← Chapters

အရိပ်ကောင်စီ

Vol. 37 Ch. 526

အရိပ်ကောင်စီ

Vol. 37 Ch. 526

...

နစ်ခရိုမန်ဆာမျှော်စင်၏ ပင်မတပ်ဖွဲ့သည် ငရဲတံခါးအတွင်းသို့ ဝင်နှင့်ပြီးဖြစ်၍ မျှော်စင်ကို စီမံခန့်ခွဲရန် ခန်းမသခင်အနည်းငယ်ကိုသာ ချန်ထားခဲ့လေသည်။

ခန်းမသခင်များသည် အနောက်ဘက်တိုက်မှ သတင်းများကို ရသည်နှင့်တစ်ပြိုက်နက် မျှော်စင်သခင်ကို ဆက်သွယ်ရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့၏ ကြိုးပမ်းမှုတိုင်းသည် မအောင်မြင်ခဲ့ကြပေ။

သတင်း ပို့ဆောင်ရန်အတွက် ငရဲတံခါးအတွင်းသို့ ဝင်ရောက်ရန်ကျိုးစားခဲ့ကြသော အစောင့်အချို့သည်ပင် ခန်းမသခင်နှင့် တွေ့ဆုံခြင်း မပြုနိုင်မီ သေဆုံးသွားခဲ့ကြရလေ၏။

ဤသို့ဖြင့် ခန်းမသခင်များသည် ထိုကိစ္စကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းခြင်းမှလွဲ၍ တခြားရွေးချယ်စရာမရှိတော့ပေ။

၎င်းတို့သည် မှိန်ဖျော့ဖျော့ အလင်းရောင်ရှိသောအခန်းတစ်ခုအတွင်း၌ ဝင်ရောက် စုဝေးနေခဲ့ကြသည်။

သန့်စင်အင်ပါယာ၏ စစ်ကြေညာချက်ပြုသည့် သတင်းသည် ၎င်းတို့အား များစွာ ခေါင်းမီးတောက်စေခဲ့ကြပြီး အထူးသဖြင့် မျှော်စင်သခင် မရှိသည့်ယခုကဲ့သို့ အချိန်အခါမျိုးနှင့်တိုက်ဆိုင်နေ၍ ပို၍ပင် ဆိုးရွားသွားလေသည်။

“သူတို့က အချိန်ကိုက်ပါလား”

အကြီးတန်း နစ်ခရိုမန်ဆာတစ်ဦးမှ ဒေါသထွက်နေသည့် အသံဖြင့် ညည်းတွားပြောဆိုလိုက်သည်။

“သူတို့က မျှော်စင်သခင်မရှိတာ ကြိုပြီးသိနေကြတာလား။ ဒါ့ကြောင့် ငါတို့ အားနည်းနေတုန်း တိုက်ခိုက်ဖို့ စီစဉ်လိုက်တာများလား”

နောက်ထပ်နစ်ခရိုမန်ဆာတစ်ဦးဖြစ်သည့် မျက်လုံးစူးရှပြီး အထက်စီးဆန်သည့် အော်ရာတစ်ခုရှိနေသော အမျိုးသမီးတစ်ဦးမှ ပြန်ပြောလိုက်သည်။

“ဒါကြောင့်နဲ့တော့ သူတို့က ကျုပ်တို့ မျှော်စင်သခင်မရှိတာကို သိထားတယ်လို့ တစ်ထစ်ချ ယူဆလို့တော့မရဘူး။ ဒါပေမယ့် သူတို့သိထားတယ်လို့ပဲမှတ်ယူပြီး ကျုပ်တို့ ပြင်ဆင်ထားမှ တော်ကာကျလိမ့်မယ်”

“သန့်စင်ဧကရာဇ်က အရှင်သခင်တစ်ဦးလို အားကောင်းလာပြီဆိုတဲ့ ကြေညာချက်ကို မင်းတို့ ယုံကြလား။ အဲဒီလိုသာဆိုရင် ကျုပ်တို့အနေနဲ့ သူတို့ကို ရပ်တန့်နိုင်ပါ့ဦးမလား။ ဒီလိုဆိုရင် သူတို့မှာ အရှင်သခင်နှစ်ဦးတောင် ရှိသွားလိမ့်မယ်”

