ဂုဏ်ပြုခံလိုက်ရခြင်း
Vol. 37 Ch. 532
…
လက်နက်နှင့် သွေးကိုယ်ပွားအကြောင်း မေးမြန်းချင်သော်လည်း ၎င်းသည် သင့်တော်သောအချိန်တစ်ခု မဟုတ်ကြောင်း အမျိုးသမီးသုံးဦးစလုံး ရိပ်မိခဲ့ကြသည်။
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေခဲ့ကြပြီး အကယ်၍ အာရန်မှ မျှဝေလိုပါက ယခင်ကတည်းက ပြောပြပြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယင်းအစား ဇီယာသည် အာရန်အနေနှင့် ပွေ့ချီထားသော ပုဂ္ဂိုလ်အကြောင်းကိုသာ မေးလိုက်လေသည်။
“ထရိုင်ယဒ်မျိုးနွယ်စု တစ်ခုလုံး ပြီးဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ ဂိတ်တံခါးပေါက်ကို ဖွင့်ဖို့ တစ်ယောက်ယောက်တော့ လိုအပ်နေသေးတယ် ဒါကြောင့် ဒီတစ်ယောက်က အသက်ရှင်နေသေးတာတွေ့လို့ ခေါ်လာခဲ့တာ” ဟု အာရန်က ပြန်ပြောလိုက်သည်။
သံကြိုးတစ်ချောင်းသည် ထိုသူ၏ လည်ပင်းတွင် ဆက်လက်ရစ်ပတ်ထားဆဲဖြစ်ပြီး သူ့အား အားနည်းနေစေရန်အတွက် သူ၏ အသက်ဓာတ်စွမ်းအင်များအား ထပ်ခါတလဲလဲ စုပ်ယူနေလေသည်။
ထိုစဥ် သွေးကိုယ်ပွားက အာရန်အား သေနပ်ကို ပြန်ပေးလိုက်၏။
အာရန်သည် သေနပ်အား သွေးကိုယ်ပွားဆီမှ လှမ်းယူလိုက်ရာ မိန်းကလေးသုံးဦး၏ အကြည့်များသည် ထိုအရာပေါ်တွင် ရစ်ဝဲလျက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
“ဒါကတော့ သန့်စင်ဘုရားကျောင်က အခန်းတစ်ခန်းမှာ ကိုယ်တွေ့ခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ မြောက်ပိုင်းတိုက်ကြီးနဲ့ စစ်ပွဲအတွက် ပရောဟိတ်မ ပြင်ဆင်ထားတဲ့ ရှေ့ဟောင်းအမွေအနှစ်ပစ္စည်းတစ်ခု ဖြစ်မယ်ထင်တယ်” ဟု အာရန်က တိုတိုတုတ်တုတ် ရှင်းပြလိုက်ရာ ၎င်းမှာ အမှန်တရားနှင့်တော့ သိပ်မဝေးလှပေ။
“ပြီးတော့ သန့်စင်ဘုရားကျောင်းထဲမှာ တွေ့ခဲ့တဲ့ မှတ်တမ်းတစ်ခုကြောင့်ပဲ သွေးကိုယ်ပွားတွေ ဖန်တီးနည်းကိုလည်း လေ့လာ သင်ယူနိုင်ခဲ့တယ်” ဟု အာရန်က ထပ်လောင်းပြောဆိုလိုက်ပြီး နောက်ထပ် ရှင်းပြရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် သန့်စင်ပရောဟိတ်မ၏ အမြှော်အမြင်ကြီးမှုအပေါ်တွင် ချီးမွမ်းခန်းဖွင့်ပြလိုက်၏။
သို့သော် သူမသည် သေဆုံးနေရာမှ ပြန်လည်ရှင်သန်လာပြီး သူ၏ စကားများကို ငြင်းချက်ထုတ်နိုင်မည်တော့ မဟုတ်ပေ။
သေဆုံးပြီးသူများသည် ဤကမ္ဘာပေါ်တွင် အကောင်းဆုံး လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်သူများပင် မဟုတ်ပါလား...။
