွေအတွက် ကြိုတောင်းပန်ပါတယ် "

ယဲ့ဖန်သည် သူ့နောက်ကျောကို လက်နှစ်ဖက်ယှက်လိုက်သည်။

" စလိုက်ရအောင် "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် လိပ်ပြာခြေလှမ်းများဖြင့် ချဉ်းကပ်လာသည်။

All Chapters