အရှင်သခင်နှစ်ဦးနှင့် ရင်ဆိုင်ရမည့်အခြေအနေအား တွေးမိလိုက်ကြသဖြင့် အခန်းထဲတွင် တအောင့်ခန့် ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်သည်။

ငရဲတံခါးပွင့်လာခြင်းနှင့်အတူ ၎င်းတို့သည် များစွာပိုမို အားကောင်းလာခဲ့ကြပြီ ဆိုလျှင်ပင် အရှင်သခင်အဆင့်နှစ်ဦးကို ရင်ဆိုင်ရန်အတွက်မူ ၎င်းတို့၏ ခွန်အားသည် လုံလောက်နေပါ၏လော...။

မျှော်စင်သခင်လည်းရှိမနေသည့်အတွက်ကြောင့် သူတို့၏ခွန်အားသည် ယခင်ထက်များစွာ လျှော့ကျသွားခဲ့ပြီဖြစ်၏။

မျှော်စင်သခင် မရှိသည့်သတင်ကို ဖော်ထုတ်၍ မဖြစ်နိုင်သောကြောင့် ၎င်းတို့သည် အခြားသူများထံမှ အကူအညီတောင်းခံ၍ပင် မရနိုင်ပေ။

“အရိပ်ကောင်စီကို ငါတို့ ခေါ်လိုက်ကြရင်ကော” ဟု ထိုအမျိုးသမီးက ဆက်လက်ပြောလိုက်သည်။

သူမ၏အကြံပြုချက်ကို ကြားလိုက်ရသည်နှင့် ထိုနေရာရှိ နစ်ခရိုမန်ဆာများစွာသည် ချက်ချင်း မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

“သူတို့က ကိုယ့်လူ သူ့လူတောင် မခွဲခြားတတ်တဲ့သူတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ဘာမှမကွာဘူး။ သူတို့ကို ဆင့်ခေါ်လိုက်တာက ကျားကို ခြောက်လှန့်ဖို့အတွက် ခြင်္သေ့ကို ဖိတ်ခေါ်တာနဲ့ အတူတူပဲဖြစ်သွားလိမ့်မယ်” ဟု နောက်ထပ်နစ်ခရိုမန်ဆာတစ်ဦးမှ တုံ့ပြန်ပြောလိုက်သည်။

“ငါတို့မှာ တခြားရွေးချယ်စရာကောရှိသေးလို့လား။ ငါတို့ခုရင်ဆိုင်ရမှာ အရှင်သခင်နှစ်ဦးတောင်နော်။ သူတို့သာ ငရဲတံခါးဝင်ပေါက်ကို တွေ့ရှိသွားခဲ့ရင် အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်” ဟု ထိုအမျိုးသမီးက သက်ပြင်းချရင်း ပြန်ပြောလိုက်၏။

၎င်းတို့သည် ပို၍ကြီးသည့် ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်ရမည်ဆိုလျှင်ပင် တခြားရွေးချယ်စရာများ မရှိတော့ပေ။

မျှော်စင်သခင်ပြန်ရောက်လာသည့်အချိန်အထိ ထိုအနောက်တိုက်မှ အရှင်သခင်နှစ်ဦးအား အချိန်တစ်ခုအထိ နှောက်နှေးအောင်ပြုလုပ်နိုင်ခဲ့မည်လျှင် မည်သည့်ရင်းနှီးမှုမဆို ထိုက်တန်ပေသည်။

...