ထို့နောက်အာရန်သည် သူ၏လက်ချောင်းတစ်ချောင်းကို ပြန်ကိုက်လိုက်ပြီး သွေးစက်အနည်းငယ်ကို မြေပြင်ပေါ်သို့ ကျဆင်းစေခဲ့ကာ နောက်ထပ် သွေးကိုယ်ပွားများကို ဆင့်ခေါ်လိုက်၏။
မကြာမီပင် သူ့လိုပင် မာနာစွမ်းအင်ကို အသုံးပြုနိုင်သည့် သွေးကိုယ်ပွား အကောင်နှစ်ဆယ်ခန့် ပေါ်လာခဲ့လေသည်။
၎င်းတို့သည် လူသားကဲ့သို့ မျက်နှာနှင့် ကိုယ်ပိုင်အတွေးအခေါ်များရှိနေသည့် သူ၏ ကိုယ်ပွားနှင့်တော့ မတူညီနိုင်ဘဲ ၎င်းတို့သည် လူသား ခန္ဓာကိုယ်ကိုတော့ အသွင်မယူနိုင်ခဲ့ကြပေ။
၎င်းတို့သည် သွေးသက်သက်ဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်များဖြစ်ကာ သွေးကိုယ်ပွားပုံစံတွင်သာ ရှိနေကြခြင်းဖြစ်လေသည်။
သို့သော် ၎င်းတို့တွင် အပိုဆောင်း အားသာချက်များလည်း ရှိနေလေသည်။
သူ၏ တိုက်ရိုက်ကိုယ်ပွားမှာမူ ဒဏ်ရာအနည်းငယ်မျှဖြင့်ပင် ပျက်စီးသွားနိုင်သော်လည်း ဤသွေးကိုယ်ပွားများမှာမူ အချိန်အတော်ကြာသည်အထိ ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။
၎င်းတို့သည် ရန်သူများ၏ ဖျက်ဆီးခြင်းကို ခံရမည်ဆိုလျှင်ပင် အာရန်အနေဖြင့် နောက်ကွယ်မှ မာနာစွမ်းအားများကို ဆက်လက်ထောက်ပံ့ပေးနိုင်သမျှ ၎င်းတို့သည် ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာနိုင်စွမ်းရှိလေ၏။
ဆိုလိုသည်မှာ အာရန် မသေဆုံးသွားသ၍ သူ၏ သွေးကိုယ်ပွားများသည်လည်း သေဆုံးသွားမည်မဟုတ်ပေ။
တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းတို့ကို ထိန်းသိမ်းရန်အတွက် မာနာသုံးစွဲမှုများစွာ ကုန်ကျခြင်းပင်။
သို့သော် ထိုအားနည်းချက်မှာ အခြားအားသာချက်တစ်ခုလည်း ရှိနေခဲ့လေသည်။
၎င်းမှာ ထိုသွေးကိုယ်ပွားများသည် အာရန်ကဲ့သို့ပင် မာနာစွမ်းအားကို ထပ်တူထပ်မျှ အသုံးပြုနိုင်ခြင်းပင် ဖြစ်၏။
၎င်းတို့သည် အာရန်တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော စနစ်ဆီမှ ပစ္စည်းများကိုပင် အသုံးပြုနိုင်စွမ်းရှိလေသည်။
ထိုအချိန်က သေနပ်ကို အသုံးပြုရန် မာနာသုံးစွဲမှုမှာ အာရန်ကိုယ်တိုင်အသုံးပြုလျှင် ကုန်ကျသင့်မည့် ပမာဏထက် နှစ်ဆ သို့မဟုတ် သုံးဆနီးပါးခန့် ပိုများသည်ဟု ဆိုနိုင်သော်လည်း လက်ရှိအခြေအနေကဲ့သို့ ရန်သူတစ်ဦးထက်ပို၍ တိုက်ခိုက်နေရလျှင်မူ ၎င်းသည် ထိုက်တန်သည်ဟု ယူဆ၍ ရဆဲပင်။
သွေးကိုယ်ပွားများသည် ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ရှင်းလင်းရန် စတင်ခဲ့ကြပြီး ဂိတ်တံခါးပေါက်ပုံစံကွက်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားလိုက်ကြသည်။
.....
“ကျုပ်ကို သတ်လိုက်ပါ သူတို့မရှိဘဲ ကျုပ် မရှင်ချင်တော့ဘူး ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ ကျုပ်ဘယ်တုံးကမှ မကြိုးစားခဲ့သင့်တာ”
အာရန်သည် လည်ချောင်းကွဲလုမတတ် အော်ဟစ်နေခဲ့ကာ အရိပ်ကောင်စီဝင် နစ်ခရိုမန်ဆာမှ သူ၏ခြေထောက်ဖြင့် အာရန်၏ဦးခေါင်းပေါ်တွင် တင်ကာ ဂုဏ်ယူစွာ ရပ်နေခဲ့လေသည်။
အာရန်၏ ဘေးတွင် ဖီးနစ်ငှက်တစ်ကောင်၏ ရုပ်အလောင်းနှင့်အတူ မှတ်မိနိုင်စရာပင် မရှိတော့သော အခြားရုပ်အလောင်းအချို့လည်း ရှိနေခဲ့လေ၏။
နစ်ခရိုမန်ဆာသည် အာရန်၏ သနားစဖွယ်တောင်းဆိုမှုကို ကြည့်ပြီး ပြုံးလိုက်သည်။ အာရန်သည် သူ့ရှေ့တွင် အစောပိုင်းက အတော်လေး မာနကြီးခဲ့သူဖြစ်လေသည်။
“မင်းရဲ့ အလောင်းကို ဖုတ်ကောင်အဖြစ် ပြန်အသက်သွင်းပြီးရင်တော့ ငါ့အနေနဲ့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးနိုင်မယ်။ ငါ့ရဲ့ သဘောထားကြီးမှုအနေနဲ့ မင်း သေပြီးနောက်မှာတောင် င့ါဆီမှာ အစေခံအဖြစ် အမှုထမ်းဆောင်ဖို့ အခွင့်အရေးတစ်ခု ရရှိလိမ့်မယ်။”
ထိုသို့ပြောပြီးသည်နှင့် နစ်ခရိုမန်ဆာသည် ခြေထောက်ဖြင့် နင်းချေလိုက်ရာ အာရန်၏ ဦးခေါင်းခွံသည် ကြေမွသွားခဲ့တော့၏။
ထို့နောက် နစ်ခရိုမန်ဆာသည် အေးစက်စက် ရယ်သံတစ်ချက် ပြုလိုက်သည်။
သူသည် ထိုဖြစ်စဉ်ကို ကျေနပ်စွာ ခံစားနေစဉ်မှာပင် မျှော်စင်သခင်သည်ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
“သခင် ကျုပ် ရန်သူတွေကို ရှင်းလင်းပြီးပါပြီ” ဟု သူက လေးစားစွာ ပြန်ဖြေလိုက်သည်။
“ဒါ ကောင်းတယ်။”
မျှော်စင်သခင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ပါးပြင်ကို ညင်သာစွာ ပုတ်လိုက်၏။
နစ်ခရိုမန်ဆာသည် မျှော်စင်သခင်၏ ထူးဆန်းသောအပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူသည် ထိုသို့ ချီးမွမ်းခံရခြင်းကို နှစ်သက်နေဆဲပင်။
သို့သော် မျှော်စင်သခင်သည် ထိုမျှနှင့် မရပ်တန့်သွားခဲ့ပေ။
မကြာမီမှာပင် မျှော်စင်သခင်သည် သူ၏ပါးအား ညင်သာစွာ ပုတ်နေခြင်းမှ ပါးရိုက်ခြင်းများအဖြစ် ပြောင်းလဲသွားတော့၏။
“သခင် ရပ်ပါတော့” ဟု အော်ဟစ်မိလိုက်သော်လည်း မျှော်စင်သခင်သည် အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။
မျှော်စင်သခင်၏ ပါးရိုက်ခြင်းသည် ပိုမို၍ပင် အားကောင်းလာခဲ့သည်။
“သခင် ရပ်ပါတော့”
နစ်ခရိုမန်ဆာသည် သူ၏ ပါးပြင်တွင် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ပိုမို၍ ကျယ်လောင်စွာ ငြီးတွားမိလိုက်သည်။
“သခင်ဟုတ်လား.... ငါ ဘယ်တုန်းက မင်းရဲ့သခင် ဖြစ်သွားခဲ့တာလဲ” မျှော်စင်သခင်သည် ထပ်မံ၍ ပါးရိုက်ခြင်းမပြုမီ သူ့အား ထူးဆန်းသော မေးခွန်းတစ်ခုမေးလိုက်လေသည်။