အကြီးတန်း နစ်ခရိုမန်ဆာများ အချင်းချင်း ဆွေးနွေးနေကြစဉ်တွင် ကောင်းကင်၌ ဖီးနစ်ငှက်ကြီးတစ်ကောင်သည် သေခြင်းရှင်ခြင်းမြစ်ပြင်ထက်တွင် ပျံသန်းလျက်ရှိပြီး မြောက်ပိုင်းတိုက်ကြီးအတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့လေသည်။

အာရန်သည် မြောက်ပိုင်းတိုက်ကြီးသို့ နောက်ထပ်တစ်ကြိမ် ပြန်ရောက်လာခဲ့ပြီဖြစ်၏။ ဤတစ်ကြိမ်တွင်မူ သူသည် အတိတ်ကကဲ့သို့ အားမနည်းတော့ပေ။

သူသည် ခုရက်ပိုင်းအတွင်းမှာပင် အရာရာ ပြောင်းလဲသွားခဲ့ပြီးဖြစ်လေသည်။

ဤတစ်ကြိမ်တွင်မူ မြောက်ပိုင်းတိုက်ကြီးသို့ဝင်ရောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာနေသော ပုံရိပ်ယောင်ကြိုးတစ်ချောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီဖြစ်သည်။

ဤကြိုးကပင် ယခင်က မျှော်စင်သခင်ကိုယ်တိုင်အား သူ့ဆီသို့ ရောက်ရှိလာစေရန် လမ်းညွှန်တစ်ခုကဲ့သို့ အလုပ်လုပ်ခဲ့ခြင်းဖြစ်လေသည်။

ယခုတစ်ကြိမ်တွင်လည်း မျှော်စင်သခင်သည် သူ့ထံသို့ ချက်ချင်းရောက်လာလေ မလားဆိုသည်အား သူ မသေချာခဲ့ပေ။

ထိုသို့သာဆိုလျှင် အရာရာ ပိုအဆင်ပြေသွားပေလိမ့်မည်။

အထူးသဖြင့် ဖြစ်နိုင်လျှင် သူ့အနေနှင့် မျှော်စင်သခင်အား နစ်ခရိုမန်ဆာမျှော်စင်အတွင်းတွင် ရင်ဆိုင်လိုခြင်းမရှိပေ။

ဤသို့ဖြင့် နာရီဝက်ကြာပြီးနောက်တွင်ပင် အာရန်သည် မျှော်စင်သခင်၏ တည်ရှိမှုအား မခံစားမိခဲ့ပေ။

ထိုလူသည် ပိုပြီး စိတ်ရှည်လာခဲ့ခြင်းလော သို့မဟုတ် သူသည် မြောက်ပိုင်းတိုက်ကြီးတွင် မရှိတော့ခြင်းလော။

ထိုဖြစ်နိုင်ခြေနှစ်ခုထဲတွင် မည်သည့်ဖြစ်နိုင်ချေကမှ အာရန်အတွက် သတင်းကောင်းမဟုတ်ပေ။

ငရဲတံခါးသည် ယခုအချိန်တွင် ပွင့်နှင့်လောက်ပြီး ဖြစ်သဖြင့် ဒုတိယဖြစ်နိုင်ခြေသာ ဖြစ်နိုင်ချေ များလိမ့်မည်ဟု အာရန်တစ်ယောက် ခံစားမိခဲ့သည်။

သူသည် ပတ်ဝန်းကျင်တွင် အလွန်သိပ်သည်းလာနေသည့် သေခြင်းအော်ရာများ၏ သက်ရောက်မှုကို အစောပိုင်းကတည်းက ခံစားမိခဲ့ပြီးသား ဖြစ်လေ၏။

အခြားတိုက်ကြီးများမှ သာမန်လူတစ်ဦးအနေနှင့်ဆိုပါက ဤအခြေအနေတွင် အသက်ရှူ၍ပင် ပို၍ ခက်ခဲလာပေလိမ့်မည်။

“သူသာ ငရဲထဲကို ဝင်နှင့်ပြီးပြီဆိုရင် ငါလည်း နောက်ကျန်နေလို့မရတော့ဘူး”

အာရန်သည် ဖီးနစ်ငှက်၏ ဦးတည်ရာကို ပြောင်းလဲရန် အမိန့်ပေးလိုက်သည်။

စူးရှရှအော်သံတစ်ခုပေးလိုက်ပြီးနောက် ဖီးနစ်သည် သူမ၏ လမ်းကြောင်းကိုပြောင်းလိုက်ပြီး နစ်ခရိုမန်ဆာမျှော်စင်အစား အနီးဆုံးရှိ မိသားစုတစ်ခု၏ နယ်မြေသို့ ဦးတည်လိုက်လေသည်။

အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်သို့ အလျှင်အမြန်ရောက်နိုင်သည့် ဖြတ်လမ်းလမ်းကြောင်းကို စဥ့်စားမိလိုက်သည်။

ဤသို့ဖြင့် အာရန်တစ်ယောက် အာရုံပျံ့လွင့်နေသဖြင့် မြေပြင်ပေါ်ရှိ လူများအား သူ အာရုံမစိုက်မိခဲ့ပေ။

ဖီးနစ်ငှက်သည် ပျက်စီးနေသော မြို့တစ်မြို့ကို ဖြတ်သန်း၍ ပျံသန်းသွားခဲ့ရာ ထိုနေရာတွင် အလောင်းများစွာသည် မြေပြင်ပေါ်တွင် ပုံထပ်လျက်ရှိနေခဲ့ကြသည်။

လူငယ်လေးတစ်ဦးသည် သူ၏ ဦးခေါင်းကို မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်ရှိ ပျံသန်းနေသော ဖီးနစ်အားမြင်လိုက်သဖြင့် အနည်းငယ် မနာလိုစိတ်ပင် ဝင်သွားမိသည်။

“ငါလည်း ဒီတစ်ခါသေပေးရင် ဒဏ္ဍာရီလာသားရဲတစ်ကောင်ကို စနစ်ဆီကနေ ဆုအဖြစ်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ထိုလူငယ်သည် ဖီးနစ်ငှက်အားကြည့်၍ တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်မိ၏။

သူ့နှင့်မလှမ်းမကမ်းနေရာတစ်ခုတွင်မူ အမျိုးသမီးတစ်ဦးရှိနေခဲ့လေသည်။

သူမသည် ဒဏ်ရာများစွာရရှိထားသည့်ဟန်ရသော်လည်း သူမ၏ ဖုတ်ကောင်နဂါး ကိုမူ ဤနေရာရှိ လူသေများ၏ သေခြင်းအဆီအနှစ်များကို စားသုံးနေစေခဲ့၏။

သူမသည်လည်း ကောင်းကင်ပေါ်ရှိ ဖီးနစ်ကို လှည့်ကြည့်မိခဲ့ရာ သူမအနေနှင့် အနည်းငယ် ရင်းနှီးသော အော်ရာတစ်ခုကို အမှတ်တမဲ့ ခံစားလိုက်ရဟန်ရလေသည်။

၎င်းသည် သူမအနေနှင့် အထင်မှားမှုတစ်ခုသာဖြစ်လိမ့််မည်ဟု ထင်မှတ်လိုက်သော်လည်း သူမ အနေနှင့် သေခြာသည့်အချက်မှာ ထိုဖီးနစ်သည် အလွန်အားကောင်းနေသည်ဆိုခြင်းကိုပင်။

၎င်းသည် ဤမြောက်ပိုင်းတိုက်ကြီးတွင် မကြာခဏ တွေ့ရနိုင်သည့် သားရဲမျိုး မဟုတ်သည်မှာ သေချာလေသည်။

၎င်းက အခြားတိုက်ကြီးမှ တစ်စုံတစ်ဦး လာရောက်ခြင်းများလားဟုပင် သူမအား အတွေးများသွားစေခဲ့သည်။

သူမသည် အခြားတိုက်ကြီးများအကြောင်း တွေးမိလိုက်သောအခါ သူမအား ဒုက္ခပေးခဲ့သော အာရန်အား အမှတ်ရလိုက်သည်။

ထိုလူသည် ယခုပျံသန်းနေသော ဖီးနစ်၏ ကိုယ်ပေါ်တွင် ထိုင်နေသည်ကိုမူ သူမအနေနှင့် မသိနိုင်ခဲ့ဘဲ သူမသည် အာရန်အား စိတ်ထဲမှကြိတ်၍ ကျိန်ဆဲနေမိခဲ့လေသည်။

....