“သခင်”
နစ်ခရိုမန်ဆာသည် ရုတ်တရက် အော်ဟစ်၍ မျက်လုံးများဖွင့်ကြည့်လိုက်မိသည်။
“နောက်ဆုံးတော့ မင်း နိုးလာပြီပဲ”
အသံတစ်ခုသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
သူ၏အမြင်အာရုံများ ပြန်လည် ကြည်လင်လာသည်နှင့် သူသည် အာရန်၏ ရှေ့တွင် ရောက်ရှိနေသည်ကို သတိပြုမိလိုက်၏။
သူ၏ လက်များသည် လည်ပင်းတွင် ချည်နှောင်ထားသော သံကြိုးများဖြင့်ပင် နောက်ပြန်တွဲချည်ထားခြင်းကို ခံထားရလေသည်။
“မင်း နိုးလာတဲ့အထိ တစ်ညလုံး ပါးရိုက်နေရမယ်လို့ ငါ ထင်ထားခဲ့တာ” ဟု အာရန်က နစ်ခရိုမန်ဆာအား ပြောလိုက်သည်။
၎င်းသည် အစစ်အမှန်တစ်ခုဖြစ်သည်ကို သူယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။
သူသည် အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့ခြင်းလား။
အရှင်သခင်တစ်ဦးပင် မဟုတ်သော နာမည်မရှိသည့် လူငယ်တစ်ဦးကို သူ့အနေနှင့် ရှုံးနိမ့်ခဲ့ရသည်တဲ့လား။
သူတစ်ဦးတည်း ရှုံးနိမ့်ခဲ့ရုံသာမက အရိပ်ကောင်စီတစ်ဖွဲ့လုံးပါ ရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်လေသည်။
“မင်း ဘယ်သူလဲ” ဟု သူက အာရန်အား မေးလိုက်သည်။
“ကျုပ်ကို မင်းတို့ မျှော်စင်သခင်ရဲ့ မိတ်ဆွေဟောင်းကြီးလို့ ခေါ်လို့လဲရပါတယ် ဆိုတော့ ကျုပ်ကို ကျုပ်မိတ်ဆွေဟောင်းကြီးနဲ့ တွေ့နိုင်ဖို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးလို့ရနိုင်မလား”
အာရန်သည် ဘေးသို့တိုးလိုက်ရာ ကံကောင်းစွာဖြင့် လုံးဝဖျက်ဆီးခြင်းမခံထားရသော ဂိတ်တံခါးပေါက်တစ်ခုအား ညွှန်ပြလိုက်လေသည်။
အနည်းငယ်ထိခိုက်မှုများ ရှိသွားခဲ့သော်လည်း အခြေခံအသိပညာရှိသော ဇီယာက ပြန်လည် ပြုပြင်ပေးခဲ့၏။
“ဘာလို့ ငါက မင်းကို ကူညီမယ်လို့ ထင်နေရတာလဲ။ ငါ သေသွားရင်တောင် မင်းပြောတာကို လိုက်နာမှာမဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် နစ်ခရိုမန်ဆာသည် သူ၏ မျက်လုံးများကို ပြန်လည်မှိတ်လိုက်သည်။
သူသည် ရှုံးနိမ့်သွားခဲ့သည်ဆိုပေဦးတော့ အာရန်၏ ရှေ့၌ သနားစရာ ခွေးတစ်ကောင်ကဲ့သို့ အသက်ချမ်းသာပေးရန် အသနားခံနေလိမ့်မည်မဟုတ်ပေ။
သူသည် ဂုဏ်သိက္ခာရှိစွာ သေဆုံးလိမ့်မည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယခုနေသာ မျှော်စင်သခင်ကို သစ္စာဖောက်မိလိုက်ပါက အနာဂါတ်တွင် သူ၏သေဆုံးခြင်းသည် ပို၍ပင် သနားစရာကောင်းသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မျှော်စင်သခင်ကို သစ္စာဖောက်မိလျှင် သူသည် သေဆုံးပြီးနောက်တွင်ပင် အတော်ဆိုးဝါးသောအရာများကို ကြုံတွေ့ခံစားရမည်ဖြစ်သောကြောင့်ပင်တည်း။
#Catfoot