ထိုအချိန်တွင် မြောက်ပိုင်းတိုက်ကြီးရှိ အဓိကမိသားစုများအားလုံးနီးပါးသည်လည်း စိတ်များ ရှုပ်ထွေးနေခဲ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်လည်း အနောက်တိုင်းတိုက်မှ သတင်းများကို လက်ခံရရှိခဲ့ကြပြီးဖြစ်သောကြောင့်ပင်။

စစ်ပွဲတစ်ခုသည် မကြာမီ ၎င်းတို့ဆီသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ၎င်းတို့သည် ဤအရာကို ရှောင်လွှဲ၍ မရနိုင်ပေ။

နစ်ခရိုမန်ဆာမျှော်စင်မှ ၎င်းတို့အား အကူအညီပေးရန် အတွက် လာရောက်လေမည်လား မသေခြာသော်လည်း မိသားစုအားလုံးနီးပါးသည် လာတော့မည့်တိုက်ပွဲအတွက် သူတို့၏ ကိုယ်ပိုင်စစ်တပ်များကို စတင်၍ စုဆောင်းနေခဲ့ကြသည်။

ထိုမိသားစုများထဲတွင် ထရိုင်ယဒ်မိသားစု မှာ စိတ်ဒုက္ခအရောက်ဆုံး ဖြစ်လေသည်။

၎င်းသည် ကီးလ်မိသားစု၏ ဘေးချင်းကပ်လျပ်တွင် တည်ရှိသော နယ်မြေတစ်ခုကို ထိန်းချုပ်ထားရသည့် မိသားစုလေးတစ်ခုသာ ဖြစ်လေသည်။

ကီးလ်မိသားစု ဖျက်ဆီးခံရပြီးနောက် နယ်စပ်နှင့် အနီးဆုံးအဖြစ် တစ်ဦးတည်းသော အဓိကမိသားစုတစ်ခု ဖြစ်လာခဲ့လေသည်။

စစ်ပွဲတစ်ခုသာ စတင်ဖြစ်ပွားခဲ့လျှင် ၎င်းတို့သည် ရှေ့ဆုံးမှနေ၍ အများဆုံး ထိခိုက်ခံရတော့မည်ဖြစ်လေသည်။

သူတို့၏ မိသားစုခေါင်းဆောင်သည် ကီးလ်မိသားစုစခန်းတွင် သေဆုံးခဲ့သည်မှာ မကြာသေးပေ။

နောက်ပိုင်းတွင် သူတို့၏မိသားစု၏ အခွင့်အာဏာကို ရိုတန်ဟိမ်း မိသားစု မှ လူငယ်တစ်ဦးက ထိန်းချုပ်ထားလေသည်။

အခုအခြေအနေအရ သူတို့သည် စစ်ပွဲကို ရှေ့ဦးစွာ ဖြတ်သန်းရတော့မည်ဖြစ်လေသည်။

ထရိုင်ယဒ်မိသားစု၏ လက်ရှိခေါင်းဆောင်သည် သူ၏နဖူးမှ ချွေးများရွဲနစ်လျက် ခန်းမဆောင်တွင် ခေါက်တုတ်ခေါက်ပြန် လမ်းလျှောက်နေခဲ့မိသည်။

အခြေအနေကို စစ်ဆေးရန် အခြားအဓိကမိသားစုများမှ လူများအချိန်ပြည့် ရောက်လာနေခဲ့ကြသောကြောင့် မိသားစုပိုင် ဂိတ်တံခါးပေါက်သည်လည်း ယနေ့တွင် အလွန်အမင်း အလုပ်များလျက် ရှိနေခဲ့၏။

သို့သော်လည်း နစ်ခရိုမန်ဆာမျှော်စင်မှမူ တစ်ဦးတစ်လေမျှ ရောက်ရှိမလာခဲ့သေးပေ။

“နစ်ခရိုမန်ဆာမျှော်စင်က ဘာမှ ဆောင်ရွက်မပေးခင်မှာပဲ ငါတို့မိသားစုတော့ ဖျက်ဆီးခံရတော့မယ်ထင်တယ်” မိသားစုခေါင်းဆောင်သည် သက်ပြင်းချရင်း ပြောလိုက်သည်။

#Catfoot

All Chapters